ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁၅ စာ. ၂၂-၂၇
  • ယေဟောဝါ၏ကောင်းချီးဖြင့် တိုးချဲ့ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ကောင်းချီးဖြင့် တိုးချဲ့ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ကြည်နူးဖွယ် အစီအစဉ်တစ်ရပ်
  • အဆောက်အအုံများကို ဆက်ကပ်အပ်နှံခြင်း
  • နေအိမ်များ အဘယ်ကြောင့်ပိုလိုအပ်ရ
  • ၉၀ စဲန်းနောက်ကွယ်ရှိ အဖြစ်အပျက်
  • ယေဟောဝါ၏ကောင်းချီးဖြစ်ကြောင်း ထင်ရှား
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁၅ စာ. ၂၂-၂၇

ယေဟောဝါ၏ကောင်းချီးဖြင့် တိုးချဲ့ခြင်း

၁၉၉၅၊ စက်တင်ဘာ ၁၈ ရက်၊ ညနေခင်းအချိန်၌ကျင်းပခဲ့သော အပ်နှံခြင်းအစီအစဉ်တစ်ခုတွင် ယေဟောဝါဘုရားသခင်သည် နယူးယောက်၊ ဘရွတ်ကလင်ရှိ မိမိသက်သေခံများ၏ကမ္ဘာ့ဌာနချုပ်တည်နေရာရှိ သူတို့၏တိုးချဲ့မှုများကို အမှန်တကယ်ကောင်းချီးပေးခဲ့ကြောင်း အလေးအနက်ဖော်ပြခဲ့သည်။

၆,၀၀၀ ကျော်သောသူတို့သည် အပ်နှံခြင်းအစီအစဉ်ကို ကြားနာခဲ့ကြသည်။ သူတို့သည် အစီအစဉ်၏မူရင်းတည်နေရာဖြစ်သော ဘရွတ်ကလင်အပြင် နယူးယောက်ပြည်နယ်၊ ပက်တာစင်နှင့် ဝေါလ်ကီးလ်အနီးရှိ ယေဟောဝါသက်သေများ၏အဆောက်အအုံကြီးများ၊ ကနေဒါနိုင်ငံ၊ တိုရန်တိုအနီးရှိ ဌာနခွဲအပါအဝင် အခြားသောတည်နေရာများတွင် စုဝေးခဲ့ကြသည်။ ဘရွတ်ကလင်မှအပ ထိုအခြားသောတည်နေရာများ၌ရှိသူတို့သည် တယ်လီဖုန်းလိုင်းများဖြင့်ဆက်သွယ်၍ စည်းဝေးအစီအစဉ်ကို နားထောင်ခဲ့ကြသည်။

ကြည်နူးဖွယ် အစီအစဉ်တစ်ရပ်

အစီအစဉ်ကိုကြားနာနေကြသော စေတနာ့ဝန်ထမ်းများဖြစ်ကြသည့် ဗေသလအိမ်တော်သားများသည် ကမ္ဘာတစ်ဝန်းရှိ ၁၆,၄၀၀ ကျော်သော ဗေသလမိသားစုအဖွဲ့ဝင်များ၏ အများစုအပိုင်းမှဖြစ်သည်။ ထိုသို့သောအဖွဲ့ဝင်များသည် ကမ္ဘာတစ်ဝန်းရှိ ၇၈,၆၀၀ ကျော်သော ယေဟောဝါသက်သေများ၏အသင်းတော်များအတွက် ကျမ်းစာစာပေများကို ပုံနှိပ်ခြင်းနှင့် ထောက်ပံ့ရေးဌာနများကို စီစဉ်ပေးခြင်းများပြုလုပ်သောနေရာများဖြစ်သည့် နိုင်ငံပေါင်း တစ်ရာခန့်တို့တွင် အမှုထမ်းလျက်ရှိကြသည်။

၆:၃၀ နာရီအချိန်၌ သီချင်းဆိုပြီး ကားလ် ကလိန်း၏ဆုတောင်းချက်ဖြင့် အပ်နှံခြင်းအစီအစဉ်ကို စတင်လိုက်ချိန်တွင် မျှော်လင့်စောင့်စားနေမှုအရှိန်မှာ မြင့်နေပေပြီ။ အစီအစဉ်၏သဘာပတိဖြစ်သော လွိုက် ဘယ်ရီသည် အချိန်အခါ၏ထူးခြားမှုကို အတိုချုပ်မှတ်ချက်ပေးရင်းဖြင့် အားလုံးသောသူတို့ကို နွေးထွေးစွာကြိုဆိုလိုက်သည်။ အဲလ်ဘတ် ရှရိုးဒါက ထိုအပတ်၏ကင်းမျှော်စင် သင်ခန်းစာကို ပြန်လည်သုံးသပ်ပြီးနောက် ဒယ်နီယယ်ဆစ်ဒလစ်စ်က “ဗေသလ၌ ကျွန်ုပ်တို့၏မြင့်မြတ်သောလုပ်ငန်းတော်” ခေါင်းစဉ်ဖြင့် ဟောပြောသွားသည်။ အစီအစဉ်ကို ကိုင်တွယ်သွားသည့် ဦးဆုံးသော ဤသူအားလုံးတို့သည် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည်။

နောက်အစီအစဉ် အပိုင်းနှစ်ပိုင်း—“ကျွန်ုပ်တို့၏နေရာထိုင်ခင်းတိုးချဲ့ရေးအတွက် လိုအပ်ရာများကို ဖြည့်ဆည်းပေးခြင်း၊ ၁၉၇၄-၁၉၉၅၊” နှင့် “ဘရွတ်ကလင်တွင် ဗေသလပြန်လည်မွမ်းမံရေးနှင့် ဆောက်လုပ်ရေး၏ ထင်ရှားသောကဏ္ဍများ”—က အပ်နှံခဲ့ပြီးဖြစ်သော အဆောက်အအုံများ၏ ဆောက်လုပ်ခြင်း၊ ဝယ်ယူပြုပြင်ခြင်း၏ ထင်ရှားသည့်အခန်းကဏ္ဍများကို ဖော်ပြသည်။ မကြာမီကပင် ပြီးစီးသွားကာ ဗေသလအိမ်သားတစ်ထောင်နီးပါးမျှ ယခုနေထိုင်ကြသော လူနေအိမ်ကြီးကို ဂရုပြုပြောဆိုသွားသည်။ ၉၀ စဲန်းလမ်းရှိ ဤ ၃၇၈ ပေမြင့်သောအိမ်ကြီးသည် ပုံနှိပ်စက်ရုံနှင့် ကပ်လျက်ရှိနေသည်။

အပ်နှံခြင်းဟောပြောချက်ကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ဥက္ကဋ္ဌ၊ မီလ်တင် ဟင်ရှယ်လ်က ဟောပြောသည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင်အသုံးပြုရန် အဆောက်အအုံများကို အပ်နှံခြင်းနှင့်စပ်လျဉ်းသော ကျမ်းစာဆိုင်ရာအစဉ်အလာများကို အလေးပေး၍တင်ပြသည်။ သီချင်းသီဆိုပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သော ကယ်ရီ ဘာဘာ၏ဆုတောင်းချက်ဖြင့် အစည်းအဝေးအစီအစဉ်ကို နိဂုံးချုပ်ခဲ့သည်။ သို့သော် အစီအစဉ်၏ထင်ရှားပေါ်လွင်ချက်အချို့ကား အဘယ်နည်း။

အဆောက်အအုံများကို ဆက်ကပ်အပ်နှံခြင်း

ဗေသလအိမ်ကြီးကြပ်မှူးဖြစ်သော ဂျော့ဂျ် ကောက်ချ်က ၁၉၆၉၊ မေ ၂ ၌ ဘရွတ်ကလင်ရှိ ဗေသလလူနေအိမ်အဆောက်အအုံကို နောက်ဆုံးအပ်နှံခဲ့ချိန်မှစ၍ လူနေအိမ်အဆောက်အအုံ ၁၇ ခု ထပ်တိုးခဲ့ကြောင်း ရှင်းပြသည်။a ၎င်းတို့၌ အသစ်ဆောက်လုပ်သောအိမ်များပါသည့်အပြင် ဝယ်ယူပြီး အသစ်မွမ်းမံသောအဆောက်အအုံများလည်းပါသည်။ အမှန်အားဖြင့် အပ်နှံခဲ့သော ဤလူနေအိမ်အဆောက်အအုံ ၁၇ ခုတို့တွင် အဆောက်အအုံငယ်လေးနှစ်ခု—၁၉၄၀ ပြည့်လွန်နှစ်များက ဝယ်ယူခဲ့သော်လည်း ဗေသလလူနေအိမ်အဖြစ် ပြုပြင်မွမ်းမံခဲ့—အပြင် ၁၉၈၂၊ မတ် ၁၅ ၌ ယေဟောဝါသက်သေများ၏ရုံးချုပ်အဆောက်အဦများကို အပ်နှံခဲ့ချိန်ကတည်းက ဆောက်လုပ်၊ ဝယ်ယူခဲ့သော စက်ရုံနှင့် ရုံးအဆောက်အအုံများပါသည်။b

အပ်နှံခဲ့သမျှထဲတွင် အကြီးဆုံးသောအဆောက်အအုံမှာ ၃၆၀ ဖားမင်းလမ်းရှိ အဆောက်အအုံဖြစ်သည်။ မူလက ၁၉၂၈ တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၃၊ မတ် ၁၅ တွင် ယေဟောဝါသက်သေများက ဝယ်ယူကာ အားလုံးကို အသစ်ပြုပြင်မွမ်းမံလိုက်သည်။ ၎င်းသည် ကြမ်းခင်းကွက်လပ် စတုရန်းပေတစ်သန်း သို့မဟုတ် ၂၃ ဧကနီးပါးမျှရှိပေသည်။ အပ်နှံခြင်းတွင်ပါဝင်သော အခြားအဆောက်အအုံများမှာ ၁၇၅ ပါလ်လမ်းရှိ စက်ရုံနှင့် မကြာသေးမီနှစ်များအတွင်းကမှ ဆောက်လုပ်ခဲ့သော ကားဂိုဒေါင်ကြီးတို့ဖြစ်သည်။

နေအိမ်များ အဘယ်ကြောင့်ပိုလိုအပ်ရ

နောက်ဆုံးသော ဘရွတ်ကလင်ဗေသလလူနေအိမ်အဆောက်အအုံကို အပ်နှံခဲ့သည့်အချိန် ၁၉၆၉ ခုနှစ်က ကမ္ဘာတစ်ဝန်း၌ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဟောပြောနေသော သက်သေခံအရေအတွက် အများဆုံး ၁,၃၃၆,၁၁၂ ယောက်ရှိခဲ့သည်။ သို့သော် ၁၉၉၅ ခုနှစ်တွင် ထိုသို့ ပြုနေသောသူ ၅,၁၉၉,၈၉၅ ယောက်ရှိသည်။ ၎င်းမှာသုံးဆခွဲထက်မက တိုးများလာခြင်းဖြစ်သည်တကား! ထို့ကြောင့် ကြီးထွားလာမှုအတွက်လိုအပ်သော ကျမ်းစာစာပေစာတမ်းများကို အမီလိုက်နိုင်ရန် ဘရွတ်ကလင်ဗေသလမိသားစုသည် ၁၉၆၉ ၌ ပုံမှန်အဖွဲ့ဝင် ၁,၀၄၂ မှ ယခု လူနေအိမ် ၂၂ အိမ်တွင်နေထိုင်နေကြသောသူများဖြစ်သည့် ၃,၃၆၀ ကျော်အထိ တိုးများလာသည်!

၁၉၇၄ မှ ၁၉၉၅ အထိ နောက်ထပ်နေအိမ်များအတွက်လိုအပ်မှုကို မည်သို့ ဖြည့်စွက်ခဲ့ကြောင်း ဂျော့ဂျ် ကောက်ချ်က ဆွေးနွေးသုံးသပ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းက တိုးများလာနေသောဗေသလမိသားစုများကို နေရာချထားရန်အတွက် ယေဟောဝါသက်သေများက အနီးအနားရှိ တာဝါစ်ဟိုတယ်၏ အထပ်အတော်များများကို ငှားရမ်းစာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၇၃၊ ဒီဇင်ဘာတွင် ထိုအချိန်က ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌဖြစ်သူ နေသန် နောရ်က ‘၁၉၇၄၊ အောက်တိုဘာ ၁ တွင် တာဝါစ်ဟိုတယ်မှ ပြောင်းရွှေ့ကြ’ ရန် အသင်းမက ကြံရွယ်ထားကြောင်း ဗေသလရုံးနှင့် တာဝါစ်စီမံခန့်ခွဲရေးအဖွဲ့ထံသို့ စာရေးပြောဆိုခဲ့သည်။

တာဝါစ်တွင် နေထိုင်ကြသောဗေသလအိမ်သားများကို နေရာချထားရန် မည်သည့်နေရာမျှမရှိသောကြောင့် ညီအစ်ကိုကောက်ချ်က သူအတော်တုန်လှုပ်သွားခဲ့ရကြောင်း ပြောပြသည်။ တာဝါစ်စီမံခန့်ခွဲရေးအဖွဲ့သည်လည်း တုန်လှုပ်သွားခဲ့ရသည်။ အကြောင်းမှာ သူတို့ဆက်လက်ရပ်တည်မှုအတွက် အသင်းမ၏ငှားရမ်းခြင်းမှရသောငွေအပေါ် အားထားနေရသောကြောင့်ဖြစ်သည်။ အကျိုးရလဒ်မှာ တာဝါစ်စီမံခန့်ခွဲရေးအဖွဲ့က ယေဟောဝါသက်သေများအား ဟိုတယ်ကိုဝယ်ယူကြရန် တိုက်တွန်းခဲ့ခြင်းပင်ဖြစ်သည်။ သူတို့က “ဒီရပ်ကွက်ထဲမှာ ကျွန်တော်တို့ရှိနေချိန်ကတည်းက ခင်ဗျားတို့တိုးပွားလာခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့မှာ အဆောက်အအုံ လိုအပ်နေတယ်” ဟု ဆိုသည်။

အသင်းမကိုယ်စားလှယ်၏ပြန်ကြားချက်မှာ “အိမ်ငှားတွေနဲ့ပဲပြည့်နေတာပဲ။ ကျွန်တော်တို့ဝယ်မယ်ဆိုရင် အဲ့ဒီမှာ ကျွန်တော်တို့လူတွေကိုပဲထားချင်တာ” ဟူ၍ဖြစ်၏။

“ခင်ဗျားတို့အတွက် အဆောက်အအုံကို ကျွန်တော်တို့ရှင်းထားပေးလိုက်ပါ့မယ်” ဟု တာဝါစ်စီမံခန့်ခွဲရေးအဖွဲ့က ကတိပြုသည်။ ထို့နောက်မကြာမီအချိန်မှာပင် သင့်တော်သောဈေးနှုန်းဖြင့် တာဝါစ်အဆောက်အအုံကို ယေဟောဝါသက်သေများ ဝယ်ယူလိုက်သည်။ “အဲ့ဒီစာကို ညီအစ်ကိုနောရ် ဘာကြောင့် ရေးခဲ့ရတာဖြစ်မလဲ” ဟု ကောက်ချ်က စိတ်ဝင်တစားဖြစ်နေသောပရိသတ်များကို လှမ်းမေးလိုက်သည်။ “သူကိုယ်နှိုက်လည်း သိချင်မှသိမှာ။ ဒါပေမဲ့ အဲဒါကပဲ တာဝါစ်ဟိုတယ်ကို ကင်းမျှော်စင်အသင်းဆီရောင်းလိုက်ဖို့ဖြစ်စေခဲ့တယ်။”

မူလဗေသလအိမ်မှ လမ်းတစ်ဖက်တွင်သာရှိသည့် နာမည်ကြီး မာဂရက်ဟိုတယ်၏ ယခင်နေရာဟောင်းဖြစ်သော ၉၇ ကိုလံဘီယာ ဟိုက်စ်ကို ယေဟောဝါသက်သေများ မည်သို့ဝယ်ဖြစ်သွားကြောင်းကိုလည်း ဟောပြောသူက ရှင်းပြသည်။ ထိုနေရာနှင့် ဗေသလစက်ရုံကို လမ်းအောက်မှဖြတ်၍ လိုဏ်ခေါင်းဖြင့်အလွယ်တကူဆယ်သွယ်နိုင်သောကြောင့် ၎င်းသည် အသင့်တော်ဆုံးသောနေရာဖြစ်သည်။ ၁၉၈၀၊ ဖေဖော်ဝါရီတွင် အဆောက်အအုံကို အသစ်ပြုပြင်နေချိန်၌ မီးလောင်သွားခဲ့ရသည်။ ထို့နောက် ပိုင်ရှင်မှာ ထိုနေရာ၌ အဆောက်အအုံသစ်ကိုပြန်ဆောက်လုပ်ရန် အခက်အခဲဖြစ်နေသောကြောင့် ထိုနေရာကို ယေဟောဝါသက်သေများအား ရောင်းချခဲ့သည်။

“အထူးသဖြင့် အဲဒီအဆောက်အအုံတွေ အခုတိုင်းလိုလိုရဲ့နောက်ကွယ်မှာ တစ်ခုတည်းသောအရာကိုထောက်ပြနေတဲ့ စိတ်ဝင်စားစရာအကြောင်းတစ်ရပ်ရှိပါတယ်။ ဒါကတော့ ဒီအဆောက်အအုံကိုပဲရယူဖို့ မျက်မြင်ရအဖွဲ့အစည်းကို ညွှန်ကြားနေသူဟာ ယေဟောဝါဘုရားသခင်ဖြစ်တယ်ဆိုတာပါပဲ” ဟု ညီအစ်ကို ကောက်ချ်က သတိပြုဖော်ပြခဲ့လေသည်။

၉၀ စဲန်းနောက်ကွယ်ရှိ အဖြစ်အပျက်

အသစ်လွင်ဆုံးနှင့် အကြီးဆုံးသောလူနေအိမ်အဆောက်အအုံကြီးမှာ ၉၀ စဲန်းလမ်းရှိ အဆောက်အအုံဖြစ်သည်။ ၁၉၈၆၊ ဒီဇင်ဘာ၌ ၎င်းနေရာကို ယေဟောဝါသက်သေများဝယ်ယူခဲ့ချိန်က ၁၆၀ ဂျေးလမ်းတွင် စက်ရုံကြီးတစ်ခုကို တည်ဆောက်ထားသည်။c ၎င်းစက်ရုံကို ဖြိုချခဲ့ပြီး ထိုနေရာ၌ အထပ် ၃၀ ရှိ လူနေအိမ်အဆောက်အအုံတစ်ခု ဆောက်လုပ်ခွင့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ၁၉၉၀၊ ဩဂုတ် ၃၀ တွင် ဗေသလမိသားစုကို ဖွင့်ပြောခဲ့လေသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် သီယိုးဒို ဂျားရက်ဇ် ဦးစီးသော လူတွေ့မေးမြန်းခြင်းတစ်ခု၌ အသင်းမ၏ဘရွတ်ကလင်စက်ရုံကြီးကြပ်မှူး မက်ခ်စ် လာစန်က ၉၀ စဲန်းလမ်း လူနေအိမ်အဆောက်အအုံကို ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိခဲ့ပုံကို ရှင်းပြသည်။ ညီအစ်ကို လာစန်က လွန်ခဲ့သည့် ၁၉၆၅ ခုနှစ်၌ ဖြစ်ပျက်ခဲ့သည့်အရာများသည် အရေးပါလှကြောင်း ရှင်းပြခဲ့သည်။

ထိုအချိန်က အသင်းမသည် ၎င်း၏အခြားစက်ရုံများအနီးရှိ အကွက်တွင် အထပ်ဆယ်ထပ်ရှိစက်ရုံတစ်ရုံကို ဆောက်လိုသော်လည်း ထိုအကွက်၏သတ်မှတ်ပိုင်းခြားထားချက်က နှစ်ထပ်ကိုသာ ခွင့်ပြုသည်။ ဗိသုကာတစ်ဦးသည် မကြာသေးမီက ကြံရွယ်ခဲ့သောစက်ရုံအတွက် အဆောက်အအုံပုံစံများကို အသင့်ပြင်ဆင်ရန် သဘောတူသော်လည်း သူက “ဘုတ်အဖွဲ့ကို ဒါတွေတင်ပြပြီးတော့ ကျွန်တော့်ကို ကျွန်တော်အရှက်မခွဲနိုင်ဘူးဗျာ” ဟု ဆိုသည်။ စံနှုန်းနှင့် အယူခံဆိုင်ရာ ဘုတ်အဖွဲ့မှ ထိုအကွက်နှင့်ပတ်သက်သော သူတို့သတ်မှတ်ပိုင်းခြားထားသည့်စည်းမျဉ်းကို ဘယ်တော့မျှပြောင်းလဲလိမ့်မည်မဟုတ်ဟု သူယုံကြည်နေသည်။ အဆောက်အအုံပုံစံများ အတည်ပြုခံရသောအခါ “ခင်ဗျား ဒါကိုရခဲ့တာ အံ့ဩစရာပါပဲလား!” ဟု သူပြောဆိုခဲ့လေသည်။

အကြောင်းမှာ ကျွန်ုပ်တို့၏ ဆယ်ထပ်စက်ရုံအတွက် ထိုအကွက်ကို ပြန်လည်ဇုန်အမျိုးအစားပိုင်းခြားသောအခါ ၁၆၀ ဂျေးလမ်းအဆောက်အအုံပါသော အကွက်အပါအဝင် အနီးအနားရှိ အကွက်များလည်း ပြန်လည်ဇုန်အမျိုးအစားပိုင်းခြားခံရသောကြောင့်ဖြစ်သည်ဟု လာစန် ဆက်လက်ရှင်းပြသည်။ အံ့ဩစရာမှာ ပြန်လည်သတ်မှတ်ပိုင်းခြားခြင်းက ဟိုတယ်တစ်ခုအတွက် ဆောက်လုပ်ခွင့်ပြုခဲ့သည်။ သို့သော် ၎င်းမှာ ယခင်က မည်သူမျှသတိမပြုမိခဲ့သည့်အရာပင်ဖြစ်သည်။ ဗေသလအိမ်အသစ်တစ်လုံးဆောက်လုပ်ရန်အတွက် နေရာတစ်နေရာကို စရှာခဲ့သည့်နောက်ပိုင်း၊ အနည်းဆုံး ၂၅ နှစ်ခန့်မတိုင်မီအချိန်အထိပင်ဖြစ်သည်။ ထို့နောက်မှသာ ဇုန်အမျိုးအစားပိုင်းခြားသည့်စည်းမျဉ်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်!

ညီအစ်ကိုလာစန်က ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းလင်းပြသည်– “အထပ် ၃၀ လူနေအိမ်အဆောက်အအုံအတွက် ပုံစံကို ကျွန်တော်တို့ပြင်ဆင်ပြီး ဆောက်လုပ်ရေးဌာနကို ယူသွားတဲ့အခါ ‘အဲဒီမှာ ခင်ဗျားတို့လူနေအိမ်ဆောက်လို့ ရနိုင်မှာမဟုတ်ဘူး။ အဲဒါတွေအားလုံးဟာ စက်မှုဇုန်အတွက်ပဲ။ ခင်ဗျားတို့အတွက် ဇုန်အမျိုးအစားပိုင်းခြားထားချက်ကို သူတို့ပြောင်းလဲမှာမဟုတ်ပါဘူး’ လို့ ကျွန်တော်တို့ကို ပြောကြတယ်။

“‘သူတို့ မပြောင်းလဲရပါဘူး။ ဟိုတယ်တစ်ခုအတွက် သတ်မှတ်ပိုင်းခြားပြီးသားရှိပါတယ်’ လို့ အရာရှိတွေကို ကျွန်တော်တို့ပြန်ပြောလိုက်တယ်။ မှတ်တမ်းကို သူတို့ပြန်ကြည့်လိုက်တဲ့အခါ သူတို့ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားတယ်! အထပ် ၃၀ အဆောက်အအုံကြီးကို ကျွန်တော်တို့ရရှိခဲ့ပုံကတော့ ဒါပါပဲ” ဟုဆိုကာ လာစန် နိဂုံးချုပ်လိုက်သည်။

ယေဟောဝါ၏ကောင်းချီးဖြစ်ကြောင်း ထင်ရှား

“ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏” ဟု ကျမ်းစာဆာလံဆရာတစ်ဦးက ရေးသားခဲ့သည်။ (ဆာလံ ၁၂၇:၁) မိမိနောက်တော်လိုက်များကို ယေရှုမိန့်မှာခဲ့သည့် ကမ္ဘာချီဟောပြောသွန်သင်ခြင်းလုပ်ငန်း တိုးတက်ဖြစ်ထွန်းစေရန် ယေဟောဝါသက်သေများ၏ ဆောက်လုပ်ရေးလုပ်ငန်းများအပေါ်၌ ယေဟောဝါ၏ကောင်းချီးသက်ရောက်ကြောင်း ထင်ရှားလှပေသည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။

၁၉၉၅၊ စက်တင်ဘာ ၁၈ ရက်၌ အစီအစဉ်ကို ကြားနာခွင့်ရရှိခဲ့သူများသည် ယေဟောဝါကျေးကျွန်များ၏ကမ္ဘာ့ဌာနချုပ်ရှိ တိုးချဲ့မှုအပေါ်တွင် ထိုကဲ့သို့သောကောင်းချီးသက်ရောက်ကြောင်း မြင်သာလှသဖြင့် ပီတိဖြာခဲ့ကြရသည်။ ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော်မိန့်မှာထားရာများကို ဆက်လုပ်ဆောင်နေစဉ် ကိုယ်တော်၏ကောင်းချီးများကို ဆက်လက်ရရှိနေမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပေသည်။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်၊ ဇွန် ၁၅၊ ၁၉၆၉၊ စာမျက်နှာ ၃၇၉-၈၂ [လိပ်]။

b ကင်းမျှော်စင်၊ ဒီဇင်ဘာ ၁၊ ၁၉၈၂၊ စာမျက်နှာ ၂၃-၃၁ [လိပ်]။

c နိုးလော့! ဒီဇင်ဘာ ၂၂၊ ၁၉၈၇၊ စာမျက်နှာ ၁၆-၁၈ [လိပ်]။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၉၀ စဲန်းလမ်း • ၁၉၉၅

[စာမျက်နှာ ၂၄။ ၂၅ ပါ ရုပ်ပုံ]

အပ်နှံခဲ့သော နောက်ထပ်လူနေအိမ်အဆောက်အအုံအချို့

၉၇ ကိုလံဘီယာ ဟိုက်စ် • ၁၉၈၆

ဘောစ်စပ်ဟိုတယ်၊ ၉၈ မောတာဂီလမ်း • ၁၉၈၃

၃၄ အော်ရိန်လမ်း • ၁၉၄၅

စတဲဒစ်ဟိုတယ်၊ ၁၆၉ ကိုလံဘီယာ ဟိုက်စ် • ၁၉၈၁

၆၇ လစ်ဗီစတုံးလမ်း • ၁၉၈၉

၁၀၈ ဂျာရာလီမွန်လမ်း • ၁၉၈၈

တာဝါစ်ဟိုတယ်၊ ၇၉-၉၉ ဝီလိုလမ်း • ၁၉၇၅

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၇၅ ပါလ်လမ်း • ၁၉၈၃

၆၉ အေဒင်လမ်း • ၁၉၉၁

၃၆၀ ဖားမင်းလမ်း • ၁၉၈၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ