ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၀/၁ စာ. ၃၂
  • နှလုံးကို ထိမိစေသော မဂ္ဂဇင်းတစ်စောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှလုံးကို ထိမိစေသော မဂ္ဂဇင်းတစ်စောင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၀/၁ စာ. ၃၂

နှလုံးကို ထိမိစေသော မဂ္ဂဇင်းတစ်စောင်

သတင်း သို့မဟုတ် ဖျော်ဖြေမှုကို ဆာလောင်မွတ်သိပ်နေသော စာဖတ်သူများ၏ဆန္ဒကို ဖြည့်ဆည်းပေးရန် မရေမတွက်နိုင်သောမဂ္ဂဇင်းများကို ကမ္ဘာတစ်ဝန်း၌ ထုတ်ဝေခဲ့ကြပြီ။

အသင့်လက်ထဲရှိ မဂ္ဂဇင်းကို အဘယ်အရာကများ ထူးခြားမှုရှိစေသနည်း။ ဂျာမနီနိုင်ငံတွင်ရှိသော ကင်းမျှော်စင်ဌာနခွဲရုံးမှ လက်ခံရရှိခဲ့သည့် အောက်ပါစာက အဖြေပေးပါလိမ့်မည်–

“ချစ်လှစွာသော ညီအစ်ကိုများ၊ သင်တို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်မှုများအတွက် အလွန်ကျေးဇူးတင်လှပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့သားလေးနှစ်ယောက် စည်းဝေးကနေပြန်လာတဲ့အခါ ည ၉:၃၀ နာရီ ရှိနေပြီဖြစ်ပေမဲ့လည်း နောက်ဆုံးထုတ် ကင်းမျှော်စင် ကို [ကက်ဆက်ဖြင့်] နားထောင်ရုံသက်သက် နားထောင်ဖြစ်ခဲ့ပါတယ်။ ပန်းကန်တွေကို ဆေးကြောရင်း (ဧပြီ ၁၊ ၁၉၉၅) ပထမသင်တန်းဆောင်းပါးကို စပြီးနားထောင်ဖြစ်ခဲ့တယ်။ အဲဒါကို နောက်တစ်ကြိမ်ပြန်နားထောင်ဖို့လိုတယ်လို့ ကျွန်မခံစားရတာကြောင့် မီးဖိုဆောင်ထဲကအလုပ်တွေကို ရပ်လိုက်ပြီး ကင်းမျှော်စင် ထဲက [“သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!”] ဆောင်းပါးကို ကက်ဆက်ခွေနဲ့အတူ လိုက်ဖတ်ခဲ့တယ်။ ၎င်းဟာ ကျွန်မရဲ့နှလုံးသားကို ထိမိခဲ့ပါတယ်။ အထူးသဖြင့် အပိုဒ်လေးနဲ့ ငါးတို့က ထိမိစေခဲ့ပါတယ်။ အဲဒီနောက် မျက်ရည်တွေ စီးကျလာတယ်၊ ဒါပေမဲ့ သိပ်တော့မကြာလှပါဘူး။ ကျွန်မအသက်ရှင်ခွင့်ရပြီး ယေဟောဝါရဲ့လူမျိုးတော်ဖြစ်ခွင့်ရတာ၊ တခြားလူ မြောက်မြားစွာတို့နဲ့အတူ ကိုယ်တော်ရဲ့နာမတော်ကို လူသိရှင်ကြားပြုခွင့်ရတာတွေအတွက် ကိုယ်တော့်ကို ကျွန်မအရမ်းကျေးဇူးတင်မိပါတယ်။ တန်ဖိုးမရှိဘူးလို့ ခံစားရစရာအကြောင်း တကယ့်ကိုမရှိတာပါ။ ယေဟောဝါရဲ့ဝိညာဉ်တော်ဟာ ကိုယ်တော့်ရဲ့လူမျိုးတော်နဲ့အတူရှိတယ်။ ကျွန်မတို့အားလုံး ခံနိုင်ရည်ရှိပြီး လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ပဲ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြစို့။ ခရစ်ယာန်မေတ္တာဖြင့်၊ ယုံကြည်ခြင်း၌ သင်တို့၏ညီအစ်မ။”

ကင်းမျှော်စင် သည် သတင်းများကိုသာဖော်ပြပေးသည်မဟုတ်။ ၎င်းသည် စာဖတ်သူများ၏နှလုံးကို ထိမိပြီး ဝိညာဏအာဟာရနှင့် အခန့်သင့်အားပေးမှုကို တောင့်တသူတို့၏အလိုဆန္ဒကို ဖြည့်ဆည်းပေးလေသည်။ မှန်ပေသည်၊ ကင်းမျှော်စင်သည် ‘အချိန်တန် အစားအသောက်’ ကို ပြင်ဆင်ပေးလေသည်။—မဿဲ ၂၄:၄၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ