ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၅/၁ စာ. ၃
  • မြင်ဖူးမှ ယုံစဖွယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင်ဖူးမှ ယုံစဖွယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏အရည်အသွေးများ ထင်ရှားပေါ်လွင်
  • တရားခြင်းအစစ်ကို မည်သူ့ထံမှ မျှော်လင့်နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း  ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ
    လူငယ်များအမေး
  • ငါ့ရဲ့ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ
    နိုးလော့!—၂၀၀၆
  • ‘မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များ ထင်ရှားစွာ သိမြင်ရ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၅/၁ စာ. ၃

မြင်ဖူးမှ ယုံစဖွယ်

“ခရစ်ယာန်ဘာသာနှင့် အခြားဘာသာများသည် ဘုရားသခင်၊ အနာဂတ်အသက်တာစသည်တို့နှင့်ပတ်သက်သော အမှန်တရားကို အရေးထားကြသော်လည်း ယင်းကိုသိရှိရန် လုံးဝမဖြစ်နိုင်၊ ဖြစ်နိုင်မည်ဆိုလျှင်ပင် လောလောဆယ်တွင် ထိုသို့မဖြစ်နိုင်ဟူ၍ ယူဆသူကို မသိဝါဒီဟုခေါ်သည်။” —အတွေးအခေါ်ပညာရှင် ဘာထရန်ဒ်ရပ်ဆဲလ်၊ ၁၉၅၃။

“မသိဝါဒီ” ဟူသောစကားလုံးကို တီထွင်ခဲ့သူမှာ ဇီဝဗေဒပညာရှင် သောမတ်စ်ဟတ်ဇ်လေ ဖြစ်သည်။ ၁၈၂၅ ခုနှစ်တွင်ဖွားမြင်ခဲ့သော ဟတ်ဇ်လေသည် ချားလ်ဒါဝင်နှင့်တစ်ခေတ်တည်းသားဖြစ်ပြီး ဆင့်ကဲအယူကိုထောက်ခံသူဖြစ်၏။ “ခရစ်ယာန်ဘာသာတွင်ယူဆသကဲ့သို့ ကျွန်ုပ်တို့ကို ချစ်မြတ်နိုး၍ဂရုစိုက်သော” ဘုရားသခင်တစ်ပါးရှိသည်ဟူသော အထောက်အထားကိုမတွေ့နိုင်ဟု ၁၈၆၃ ခုနှစ်တွင် သူရေးသားခဲ့သည်။

ယနေ့ လူများစွာလည်း မျက်စိဖြင့်မြင်တွေ့နိုင်မှသာ ယုံကြည်မည်ဟုဆိုခြင်းဖြင့် ထိုအထင်ကရပုဂ္ဂိုလ်များ၏အယူအဆကို လက်ခံကြပေမည်။ သက်သေအထောက်အထားမရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုကို ယုံကြည်ခြင်းသည် မိုက်မဲသည်ဟု သူတို့ဆိုကြပေမည်။

အဘယ်သက်သေအထောက်အထားမျှမရှိဘဲ ဘုရားသခင်ကို မျက်စိမှိတ်၍ဇွတ်ယုံကြည်သင့်သည်ဟု ကျမ်းစာက ဆိုသလော။ လုံးဝမဆိုပါ။ ယင်းအစား အထောက်အထားမရှိဘဲယုံကြည်ခြင်းကို နုံအခြင်း၊ မိုက်မဲခြင်းဟုပင် ဖော်ပြသည်။ “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုကျမ်းစာကဆိုသည်။—သု. ၁၄:၁၅။

သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ကော။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်၍ဂရုစိုက်သည်ဟူသောအချက်ကို မဆိုထားနှင့်၊ ဘုရားသခင်တည်ရှိသည်ဟူသော အထောက်အထား အမှန်တကယ်ရှိသလော။

ဘုရားသခင်၏အရည်အသွေးများ ထင်ရှားပေါ်လွင်

ကျမ်းရေးသူပေါလုသည် အေသင်မြို့ရှိ ပညာတတ်အုပ်စုတစ်စုနှင့် စကားပြောဆိုစဉ် “လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို” ဘုရားသခင် “ဖန်ဆင်း” သည်ဟုပြောဆိုခဲ့၏။ ထို့ပြင် ဘုရားသခင်သည် လူသားတို့အား စိတ်ဝင်စားပြီး ကိုယ်တော်သည် “[ကျွန်ုပ်]တို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟူ၍လည်း ပြောဆိုခဲ့သည်။—တမန်တော် ၁၇:၂၄-၂၇။

ဘုရားသခင်တည်ရှိကြောင်း၊ ဖန်ဆင်းရာများဖြစ်သော လူသားတို့ကို ကိုယ်တော်စိတ်ဝင်စားကြောင်း ပေါလု အဘယ်ကြောင့် ယုံကြည်စိတ်ချခဲ့သနည်း။ ရောမမြို့ရှိခရစ်ယာန်များထံ ရေးသောစာတွင် အကြောင်းရင်းတစ်ခုကို သူဖော်ပြခဲ့သည်။ ဘုရားသခင်နှင့်ပတ်သက်၍ သူဤသို့ဆိုသည်– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် . . . မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၂၀။

ဖန်ဆင်းရာများတွင် အထင်အရှားတွေ့မြင်နိုင်သော ဘုရားသခင်၏အရည်အသွေးသုံးခုကို နောက်ဆောင်းပါးများတွင် ဖော်ပြထားသည်။ ယင်းတို့ကိုသုံးသပ်သည့်အခါ ‘ဘုရားသခင်ရဲ့ ဒီအရည်အသွေးတွေကို သိရှိလာတာက ငါ့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ’ ဟုသင့်ကိုယ်သင်မေးပါ။

[စာမျက်နှာ ၃ ပါ အကြောင်းအရာအကျဉ်း]

အဘယ်သက်သေအထောက်အထားမျှမရှိဘဲ ဘုရားသခင်ကို မျက်စိမှိတ်၍ဇွတ်ယုံကြည်သင့်သည်ဟု ကျမ်းစာက မဆိုထားပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ