ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁ စာ. ၃
  • အသက် အဖိုးတန်ရာလော၊ အပေါစားလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက် အဖိုးတန်ရာလော၊ အပေါစားလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ခါသုံးပြီး လွှင့်ပစ်
  • “လေကိုကျက်စားသောအမှု”
  • “လူ့ရှိသမျှတာဝန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အဘယ်အရာက ဘဝကို တန်ဖိုးရှိစေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်အသက်—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁ စာ. ၃

အသက် အဖိုးတန်ရာလော၊ အပေါစားလော

“လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားရာ လူ့အသက်ကိုသတ်ခြင်းသည် ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး၊ အမြင့်မြတ်ဆုံးအရာကို ဖျက်ဆီးလိုက်ခြင်းဖြစ်၏။”—ဝီလျံဘာကလေး၏ သာမန်လူ၏ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်မှု။

‘ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံးအရာ။’ သင်သည် အသက်ကို ထိုအတိုင်းရှုမြင်ပါသလော။ လူအများသည် ထိုစာရေးဆရာနှင့် သဘောထားချင်းမတူကြောင်း သူတို့၏အပြုအမူက ဖော်ပြသည်။ လူသားချင်းအကျိုးကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးပန်းတိုင်များနောက် လိုက်ခဲ့ကြသော အကြမ်းဖက်သူများသည် အသက်ပေါင်းများစွာကို ရက်ရက်စက်စက် ခြွေယူခဲ့ကြသည်။—ဒေ. ၈:၉။

တစ်ခါသုံးပြီး လွှင့်ပစ်

ပထမကမ္ဘာစစ်သည် စံနမူနာတစ်ခုဖြစ်၏။ ကြောက်မက်ဖွယ်ထိုစစ်ပွဲအတွင်း ကြိမ်ဖန်များစွာ “လူ့ခန္ဓာကိုယ်များ အကြောင်းမဲ့ အစတေးခံခဲ့ရ၏” ဟုသမိုင်းပညာရှင် အေ.ဂျေ.ပီ.တေလာက ဆိုသည်။ . . . ဂုဏ်မာန်ဝင့်နိုင်ရေးအတွက် . . . တန်ဖိုးမဲ့သဖွယ် သုံးပြီးလွှင့်ပစ်လိုက်ကြသည်။ ပြင်သစ်နိုင်ငံမှ ဗှာဒန်စစ်ပွဲ၌ အသေအပျောက် ဒဏ်ရာရရှိသူ သန်းတစ်ဝက်ကျော်ရှိ၏။ “[မဟာဗျူဟာမြောက်သည့် အဖိုးတန်သော] ဆုရစရာ၊ ဆုံးရှုံးစရာ မရှိခဲ့ပေ; လူတို့ အသတ်ခံရဖို့၊ ဂုဏ်မာန်ဝင့်နိုင်ဖို့သာ ရှိခဲ့သည်” ဟုတေလာက ရေးသားသည်။—ပထမကမ္ဘာစစ်။

အသက်၏တန်ဖိုးကို ဤကဲ့သို့အလေးမထားခြင်းသည် ကမ္ဘာအနှံ့တွင် ရှိနေဆဲပင်။ မကြာသေးမီအချိန်က “လူဦးရေအကြီးအကျယ်တိုးပွားမှုကြောင့် ကမ္ဘာ့အလုပ်သမားဈေးကွက်များမှာ ဆင်းရဲပြီး ကာကွယ်နိုင်စွမ်းမရှိသော သန်းနှင့်ချီသူတို့နှင့် ပြည့်သွားစေခဲ့၏” ဟုကျမ်းပညာရှင် ကယ်ဗင် ဘေလ်ဇ်က ထောက်ပြသည်။ သို့နှင့် သူတို့သည် “အသက်ကို အပေါစားအဖြစ်ထားသည့်” နိုင်ထက်စီးနင်း စီးပွားရေးစနစ်တွင် မသေရုံတစ်မည် အသက်ရှင်နိုင်ရေးအတွက် တစ်သက်လုံး ရုန်းကန်လှုပ်ရှားကြရလေသည်။ သူတို့အပေါ် မတရားခေါင်းပုံဖြတ်ကြသူများသည် သူတို့ကို ကျွန်များ—“ငွေရှာပေးသည့် တစ်ခါသုံးပစ္စည်းများ”—ကဲ့သို့ ဆက်ဆံကြသည်ဟု ဘေလ်ဇ်ကဆို၏။—တစ်ခါသုံးသူများ။

“လေကိုကျက်စားသောအမှု”

မိမိတို့ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဂရုစိုက်မည့်သူမရှိသည်အထိ လုံးဝအသုံးမကျ၊ မျှော်လင့်ချက်မရှိဟု သန်းနှင့်ချီသောသူတို့ ခံစားနေရသည့် နောက်ထပ်အကြောင်းရင်းများစွာ ရှိသေးသည်။ စစ်နှင့်မတရားမှုတို့အပြင် လူသားတစ်ရပ်လုံးကို ဘေးသင့်စေသည့် မိုးခေါင်ခြင်း၊ အစာခေါင်းပါးခြင်း၊ ရောဂါဝေဒနာ၊ ချစ်ရသူဆုံးပါးခြင်းနှင့် မရေမတွက်နိုင်သော အခြားအရာများကြောင့် ဘဝသည် အသက်ရှင်ရကျိုးနပ်၏လောဟု အတွေးဝင်စရာဖြစ်စေခဲ့သည်။—ဒေ. ၁:၈၊ ၁၄။

အမှန်ဆိုရသော် လူတိုင်း အလွန်အမင်းဆင်းရဲချို့တဲ့၊ ကိုယ်စိတ်နှစ်ဖြာဝေဒနာခံစားရသည်မဟုတ်။ သို့သော် အဆိုးဝါးဆုံးဖိစီးမှုနှင့် လွတ်ကင်းသူများပင် ဤသို့မေးခဲ့သည့် ရှေးဣသရေလရှင်ဘုရင် ရှောလမုန်၏စကားများကို သံယောင်လိုက်တတ်ကြသည်– “လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှုအလုံးစုံတို့၌ အဘယ်အကျိုးရှိသနည်း။” လူတို့သည် ကိစ္စရပ်များကို သုံးသပ်ပြီးနောက် သူတို့ပြုလုပ်ခဲ့ရာများစွာသည် ‘အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှု’ ဖြစ်သွားကြောင်း သဘောပေါက်လာကြ၏။—ဒေ. ၂:၂၂၊ ၂၆။

လူတို့သည် သူတို့၏ဘဝကို ပြန်ပြောင်းကြည့်ကာ “ဘဝဟူသည် ဤရွေ့ ဤမျှသာလော” ဟုမေးခွန်းထုတ်ကြ၏။ မှန်ပါသည်၊ ရှေးဘိုးဘေးအာဗြဟံကဲ့သို့ အမှန်တကယ် ‘ကျေနပ်ဖွယ်နေ့ရက်များ’ ဖြင့်စံစားကာ အသက်တာကုန်ဆုံးသွားသူ မည်မျှရှိသနည်း။ (ကမ္ဘာဦး ၂၅:၈၊ ကဘ အောက်ခြေမှတ်ချက်) အများစုမှာ အချည်းနှီးသာဖြစ်သည်ဟု စွဲမြဲစွာ ခံစားနေရသည်။ သို့တိုင် အသက်သည် အချည်းနှီးဖြစ်စရာမလိုပါ။ ဘုရားသခင်သည် လူ့အသက်တိုင်းကို တန်ဖိုးထားပြီး ကျွန်ုပ်တို့တစ်ဦးစီကို အပြည့်အဝကျေနပ်ဖွယ်ကောင်းသည့် အသက်တာဖြင့် အသက်ရှင်စေလို၏။ ဤအသက်တာမျိုး မည်သို့ရမည်နည်း။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးက မည်သို့ဆိုထားကြောင်းသုံးသပ်ကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ