ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁ စာ. ၃၂
  • ယုံကြည်ချက်အတွက် အဆိုပြုသူများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ချက်အတွက် အဆိုပြုသူများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁ စာ. ၃၂

ယုံကြည်ချက်အတွက် အဆိုပြုသူများ

ပြီးခဲ့သောရာစုကုန်ဆုံးချိန်တွင် သိပ္ပံပညာ၊ အတွေးအခေါ်နှင့် လောကီရေးသက်သက်ကို အခြေခံသောအမြင်တို့ကို ထောက်ခံအားပေးသည့် အဆိုပြုချက်များသည် ဘုရားအားယုံကြည်ခြင်းနှင့် သမ္မာကျမ်းစာသည်လှုံ့ဆော်မှုအားဖြင့် ဖြစ်ခြင်းတို့ကို ထိခိုက်ပျက်စီးစေကြသည်။

သို့သော် ယင်းအဆိုများကိုသာ ကြားရသည်မဟုတ်။ ဘုရားမဲ့ဝါဒထက် ဘုရားအားယုံကြည်ခြင်းကို ထောက်ခံနိုင်စရာ သာ၍များသည်ဟု လေ့လာသူများစွာတို့က သိမြင်ကြသည်။ သူတို့၏လေ့လာမှုများက သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံ နှုတ်ကပါဌ်တော်ဖြစ်ကြောင်း အထောက်အထားများစွာကိုလည်း ဖော်ထုတ်ပြသည်။

ကျော်ကြားသည့်အဆိုပြုသူတစ်ဦးမှာ စီ. တီ. ရပ်စယ်လ်ဖြစ်သည်။ လူသန်းပေါင်းများစွာတို့သည် ၁၈၈၆ ခုထုတ် ခေတ်များတစ်လျှောက် မြင့်မြတ်သောအစီအစဉ် (လိပ်) အမည်ရှိ သူ၏စာအုပ်ကို ဖတ်ကြသည်။ ယင်းစာအုပ်တွင် အလွန်လှုံ့ဆော်မှုရှိသည့်အခန်းမှာ “ဉာဏ်ပညာအမြင့်ဆုံးသော ဖန်ဆင်းရှင်တစ်ပါးရှိခြင်း အတည်ပြုခံရ” ဖြစ်သည်။

နောက်ဆယ်စုနှစ်များတွင် ရပ်စယ်လ်သည် ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့ကို ယုံကြည်ရန် ထိမိခိုင်လုံသောအကြောင်းများကိုဖော်ပြပေးသည့် ဆောင်းပါးများ၊ ဝေစာများနှင့် စာအုပ်များကို ရေးသားခဲ့သည်။ ယင်းတို့ကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေခဲ့သည်။ ယင်းအသင်း၏ ဒုတိယမြောက်ဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က ဖန်ဆင်းခြင်း (၁၉၂၇ လိပ်) နှင့် ယုံကြည်ခြင်းအတွက် အဆိုပြုချက်ကို တိုးပွားစေသည့် အခြားသောစာအုပ်များကို ရေးသားပြုစုခဲ့သည်။

မကြာသေးမီက ယင်းကိစ္စများနှင့်ပတ်သက်၍ နောက်ဆုံးပေါ် ထပ်ဆင့်အကြောင်းအချက်များကို ထိုအဖွဲ့အစည်းက ပြင်ဆင်ထားပေးသည်။ အသင်လေးလေးနက်နက်စဉ်းစားတွေးတောရန် ယေဟောဝါသက်သေများက ယင်းတို့ကို သင့်အားရရှိစေနိုင်သည်။

နောက်ထပ်အကြောင်းအရာများကို သင်လက်ခံလိုပါက သို့မဟုတ် တစ်စုံတစ်ဦးက သင့်အတွက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလုပ်ပေးစေလိုလျှင် ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁။ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ