ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၀ စာ. ၁-၃
  • သင့်ဓမ္မအမှုတွင်ကျွမ်းကျင်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဓမ္မအမှုတွင်ကျွမ်းကျင်လော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နှုတ်ကပတ်တော်မှ သင်ယူ
  • အကြံပြုချက်များကို ကျင့်သုံးခြင်း
  • ဘုရားသခင့်နှုတ်ကပတ်တော်ကိုအသုံးပြုရာတွင်ကျွမ်းကျင်လာရန် သူတစ်ပါးကိုကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • တိုးတက်နေသော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင်မှန်ကန်စွာကိုင်တွယ်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့ထိရောက်မှုကို တိုးတက်စေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၆/၉၀ စာ. ၁-၃

သင့်ဓမ္မအမှုတွင်ကျွမ်းကျင်လော့

၁ ဓမ္မအမှုတွင် ကျွမ်းကျင်မှုကို ပြုစုပေးရန် တမန်တော်ပေါလုဤသို့တိုက်တွန်းခဲ့၏။ “သင်မူကား ဝန်ခံတော်မူသော၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။”​—၂ တိ၊ ၂:၁၅။

၂ ဓမ္မအမှု၌ ကျွမ်းကျင်မှုကို သင်ယူရသည်။ ထိုကြောင့် တတ်ကျွမ်းမှုရှိ ဓမ္မအမှုဆောင်များဖြစ်လာရန် ‘ကြိုးစားအားထုတ်ရမည်။’ အဘယ်အရာက အကူအညီပေးမည်နည်း။

ဘုရားသခင့်နှုတ်ကပတ်တော်မှ သင်ယူ

၃ ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့၏ထိရောက်မှုသည် ကျမ်းစာကို ကျွန်ုပ်တို့သိကျွမ်းမှုအပေါ် များစွာမူတည်သည်။ ကျမ်းစာသွန်သင်ချက်များကို ကျွန်ုပ်တို့သိနားလည်လေ ‘သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားအသုံးပြု’ ရာတွင် သာ၍ထိရောက်ပေမည်။ ထိုကြောင့် ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ပေးရန် အလွန်အရေးကြီးသည်။​—၁ တိ၊ ၄:၁၅၊ ၁၆။

၄ ဘုရားသခင့်နှုတ်ကပတ်တော်ကို ပိုသိကျွမ်းလာနိုင်သော အခြားနည်းတစ်နည်းကား အသင်းတော်စည်းဝေးများတွင် ကြားရသည့် ကျမ်းစာသြဝါဒများကို “သာ၍မှတ်မိစွဲလန်း” ရမည်။ (ဟေ၊ ၂:၁) ဓမ္မအမှုတွင် အသုံးပြုနိုင်သည့် အချက်အလက်ကောင်းများကို လူထုဟောပြောချက်များ၊ အသင်းတော်စာအုပ်ကြီးသင်တန်း မှရရှိနိုင်သည်။ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းတွင် ကျွမ်းကျင်သောဆရာသမားများဖြစ်လာရန် အကြံဉာဏ်ကောင်းများရနိုင်ရုံမက လက်တွေ့ကျကျလေ့ကျင့်ပေးသည်။ သို့ရာတွင် အကျိုးအများဆုံးရရှိရန် ကောင်းကောင်းပြင်ဆင်ပြီး စည်းဝေးတိုင်းတွင် ပါဝင်ရမည်။

အကြံပြုချက်များကို ကျင့်သုံးခြင်း

၅ မိမိထံ၌ သင်ယူလေသမျှကို ကျင့်သုံးကြရန် ဖိလိပ္ပိအသင်းတော်အား ပေါလုမှာကြားခဲ့သည်။ (ဖိ၊ ၄:၉) ကျွန်ုပ်တို့လည်း ယေဟောဝါအဖွဲ့အစည်းမှတစ်ဆင့် သိရှိလာသမျှကို ကျင့်သုံးရန် လိုအပ်သည်။ ဥပမာ၊ ၁၉၈၉ ဇူလိုင်လ ၁၅ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၂၂ မှထပ်ခါတလဲအမှုဆောင်ရသည့် ရပ်ကွက်များတွင် ရပ်ကွက် “အသစ်” ရှာယူနည်းများ သိရှိခဲ့သည်။ နှစ်သက်ဖွယ် နိဒါန်းအသစ်အဆန်းရှိရုံမက အပြုသဘောပါပါ ချဉ်းကပ်ရန် အလေးအနက်ဖေါ်ပြသည့်ပြင် မှန်မှန်ပြန်လာမည်ကို အိမ်ရှင်သိထားဖို့ ကြိုပလ္လင်ခံထားရန် တိုက်တွန်းထားသည်။ ကြားထိုက်သူများကို စေ့ငစွာရှာယူရန်၊ တစ်အိမ်တည်းနေသူ အသီးသီးအား သတင်းကြားပြောရန် ကြိုးစားဖို့လည်းအားပေးသည်။ ဤအကြံပြုချက်များကို အသုံးပြု၍ သင်ယူလေသမျှကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့ဓမ္မအမှုတွင် ကျွမ်းကျင်မှု တိုးတက်လာစေသည်။

၆ လယ်ကွင်းဓမ္မအမှုတွင် Reasoning စာအုပ်ကို အမြဲအသုံးပြုသလော။ အကြံပြုထားသည့်နိဒါန်းများနှင့် စကားဆက်မပြောရန် တားဆီးပိတ်ပင်ပြောမည့် အကြောင်းပြချက်တို့ကို မည်သို့ဖြေဆိုနိုင်ပုံတို့သည် ကျွန်ုပ်တို့သက်သေခံလုပ်ငန်းတွင် ပိုကျွမ်းကျင်လာစေမည်။ ထို့ပြင် အပြန်အလှန်စကားအတွက်အကြောင်းအရာကိုလည်းကောင်း၊ လက်ရှိလ၌ ဝေငှရမည့် စာပေကိုလည်းကောင်း ပြင်ဆင်၍ လေ့ကျင့်ထားခြင်းဖြင့် ဓမ္မအမှုတွင် အောင်မြင်စေရန် အထောက်အကူပြုလိမ့်မည်။

၇ သင့်ဓမ္မအမှုကို တိုးတက်စေနိုင်သည့်နည်းများ ထပ်မံသိလိုသေးလျှင် လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် သင့်စာအုပ်ကြီးသင်တန်းမှူးကိုချဉ်းကပ်၍ အကူအညီတောင်းဆိုပါ။ ကျွန်ုပ်တို့အားလုံး ဓမ္မအမှုဆောင်များအနေနှင့် တိုး၍ကျွမ်းကျင်လိမ္မာလာနိုင်ပါသည်။ “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်” သူများ ဖြစ်လာနိုင်သည်။ မကြာမီအတွင်း ဤစနစ်ဆိုးကို ယေဟောဝါဘုရား ဆုံးခန်းတိုင်စေမည်။ ထိုအချိန်မတိုင်မချင်း ကယ်တင်ခြင်းရဖို့အလို့ငှာ လူများစွာကိုကူညီပေးရန် ကျွန်ုပ်တို့စိတ်ဆန္ဒပြင်းပြကြသည်။ သို့ဖြင့် ကျွန်ုပ်တို့ဘုရားသခင်ယေဟောဝါ၏ဘုန်းတော် ထင်ရှားစေပါမည်။​—ယော၊ ၁၅:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ