ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၉/၁၅ စာ. ၈-၉
  • ‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခိုင်မာသောစိတ်ပိုင်းဖြတ်ချက်
  • နာခံမှုသည် အကျိုးဖြစ်ထွန်း
  • ‘ကျွန်တော်တို့ကတော့ အုပ်စိုးရှင် ဘုရားသခင်ရဲ့စကားကို နားထောင်မှာပဲ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • မည်သူ၏စကားကို သင်နားထောင်မည်နည်း—ဘုရားသခင်၏စကားတော်ကိုလော၊ လူ၏စကားကိုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဂါမလျေလ—တာရှုမြို့သားရှောလုကို သူသွန်သင်ပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သူတို့ကို ဘာကမှ မတားဆီးနိုင်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၉/၁၅ စာ. ၈-၉

“လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏”

‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’

အချိန်ကား အေဒီ ၃၃ ဖြစ်ပြီး နေရာမှာ ယေရုရှလင်မြို့ရှိ ဂျူးအမျိုးသား ခုံရုံး၏ ခမ်းနားထည်ဝါသောတရားရုံးခန်းတွင်ဖြစ်သည်။ ဆဲန်ဟီဒရင်သည် ယေရှုခရစ်၏နောက်လိုက် ၁၂ ဦးကို စစ်ကြောမေးမြန်းနေသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် ယေရှုအကြောင်း ဟောပြောကြ၍ဖြစ်၏။ ဤသို့ရုံးတင်ခံရခြင်းမှာ တမန်တော်များဖြစ်သော ပေတရုနှင့်ယောဟန်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး အခြားတမန်တော်များအတွက်မူ ဦးဆုံးအကြိမ်ဖြစ်သည်။

ယဇ်ပုရောဟိတ်မင်းသည် တမန်တော် ၁၂ ပါးကို ယခင်အကြိမ် တရားရုံးမှထုတ်ဆင့်သည့်အမိန့်အကြောင်း ပြောဆိုနေသည်။ ယေရှုအကြောင်းမဟောပြောရန် အမိန့်ထုတ်ခဲ့ချိန်က တမန်တော်ပေတရုနှင့်ယောဟန်တို့ ဤသို့ဖြေဆိုခဲ့ကြ၏– “ဘုရားသခင်၏စကားတော်ကို နားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော် ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်။” ယေရှု၏တပည့်များသည် ရဲစွမ်းသတ္တိရှိရန် ဆုတောင်းပြီးနောက် သတင်းကောင်း ဆက်ဟောခဲ့ကြသည်။—တမန်တော် ၄:၁၈-၃၁။

ယခင်ခြိမ်းခြောက်ပြောဆိုမှုများ မအောင်မြင်သည့်အခါ ဤဒုတိယအကြိမ် အမှုစစ်ဆေးချိန်တွင် ယဇ်ပုရောဟိတ်မင်းကြီးက ဤသို့ပြောဆိုလေ၏– “ထိုနာမကိုအမှီပြု၍မဆုံးမ၊ မသွန်သင်မည်အကြောင်း ငါတို့သည် သင်တို့အား ကျပ်တည်းစွာ စီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စေသည်ဖြစ်၍ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကိုရောက်စေခြင်းငှာ သင်တို့ကြံစည်ပါသည်တကား။”—တမန်တော် ၅:၂၈။

ခိုင်မာသောစိတ်ပိုင်းဖြတ်ချက်

ထိုအခါ “ပေတရုနှင့် အခြားသောတမန်တော်တို့ကလည်း ‘လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏’” ဟု ရဲရင့်စွာတုံ့ပြန်ခဲ့ကြသည်။ (တမန်တော် ၅:၂၉) မှန်ပါသည်၊ လူတို့၏တောင်းဆိုချက်များသည် ယေဟောဝါ၏ပညတ်နှင့် ဆန့်ကျင်သောအခါ လူ့စကားထက် ဘုရားသခင်၏စကားကို ကျွန်ုပ်တို့နားထောင်ရမည်။a

ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို အခိုင်အမာဖော်ပြသော တမန်တော်တို့၏စကားများကို ဆဲန်ဟီဒရင်အဖွဲ့ဝင်များ သဘောကျသင့်သည်။ ဘုရားသခင်အားနာခံခြင်းနှင့်ပတ်သက်၍ ဤဂျူးခေါင်းဆောင်များကို မေးမြန်းကြည့်ပါက “ဘုရားသခင့်စကားကို နာခံပါ” ဟူ၍ တညီတညွတ်တည်းဖြေဆိုကြပေမည်။ ဘုရားသခင်ကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် သူတို့ အမှန်လက်ခံကြသည်မဟုတ်လော။

ခရစ်ယာန်ဓမ္မအမှုနှင့်ပတ်သက်လျှင် လူ့စကားထက် ဘုရားသခင်၏စကားကိုနာခံမည်ဟူ၍ တမန်တော်များကိုယ်စား ပေတရုပြောဆိုခဲ့ပုံရသည်။ သို့ဖြင့် တမန်တော်များ နာခံမှုမရှိဟူသောစွဲချက်ကို ပျက်ပြယ်စေသည်။ ဂျူးသမိုင်းအရ လူ့စကားထက် ဘုရားသခင်၏စကားကို နာခံသင့်သည့်အချိန်များရှိခဲ့ကြောင်း ဆဲန်ဟီဒရင်အဖွဲ့ဝင်များ သိထားကြသည်။ အီဂျစ်ပြည်တွင် ဝမ်းဆွဲမနှစ်ဦးသည် ဖာရောထက် ဘုရားသခင်ကိုကြောက်ရွံ့သောကြောင့် ဟေဗြဲအမျိုးသမီးများဖွားမြင်သော သားယောက်ျားတို့ကို အသက်ချမ်းသာပေးခဲ့သည်။ (ထွက်မြောက်ရာ ၁:၁၅-၁၇) ဟေဇကိမင်းသည် လက်နက်ချအညံ့ခံရန် ဖိအားပေးခံရသည့်အခါ ဘုရင်သနာခရိပ်၏စကားထက် ယေဟောဝါ၏စကားကို နာခံခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၉:၁၄-၃၇) ဆဲန်ဟီဒရင်အဖွဲ့ဝင်များ အကျွမ်းဝင်နေသည့် ဟေဗြဲကျမ်းများက ယေဟောဝါသည် မိမိလူများ မိမိကိုနာခံစေလိုကြောင်း အလေးပေးဖော်ပြသည်။—၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၃။

နာခံမှုသည် အကျိုးဖြစ်ထွန်း

“လူ့စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏” ဟူသောစကားကြောင့် အထက်တရားရုံးအဖွဲ့ဝင်တစ်ဦး စိတ်ထိမိသွားပုံရသည်။ ထိုသူမှာ ဂါမလျေလဖြစ်ပြီး ဆဲန်ဟီဒရင်တွင် အလွန်လေးစားခံရသော တရားသူကြီးဖြစ်သည်။ လွှတ်တော်အစည်းအဝေးတွင် သူပေးသောအကြံဉာဏ်ကို တရားရုံးက လက်ခံခဲ့သည်။ ဂါမလျေလသည် အတိတ်မှနမူနာများကိုကိုးကား၍ တမန်တော်တို့၏လုပ်ငန်းကို နှောင့်ယှက်ခြင်းသည် ပညာမဲ့ကြောင်း ထောက်ပြလေ၏။ “ဤသူတို့ကိုရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေ။ . . . သင်တို့သည် ဘုရားသခင်၏အာဏာတော်ကိုဆန်သောသူ မဖြစ်မည်အကြောင်း သတိပြုကြလော့” ဟူ၍ သူပြောဆိုခဲ့သည်။—တမန်တော် ၅:၃၄-၃၉။

ဂါမလျေလ၏ယုတ္တိရှိသောစကားများကြောင့် အထက်တရားရုံးက တမန်တော်များကို လွှတ်ပေးလိုက်သည်။ တမန်တော်များသည် ပြင်းထန်စွာရိုက်နှက်ခံရသော်လည်း ထိတ်လန့်မသွားကြပေ။ ယင်းအစား ကျမ်းစာကဤသို့ဆိုသည်– ‘ဝတ်ပြုရာအိမ်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။’—တမန်တော် ၅: ၄၂။

တမန်တော်များသည် ဘုရားသခင်ကို အမြင့်ဆုံးအာဏာပိုင်အဖြစ် ထောက်ခံသည့်အတွက် ကောင်းချီးများစွာခံစားခဲ့ရသည်။ ယနေ့ခရစ်ယာန်စစ်များလည်း အလားတူစိတ်ထားရှိကြသည်။ ယေဟောဝါသက်သေများသည် ယေဟောဝါကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ထောက်ခံနေဆဲပင်။ ဘုရားသခင်၏ညွှန်ကြားချက်များကို ဆန့်ကျင်ရန် အမိန့်ပေးခံရပါက တမန်တော်များနည်းတူ “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏” ဟူ၍ သူတို့တုံ့ပြန်ကြသည်။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ၏ ၂၀၀၆ ခုနှစ် ပြက္ခဒိန် စက်တင်ဘာ/အောက်တိုဘာလကိုရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သင်စဉ်းစားဖူးသလော

ဆဲန်ဟီဒရင် လွှတ်တော်အစည်းအဝေးတွင် ဂါမလျေလပြောဆိုသောစကားများကို ကျမ်းရေးသူလုကာ မည်သို့သိရှိခဲ့သနည်း။ ဂါမလျေလ၏စကားများကို ဘုရားသခင်ဖော်ပြခဲ့ခြင်းဖြစ်ပေမည်။ (ဂါမလျေလ၏တပည့်ဟောင်း) ပေါလုသည် ဂါမလျေလ၏စကားများကို လုကာအား အသိပေးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် စိတ်ရင်းကောင်းသော အထက်တရားရုံးအဖွဲ့ဝင်တစ်ဦးထံမှ သိရှိခဲ့ခြင်းဖြစ်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ