ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁၅ စာ. ၃၂
  • “ဒို့တတွေ သူတို့ဆီကသင်ယူစရာ အများကြီးရှိတယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဒို့တတွေ သူတို့ဆီကသင်ယူစရာ အများကြီးရှိတယ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁၅ စာ. ၃၂

“ဒို့တတွေ သူတို့ဆီကသင်ယူစရာ အများကြီးရှိတယ်”

ဤကား အီတလီနိုင်ငံ၊ ဘာရီဆိပ်ကမ်းအရပ်မှ အထက်တန်းကျောင်းဆရာမတစ်ဦးက မိမိ၏အတန်းတွင် ဘာသာတရား၏ သမိုင်းအကြောင်းသင်ကြားနေစဉ် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ချခဲ့သောမှတ်ချက်ဖြစ်သည်။ ဆရာမက ဗီဒီယိုများကို သင်ကြားမှုအထောက်အကူပြုကိရိယာအဖြစ် မိမိအသုံးပြုမည်ဟု အတန်းကိုပြောပြခဲ့သည်။ ယင်းကိုကြားသည့်အခါ အသက် ၁၈ နှစ်အရွယ် ရိုဘာတိုဟူသောကျောင်းသားတစ်ဦးက ဆွေးနွေးမှုတွင် သူ၏ဘာသာတရားကိုထည့်သွင်းဖို့ အကြံပြု၏။ သူသည် ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းဟူသော ဗီဒီယိုခွေကို သူမအားပေးခဲ့သည်။ ရိုဘာတို၏ကမ်းလှမ်းမှုကို သူမလက်ခံပြီး ကျောင်းသား ၃၀ ခန့်ရှိ အတန်းတစ်တန်းလုံးသည် ထိုဗီဒီယိုကိုရှုစားခဲ့ကြသည်။ ရိုဘာတိုက ဤသို့ပြောပြသည်– “စည်းလုံးမှု၊ ဖွဲ့စည်းမှုနဲ့ ယေဟောဝါသက်သေတွေရဲ့ နက်ရှိုင်းတဲ့မေတ္တာက အားလုံးအတွက် စွဲမှတ်စရာဖြစ်စေခဲ့တယ်။ လစဉ် ကင်းမျှော်စင် စောင်ရေသန်းပေါင်း ၄၀ နဲ့ နိုးလော့! စောင်ရေ ၃၆ သန်းပုံနှိပ်ထုတ်ဝေရတာကို သူတို့သိကြတဲ့အခါ ပိုပြီးအံ့သြသွားကြတယ်။”

ဗီဒီယိုခွေကိုကြည့်ပြီးနောက် ရိုဘာတို၏အတန်းဖော်အတော်များများက “မင်းတို့ဒီလောက်စည်းစနစ်ကျမယ်လို့ ငါမထင်ခဲ့မိဘူး” ဟုဝေဖန်ကြသည်။ ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ဆရာမက “ဒီလောက်တောင်စည်းလုံးပြီး စည်းစနစ်ကျအောင် သူတို့ရဲ့ယုံကြည်ခြင်းက ဘယ်လိုလှုံ့ဆော်ပေးတယ်ဆိုတာကို သတိပြုကြပါ။ ဒို့ကက်သလစ်တွေ သူတို့ဆီကသင်ယူစရာအများကြီးရှိတယ်” ဟုအတန်းကိုပြောခဲ့သည်။ ထိုဗီဒီယိုခွေကိုကြည့်ပြီးနောက် အတန်းလိုက်ဆွေးနွေးမှုက ယေဟောဝါသက်သေများအကြောင်းကို ပိုမိုသိနားလည်စေခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ