ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြုတရားရုံး၌ အောင်ပွဲခံခြင်း
ဂျာမနီနိုင်ငံမှ ယေဟောဝါသက်သေများသည် ကာလ်စ်ရူးအာမြို့ရှိ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြုတရားရုံးတွင် မှတ်သားလောက်ဖွယ် အောင်ပွဲရရှိခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့ကို အသိအမှတ်ပြုခြင်းနှင့်ဆက်နွှယ်သည့် အရေးကြီးခြေလှမ်းကိုလှမ်းခဲ့ကြ၏။
ယေဟောဝါသက်သေများသည် ဂျာမနီနိုင်ငံတွင် နှစ်ပေါင်း ၁၀၀ ကျော်လှုပ်ရှားခဲ့ကြပြီ။ သူတို့သည် ၂၀ ရာစုအာဏာရှင်စနစ်နှစ်ခုဖြစ်သော အမျိုးသားဆိုရှယ်လစ်အဖွဲ့နှင့် ကွန်မြူနစ်များ၏လက်တွင် အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းမှုခံရခြင်းကို ကျော်လွှားခဲ့ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်ကတည်းက သက်သေခံများသည် ပြည်သူ့ဥပဒေအရ ကော်ပိုရေးရှင်းတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းကိုရရှိရန် လျှောက်ထားကြ၏။ အနိုင်ရတရားရုံးဆုံးဖြတ်ချက်နှစ်ကြိမ်နှင့် တစ်ကြိမ်ပယ်ဖျက်ခံရပြီးနောက် သက်သေခံများသည် ၂၀၀၀၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ၎င်း၏စီရင်ချက်ကိုကြေညာခဲ့သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြုတရားရုံးသို့ အယူခံဝင်ခဲ့ကြသည်။
ယေဟောဝါသက်သေများအတွက် တညီတညွတ်တည်းဆုံးဖြတ်ချက်
တရားရုံးမှ တရားရေးဝန်ကြီးခုနစ်ဦးစလုံးက သက်သေခံများကို အနိုင်ပေးရန် စီရင်ချက်ချခဲ့ကြသည်။ ထိုတရားသူကြီးများသည် ဖက်ဒရယ်အုပ်ချုပ်ရေးတရားရုံး၏ ၁၉၉၇ ခုနှစ်စီရင်ချက်ကိုပယ်ဖျက်၍ သက်သေခံများ၏ လျှောက်ထားချက်ကို ပြန်လည်စဉ်းစားပေးရန် ထိုတရားရုံးသို့ မှာကြားခဲ့သည်။
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြုတရားရုံးက ထိုအခွင့်အခါကိုအသုံးချကာ တိုင်းပြည်နှင့်ဘာသာရေးအုပ်စုများစပ်ကြားရှိ အခြေခံဆက်ဆံရေးကို ဖော်ပြခဲ့သည်။ အခြေခံအားဖြင့် ဘာသာရေးတစ်ခု၏အခြေအနေကို “၎င်း၏ယုံကြည်ချက်များအားဖြင့်မဟုတ်ဘဲ ၎င်း၏အမူအကျင့်အားဖြင့် သတ်မှတ်သည်။”
သက်သေခံများက “ခရစ်ယာန်ကြားနေမှု” ကိုကျင့်သုံးသောအခါ “ဒီမိုကရေစီမူကို ဆန့်ကျင်ခြင်းမရှိ” သည့်အပြင် “ဒီမိုကရေစီအစိုးရအစား အခြားအုပ်ချုပ်မှုတစ်မျိုးကို အစားထိုးရန် မတောင်းဆိုကြ” သည်ကိုလည်း တရားရုံးက သတိပြုမိသည်။ ထို့ကြောင့် နိုင်ငံရေးရွေးကောက်ပွဲများ၌ သက်သေခံများမပါဝင်ကြခြင်းကြောင့် တရားဝင်အသိအမှတ်ပြုခံရရန် သူတို့၏တောင်းဆိုချက်ကို မပယ်ဖျက်သင့်ချေ။—ယောဟန် ၁၈:၃၆; ရောမ ၁၃:၁။
ယုံကြည်သူတစ်ဦးသည် သက်သေခံတစ်ဦးဖြစ်စေ၊ အခြားယုံကြည်ခြင်းရှိသူတစ်ဦးဖြစ်စေ တိုင်းပြည်၏ပြဋ္ဌာန်းချက်များနှင့် သူ့ယုံကြည်ခြင်း၏သတ်မှတ်ချက်များမှာ ဆန့်ကျင်နေသည့်အခြေအနေမျိုးတွင် တစ်ခါတစ်ရံရောက်ရှိနိုင်ကြောင်း တရားရုံးက ထပ်ဆင့်သတိပြုမိသည်။ ထိုအခါ ထိုသူသည် “ဥပဒေထက် သူ့ယုံကြည်ခြင်း၏အခြေခံမူများကို နာခံခြင်း” အားဖြင့် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်နှင့်အညီ လုပ်ဆောင်ခဲ့သော် ယင်းကို သင့်မြတ်လျော်ကန်၍ ဘာသာရေးလွတ်လပ်မှုဘောင်အတွင်း၌ရှိ၏ဟု တိုင်းပြည်က ရှုမြင်ရမည်ဖြစ်သည်။—တမန်တော် ၅:၂၉။
တရားရုံး၏စီရင်ချက်သည် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။ ဂျာမနီနိုင်ငံမှ သတင်းစာတိုင်းလိုလိုပင် ဤသတင်းကို ဖော်ပြကြသည်။ အဓိကရုပ်မြင်သံကြားနှင့် ရေဒီယိုအသံလွှင့်ဌာနရှိသမျှတို့ကလည်း ၎င်းသတင်း သို့မဟုတ် လူတွေ့မေးမြန်းခန်းများကို ထုတ်လွှင့်ခဲ့ကြသည်။ ယေဟောဝါ၏နာမတော်သည် ဂျာမနီနိုင်ငံတွင် တစ်ခါမျှ ဤမျှလောက်ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြားမဖြစ်ခဲ့ဖူးချေ။
[Picture Credit Line on page 8]
AP Photo/Daniel Maurer