ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁ စာ. ၂၅
  • သင့်သားသမီးနှင့်အတူ စာဖတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်သားသမီးနှင့်အတူ စာဖတ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁ စာ. ၂၅

သင့်သားသမီးနှင့်အတူ စာဖတ်ပါ

ဘရာဇီးမဂ္ဂဇင်းဗေးယားအရ ဝီရိယရှိရှိစာဖတ်သူများ၏ ကလေးငယ်များသည် အိမ်၌စာဖတ်သည့် ပုံသက်သေမရရှိသော ကလေးများထက် စာအုပ်များကိုနှစ်ခြိုက်သည့်သဘော ဖြစ်ပေါ်လာစရာအကြောင်းရှိသည်။ “အတူတကွစာဖတ်ရှုခြင်းသည် မိဘနှင့် သားသမီးများကြား ရင်းနှီးမှုပိုရှိစေပြီး စာအုပ်တွင်ပါသောအကြောင်းအရာများကို ကလေးအား ပိုနားလည်စေသည်” ဟု ကလေးကြီးထွားဖွံ့ဖြိုးမှုပါရဂူ မာရ်သာ ဟော်ပါကမှတ်ချက်ချသည်။

သင့်သားသမီးကို အသံကျယ်ကျယ်စာဖတ်ပြခြင်းက မေးခွန်းများကိုဖြေဆိုခွင့်လည်းရသည်။ စာသားနှင့်တွဲလျက်ရှိသော မည်သည့်ရုပ်ပုံများကိုမဆို ဆွေးနွေးနိုင်သည်။ ဟော်ပါကဤသို့ဆိုသည်– “စာအုပ်တွင်ပါသောအကြောင်းကို ကလေးနားလည်လေ သူ၏သိလိုစိတ်ကို ပြေစေလိုသောအခါ ၎င်းတို့ကိုရှာဖွေဖတ်ရှုရန် လှုံ့ဆော်ခံရလေဖြစ်မည်။”

ယေဟောဝါသက်သေများဖြစ်သည့် မိဘအများသည် မိမိတို့သားသမီးများနှင့်အတူ စာဖတ်ရှုခြင်းကိုနှစ်သက်ကြသည်။ ကျွန်ုပ်၏ကျမ်းစာပုံပြင်၊ ကြီးမြတ်သောဆရာ့စကားကိုနားထောင်ခြင်း၊ နှင့် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားa စသည့်စာပေများကို သူတို့ဖတ်ရှုကြပေမည်။ ဤစာအုပ်များသည် ကလေးငယ်များကို စာဖတ်ကောင်းသူများဖြစ်စေသည့်အပြင် ကမ္ဘာ့အရောင်းရဆုံးစာအုပ်—သမ္မာကျမ်းစာ—ကိုပိုမိုစိတ်ဝင်စားစေသည်။ ထို့ကြောင့် အသင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ဖို့အားသန်သူတစ်ဦး၏ပုံသက်သေကို ကလေးများရှေ့တင်ပြပါ။ (ယောရှု ၁:၇၊ ၈) အချိန်ယူ၍ သူတို့ကိုဖတ်ပြပါလေ!

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ