ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၂/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုကြွလာခြင်း သို့မဟုတ် ယေရှုရောက်ရှိနေခြင်း—မည်သည့်အရာနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • စစ်မှန်သောနှစ်သိမ့်မှုကို အဘယ်နေရာ၌ ရှာတွေ့နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • နှစ်သိမ့်မှုရဖို့အတွက် ယေဟောဝါကို မျှော်ကိုးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၂/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာမီကထုတ်ဝေသော ကင်းမျှော်စင် စာစောင်များကို သင်ဖတ်ရှုပြီးပြီလော။ သို့ဖြစ်လျှင် အောက်ပါတို့ကိုပြန်လည်စဉ်းစားခြင်းက သင့်အတွက် စိတ်ဝင်စားစရာဖြစ်စေပေမည်။

▫ မဿဲ ၂၄:၃၊ ၂၇၊ ၃၇၊ ၃၉ တွင်အသုံးပြုထားသည့် ဂရိစကားလုံးပါရိုစီးယား၏အဓိပ္ပာယ်ကားအဘယ်နည်း။

“ပါရိုစီးယား၊ . . . သည် ရောက်လာခြင်းနှင့် အကျိုးဆက်အနေနှင့် ရောက်ရှိနေခြင်းဟူသည့် သဘောနှစ်မျိုးစလုံးသက်ရောက်သည်” ဟုဗိုင်း၏ Expository Dictionary of New Testament Words က ဖော်ပြထားသည်။ ထို့ကြောင့် ၎င်းသည် ရောက်လာသည့်အခိုက်အတန့်သာမဟုတ်ဘဲ ရောက်လာပြီးနောက်ရှေ့ဆက်ဖြစ်သော ရောက်ရှိနေခြင်းဖြစ်သည်။—၈/၁၅၊ စာမျက်နှာ ၁၁။

▫ ပထမရာစုတွင် ‘လူများ’ ကယ်တင်ခံရကြရန် အဘယ်နည်းဖြင့် ‘ထိုကာလကိုတို’ စေခဲ့သနည်း။ ယင်းသည်သာ၍ကြီးမားစွာ မည်သို့ပြည့်စုံဦးမည်နည်း။ (မဿဲ ၂၄:၂၂)

စီ.အီး. ၆၆ ခုနှစ်တွင် ရောမများ ယေရုရှလင်မြို့ကို ဝန်းရံထားချိန် မမျှော်လင့်ဘဲတိုတောင်းခဲ့ခြင်းက ခရစ်ယာန်ဖြစ် ‘သူများ’ အားထွက်ပြေးရန် အခွင့်သာစေခဲ့သည်။ ထိုနည်းတူ မဟာဗာဗုလုန်အပေါ်ကျရောက်တော့မည့် တိုက်ခိုက်မှုကို တစ်နည်းနည်းဖြင့်တိုတောင်းစေလိမ့်မည်ဟု မျှော်လင့်နိုင်သည်။ ဤနည်းဖြင့်ဘိသိက်ခံခရစ်ယာန်များနှင့် သူတို့၏အပေါင်းအသင်းများသည် ဖျက်ဆီးခံရခြင်းမှလွတ်မြောက်ကြမည်ဖြစ်သည်။—၈/၁၅၊ စာမျက်နှာ ၁၈-၂၀။

▫ တစ်စုံတစ်ဦးသည် သတိရအောက်မေ့ရာအထိမ်းအမှတ်ကို စတင်စားသုံးလာလျှင် သို့မဟုတ် မစားသုံးတော့ဘဲနေလျှင် ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။

ယင်းအတွက် အခြားခရစ်ယာန်တစ်ဦးတစ်ယောက်မျှ စိုးရိမ်ကြောင့်ကြနေစရာမလိုပါ။ ယေရှုက “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ . . . ငါ၏သိုးတို့ကို ငါသိ၏” ဟူ၍မိန့်တော်မူခဲ့သည်။ ဤနည်းအတိုင်းပင် ဝိညာဏသားတော်များအဖြစ် မိမိရွေးချယ်ထားသောသူများကို ယေဟောဝါတပ်အပ်သိတော်မူသည်။ (ယောဟန် ၁၀:၁၄; ရောမ ၈:၁၆၊ ၁၇)—၈/၁၅၊ စာမျက်နှာ ၃၁။

▫ မောရှေ၏ပညတ်တရား၏ အဓိကရည်ရွယ်ချက်ကားအဘယ်နည်း။

ဦးဆုံးအနေနှင့် အပြစ်ရှိသောအခြေအနေမှ သူတို့ကိုရွေးနုတ်မည့်သူဖြစ်သော မေရှိယကို သူတို့လိုအပ်ကြောင်း ဣသရေလလူမျိုးများအား ၎င်းကသွန်သင်ပေးသည်။ (ဂလာတိ ၃:၂၄) ပညတ်တရားသည် ဘုရားရေးရာကြောက်ရွံ့မှုနှင့် နာခံမှုရှိဖို့လည်း သွန်သင်ပေးသည်။ ပတ်ဝန်းကျင်နိုင်ငံများ၏ ယိုယွင်းသောအမူအကျင့်များမှ သီးခြားဖြစ်စေရန် ဣသရေလလူမျိုးများအား ၎င်းကကူညီသည်။ (ဝတ်ပြုရာ ၁၈:၂၄၊ ၂၅)—၉/၁၊ စာမျက်နှာ ၉။

▫ ပဋိညာဉ်သစ်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ (ယေရမိ ၃၁:၃၁–၃၄)

လူသားအပေါင်း ကောင်းချီးမင်္ဂလာခံစားရရန် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုးတစ်မျိုးကို ၎င်းကပေါ်ထွန်းစေရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၆; ၁ ပေတရု ၂:၉; ဗျာဒိတ် ၅:၁၀)—၉/၁၊ စာမျက်နှာ ၁၄၊ ၁၅။

▫ တောင်းပန်ခြင်းအတတ်ပညာကို အဘယ်ကြောင့်ကျင့်သုံးသင့်သနည်း။

တောင်းပန်ခြင်းသည် မစုံလင်မှုကြောင့်ဖြစ်စေသော နာကြည်းမှုကို သက်သာစေရန် ထောက်ကူနိုင်ပြီး တင်းမာသောဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။ ကျွန်ုပ်တို့ပြုသည့် တောင်းပန်မှုတိုင်းသည် နှိမ့်ချမှုဆိုင်ရာသင်ခန်းစာတစ်ရပ်ဖြစ်ပြီး အခြားသူများ၏ခံစားချက်များကို ပို၍အကင်းပါးပါးသိရန် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးသည်။—၉/၁၅၊ စာမျက်နှာ ၂၄။

▫ နောဧခေတ် ကမ္ဘာချီရေလွှမ်းမိုးဘေးသည် သမိုင်းဝင်ဖြစ်ရပ်မှန်ဖြစ်သလော။

ဖြစ်ပါသည်။ ကမ္ဘာချီရေလွှမ်းမိုးဘေးအကြောင်းပြောသော ရှေးမှတ်တမ်းများကို ကမ္ဘာတစ်ဝန်းလုံးတွင် အမေရိကတိုက်များမှ ဩစတြေးလျတိုက်အထိ တွေ့နိုင်ပါသည်။ ဤအဓိကအချက်နှင့်ပတ်သက်၍ ကမ္ဘာအနှံ့တင်ပြမှုက ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့်အတိုင်း ကမ္ဘာချီရေလွှမ်းမိုးဘေးကြီး ဖြစ်ခဲ့သည်ဟူသည့်အဖြစ်မှန်ကို ထပ်ဆင့်ထောက်ခံသည်။ (ကမ္ဘာဦး ၇:၁၁-၂၀)—၉/၁၅၊ စာမျက်နှာ ၂၅။

▫ ဧည့်ဝတ်ပြုခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (ရောမ ၁၂:၁၃)

“ချစ်ခြင်း” နှင့် “သူစိမ်း” အဓိပ္ပာယ်ရှိသော အရင်းအမြစ်စကားလုံးနှစ်လုံးပူးတွဲသည့် ဂရိစကားလုံးမှ “ဧည့်ဝတ်ပြုခြင်း” ကိုပြန်ဆိုထားပါသည်။ သို့ဖြစ်သောကြောင့် ဧည့်ဝတ်ပြုခြင်းမည်သည် အဓိကအားဖြင့် “သူစိမ်းကိုချစ်ခြင်း” ဟုအဓိပ္ပာယ်ရှိသည်။ သို့ရာတွင် ယင်းသည်တာဝန်သိတတ်စွာဖြင့် စည်းမျဉ်းပေါ်အခြေခံသည့် ချစ်ခြင်းကိုတင်ပြခြင်းထက်မကပါ။ ယင်းသည် တကယ်ခင်မင်ကြောင်း၊ ချစ်ခင်တွယ်တာကြောင်းနှင့် မိတ်ဆွေဖြစ်ကြောင်းကို တင်ပြခြင်းဖြစ်သည်။—၁၀/၁၊ စာမျက်နှာ ၉။

▫ ကောရိန္သုအသင်းတော်သားများထံ ပေါလုရေးသည့် ပထမစာစောင် အခန်းကြီး ၇ တွင် အိမ်ထောင်ရေးနှင့် တစ်ကိုယ်ရေဘဝအကြောင်း သူ၏အချေအတင်ပြောဆိုချက်ကား အဘယ်နည်း။ အိမ်ထောင်ပြုခြင်းသည် တရားဝင်လုပ်ခွင့်ရှိသောအရာဖြစ်ပြီး အခြေအနေအချို့အောက်တွင် အချို့သူများအတွက်သင့်လျော်သည်။ သို့တိုင်တစ်ကိုယ်ရေနေခြင်းသည် စိတ်ရှုပ်ထွေးမှု အနည်းဆုံးဖြင့် ယေဟောဝါ၏အမှုတော်ကိုထမ်းလိုသော ခရစ်ယာန်အမျိုးသားအမျိုးသမီးများအတွက် ဧကန်မုချအကျိုးဖြစ်ထွန်းသည်။—၁၀/၁၅၊ စာမျက်နှာ ၁၃။

▫ အကြီးအကဲတစ်ဦးသည် အဘယ်နည်းဖြင့် “မိမိလူတို့ကိုပြုစု” မည်နည်း။ (၁ တိမောသေ ၅:၈)

အကြီးအကဲတစ်ဦးသည် မိမိ၏ဇနီးနှင့် သားသမီးများကို ကာယရေး၊ ဝိညာဉ်ရေးနှင့် စိတ်ဓာတ်ရေးအရ ‘ကြည့်ရှုပြုစု’ သင့်သည်။—၁၀/၁၅၊ စာမျက်နှာ ၂၂။

▫ ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို မည်သို့နှစ်သိမ့်မှုရရှိစေတော်မူသနည်း။

ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် “ထောက်မသူ” အဖြစ်ဆောင်ရွက်သည်။ (ယောဟန် ၁၄:၁၆၊ အောက်ခြေမှတ်ချက်) ဘုရားသခင်နှစ်သိမ့်မှုပေးသည့် အခြားတစ်နည်းမှာ ကျမ်းစာအားဖြင့်ဖြစ်သည်။ (ရောမ ၁၅:၄) ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်း၏ လိုအပ်ချက်များကို သိတော်မူသည့်အပြင် ကောရိန္သုအသင်းတော်သားများ၏ နောင်တရသော သဘောထားနှင့်ပတ်သက်သည့် တိတု၏သတင်းကြောင့် ပေါလုနှစ်သိမ့်မှုရရှိသကဲ့သို့ တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးရန် ကျွန်ုပ်တို့ကို အသုံးပြုနိုင်တော်မူသည်။ (၂ ကောရိန္သု ၇:၁၁-၁၃)—၁၁/၁၊ စာမျက်နှာ ၁၀၊ ၁၂။

▫ ၂ ကောရိန္သု ၁:၃ တွင်ယေဟောဝါကို “သနားခြင်းကရုဏာ၏အဘ” ဟုပေါလုဖော်ပြထားခြင်းမှ ဘာကိုနားလည်ရသနည်း။

“သနားခြင်းကရုဏာ” ဟုပြန်ဆိုထားသည့် ဂရိနာမ်သည် အခြားသူတစ်ဦး ဆင်းရဲဒုက္ခခံရသောအခါ ဝမ်းနည်းကြောင်းဖော်ပြရန် အသုံးပြုသည့်စကားလုံးမှ ဆင်းသက်လာသည်။ ဤနည်းဖြင့် ဆင်းရဲဒုက္ခခံစားနေရသော ကိုယ်တော်၏သစ္စာရှိကျေးကျွန်တိုင်းအတွက် ဘုရားသခင်၏သနားစိတ်ကို ပေါလုဖော်ပြပါသည်။—၁၁/၁၊ စာမျက်နှာ ၁၃။

▫ နှစ်ပတ်လည် အပြစ်ဖြေရာနေ့တွင် ဣသရေလလူမျိုးတို့ အစာရှောင်ကြခြင်းဖြင့် အဘယ်အမှုကိုဖြစ်မြောက်စေသနည်း။ (ဝတ်ပြုရာ ၁၆:၂၉–၃၁; ၂၃:၂၇)

အစာရှောင်ခြင်းအားဖြင့် မိမိတို့၌အပြစ်ရှိခြင်းနှင့် ရွေးနုတ်ခံရရန်လိုအပ်နေခြင်းကို သာ၍သိမြင်လာရန် ဣသရေလလူမျိုးအား စေ့ဆော်ပေးသည်။ ယင်းသို့ပြုခြင်းဖြင့် မိမိတို့၏အပြစ်များကြောင့်ဝမ်းနည်းပြီး ဘုရားသခင်ရှေ့ နောင်တရကြောင်းကို သူတို့တင်ပြကြသည်။—၁၁/၁၅၊ စာမျက်နှာ ၅။

▫ ‘သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို သတိရလော့’ ဟုလူငယ်များအားပေးသည့်မိန့်မှာချက်တွင် အဘယ်အရာပါဝင်သနည်း။ (ဒေသနာ ၁၂:၁)

“သတိရပါ” ဟုပြန်ဆိုထားသည့် ဟေဗြဲစကားလုံးသည် “စိတ်တွင်တွယ်တာခြင်းနှင့် လုပ်ဆောင်မှုနှင့်ဒွန်တွဲသောအမှတ်ရခြင်း” ဟူသည့်သဘောဆောင်လေ့ရှိကြောင်း အာဘော်တစ်ခုကဆိုသည်။ ယင်းကြောင့် ဤမိန့်မှာချက်ကိုလိုက်နာခြင်းဟူသည် ယေဟောဝါအကြောင်း တွေးတောခြင်းထက်မကပါ။ ယင်းတွင် ကိုယ်တော်နှစ်သက်သည့်အရာကို လုပ်ခြင်းဟူသော အပြုအမူပါဝင်သည်။—၁၂/၁၊ စာမျက်နှာ ၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ