ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၀/၁၅ စာ. ၃
  • တမလွန်ဘဝ ရှိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမလွန်ဘဝ ရှိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ရှည်လများတည်တံ့ခဲ့သည့် မေးခွန်း
  • သေခြင်းနှင့် ပတ်သက်သော ဒဏ္ဍာရီစကား အချို့ကို အနီးကပ်သုံးသပ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သေလွန်သူကို ကြောက်ရွံ့သင့်သလော
    နိုးလော့!—၂၀၀၉
  • သေခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့ကြ
    နိုးလော့!—၂၀၀၇
  • လူသေရင် ဘာဖြစ်သွားသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၀/၁၅ စာ. ၃

တမလွန်ဘဝ ရှိပါသလော

မးခွန်းနှစ်ခုသည် လူသားများကို နှစ်ပေါင်းထောင်နှင့်ချီကြာ ခေါင်းရှုပ်စေခဲ့ပြီ– ကျွန်ုပ်တို့သည် အဘယ်ကြောင့် အိုရကာ နောက်ဆုံးတွင်သေရကြသနည်း။ တမလွန်တွင် အသိစိတ်ရှိသော ဘဝတစ်မျိုးမျိုးရှိပါသလော။

အထင်ကြီးလောက်ဖွယ် ရှာဖွေတွေ့ရှိမှု အစုစုပေါင်းခြုံရာ ခေတ်သစ်ဆေးသိပ္ပံကပင် အဆုံးသတ်အဖြေ သို့မဟုတ် ကျေနပ်လောက်သောအဖြေကို မထုတ်ပြန်နိုင်ခဲ့သောကြောင့် ပထမမေးခွန်းသည် လူများစွာကို ဦးနှောက်ခြောက်စေခဲ့သည်။

ဒုတိယမေးခွန်းမှာမူ အမျိုးမျိုးအမည်မည်သော အဖြေများ ဒုနှင့်ဒေးရှိနေသည်။ သို့သော် သာမန်အားဖြင့် တမလွန်တွင် အသိစိတ်ရှိသော ဘဝရှိမရှိနှင့်ပတ်သက်သည့် အဖြေများမှာ အသက်ဟူသည် ဤမျှသာမဟုတ်ကြောင်း အခိုင်အမာဆိုသူများနှင့် သေသောအခါတွင် အသိစိတ်ရှိသောဘဝ အဆုံးတိုင်သွားကြောင်း တစ်ပြားသားမျှအလျှော့မပေးသူများကြားတွင် နှစ်မျိုးဖြစ်နေသည်။ ဒုတိယအုပ်စုဝင်လူအများစုက တိုတောင်းလှသော လူ့သက်တမ်းသည် ဤမျှသာ ထိုသူမျှော်လင့်နိုင်ကြောင်း သူတို့စိတ်ထဲတွင် သံသယမဝင်ပါဟု ပြောကြသည်။ သဘောထားကွဲလွဲမှုကိုဖြစ်စေသော မည်သည့်အချေအတင်ပြောဆိုချက်မဆို များသောအားဖြင့် “ငါတို့ကို ပြောပြဖို့ ဘယ်သူတစ်ဦးတစ်ယောက်မှပြန်မလာဘူးမဟုတ်လား” ဟု ပြန်ဖြေသော မိမိကိုယ်ကို အကျေနပ်ကြီးကျေနပ်နေသူနှင့် ရင်ဆိုင်ရသည်သာဖြစ်သည်။

အချေအတင်ဖြစ်စေသော အခြားမေးခွန်းများကြောင့် ယတိပြတ်မဆုံးဖြတ်သေးသူများစွာရှိသည်– သူတို့သည် တစ်နည်းနည်းဖြင့် ယုံကြည်ချက်များကို လက်ခံရန် အမြဲအဆင်သင့်ရှိနေကြောင်း အခိုင်အမာပြောကြသည်။ သို့သော် အခြားသူများကမူ “ဖြစ်လာမယ့်အချိန်ကို စောင့်ကြည့်ရမှာပေါ့!” ဟု ပေါ့ပေါ့ဆဆအဖြေပေးကောင်း ပေးမည်။

နှစ်ရှည်လများတည်တံ့ခဲ့သည့် မေးခွန်း

တမလွန်ဘဝနှင့်ပတ်သက်သည့် အစောပိုင်းကမေးခွန်းကို ဒုက္ခသုက္ခများရင်ဆိုင်ရာတွင် ခန္တီပါရမီကြောင့် နာမည်ကျော်ကြား လူသိများသော အရှေ့တိုင်းသားယောဘက လွန်ခဲ့သည့်နှစ်ပေါင်း ၃,၅၀၀ ခန့်တွင် မေးခဲ့သည်။ ယောဘမေးခွန်းထုတ်သည့်ပုံမှာ ဤသို့– “လူမူကား သေ၍ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ အိုင်ရေပြတ်သကဲ့သို့လည်းကောင်း၊ မြစ်ရေခန်းခြောက်သကဲ့သို့လည်းကောင်း လူသည် အိပ်ပြီးမှ နောက်တစ်ဖန် မထရ . . . လူသည် သေလျှင် အသက်ရှင်ပါလိမ့်မည်လော။”—ယောဘ ၁၄:၁၀-၁၄။

တမလွန်ဘဝနှင့်ပတ်သက်ပြီးစုံစမ်းသူမှာ ယောဘတစ်ဦးတည်းမဟုတ်ပါ။ Encyclopædia of Religion and Ethics က “လူသေများ၏ အခြေအနေ” ခေါင်းစီးအောက်တွင် သိမြင်နားလည်စေသော ဤအချက်ကို ဖော်ပြထားသည်– “မိမိ၏စိတ်ဘဝနှင့် ဆက်နွှယ်သည့် မည်သည့်အကြောင်းကမျှ မိမိ၏တမလွန်ဘဝအခြေအနေလောက် လူ့စိတ်အာရုံကို ညှို့ယူဖမ်းစားထားခြင်းမရှိပါ။ ကမ္ဘာ့ဒေသအားလုံးရှိ [တိုင်းရင်းသားများသည်] အများအားဖြင့် နာမ်ဝိညာဉ်လောက—ယင်းတွင်ရှိသော အသက်တာ၊ ယင်း၏ ဝိသေသလက္ခဏာများ၊ ယင်း၏ နယ်မြေရှုခင်းရှုကွက်များဆိုင်ရာ စွဲမြဲပီပြင်သော အယူအဆများ ရှိထားကြရာ ယင်းက ထိုအကြောင်းအရာကို သဲသဲမဲမဲအာရုံဝင်စားနေကြောင်း တင်ပြသည်။ နေရာအနှံ့တွင် လူသေများကိုကြောက်ရွံ့နေခြင်းက သွားလေသူများ၏အခြေအနေသည် သူတို့၏အသက်အဆုံးတိုင်သွားခြင်းမဟုတ်ဟူသည့် အလွန်ရှေးကျသော အယူအဆတစ်ခုကို ညွှန်ပြသည်။ သေခြင်းသည် စွမ်းအင်များကို ဖြတ်တောက်ပစ်လိုက်သည်; ယင်းသည် အလွန်ထင်ရှားလှသည်; သို့သော် အလုပ်လုပ်နေသေးသည့် အခြားစွမ်းအင်များ သို့မဟုတ် အဆိုပါစွမ်းအင်များကို သိမ်မွေ့နက်နဲသောနည်းများဖြင့် အထင်အရှားပြနိုင်သည့် နည်းများ မရှိတော့ပြီလော။ အစပိုင်းမှလူများက စပစ်ရစ်၊ စိုးလ် သို့မဟုတ် နာမ်ဝိညာဉ်တစ်ခုသည် လူ့ခန္ဓာမှ ခွဲထွက်သွားသည်ဟူသောအချက်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ လူသေများသည် တစ်နည်းနည်းဖြင့် ဆက်၍တည်ရှိနေပါသေးသည်ဟု သူတို့ယူဆထားကြောင်း အကြွင်းမဲ့ယုံကြည်ရဖွယ်ရှိသည်။”

သင်သည် အထက်ဖော်ပြပါ သုံးမျိုးအနက်မှတစ်မျိုးမျိုးနှင့် အံဝင်ပေမည်– တမလွန်တွင် မည်သည့်အရာဖြစ်မည်မှာ မရေရာ; တမလွန်တွင် ဘဝတစ်မျိုးမျိုးရှိကြောင်း ယုံကြည်; သို့မဟုတ် ဘဝသည် ဤမျှသာဟု ယုံကြည်သည်။ မည်သို့ပင်ဖြစ်ပါစေ နောက်ဆောင်းပါးကို ဂရုတစိုက်သုံးသပ်ဖို့ သင့်အားကျွန်ုပ်တို့ ဖိတ်ခေါ်အပ်ပါသည်။ တမလွန်တွင် ပျော်ရွှင်ဖွယ်ကောင်းသော ဘဝတစ်ခုရှိသည်ဟူသည့် အံ့ချီးဖွယ်အလားအလာတစ်ခုရှိကြောင်း ခိုင်မာသည့်ကျမ်းစာအထောက်အထားကို သင်တွေ့လျှင် မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် မည်သို့မည်ပုံ ဖြစ်လာမည်ကို ကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ