မာတိကာ
အောက်တိုဘာ ၁၅၊ ၂၀၀၈
လေ့လာရန်စာစောင်
သင်တန်းဆောင်းပါးများ–
ဒီဇင်ဘာ ၁-၇
ယေဟောဝါ၏ “မျက်စိတော်” သည်လူခပ်သိမ်းကို စစ်တော်မူ၏
စာမျက်နှာ ၃
သီဆိုရန်သီချင်းများ– ၁၆၀၊ ၃၄
ဒီဇင်ဘာ ၈-၁၄
ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ကျွန်ုပ်တို့ကိုကြည့်ရှုတော်မူ၏
စာမျက်နှာ ၇
သီဆိုရန်သီချင်းများ– ၈၁၊ ၈၀
ဒီဇင်ဘာ ၁၅-၂၁
လှိုက်လှိုက်လှဲလှဲဆုတောင်းချက်ကို ယေဟောဝါဖြေကြားပုံ
စာမျက်နှာ ၁၂
သီဆိုရန်သီချင်းများ– ၇၄၊ ၉၀
ဒီဇင်ဘာ ၂၂-၂၈
သင်သည် ဂုဏ်တင်ရာတွင် ဦးဆောင်သူလော
စာမျက်နှာ ၂၁
သီဆိုရန်သီချင်းများ– ၂၁၆၊ ၁၅၅
ဒီဇင်ဘာ ၂၉–ဇန်နဝါရီ ၄
ဆက်၍အသက်ရှင်ရန် အဘယ်အရာကို သင်ပေးဆက်မည်နည်း
စာမျက်နှာ ၂၅
သီဆိုရန်သီချင်းများ– ၁၇၇၊ ၂၁၂
သင်တန်းဆောင်းပါးများ၏ရည်ရွယ်ချက်
သင်တန်းဆောင်းပါး ၁၊ ၂ စာမျက်နှာ ၃-၁၁
ဤဆောင်းပါးနှစ်ခုက ကျွန်ုပ်တို့တွင်ဖြစ်ပျက်နေသည့်အရာမှန်သမျှကို ယေဟောဝါအပြည့်အဝသိရှိတော်မူကြောင်း စိတ်ချစေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ခံနိုင်ရည်ကို လေးမြတ်တန်ဖိုးထားပြီး ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို သိရှိတော်၏။ ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားကြောင်းနှင့် မိမိကျေးကျွန်တို့တွင်ဖြစ်ပျက်နေသည့်အရာအားလုံးကို ကိုယ်တော်သိရှိတော်မူသည်။ ထိုသို့သိရခြင်းသည် အလွန်နှစ်သိမ့်မှုဖြစ်စေသည်။
သင်တန်းဆောင်းပါး ၃ စာမျက်နှာ ၁၂-၁၆
ကျွန်ုပ်တို့အများစုသည် ဆာလံ ၈၃:၁၈ ပါစကားများနှင့် အကျွမ်းတဝင်ရှိကြသည်။ သို့သော် ထိုဆာလံကျမ်း၏ကျန်အပိုင်းများကော အသို့နည်း။ ဆာလံ ၈၃ သည် ယနေ့ခရစ်ယာန်များအတွက် အလွန်အားပေးတည်ဆောက်မှုဖြစ်စေပုံကို ဤဆောင်းပါးက ဖော်ပြသည်။
သင်တန်းဆောင်းပါး ၄ စာမျက်နှာ ၂၁-၂၅
ပေါလုဤသို့ပြောခဲ့သည်– “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” အခြားသူများကို ဂုဏ်တင်သည်ဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုသနည်း။ ဂုဏ်တင်မှုကို မည်သူကတင်ပြသင့်ပြီး ယင်းကို မည်သူက ရရှိသင့်သနည်း။ သမ္မာကျမ်းစာတွင် အဘယ်ပုံနမူနာများ ရှိသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ ဤဆောင်းပါးတွင် လက်တွေ့ကျသောဆွေးနွေးမှုတစ်ခု ဖော်ပြထားသည်။
သင်တန်းဆောင်းပါး ၅ စာမျက်နှာ ၂၅-၂၉
တစ်ချိန်တွင် ယေရှုဤသို့မေးခဲ့သည်– ‘လူသည် မိမိအသက်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။’ ယင်းမေးခွန်းကို သင်မည်သို့ဖြေဆိုမည်နည်း။ အဘယ် “အသက်” ကို ယေရှုရည်ညွှန်းနေသနည်း။ သင့်အသက်ကို သင်တန်ဖိုးထားကြောင်း သင့်ဘဝအသက်တာက မည်သို့ဖော်ပြသနည်း။ ယေရှု၏ အလေးအနက်စဉ်းစားစေသည့်မေးခွန်းကို နက်နက်နဲနဲတွေးတောရန် ဤဆောင်းပါးက အထောက်အကူပြုလိမ့်မည်။
အရန်ဆောင်းပါးများ–
“ယင်းသည် ဘုရားသခင်၏အသန့်ရှင်းဆုံးနှင့် ကြီးမြတ်သောနာမတော်ဖြစ်ပေ၏”
စာမျက်နှာ ၁၆
‘ယေဟောဝါသည် ငါ၏ခွန်အား ဖြစ်တော်မူ၏’
စာမျက်နှာ ၁၇
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှ ပေါ်လွင်ချက်များ
စာမျက်နှာ ၃၀