ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မွေးနေ့
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေဟောဝါသက်သေတွေက မွေးနေ့ပွဲကို ဘာကြောင့် မကျင်းပတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ပါတီပွဲအားလုံးကို ဘုရားသခင် ကြိုက်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ယေဟောဝါသက်သေများစွာသည် နှစ်ပတ်လည် မင်္ဂလာအထိမ်းအမှတ်ပွဲများကို ကျင်းပကြသည်။ မွေးနေ့ပွဲသည် သင့်ကိုမွေးသည့်နေ့၏ နှစ်ပတ်လည်နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် နှစ်ပတ်လည်မင်္ဂလာအထိမ်းအမှတ်ပွဲများကိုကျင်းပပြီး မွေးနေ့ပွဲကိုမူမကျင်းပကြသနည်း။

ပွင့်လင်းစွာပြောရလျှင် ခရစ်ယာန်တစ်ဦးသည် အဘယ်ပွဲကိုမျှ ကျင်းပစရာမလိုပါ။ သို့တိုင် ယင်းတို့သည် အဓိပ္ပာယ်သက်ရောက်မှုတစ်မျိုးတည်းဖြစ်သည် သို့မဟုတ် နှစ်ပတ်လည်မင်္ဂလာအထိမ်းအမှတ်ပွဲများကို မွေးနေ့ပွဲများကဲ့သို့ ခရစ်ယာန်များသဘောထားရမည်ဟု မဆိုလိုပါ။

ဖော်ပြခဲ့သည့်အတိုင်းပင် “နှစ်ပတ်လည်နေ့” သည် ‘ဖြစ်ရပ်တစ်ခုကို မှတ်သားထားသည့်နေ့စွဲတစ်ခု နှစ်စဉ်ပြန်ကျရောက်ခြင်း’ ဖြစ်သောကြောင့် အထက်ပါနေ့ရက်နှစ်ခုစလုံးသည် နှစ်ပတ်လည်နေ့များဖြစ်သည်။ ၎င်းသည် သင်ယာဉ်တိုက်မှုဖြစ်ခဲ့သည့်နေ့၊ လငပုပ်ဖမ်းသည်ကိုမြင်ရသည့်နေ့၊ သင့်မိသားစုနှင့် ရေသွားကူးသည့်နေ့ စသည့်ဖြစ်ရပ်တစ်ခုခု၏ နှစ်ပတ်လည်နေ့ဖြစ်နိုင်သည်။ ရှင်းနေသည်မှာ ခရစ်ယာန်တို့သည် “နှစ်ပတ်လည်နေ့” တိုင်းကို နေ့ထူးနေ့မြတ်အဖြစ် မယူမှတ်ကြသကဲ့သို့ ယင်းကိုအမှတ်ရရန် ပါတီပွဲလည်းမကျင်းပကြပါ။ ဖြစ်ရပ်တစ်ခု၏အသွင်အပြင်များကိုသုံးသပ်ပြီး သင့်လျော်ရာကို ဆင်ခြင်သင့်သည်။

ဥပမာ၊ ဘုရားသခင်သည် ဘီ.စီ.အီး. ၁၅၁၃ တွင် အီဂျစ်ပြည်ရှိ ဣသရေလလူမျိုးတို့၏အိမ်များကို မိမိ၏ကောင်းကင်တမန်ဖြတ်ကျော်သွားပြီး မိမိ၏လူမျိုးတော်၏ ထွက်ခွာမှုကိုဖြစ်စေခဲ့သည့်နေ့ကို နှစ်စဉ်ပွဲခံရန် ဣသရေလလူများကို ကိုယ်တော်တိတိကျကျညွှန်ကြားခဲ့သည်။ (ထွက်မြောက်ရာ ၁၂:၁၄) နောက်ပိုင်းတွင် ယေရှုအပါအဝင် ဂျူးများသည် ဘုရားသခင့်ညွှန်ကြားချက်ကိုနာခံကာ ယင်းအဖြစ်အပျက်၏နှစ်ပတ်လည်ပွဲကျင်းပခဲ့ကြရာ ယင်းကို ပါတီပွဲ သို့မဟုတ် လက်ဆောင်များပေးခြင်းဖြင့် ကျင်းပခဲ့ကြသည်။ ဂျူးများသည် ဗိမာန်တော်ပြန်လည်အပ်နှံခြင်း နှစ်ပတ်လည်နေ့ကိုလည်း နေ့ထူးနေ့မြတ်အဖြစ် သဘောထားခဲ့ကြသည်။ ဤသမိုင်းဝင်အဖြစ်အပျက်ကျင်းပခြင်းကို ကျမ်းစာတွင်မမှာထားသော်လည်း ယင်းကို ယေရှုအပြစ်မတင်ခဲ့ကြောင်း ယောဟန် ၁၀:၂၂၊ ၂၃ ကဖော်ပြသည်။ နောက်ဆုံးတွင်၊ ယေရှု၏သေခြင်းနှစ်ပတ်လည်နေ့တွင် ခရစ်ယာန်များသည် အထူးအစည်းအဝေးတစ်ခု ကျင်းပကြသည်။ အမှန်မှာ ၎င်းကို ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ ရှင်းလင်းပြတ်သားသောအမိန့်တော်ကို နာခံသည့်အနေဖြင့် ကျင်းပကြခြင်းဖြစ်သည်။—လုကာ ၂၂:၁၉၊ ၂၀။

မင်္ဂလာနှစ်ပတ်လည်နေ့များကော အသို့နည်း။ အချို့တိုင်းနိုင်ငံများတွင် ဇနီးမောင်နှံတို့သည် ဘုရားသခင်စတင်ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည့် အိမ်ထောင်ပြုခြင်း၏ နှစ်ပတ်လည်ရက်ကို မှတ်သားထားလေ့ရှိကြသည်။ (ကမ္ဘာဦး ၂:၁၈-၂၄; မဿဲ ၁၉:၄-၆) အိမ်ထောင်ပြုခြင်းကို မနှစ်မြို့ဖွယ်ရာအဖြစ် သမ္မာကျမ်းစာမရှုမြင်သည်ကား သေချာပါသည်။ ယေရှုသည် မင်္ဂလာဆောင်ပွဲတစ်ခုကို တက်ရောက်ခဲ့သည်သာမက ထိုအချိန်အခါတွင် ရွှင်မြူးနိုင်ကြရန် ထောက်ကူပေးခဲ့သည်။—ယောဟန် ၂:၁-၁၁။

ထို့ကြောင့် မောင်နှံတစ်စုံသည် မိမိတို့၏မင်္ဂလာနှစ်ပတ်လည်နေ့တွင် ထိုစဉ်က ပျော်ရွှင်မှုနှင့် မောင်နှံစုံအနေဖြင့် အောင်မြင်ကြဖို့ကြိုးစားရန် ဆုံးဖြတ်ခဲ့ခြင်းကို ပြန်လည်သတိရစဉ်းစားခြင်းသည် ထူးဆန်းမည်မဟုတ်ပါ။ ဤပျော်ရွှင်ဖွယ်အခါသမယအပေါ် အာရုံစူးစိုက်ခြင်းကို တူနှစ်ကိုယ်မောင်နှံစုံသာ၊ သို့မဟုတ် ဆွေမျိုးများ၊ သို့မဟုတ် ရင်းနှီးသောမိတ်ဆွေ အနည်းအကျဉ်းနှင့်အတူပြုလုပ်ခြင်းမှာမူ သူတို့ကိုယ်တိုင်ဆုံးဖြတ်ရန်ဖြစ်သည်။ ထိုအခါသမယသည် ကြီးကျယ်သောမိတ်ဆုံပွဲကျင်းပရန်အတွက် အကြောင်းပြချက်မဖြစ်သင့်ပါ။ ဤအခါသမယတွင် ခရစ်ယာန်များသည် မိမိတို့၏နေ့စဉ်အသက်တာတွင် သက်ဆိုင်သည့်မူများဖြင့် လမ်းညွှန်ခံလိုကြပေမည်။ ထို့ကြောင့် မင်္ဂလာနှစ်ပတ်လည်နေ့ကို လူတစ်ဦးဂရုပြုမပြုဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။—ရောမ ၁၃:၁၃၊ ၁၄။

သို့သော် မွေးနေ့ကို အထူးဂရုပြုခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ သမ္မာကျမ်းစာတွင် ယင်းသို့သောနှစ်ပတ်လည်နေ့နှင့်စပ်လျဉ်းသည့် ဖော်ပြချက်တစ်စုံတစ်ရာရှိပါသလော။

ဤရာစု၏အစောပိုင်းတွင် ကျမ်းစာကျောင်းသားများဟု ထိုအချိန်က အများသိခဲ့သော ယေဟောဝါသက်သေများသည် မွေးနေ့ပွဲများကိုဂရုပြုခဲ့ကြသည်။ သူတို့အနက်များစွာသောသူတို့သည် နေ့စဉ်ကောင်းကင်ဆိုင်ရာမန္နမုန့် ဟုခေါ်သော စာအုပ်ငယ်များဆောင်ထားကြပြီး ၎င်းတို့တွင် နေ့စဉ်ကျမ်းချက်ရှိသည့်အပြင် ခရစ်ယာန်များစွာတို့သည် ကျမ်းစာကျောင်းသားချင်းတို့၏ ဆိုင်ရာမွေးနေ့စာမျက်နှာများပေါ်တွင် ဓာတ်ပုံငယ်ကလေးကို ကပ်ထားလေ့ရှိကြသည်။ ထို့အပြင် ၁၉၀၉၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကင်းမျှော်စင်က ယူ.အက်စ်.အေ. ဖလော်ရီဒါပြည်နယ်၊ ဂျက်စင်ဗီလ်မြို့တွင်ကျင်းပခဲ့သည့် စည်းဝေးကြီးတစ်ခုတွင် ထိုအချိန်ကအသင်းမ၏ဥက္ကဋ္ဌဖြစ်သူ ညီအစ်ကိုရပ်စဲလ်အား စင်မြင့်ပေါ်သို့ကြွရန် ဖိတ်ခေါ်ခဲ့ကြောင်းဖော်ပြသည်။ အဘယ်ကြောင့်နည်း။ ထိုအချိန်တွင် မထင်မှတ်ဘဲ သူ့အား ဂရိတ်ဖရုသီး၊ နာနတ်သီးနှင့် လိမ္မော်သီးများပါအထုပ်များကို မွေးနေ့လက်ဆောင်အဖြစ်ပေးကြသည်။ ယင်းက ယခင်အပြုအမူအချို့ကို ကျွန်ုပ်တို့အားသိမြင်စေသည်။ အခြေအနေအရပ်ရပ်ကိုဆက်စပ်ကြည့်နိုင်ရန် ထိုအချိန်က ကျမ်းစာကျောင်းသားများသည် ယေရှုမွေးသည့်နှစ်ပတ်လည်နေ့ သို့မဟုတ် ကိုယ်တော့်မွေးနေ့အဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ပွဲခံခဲ့ကြသည်ကိုလည်း ပြန်သတိရပါ။ ဘရွတ်ကလင်ဌာနချုပ်တွင် ခရစ္စမတ်ညစာစားပွဲကျင်းပခြင်းသည် ထုံးစံပင်ဖြစ်ခဲ့သည်။

သို့သော် ထိုအချိန်နောက်ပိုင်းတွင် ဘုရားသခင့်လူမျိုးတော်သည် ဝိညာဉ်ရေးဘက်၌ နည်းအမျိုးမျိုးဖြင့် အမှန်တိုးတက်လာခဲ့ကြပြီ။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် တိုးပွားလာသောသမ္မာတရားအလင်းက အောက်ပါတို့ကို သူတို့အားသိမြင်နားလည်စေခဲ့သည်–

ယေရှုသည် အယူမှားဘာသာတရားနှင့်ဆက်စပ်သည့် ဒီဇင်ဘာ ၂၅ ရက်တွင် မမွေးဖွားခဲ့ပါ။ ကျမ်းစာက ယေရှု၏မွေးနေ့ သို့မဟုတ် အခြားသူတစ်ဦးဦး၏မွေးနေ့ကိုမဟုတ်ဘဲ ယေရှုသေသည့်နေ့ကို အထိမ်းအမှတ်ပွဲနှစ်စဉ်ကျင်းပရန် ကျွန်ုပ်တို့ကိုညွှန်ကြားထားသည်။ ယင်းသို့ပြုခြင်းသည် ဒေသနာ ၇:၁ နှင့်ကိုက်ညီပြီး သစ္စာရှိသူတစ်ဦး၏ နောက်ဆုံးဘဝအဖြစ်သည် သူ၏မွေးနေ့ထက် ပို၍အရေးပါသည်ဟူသောအချက်နှင့်လည်း ကိုက်ညီ၏။ သစ္စာရှိကျေးကျွန်တစ်ဦးတစ်ယောက်သည် မွေးနေ့ပွဲကျင်းပခဲ့သည်ဟူ၍ မှတ်တမ်းတင်ချက်တစ်ခုမျှ ကျမ်းစာတွင်မပါပါ။ အယူမှားသူများ၏ မွေးနေ့ပွဲများကို မှတ်တမ်းတင်ထားပြီး ယင်းအခါသမယများကို ရက်စက်မှုများဖြင့် ဆက်နွှယ်ထားသည်။ ထိုမွေးနေ့ပွဲများ၏နောက်ခံကို ကြည့်ကြပါစို့လေ။

ပထမဆုံးတစ်ခုမှာ ယောသပ်ခေတ်က ဖာရော၏မွေးနေ့ဖြစ်သည်။ (ကမ္ဘာဦး ၄၀:၂၀-၂၃) ဟေစတင်း၏ ဘာသာတရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာစွယ်စုံကျမ်းဟူသောစာအုပ်တွင် မွေးနေ့ပွဲများနှင့်ပတ်သက်၍ ဤသို့စကားချီးပျိုးထားသည်– “မွေးနေ့ကျင်းပသောထုံးစံသည် ယင်း၏ပုံစံအရ အချိန်တွက်ချက်ခြင်းနှင့်ပတ်သက်ပြီး ထိုပွဲတွင်ပြုလုပ်သောအမှုများသည် ရှေးကျသောဘာသာရေးမူအချို့နှင့် ဆက်စပ်နေသည်။” စွယ်စုံကျမ်းကဆက်ပြီး အီဂျစ်ရှေးဟောင်းသုတေသနပညာရှင် ဆာ ဂျေ. ဂါဒနာ ဝေလ်ကင်စင်၏ ဤအရေးအသားကို ကိုးကားထားသည်– “အီဂျစ်လူမျိုးတိုင်းသည် သူတို့၏မွေးနေ့နှင့် မွေးဖွားချိန်နာရီအတိအကျအထိပင် အလွန်အရေးပေးပြီး ဖြစ်နိုင်ခြေမှာ ပါရှားတွင်ကဲ့သို့ သူတို့တစ်ဦးစီသည် မိမိ၏မွေးနေ့တွင် အကြီးအကျယ်ရွှင်မြူးပျော်ပါးကြရန် မိတ်ဆွေများကိုခေါ်ဖိတ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်ကြရုံမက အရသာရှိခဲဖွယ်စားဖွယ်များကို အထူးတလည် အလျှံပယ်တည်ခင်းဧည့်ခံခဲ့ကြပေမည်။”

သမ္မာကျမ်းစာတွင်ဖော်ပြထားသော အခြားမွေးနေ့ပွဲတစ်ခုကား နှစ်ခြင်းဆရာယောဟန်ခေါင်းဖြတ်ခံခဲ့ရသည့် ဟေရုဒ်၏မွေးနေ့ပွဲဖြစ်သည်။ (မဿဲ ၁၄:၆-၁၀) အပြည်ပြည်ဆိုင်ရာစံတင်ကျမ်းစာစွယ်စုံကျမ်း (၁၉၇၉ ခုထုတ်) ကဤသို့ထိုးထွင်းသိမြင်မှုကိုဖော်ပြပေးသည်– “ဟယ်လင်နစ္စတစ်ခေတ်မတိုင်မီက ဂရိတို့သည် ယင်းတို့၏ဘုရားများနှင့် အထင်ကရပုဂ္ဂိုလ်များ၏မွေးနေ့များတွင် ပွဲခံခဲ့ကြသည်။ ဤပွဲများကို ဂရိဂျနီသလရယ်က သတ်မှတ်ပေးပြီး ဂျနက်စီယာမှာမူ ကွယ်လွန်သွားသောအရေးပါသူတစ်ဦး၏ မွေးနေ့ပွဲကိုအထိမ်းအမှတ်ပြုကျင်းပခြင်းဟု အဓိပ္ပာယ်ရှိသည်။ ၂ မ[က္ကဘီး] ၆:၇ တွင် အန်တီအုပ်ကပ် ၄ ၏လစဉ်ဂျနီသလရယ်အကြောင်း ကိုးကားဖော်ပြထားသည်ကို ကျွန်ုပ်တို့တွေ့ ရှိရပြီး ထိုအတောအတွင်း ဂျူးတို့သည် ‘ယဇ်ကောင်ကိုစား’ ရန်အတင်းအကျပ်ပြုခံခဲ့ကြရသည်။ . . . ဟေရုဒ်သည် သူ၏မွေးနေ့ကိုကျင်းပရာတွင် ဟယ်လင်နစ္စတစ်ထုံးစံနှင့်အညီပြုခြင်းဖြစ်သည်; ဟယ်လင်နစ္စတစ်ခေတ်မတိုင်မီက အစ္စရေးတွင် မွေးနေ့ပွဲများကျင်းပခဲ့သည့် အထောက်အထားမရှိပါ။”

ဝန်ခံရမည်မှာ ယနေ့ ခရစ်ယာန်စစ်များသည် ဓလေ့ထုံးစံတစ်ခုချင်းစီ၏ရင်းမြစ်များနှင့် ဖြစ်နိုင်ဖွယ်ရှိသော ရှေးဘာသာတရားများနှင့် ဆက်နွှယ်မှုများကို အလွန်အကျွံအရေးစိုက်ခြင်းမရှိကြသော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်၌ပါရှိသော အတိအလင်းညွှန်ကြားချက်များကိုကား သူတို့လျစ်လျူရှုထားလိုစိတ်မရှိကြပါ။ ယင်းတွင်ပါဝင်ရာမှာ ကျမ်းစာ၌မှတ်တမ်းတင်ထားသော မွေးနေ့ပွဲများသည် အယူမှားသူတို့၏ပွဲများဖြစ်ပြီး ကြမ်းကြုတ်မှုများနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကျမ်းစာက မွေးနေ့ပွဲကျင်းပခြင်းကို မလိုလားအပ်ဖွယ်အဖြစ် ရှင်းလင်းစွာတင်ပြထားရာ စိတ်ရင်းမှန်သော ခရစ်ယာန်များသည် ယင်းကိုလျစ်လျူရှုမထားကြချေ။

ထို့ကြောင့် ခရစ်ယာန်များသည် မိမိတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပွဲပြုလိုလျှင် ယင်းသည် ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သည်မှန်သော်လည်း မွေးနေ့ပွဲများကျင်းပခြင်းကိုကား ရင့်ကျက်သောခရစ်ယာန်များရှောင်ကြဉ်ရသည့် ခိုင်လုံသောအကြောင်းများရှိပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ