ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၁/၁၅ စာ. ၂-၃
  • ကမ္ဘာမြေ ပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေ ပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရဒိသု—ကောင်းကင်တွင်လော၊ ကမ္ဘာမြေတွင်လော
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ပရဒိသု
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၁/၁၅ စာ. ၂-၃

ကမ္ဘာမြေ ပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်သလော

ဤကမ္ဘာမြေ ပရဒိသုဖြစ်လာလိမ့်မည်ဟု ယုံကြည်သူ အနည်းငယ်သာရှိ၏။ လူအများကမူ ကမ္ဘာမြေ အစဉ်တည်ရှိနိုင်မည်မဟုတ်ဟု ယူမှတ်ကြသည်။ ဘရိုင်ယန် လေ မော့လေနို၏ မြင့်မြတ်သောကမ္ဘာ စာအုပ်အရ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ‘အာကာသပေါက်ကွဲမှုကြီး’ ကြောင့် ဤကမ္ဘာမြေ ဖြစ်ပေါ်လာသည်ဟုဆို၏။ လူသည် ကမ္ဘာမြေကို မဖျက်ဆီးလျှင်ပင် နောက်ဆုံးတွင် ကမ္ဘာမြေနှင့် စကြဝဠာတစ်ခုလုံး “မီးထဲသို့ ကျွံ၍ပြိုကျ” သွားနိုင်သည်ဟု လူအများက ယုံကြည်ကြ၏။

၁၇ ရာစုမှ အင်္ဂလိပ်ကဗျာဆရာ ဂျွန်မီလ်တန်တွင် ဤသို့သောအပျက်သဘောထားများ မရှိချေ။ ဘုရားသခင်သည် ဤကမ္ဘာမြေကို လူ့မိသားစုအတွက် ပရဒိသုစံအိမ်အဖြစ် ဖန်ဆင်းပေးခဲ့သည်ဟု သူ၏မော်ကွန်းဝင်ကဗျာ ပရဒိသုပျောက်ဆုံးခြင်း တွင်ရေးဖွဲ့ခဲ့၏။ ထိုမူလပရဒိသု ပျောက်ဆုံးသွားခဲ့သည်။ သို့သော် ပရဒိသုကို ပြန်လည်တည်ထောင်လိမ့်မည်၊ ရွေးနုတ်ရှင်အဖြစ် ယေရှုခရစ်သည် တစ်နေ့နေ့တွင် “ကိုယ်တော်၏သစ္စာရှိသူတို့ကို ဆုချရန် ကောင်းကင် သို့မဟုတ် ကမ္ဘာမြေတွင် . . . သုခချမ်းသာ စံစားစေလိမ့်မည်” ဟုမီလ်တန် ယုံကြည်ခဲ့သည်။ “ထိုအချိန်အခါတွင် ကမ္ဘာမြေတစ်ခုလုံးသည် ပရဒိသုဖြစ်လာလိမ့်မည်” ဟုယုံကြည်စိတ်ချစွာ မီလ်တန်ကြေညာခဲ့၏။

ပရဒိသု—ကောင်းကင်တွင်လော၊ ကမ္ဘာမြေတွင်လော

ဤကမ္ဘာမြေပေါ်တွင် ကြောက်မက်ဖွယ်ရာများနှင့် ဝေဒနာများ ခံစားခဲ့ရသည့်အတွက် နောက်ဆုံးတွင် နစ်နာကြေးတစ်မျိုးမျိုးရရှိမည်ဟူသော မီလ်တန်၏ရှုမြင်ချက်ကို ဘာသာရေးသမားများစွာက ခံယူကြ၏။ သို့သော် ထိုနစ်နာကြေးကို သူတို့ အဘယ်နေရာတွင် ရရှိမည်နည်း။ “ကောင်းကင် သို့မဟုတ် ကမ္ဘာမြေတွင်” လော။ အချို့သူများသည် ကမ္ဘာမြေပေါ်တွင်ရရှိမည်ဟု မစဉ်းစားချေ။ လူသည် ဤကမ္ဘာမြေကို စွန့်ခွာပြီးနောက် ကောင်းကင်ဝိညာဉ်ဘုံသို့ ရောက်မှသာ “သုခချမ်းသာ” စံစားရလိမ့်မည်ဟု သူတို့ဆိုကြ၏။

ကောင်းကင်—သမိုင်းကြောင်း စာအုပ်၌ စာရေးဆရာ စီ. မက်ခ်ဒဲန်နယ်လ်နှင့် ဘီ. လဲန်ဂ်တို့က ဒုတိယရာစုမှ ခရစ်ယာန်ဓမ္မပညာရှင် အိုင်ရင်နီယပ်စ်သည် “ဝေးလံသောကောင်းကင်ဘုံတွင်မဟုတ်ဘဲ ကမ္ဘာမြေပေါ်” ပြန်လည်တည်ထောင်လာမည့် ပရဒိသုတွင် အသက်ရှင်နေထိုင်ရမည်ဟု ယုံကြည်ခဲ့ကြောင်း ဖော်ပြသည်။ ထိုစာအုပ်အရ ဂျွန်ကယ်လ်ဗင်နှင့် မာတင်လူသာတို့ကဲ့သို့သော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ကောင်းကင်သွားရန် မျှော်လင့်ကြသော်လည်း “ဘုရားသခင်သည် ဤကမ္ဘာမြေကို အသစ်တစ်ဖန် ပြုလုပ်ပေးမည်” ဟူ၍လည်း ယုံကြည်ခဲ့ကြ၏။ တခြားခရစ်ယာန်ဘာသာရေးသမားများကလည်း ထိုသို့ပင်ယုံကြည်ကြသည်။ ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် လူ့ဆင်းရဲအခက်အခဲရှိသမျှ “ပပျောက်သွားပြီး ပြည့်စုံကုံလုံသောဘဝဖြင့် ကမ္ဘာမြေပေါ်တွင် နေထိုင်ကြရလိမ့်မည်” ဟုဂျူးအချို့ ယုံကြည်ကြောင်းကိုလည်း မက်ခ်ဒဲန်နယ်လ်နှင့် လဲန်ဂ်တို့ဖော်ပြ၏။ ရှေးပါရှန်းလူတို့၏ယုံကြည်ချက်အရ “မူလကမ္ဘာမြေအနေအထား ပြန်လည်ဖြစ်ပေါ်လာပြီး လူတို့သည် ငြိမ်သက်စွာ တစ်ဖန်နေထိုင်ကြရတော့မည်” ဟု အရှေ့အလယ်ပိုင်း ဒဏ္ဍာရီနှင့်ဘာသာရေး စွယ်စုံကျမ်း ကဆိုသည်။

ကမ္ဘာ့ပရဒိသုမျှော်လင့်ချက် မည်သို့ဖြစ်သွားသနည်း။ ကျွန်ုပ်တို့၏ကမ္ဘာမြေသည် ခေတ္တခဏမျှသာ တည်ရှိရမည်လော။ ပထမရာစုဂျူးအတွေးအခေါ်ပညာရှင် ဖီလိုယုံကြည်ခဲ့သည့်အတိုင်း ဝိညာဉ်လောကသို့ ဦးတည်သွားနေစဉ် “အကြောင်းမလှသည့်အခြေအနေတွင် ခရီးတစ်ထောက် ရပ်နားခြင်း” မျှလော။ သို့မဟုတ် ဘုရားသခင်သည် ကမ္ဘာမြေကိုဖန်ဆင်းပြီး ပရဒိသုအခြေအနေတွင် လူတို့ကို နေရာချထားသောအခါ အခြားရည်ရွယ်ချက်တစ်ခုရှိသလော။ လူသည် ဤကမ္ဘာမြေပေါ်တွင် စစ်မှန်သောဝိညာဉ်ရေး ပြည့်စုံကုံလုံမှုနှင့် သုခချမ်းသာ ရရှိနိုင်မည်လော။ ဤအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုများကို ဆန်းစစ်ကြည့်ပါလေ။ ဤကမ္ဘာမြေပေါ် ပရဒိသုပြန်လည်တည်ထောင်လာလိမ့်မည်ဟု သန်းနှင့်ချီသူတို့ မျှော်လင့်ထားနှင့်သည့်အတိုင်း အသင်လည်း မျှော်လင့်လျှင် အကျိုးသင့်အကြောင်းသင့်ရှိသည်ဟု ဆုံးဖြတ်ပေမည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ပရဒိသု ပြန်လည်တည်ထောင်လာ လိမ့်မည်ဟု ကဗျာဆရာ ဂျွန်မီလ်တန် ယုံကြည်ခဲ့

[Picture Credit Line on page 2]

COVER: Earth: U.S. Fish & Wildlife Service, Washington, D.C./NASA

[Picture Credit Lines on page 3]

Earth: U.S. Fish & Wildlife Service, Washington, D.C./NASA; John Milton: Leslie’s

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ