မာတိကာ
စက်တင်ဘာ ၁၅၊ ၂၀၁၂
© 2012 Watch Tower Bible and Tract Society of Pennsylvania. All rights reserved.
လေ့လာရန်စာစောင်
သင်တန်းဆောင်းပါးများ
အောက်တိုဘာ ၂၂-၂၈၊ ၂၀၁၂
ဒီကမ္ဘာကြီး ဘယ်လိုနည်းနဲ့ အဆုံးတိုင်သွားမလဲ
စာမျက်နှာ ၃ • သီချင်း– ၁၃၃၊ ၁၃၂
အောက်တိုဘာ ၂၉၊ ၂၀၁၂–နိုဝင်ဘာ ၄၊ ၂၀၁၂
အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ပိုင်းမှာ ဆက်ပြီးခံစားရမယ့် ငြိမ်းချမ်းမှု
စာမျက်နှာ ၈ • သီချင်း– ၅၅၊ ၁၃၄
နိုဝင်ဘာ ၅-၁၁၊ ၂၀၁၂
ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ
စာမျက်နှာ ၁၈ • သီချင်း– ၃၅၊ ၉၀
နိုဝင်ဘာ ၁၂-၁၈၊ ၂၀၁၂
“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိ”
စာမျက်နှာ ၂၃ • သီချင်း– ၄၃၊ ၉၂
နိုဝင်ဘာ ၁၉-၂၅၊ ၂၀၁၂
မိမိရဲ့ ပျော်ရွှင်တဲ့လူတွေကို ယေဟောဝါစုဝေး
စာမျက်နှာ ၂၈ • သီချင်း– ၁၁၉၊ ၁၁၈
သင်တန်းဆောင်းပါးများရဲ့ရည်ရွယ်ချက်
သင်တန်းဆောင်းပါး ၁၊ ၂ စာမျက်နှာ ၃-၁၂
မကြာခင်မှာ အရေးကြီးတဲ့အဖြစ်အပျက်တွေ ဖြစ်ပျက်လာပါတော့မယ်။ ဒီဆောင်းပါးနှစ်ခုမှာ ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားရမယ့်အချက် ဆယ်ချက်ကို ဖော်ပြထားတယ်။ ငါးချက်က စာတန့်လောက ပျက်စီးခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာဖြစ်ပြီး နောက်ငါးချက်က ကမ္ဘာသစ် စတင်တည်ထောင်ခြင်းနဲ့ ပတ်သက်တယ်။
သင်တန်းဆောင်းပါး ၃ စာမျက်နှာ ၁၈-၂၂
ဆိုးညစ်တဲ့ဒီလောကစနစ် အဆုံးတိုင်တဲ့အခါ ကြိုပြောထားတဲ့ ပရဒိသုရောက်လာမှာ ဖြစ်တဲ့အတွက် အဲဒီအဆုံးတိုင်မယ့်အချိန်ကို ကျွန်ုပ်တို့အားလုံး မျှော်လင့်ကြတယ်။ သင်ဟာ လတွေ၊ နှစ်တွေနဲ့ ချီပြီး စောင့်နေခဲ့ရတယ်ဆိုရင် စိတ်ရှည်ဖို့ ဘာကြောင့်အရေးကြီး ပါသလဲ။ ဒီဆောင်းပါးက ကျွန်ုပ်တို့မှာ ရှိရမယ့် စိတ်ရှည်ခြင်း အရည်အသွေးကို ပြုစုပျိုးထောင်ဖို့ ကူညီပေးပါလိမ့်မယ်။
သင်တန်းဆောင်းပါး ၄ စာမျက်နှာ ၂၃-၂၇
ဘုရားသခင့်လူမျိုးအားလုံးဟာ ဆိုးညစ်တဲ့ဒီလောကစနစ် နိဂုံးချုပ်သွားဖို့ စိတ်စောနေကြပါတယ်။ အဆုံးရောက်လာမယ့်နေ့ရက်၊ အချိန်နာရီကို မသိရခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးက ဖော်ပြပါလိမ့်မယ်။
သင်တန်းဆောင်းပါး ၅ စာမျက်နှာ ၂၈-၃၂
စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေတာ အတော်ကြာခဲ့ပြီ။ ကျမ်းစာခေတ်နဲ့ မျက်မှောက်ခေတ်ရဲ့ ဝတ်ပြုရေးလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ပေါ်လွင်ထင်ရှားတဲ့အချက်တချို့နဲ့ စည်းဝေးကြီးတွေ တက်ရောက်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။
အရန်ဆောင်းပါးများ
၁၃ ယေဟောဝါရဲ့မေတ္တာတော်သာဓကဖြစ်တဲ့ ဟောပြောသွန်သင်ခြင်းကျောင်းများ
အဖုံး– မော်တော်ဆိုင်ကယ်နဲ့ လူက မြောက်ပိုင်းလူဇုန်က ဖြစ်တယ်၊ ဖိလစ်ပိုင်က ညီအစ်ကိုညီအစ်မတွေဟာ ဒီလိုလူတွေအပါအဝင် လူတိုင်းကို ဟောပြောဖို့ ကြိုးစားကြတယ်။
ဖိလစ်ပိုင်
ဖိလစ်ပိုင် ကြေညာသူဦးရေ
၁၇၇,၆၃၅
မှန်မှန်ရှေ့ဆောင်
၂၉,၆၉၉
၂၀၁၁ ခုနှစ်အတွင်း နှစ်ခြင်းခံသူဦးရေ
၈,၅၈၆
ဘာသာပြန်နေတဲ့ ဘာသာစကားပေါင်း
၂၁