ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၄/၁ စာ. ၃၂
  • “ခံနိုင်ရည်ရှိရပေမည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခံနိုင်ရည်ရှိရပေမည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၄/၁ စာ. ၃၂

“ခံနိုင်ရည်ရှိရပေမည်”

“ကတိတော်” ကို ရရှိရန်အလို့ငှာ ကျွန်ုပ်တို့၌ “ခံနိုင်ရည်ရှိရပေမည်။” (ဟေဗြဲ ၁၀:၃၆၊ သတင်းကောင်း) သမ္မာကျမ်းပညာရှင်တစ်ဦးက ဤကျမ်းချက်၌ တမန်တော်ပေါလုအသုံးပြုထားသော “ခံနိုင်ရည်” ဟူသည့် ဂရိစကားလုံးကို တစ်ခါတစ်ရံ “ခက်ခဲသော၊ နှစ်သက်ဖွယ်မကောင်းသောအခြေအနေများအောက်၌ ရှင်သန်နိုင်သည့် အပင်တစ်ပင်၏စွမ်းရည်” ကိုသရုပ်ဖော်ရန် အသုံးပြုကြောင်း ရှင်းပြသည်။

ဥရောပတောင်တန်းများ၌ အဆိုပါအပင်မျိုး ပေါက်ရောက်လျက်ရှိပေသည်။ ထူးဆန်းသည်မှာ ၎င်းကို ထာဝရရှင်သန်ဟု ခေါ်ဆိုခြင်းပင်။ ဤ တောင်ပေါ်၌ပေါက်သောအပင်သည် ထာဝရတော့မရှင်သန်ပါ။ သို့သော် ၎င်းသည် တစ်နှစ်ပြီးတစ်နှစ် တာရှည်ခံကာ နွေရာသီရောက်တိုင်း အလွန်လှပသည့်ပန်းများကို ဖူးပွင့်ပေး၏။ ထာဝရရှင်သန်ဟူသည့်အမည်ကို ထိုအပင်ရရှိခဲ့ရခြင်းမှာ ၎င်း၏ “သန်စွမ်းမှုနှင့် တာရှည်ခံမှု” တို့ကြောင့်ဖြစ်ကြောင်း The New Encyclopœdia Britannica က ရှင်းပြ၏။ (“ထာဝရရှင်သန်” ဟုပင် အဓိပ္ပာယ်ရသည့် ဤအပင်အမျိုးအစား၏ သိပ္ပံဆိုင်ရာအမည်မှာ စဲမ်ပါဗီဗမ် ဖြစ်သည်။)

ဤတာရှည်ခံအပင်ကို မှတ်သားဖွယ်ဖြစ်စေသည့်အရာကား ရှင်သန်နိုင်ရန်အခဲယဉ်းဆုံးသောနေရာများ၌ ပေါက်ရောက်သည့်အတွက်ကြောင့်ဖြစ်၏။ ၂၄ နာရီအတွင်း ၆၀ ဒီဂရီ ဖယ်ရင်ဟိုက်အထိ အပူချိန် ထိုးကျသွားနိုင်သော၊ လေဒဏ်မိသောတောင်စောင်းဒေသများတွင် ၎င်းတို့ကို တွေ့ရှိနိုင်သည်။ ၎င်းသည် မြေကြီးအနည်းငယ်သာရှိသော ကျောက်သားအအက်အကွဲကြားတွင် အမြစ်တွယ်နိုင်သည်။ ထိုမျှခက်ခဲကြမ်းတမ်းသောအခြေအနေများတွင် ၎င်းတာရှည်ခံနိုင်ခြင်း၏ လျှို့ဝှက်ချက်အချို့ကားအဘယ်နည်း။

ထာဝရရှင်သန်အပင်၌ ရေကို သေချာစွာသိမ်းဆည်းထားနိုင်သော အရည် ရွှမ်းသည့်အရွက်များရှိသည်။ ယင်းက မိုးရေမှလည်းကောင်း၊ နှင်းရည်ပျော်သည့်အခါတွင်လည်းကောင်း ရရှိနိုင်သမျှရေခိုးရေငွေ့ကိုစုဆောင်းထားနိုင်စေသည်။ ထို့ပြင် ကျောက်သားအခံတွင် ခိုင်မြဲစွာတွယ်မိထားနိုင်ရန် အစုလိုက်ပေါက်ရောက်ခြင်းအားဖြင့် ၎င်းတို့၏သန်စွမ်းမှုကို စုစည်းထားကြသည်။ ၎င်းသည် မြေဆီလွှာအနည်းငယ်သာရှိသည့်တိုင် ကျောက်သားအအက်အကွဲများကြားတွင် အမြစ်တွယ်ခြင်းအားဖြင့် ရာသီဥတုဒဏ်မှ ကာကွယ်မှု ရရှိသည်။ တစ်နည်းအားဖြင့်ဆိုရသော် ခက်ခဲသည့်အခြေအနေများကို အခွင့်ကောင်းယူပြီး ၎င်းရှင်သန်နေခြင်းပင်။

ဝိညာဉ်ရေးသဘောအရဆိုရသော် ကျွန်ုပ်တို့၏ခံနိုင်ရည်ကို စမ်းသပ်နေသည့်အခြေအနေများ၌ ကျွန်ုပ်တို့ရောက်နေကြမည်။ ဆင်းရဲဒုက္ခရောက်ချိန်တွင် ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိစေရန် ဘာကအကူအညီပေးမည်နည်း။ ထာဝရရှင်သန်အပင်လေးနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အသက်ပေးစွမ်းနိုင်သောရေကို သိုမှီးထားကာ ထောက်ပံ့မှုနှင့် ကာကွယ်မှုရရှိရန် စစ်မှန်သောခရစ်ယာန်များနှင့် ရင်းနှီးစွာပေါင်းသင်းနိုင်ပေသည်။ ထိုထက်ကား ထိုတောင်ပေါ်ပန်းနည်းတူ ကျွန်ုပ်တို့၏ “ကျောက်” ဖြစ်တော်မူသော ယေဟောဝါအပြင် ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းတော်တို့ကို မြဲမြံစွာမှီတွယ်ရပေမည်။—၂ ဓမ္မရာဇဝင် ၂၂:၃၊ သမ္မာ။

အမှန်ပင်၊ ကျွန်ုပ်တို့ရရှိနိုင်သည့် ထောက်ပံ့မှုများကိုခံယူထားမည်ဆိုလျှင် ခက်ခဲကြမ်းတမ်းသောဝန်းကျင်၌ပင် ကျွန်ုပ်တို့ခံနိုင်ရည်ရှိနိုင်ကြောင်း ထာဝရရှင်သန်အပင်လေးက စွဲမက်ဖွယ်သောသတိပေးချက်တစ်ခုပင် ဖြစ်လေတော့သည်။ ထိုကဲ့သို့သော ခံနိုင်ရည်သည် “ကတိတော်တို့ကို အမွေ” ရရှိစေနိုင်ကြောင်း ယေဟောဝါ ကတိပြုထားတော်မူသည်။ ထိုကတိတော်မှာ ပကတိထာဝရအသက်ရှင်ခြင်းကို ဆိုလိုလေသတည်း။—ဟေဗြဲ ၆:၁၂; မဿဲ ၂၅:၄၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ