ဆုတောင်းခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာပြုသလော
လူတိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန်၌ ဆုတောင်းဖို့လိုအပ်သည်ဟု ခံစားကြရသည်။ အမှန်ဆိုရလျှင် ဘာသာရေးဂိုဏ်းဂဏအားလုံးနီးပါးမှ လူတို့သည် စိတ်အားထက်သန်စွာ ဆုတောင်းကြသည်။ ဥပမာ၊ . . . ဘာသာဝင်တစ်ဦးသည် တစ်နေ့လျှင် အကြိမ်ပေါင်းထောင်နှင့်ချီ၍ “. . . သက်ဝင်ယုံကြည်ပါသည်” ဟူသော ဆုတောင်းချက်ကို ထပ်တလဲလဲရွတ်ဆိုပေမည်။
ကမ္ဘာအနှံ့တွင်တည်ရှိသည့် ပြဿနာများကို ထောက်ရှုကာ ဤသို့မေးခြင်းသည် ကျိုးကြောင်းညီညွတ်ပါသည်– လူတို့သည် ဆုတောင်းခြင်းဖြင့် မည်သည့်အရာကိုရယူနိုင်ရန် မျှော်လင့်ကြသနည်း။ အဆိုပါဆုတောင်းချက်အားလုံးသည် ကောင်းကျိုးတစ်စုံတစ်ရာပြုနေသလော။
လူတို့ အဘယ်ကြောင့်ဆုတောင်းကြသနည်း
အရှေ့တိုင်းသားများစွာတို့သည် သူတို့၏ဘိုးဘေးများနှင့် ရှင်တို သို့မဟုတ် တာအိုဘုရားများထံ ဆုတောင်းကြ၏။ သူတို့သည် ကျောင်း၌စာမေးပွဲအောင်ရန်၊ ဖြစ်ထွန်းသောကောက်ပဲသီးနှံများရိတ်သိမ်းရန် သို့မဟုတ် ရောဂါမဖြစ်ဖို့ ကာကွယ်ပေးရန် မျှော်လင့်ချက်များဖြင့် ထိုသို့ဆုတောင်းကြသည်။ မိမိတို့၏ကြိုးစားအားထုတ်မှုကြောင့် ဉာဏ်အလင်းရရှိလာမည်ဟု [ဘာသာတရားအချို့] . . . ကမျှော်လင့်ကြသည်။ ဟိန္ဒူဘာသာဝင်များမှာမူ အသိပညာရရှိရန်၊ ချမ်းသာကြွယ်ဝရန်နှင့် ကာကွယ်မှုရရှိရန် မိမိတို့ကြိုက်နှစ်သက်သည့် ဘုရားများနှင့်နတ်ဘုရားမများကို စိတ်အားထက်သန်စွာဆုတောင်းကြ၏။
. . . အချို့သည် ဆိတ်ငြိမ်သောခရစ်ယာန်ဘုန်းကြီးကျောင်း သို့မဟုတ် ခရစ်ယာန်သီလရှင်ကျောင်းများတွင် ဘုန်းကြီးများ သို့မဟုတ် သီလရှင်များအနေဖြင့် မိမိတို့၏ဘဝကို မြှုပ်နှံခြင်းအားဖြင့် လူသားတို့ကိုအကျိုးပြုနိုင်သည်ဟု မျှော်လင့်ကာ ထပ်တလဲလဲဆုတောင်းကြသည်။ သန်းနှင့်ချီသော [ချာ့ချ်]များသည် စိပ်ပုတီးများကိုအသုံးပြု၍ အလွတ်ကျက်မှတ်ထားသောဆုတောင်းချက်များကို ရွတ်ဆိုခြင်းဖြင့် မာရိ၏မျက်နှာသာကိုရရှိရန် ကြိုးစားကြသည်။ အရှေ့တိုင်းနိုင်ငံများမှ လူအများသည် စိပ်ပုတီးများကို အသုံးပြုကြသည်။ ပရိုတက်စတင့်များသည် သူတို့၏စိတ်ခံစားချက်များကိုလည်း ဘုရားသခင်အား စိတ်လိုကိုယ်လျောက်ဖွင့်ပြမည်ဖြစ်သော်လည်း သခင်၏ဆုတောင်းချက်စာသားများကို ထပ်တလဲလဲရွတ်ဆိုကြသည်။ ဂျူးများစွာတို့သည် ဗိမာန်တော်နှင့် ကြီးပွားချမ်းသာပြီး ငြိမ်းချမ်းရာခေတ်ကာလတို့ကို ပြန်လည်ထူထောင်ရန် မျှော်လင့်ချက်ဖြင့် ဆုတောင်းဖို့ ယေရုရှလင်မြို့မှအနောက်ဘက်မြို့ရိုးသို့ ဝေးလံသောခရီးကိုသွားကြသည်။
သန်းနှင့်ချီသောသူတို့သည် ကြိုးစား၍ဆုတောင်းကြသော်လည်း လူ့အဖွဲ့အစည်းသည် ဆင်းရဲချို့တဲ့မှု၊ မူးယစ်ဆေးစွဲမှု၊ အိမ်ထောင်ပြိုကွဲမှု၊ ရာဇဝတ်မှုနှင့် စစ်မှုတို့ဖြင့် တိုး၍ဘေးသင့်လျက်ရှိသည်။ အဆိုပါလူအားလုံးတို့သည် နည်းမှန်လမ်းကျဆုမတောင်းသောကြောင့်ဖြစ်သည်ဟု ဆိုနိုင်သလော။ ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်သည် ဆုတောင်းချက်များကို အမှန်ပင်နားထောင်ပေးသလော။
တစ်စုံတစ်ဦးသည် ဆုတောင်းချက်များကို နားညောင်းပေးသလော
ဆုတောင်းချက်များကို နားထောင်ပေးသူမရှိလျှင် ယင်းတို့သည် အမှန်ပင် မည်သည့်အကျိုးမျှမရှိနိုင်ပါ။ လူတစ်ဦးသည် ဆုတောင်းသောအခါ မမြင်ရသောနာမ်ဝိညာဉ်ဘောင်မှ တစ်ဦးဦးက နားညောင်းနေကြောင်း ထိုသူယုံကြည်သည်မှာ ထင်ရှားပါသည်။ သို့ရာတွင် ဆုတောင်းချက်များသည် အသံလှိုင်းများဖြင့်သာ ရောက်ရှိသွားခြင်းမဟုတ်ပါ။ တစ်စုံတစ်ဦးသည် လူတစ်ဦး ဆုတောင်းနေသည့် စဉ်းစားဆင်ခြင်မှုများကိုပင် ထိုးဖောက်သိမြင်နိုင်သည်ဟု လူအများက ယုံကြည်ကြ၏။ မည်သူဖြစ်နိုင်မည်နည်း။
ဦးနှောက်အပြင်လွှာကို ဖွဲ့စည်းထားသည့် သန်းနှင့်ချီသောနဗ်ကြောဆဲလ်များတွင် စဉ်းစားဆင်ခြင်မှု စတင်ဖြစ်ပေါ်လာပုံကို စဉ်းစားရုံမျှဖြင့် သုတေသီများအတွက် လွန်စွာနက်နဲဆန်းကြယ်နေသည်။ သို့သော် ဦးနှောက်ကိုတီထွင်သူသည် ဤစဉ်းစားဆင်ခြင်မှုများကို ထိုးဖောက်သိမြင်နိုင်သည်မှာ ယုတ္တိတန်ပါသည်။ ထိုသူမှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်မှတစ်ပါး အခြားသူမရှိပါ။ (ဆာလံ ၈၃:၁၈; ဗျာဒိတ် ၄:၁၁) ကိုယ်တော်ထံ တိုင်တည်ပြီးဆုတောင်းသင့်သည်။ သို့တိုင် ဤသို့သောဆုတောင်းချက်အားလုံးကို ယေဟောဝါနားညောင်းသလော။
ဆုတောင်းချက်အားလုံးကို နားညောင်းသလော
ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ်သည် ဆုတောင်းခြင်း၌ အားကြီးသူတစ်ဦးဖြစ်၏။ ဘုရားသခင်မှုတ်သွင်းခံ ဆာလံဆရာတစ်ဦးအနေဖြင့် ရှင်ဘုရင်သည် “[ဆုတောင်းချက်]စကားကို နားထောင်တော်မူသောဘုရား ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်” ဟူ၍စပ်ဆိုခဲ့၏။ (ဆာလံ ၆၅:၂) လူသားများပြောဆိုကြသည့် ထောင်နှင့်ချီသော မည်သည့်ဘာသာစကားဖြင့်မဆို တောင်းသည့်ဆုတောင်းချက်များကို ယေဟောဝါနားလည်သဘောပေါက်နိုင်သည်။ လူ့စိတ်သည် ဤမျှများပြားသောအကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ဘုရားသခင်သည် မိမိလက်ခံနိုင်သောနည်းဖြင့် ဆုတောင်းသူအားလုံးကို အာရုံမစိုက်နိုင်ဟု မဆိုနိုင်ချေ။
သို့တိုင် ဆုတောင်းခြင်း၌ အားကြီးသူနောက်တစ်ဦးဖြစ်သော ယေရှုခရစ်သည်လည်း ဆုတောင်းချက်အားလုံးကို ဘုရားသခင်နှစ်သက်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ ထိုစဉ်က အများပြုနေသည့် အလွတ်ကျက်မှတ်ထားသောဆုတောင်းချက်များကို ထပ်တလဲလဲရွတ်ဆိုခြင်းနှင့်ပတ်သက်ပြီး ယေရှုမိန့်ဆိုရာကို သတိပြုပါ။ “သင်တို့သည် ဆုတောင်းသောအခါ [ပြင်]ပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏” ဟူ၍ ကိုယ်တော်မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၇) စစ်မှန်သောခံစားချက်များမပါသည့် ဆုတောင်းချက်များကို ယေဟောဝါနားညောင်းမည်ဟု ကျွန်တော်တို့မမျှော်လင့်နိုင်ပါ။
ဆုတောင်းချက်အချို့ကို ဘုရားသခင်မနှစ်သက်ရသည့် အကြောင်းရင်းကိုဖော်ပြ၍ ကျမ်းစာပါပညာရှိစကားတစ်ခွန်းက ဤသို့ဆိုသည်– “တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏[ဆုတောင်းချက်]စကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။” (သု. ၂၈:၉) နောက်ပညာရှိစကားတစ်ခွန်းက “ထာဝရဘုရားသည် မတရားသောသူတို့နှင့်ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ [ဆုတောင်းချက်]စကားကိုကား နားထောင်တော်မူ၏” ဟူ၍ဆိုသည်။ (သု. ၁၅:၂၉) ရှေးယုဒခေါင်းဆောင်များသည် ကြီးလေးသောအပြစ်များကို ခွင့်ပြုထားချိန်၌ ယေဟောဝါက ဤသို့မိန့်ခဲ့သည်– “သင်တို့သည် လက်ဝါးတို့ကိုဖြန့်ကြသောအခါ ငါသည် မျက်စိကိုလွှဲမည်။ များစွာသော[ဆုတောင်းခြင်း]ကိုပြုကြသောအခါ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။”—ဟေရှာယ ၁:၁၊ ၁၅။
တမန်တော်ပေတရုက ဆုတောင်းချက်များကို ဘုရားသခင်လက်မခံနိုင်သော အခြားအချက်များကိုဖော်ပြခဲ့သည်။ “ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကိုပြုသင့်သည့်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့” ဟူ၍ ပေတရုရေးခဲ့သည်။ (၁ ပေတရု ၃:၇) ဤသို့သောအကြံပြုချက်များကို လျစ်လျူရှုသူ၏ဆုတောင်းချက်များသည် အခန်းမျက်နှာကြက်ကိုပင် ကျော်နိုင်မည်မဟုတ်ချေ!
ဆုတောင်းချက်များကို နားညောင်းစေလိုလျှင် တောင်းဆိုချက်အချို့ကို ပြည့်မီရမည်မှာရှင်းပါသည်။ သို့သော် ဆုတောင်းသူများစွာတို့သည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုရာများအား လိုက်နာရခြင်းကို သိပ်အလေးမထားကြချေ။ ထို့အကြောင်းကြောင့်ပင် အားတက်သရောဆုတောင်းချက်သည် သာ၍ကောင်းသောကမ္ဘာ ဖြစ်မလာသည့်အကြောင်းဖြစ်သည်။
သို့ဆိုလျှင် ကျွန်ုပ်တို့ဆုတောင်းချက်များကို နားညောင်းခံရရန် ဘုရားသခင် အဘယ်အရာကိုတောင်းဆိုသနည်း။ အဖြေမှာ ကျွန်ုပ်တို့ဆုတောင်းရသည့် အကြောင်းရင်းနှင့် ပတ်သက်သည်။ မှန်ပါသည်၊ ဆုတောင်းချက်များသည် ကောင်းကျိုးတစ်စုံတစ်ရာရှိ၊ မရှိ သိလိုလျှင် ၎င်းတို့၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရမည်ဖြစ်သည်။ ယေဟောဝါသည် မိမိနှင့်စကားပြောနိုင်ရန် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်စီစဉ်ထားပေးခဲ့သနည်း။
[Picture Credit Line on page 3]
G.P.O., Jerusalem