ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၅/၁ စာ. ၂-၄
  • ဘုရားသခင်ကို သင် အဘယ်အရာ မေးလိုသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို သင် အဘယ်အရာ မေးလိုသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၊ ကိုယ်တော်သည် အမှန်တကယ် မည်သူနည်း။
  • အဘယ်ကြောင့် ဤမျှဆင်းရဲခက်ခဲရသနည်း။
  • ကျွန်ုပ်သည် အဘယ်ကြောင့် ဤတွင်ရှိနေရသနည်း။ ဘဝ၏ရည်ရွယ်ချက်ကား အဘယ်နည်း။
  • အချို့သူတို့ အဖြေရရှိခဲ့ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၅/၁ စာ. ၂-၄

ဘုရားသခင်ကို သင် အဘယ်အရာ မေးလိုသနည်း

ကမ္ဘာတစ်ဝန်းရှိလူတို့တွင် ဘဝနှင့်ပတ်သက်၍ အရေးကြီးသည့်မေးခွန်းများစွာရှိသည်။ အသင်ကော။ လူအများသည် ဝတ်ပြုရေးသွန်သင်သူများကို မေးခဲ့ကြသော်လည်း ကျေနပ်ဖွယ်အဖြေများ မရရှိခဲ့ကြချေ။ တခြားသူများသည် အဆိုပါမေးခွန်းများကို သူတို့ဘာသာ ဆင်ခြင်သုံးသပ်ခဲ့ကြသည်။ အချို့မှာမူ လမ်းညွှန်ပေးပါရန် ဆုတောင်းခဲ့ကြ၏။ သင့်ကို စိတ်ရှုပ်ထွေးစေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘုရားသခင်ထံမှ အဖြေ အမှန်ရနိုင်သလော။ ဘုရားသခင်အား လူများစွာ မေးလိုသည့် မေးခွန်းများတွင် ဤမေးခွန်းများပါဝင်သည်။

ဘုရားသခင်၊ ကိုယ်တော်သည် အမှန်တကယ် မည်သူနည်း။

ဘုရားသခင်အား လူတို့ရှုမြင်ပုံသည် သူတို့၏ယဉ်ကျေးမှု၊ သူတို့မိဘများ၏ဝတ်ပြုရေးနှင့် သူတို့ကိုယ်တိုင်၏ ရွေးချယ်မှုအပေါ် မူတည်ပေသည်။ အချို့က နတ်ဘုရားကို အမည်တပ်ခေါ်၏; တခြားသူများမှာမူ ဘုရားသခင်ဟူ၍သာ ခေါ်ဆိုကြသည်။ ယင်းသည် အရေးပါသလော။ မိမိကိုယ်တော်တိုင်နှင့် မိမိ၏နာမတော်ကို ဖော်ပြသည့် စစ်မှန်သောဘုရားသခင် တစ်ပါးတည်းရှိသလော။

အဘယ်ကြောင့် ဤမျှဆင်းရဲခက်ခဲရသနည်း။

လူတစ်ဦးသည် မဆင်မခြင်ပြုမူ၍၊ သို့မဟုတ် အကျင့်ယိုယွင်းခဲ့၍ ကျန်းမာရေး ချို့တဲ့နေမည် သို့မဟုတ် ဆင်းရဲမွဲတေနေမည်ဆိုလျှင် သူသည် ညည်းညူပေမည်။ သို့ရာတွင် သူသည် ဆင်းရဲခက်ခဲနေရသည့်အကြောင်းရင်းကို ကောင်းစွာသိရှိပေမည်။

သို့သော် အခြားသူများစွာသည် သူတို့တွင် အမှားမရှိဘဲ အလွန်ဆင်းရဲခက်ခဲနေကြသည်။ အချို့မှာ နာတာရှည်ရောဂါများ ခံစားနေကြရ၏။ တခြားသူများမှာမူ သူတို့မိသားစု၏ စားဝတ်နေရေးအတွက် အကြီးအကျယ်ရုန်းကန်နေကြရသည်။ သန်းပေါင်းများစွာသည် ရာဇဝတ်မှု၊ စစ်မှု၊ လက်လွတ်စပယ်အကြမ်းဖက်မှု၊ သဘာဝဘေးဒဏ်များ၊ အခွင့်အာဏာရှိသူများ၏မတရားမှုတို့ကို ခံစားနေကြရသည်။

ယင်းကြောင့် လူတို့က ‘ထိုသို့သောအခြေအနေများ အဘယ်ကြောင့် ဤမျှပျံ့နှံ့နေရသနည်း။ အဆိုပါဆင်းရဲခက်ခဲမှုတို့ကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရသနည်း’ ဟုမေးမြန်းကြခြင်းသည် အံ့ဩစရာမဟုတ်ပေ။

ကျွန်ုပ်သည် အဘယ်ကြောင့် ဤတွင်ရှိနေရသနည်း။ ဘဝ၏ရည်ရွယ်ချက်ကား အဘယ်နည်း။

နေ့စဉ်လုပ်ငန်းဆောင်တာများမှ စစ်မှန်သောစိတ်ကျေနပ်မှုမရရှိသဖြင့် အလိုမကျသူများသည် အဆိုပါမေးခွန်းများကို မေးတတ်ကြ၏၊ လူအများသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ အခြားသူသန်းပေါင်းများစွာက လူတစ်ဦးစီ၏ဘဝပုံစံကို ဘုရားသခင် တစ်နည်းနည်းဖြင့် တင်ကြိုသတ်မှတ်ထား၏ဟု ယုံကြည်ကြသည်။ ထိုသို့ဖြစ်သလော။ ဘုရားသခင်သည် သင့်အတွက် အထူးရည်ရွယ်ချက်တစ်ခုအမှန်ရှိမည်ဆိုလျှင် ယင်းကို သင်သိလိုမည်မှာ သေချာသည်။

ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးတို့တွင် စာအုပ်တစ်အုပ်သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်ကြောင်း ယင်းက ရှင်းလင်းပြတ်သားစွာ ဖော်ပြထား၏။ လူခပ်သိမ်းအတွက် ဘုရားသခင်ထံမှလာသော သတင်းတစ်ရပ်အမှန်ဖြစ်၍လည်း ဤစာအုပ်ကို ရေးသားခဲ့သမျှ တခြားမည်သည့်စာအုပ်ထက်မဆို ဘာသာစကားမြောက်မြားစွာဖြင့် ထုတ်ဝေထား၏။ ၎င်းစာအုပ်သည် သမ္မာကျမ်းစာပင်ဖြစ်၏။ ဤစာအုပ်တွင် ကောင်းကင်မြေကြီး၏ဖန်ဆင်းရှင် ဘုရားသခင်ကိုယ်တော်တိုင်က မိမိသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မိမိ၏နာမတော်ကား မည်သို့ဖြစ်ကြောင်း ဖော်ပြထားတော်မူ၏။ ထိုနာမတော်ကို သင်သိပါသလော။ ဘုရားသခင်သည် မည်ကဲ့သို့သောပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ကျမ်းစာအဆိုကို သင်သိပါသလော။ သင့်ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူကြောင်း သမ္မာကျမ်းစာပြောဆိုရာကို သင်သိသလော။

[Picture Credit Line on page 2]

COVER: Chad Ehlers/Index Stock Photography

[Picture Credit Line on page 3]

Mountain: Chad Ehlers/Index Stock Photography

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ