ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁၅ စာ. ၈-၉
  • ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—ပိုလန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—ပိုလန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှောက်မှားမှုကို ထုတ်ဖော်ရာတွင် ရဲရင့်ခြင်း
  • ‘သူတို့၏အကျင့်များအားဖြင့်’
  • ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—ထိုင်းနိုင်ငံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဖိလစ်ပိုင် သမ္မတနိုင်ငံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—အိန္ဒိယ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁၅ စာ. ၈-၉

ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—ပိုလန်

၁၉၈၉ ခုနှစ် ဆောင်းဦးစအချိန်တွင် ဘောလ်တစ်ပင်လယ်မှ ပင်လယ်နက်အထိရှိ ကွန်မြူနစ်အစိုးရများသည် စတင်ပြိုကွဲခဲ့သည်။ သံကုလားကာကြီး ဆွဲဆုတ်ခံနေရစဉ် အရှေ့ဥရောပရှိ တိုင်းနိုင်ငံများသည် ကိုယ်ကြိုက်ရာလမ်းညွှန်မှုကို စတင်ရှာယူကြလေသည်။ ယင်းတို့တွင် နိမ့်ချည်မြင့်ချည်တောင်ပူစာများ၊ ပြန့်ပြူးသောလွင်ပြင်များ၊ ကျောက်ဆောင်ထူထပ်သော တောင်တန်းဒေသများနှင့် လွှမ်းခြုံထားသည့် ပိုလန်နိုင်ငံလည်း အပါအဝင်ဖြစ်သည်။a

ပိုလန်လူမျိုးသည် အားစိုက်ခွန်စိုက် အလုပ်လုပ်တတ်ကြသူများဖြစ်ပြီး ပိုလန်နိုင်ငံသည် ကမ္ဘာကျော် အနုပညာရှင်နှင့် သိပ္ပံပညာရှင်အချို့တို့ကို မွေးထုတ်ပေးခဲ့သည်။ သို့သော် ထို့ထက်ကား သူတို့တွင် ယခုအရေအတွက်အားဖြင့် တိုးများလာနေသော ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကြွေးကြော်သူ လူအုပ်ကြီးတစ်စု ရှိနေခြင်းဖြစ်သည်။

မှောက်မှားမှုကို ထုတ်ဖော်ရာတွင် ရဲရင့်ခြင်း

ပိုလန်နိုင်ငံတွင် ကျမ်းစာမှ သမ္မာတရားကို သိရှိနားလည်လိုသူ မြောက်မြားစွာရှိပါသည်။ သို့သော် အချို့တို့သည် ဆွေမျိုး သို့မဟုတ် အိမ်နီးချင်းတို့ကြောင့် အဟန့်အတားခံနေကြရ၏။ ဥပမာ၊ ရိုကလောမြို့အနီးအနားတွင် စိတ်ဝင်စားသောအမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေရာမှ ဆွေမျိုးဉာတိတို့၏ ဖိအားကြောင့် ရပ်စဲလိုက်သည်။ သို့သော် သူမ၏ ဆယ်ကျော်သက် သမီးငယ်သည် မှောက်မှားသောဘာသာတရားကို ထုတ်ဖော်သော ဆက်တိုက်ထွက်လာသည့် ကင်းမျှော်စင်ဆောင်းပါးများကို ဖတ်မိသည်။ ယင်းတို့ကြောင့် သမ္မာတရားကို သူမစတင်စိတ်ဝင်စားလာလေသည်။

ကျမ်းစာကို ခြောက်လလေ့လာပြီးနောက် ဤလုံမငယ်လေးသည် မှောက်မှားသောဘာသာတရားနှင့် လုံးဝအဆက်ဖြတ်ဖို့ စိတ်ဆုံးဖြတ်သည်။ ထိုအခါ သူမ၏ချာ့ချ်ရှိ ဓမ္မဆရာထံသွားကာ မိမိ၏ဆုံးဖြတ်ချက်ကို တင်ပြပြောဆို၏။ သူက ဤသို့ရေးသားရန် မှာကြားလေသည်– “ကျွန်မ ကေ——ပီ——သည် ကက်သလစ်ဘာသာကို စွန့်လွှတ်ပါပြီ။”

ထို့နောက် တနင်္ဂနွေနေ့တွင် ဤအကြောင်းကြားစာကို ချာ့ချ်တွင် ကြေညာ၍ဖတ်ပြခဲ့သည်။ ထိုမိန်းကလေး၏ အဖိုး မူးမေ့သွားပြီး အဖွားလုပ်သူက ငိုချလိုက်လေသည်။ သို့ရာတွင် ချာ့ချ်နယ်ပယ်အတွင်းရှိ အခြားသူများမူကား စိတ်တွင်စွဲမှတ်သွားကာ ဤသို့ကောက်ချက်ချသည်– “ငါတို့ချာ့ချ်မှာ မှားယွင်းမှုအရမ်းများနေတယ်ဆိုတာကို ထုတ်ပြောရဲတဲ့သူတစ်ယောက် နောက်ဆုံးတော့ ပေါ်လာတော့တယ်။” ဤသတ္တိရှိသော ဆယ်ကျော်သက်လုံမငယ်လေးသည် ယခု နှစ်ခြင်းခံပြီးသော ဝိညာဏညီအစ်မတစ်ဦးဖြစ်နေ၍ သူမ၏ရွာတွင် ကျမ်းစာသင်အံမှု ခုနစ်ခုစနိုင်ခဲ့ပြီ။

‘သူတို့၏အကျင့်များအားဖြင့်’

ပတ်စဉ်ထုတ် ကူယာဗီ အီ ပိုမိုဇေ စာစောင်က “သူတို့၏အကျင့်အားဖြင့် သူတို့၏သဘောကို သိရကြလိမ့်မည်” ဟူသည့်သတင်းကို ကြေညာခဲ့သည်။ ခရစ်ယာန်ဘောင်ရှိ ဝတ်ပြုကိုးကွယ်သူများသည် “အမှန်မှာ သူတို့လက်ခံထားသည့် ဘာသာရေးကျင့်စဉ်တို့ကို အလေးအနက်သဘောမထားကြပါ။ သူတို့သည် သမ္မာကျမ်းစာ၏မိန့်မှာချက်များကို ပြောဆိုကြ၍ ပြောဆိုသည့်အတိုင်း ကျင့်ကြသော ယေဟောဝါသက်သေများနှင့် လုံးဝမတူကြပါ” ဟူ၍ ယင်းဆောင်းပါးတွင် ဖော်ပြရေးသားထားသည်။

အမည်ခံခရစ်ယာန်များ၏ အသွင်အပြင်သည် သက်သေခံများနှင့် ခြားနားကြောင်းကို ထုတ်ဖော်တင်ပြပြီးနောက် ထိုသတင်းက ဤသို့ဆက်ဆိုသည်– “သူတို့သည် သူတို့ယုံကြည်သည့်တရား၏ အဓိကအချက်များနှင့် မူဝါဒတို့ကိုပင် မသိကြသည်မှာများပြီး များသောအားဖြင့်လည်း မကျင့်ကြံကြပါ။ . . . ယေဟောဝါသက်သေများမူကား သူတို့၏နေထိုင်ပုံအားဖြင့် အပြောနှင့်အလုပ် ညီညွတ်ကြောင်းတင်ပြကြရာ သူတို့သည် ‘မိစ္ဆာပရောဖက်များ’ မဟုတ်ကြောင်း သက်သေထူကာ သူတို့၏အကျင့်များအားဖြင့် သူတို့၏သဘောကို သိရကြ၏။ ‘ဆူးပင်မှ စပျစ်သီး၊ ဆူးလေပင်မှ သင်္ဘောသဖန်းသီးကို ဆွတ်တတ်ပါသလော’ (မဿဲ ၇:၁၅-၂၀)။”

အမျိုးသမီးတစ်ဦးက ပတ်စဉ်ထုတ် ပချီအာချူကာ စာစောင်သို့ စာရေးသတင်းပို့ခဲ့သည်။ သူမ၏သားသည် ကက်သလစ်အသင်းမှထွက်ပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်နေသည့်အတွက် မိမိအလွန်ဝမ်းနည်းနေရကြောင်းဖြစ်သည်။ အယ်ဒီတာ၏ အကြံပေးချက်က မည်သို့ဖြစ်သနည်း။ “သင့်သားသည် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းနေပြီး သူတို့၏ယုံကြည်ချက်ကို သင်ယူကာ လက်ခံနာယူထားပြီဆိုလျှင် သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ယင်းကို အသိအမှတ်ပြုရပြီး လေးစားရမည်။ . . . ဤဘာသာရေးအဖွဲ့သည် လှပသောလူမှုရေးဆိုင်ရာ နှစ်လို့ဖွယ်ကြန်အင်လက္ခဏာများစွာဖြင့် သိသာထင်ရှားသည်။ ယင်းတို့မှာ သူတို့၏ထူးခြားသော စည်းလုံးညီညွတ်ခြင်း၊ သံယောဇဉ်နှောင်ကြိုး ခိုင်မြဲခြင်း၊ အလွန်ရိုးသားဖြောင့်မတ်ခြင်း၊ လူ့အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းချက်များကို သူတို့လိုက်နာကျင့်သုံးခြင်း၊ သူတို့၏ သမ္မာတရားနှင့်အညီ အသက်ရှင်နေထိုင်နိုင်ခြင်း၊ တန်ဖိုးထားစရာ ခံယူချက်များကို လက်တွေ့ကျင့်ကြံနိုင်ခြင်းတို့ဖြစ်သည်။ ယင်းတို့သည် တန်ဖိုးအနဂ္ဃရှိ မွန်မြတ်ရာများဖြစ်သည်။”

[အောက်ခြေမှတ်ချက်များ]

a ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၄ ယေဟောဝါသက်သေများ၏ပြက္ခဒိန်ကိုရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

နိုင်ငံ့စာရင်းဇယား

၁၉၉၃ လုပ်ငန်းတော်နှစ်

အများဆုံးသက်သေခံဦးရေ–၁၁၃,၅၅၁

အချိုး–သက်သေခံ ၁ လျှင် ၃၃၉

အောက်မေ့ပွဲတက်ရောက်သူဦးရေ–၂၃၅,၆၄၂

ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၇,၉၆၁

ပျမ်းမျှကျမ်းစာသင်အံမှုများ–၇၉,၁၃၁

နှစ်ခြင်းခံသူဦးရေ–၈,၁၆၄

အသင်းတော်များအရေအတွက်–၁,၃၉၇

ဌာနခွဲရုံး–နာဒါဇင်မြို့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

၁၉၄၈ ကလုဇ်မြို့ရှိ ပိုလန်ဌာနခွဲရုံး

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယခင်အရှေ့ပရူရှာတွင် ကြော်ငြာပိုစတာလုပ်ငန်း၊ ၁၉၄၈ ဇွန်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ခုနစ်ဆယ့်နှစ်ဦးရှိ ပိုလန်ဗေသလအမှုထမ်းစု၊ ၁၉၉၃ ဇန်နဝါရီ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

နာဒါဇင်မြို့ရှိ ဌာနခွဲရုံးအသစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ