မာတိကာ
ဇူလိုင် ၁၅၊ ၂၀၁၃
© 2013 Watch Tower Bible and Tract Society of Pennsylvania. All rights reserved.
လေ့လာရန်ဆောင်းပါးများ
စက်တင်ဘာ ၂–၈၊ ၂၀၁၃
“ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”
စာမျက်နှာ ၃ • သီချင်း– ၁၂၈၊ ၁၀၁
စက်တင်ဘာ ၉–၁၅၊ ၂၀၁၃
‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’
စာမျက်နှာ ၉ • သီချင်း– ၃၀၊ ၁၀၉
စက်တင်ဘာ ၁၆–၂၂၊ ၂၀၁၃
လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကိုကျွေး
စာမျက်နှာ ၁၅ • သီချင်း– ၁၀၈၊ ၁၁၇
စက်တင်ဘာ ၂၃–၂၉၊ ၂၀၁၃
“သစ္စာနှင့် သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း”
စာမျက်နှာ ၂၀ • သီချင်း– ၁၀၇၊ ၁၁၆
လေ့လာရန်ဆောင်းပါးများ
▪ “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”
▪ ‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’
ဒီဆောင်းပါးတွေမှာ မဿဲအခန်းကြီး ၂၄ နဲ့ ၂၅ ကို ဆွေးနွေးပါလိမ့်မယ်။ အဲဒီမှာ နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်တွေ ပြည့်စုံမယ့်အချိန်နဲ့ စပါးနဲ့ပေါင်းပင်ပုံဥပမာနဲ့ပတ်သက်တဲ့ ရှင်းပြချက်အသစ်တွေ အများကြီးပါဝင်တယ်။ ဒီရှင်းပြချက်အသစ်တွေကနေ ကျွန်ုပ်တို့ အကျိုးရရှိနိုင်ပုံကိုလည်း ဒီဆောင်းပါးတွေမှာ ဖော်ပြထားတယ်။
▪ လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကို ကျွေး
▪ “သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း”
ယေရှုဟာ လူအုပ်နဲ့ သူ့နောက်လိုက်တွေကို ပုံဆောင်အစာကျွေးရာမှာ နည်းလမ်းတစ်မျိုးတည်းကိုပဲ အသုံးပြုတယ်– အဲဒါကတော့ လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကို ကျွေးတဲ့နည်းဖြစ်တယ်။ ပထမဆောင်းပါးမှာ ပထမရာစုတုန်းက ယေရှု သူ့ရဲ့ ဘိသိက်ခံနောက်လိုက်တွေကို ပုံဆောင်အစာကျွေးရာမှာ အသုံးပြုခဲ့တဲ့ လူအနည်းငယ်အကြောင်း ဆွေးနွေးထားတယ်။ ဒုတိယဆောင်းပါးမှာ အလွန်အရေးကြီးတဲ့ မေးခွန်းကို ဆွေးနွေးထားတယ်– ယနေ့အချိန်မှာ ပုံဆောင်အစာကျွေးဖို့ ယေရှု အသုံးပြုတဲ့ လူအနည်းငယ်က ဘယ်သူတွေလဲ။
အရန်ဆောင်းပါးများ
၂၆ အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်တစ်ဦး
၂၇ ဘယ်နေရာမှာပဲဖြစ်ဖြစ် ယေဟောဝါရဲ့အမှုတော်ကို ထက်သန်စွာထမ်းဆောင်
အဖုံး– ရဝမ်ဒါနိုင်ငံ၊ ဘူကင်ဘာ၊ ရမ်ဒါမှာ တစ်အိမ်တက်ဆင်း သက်သေခံနေ
ရဝမ်ဒါ
ရဝမ်ဒါနိုင်ငံမှာရှိတဲ့ သက်သေခံလေးပုံတစ်ပုံဟာ ရှေ့ဆောင်လုပ်ငန်း တစ်မျိုးမဟုတ်တစ်မျိုးမှာ ပါဝင်နေကြတယ်။ ကျန်တဲ့ ထက်သန်တဲ့သက်သေခံတွေဟာ အမှုဆောင်လုပ်ငန်းမှာ လစဉ် နာရီ ၂၀ ပါဝင်ကြတယ်
သက်သေခံ
၂၂,၇၃၄
ကျမ်းစာသင်အံမှု
၅၂,၁၂၃
၂၀၁၂ ခုနှစ်၊ အောက်မေ့ရာပွဲတက်ရောက်သူ
၆၉,၅၈၂