ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၉/၁၅ စာ. ၈-၉
  • ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—နိုင်ဂျီးရီးယား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—နိုင်ဂျီးရီးယား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်များရှေ့ဆောင်အဖြစ်တက်လှမ်းကြ
  • ဗီဒီယိုနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ
  • ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိ အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သက်သေခံချက်ဖြစ်စေသည့် ဗီဒီယိုခွေများ၏အကျိုးသက်ရောက်မှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ရှေ့ဆောင်လုပ်ငန်းတွင် ညီအစ်ကိုများစွာ လိုအပ်နေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၉/၁၅ စာ. ၈-၉

ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားနိုင်ငံသည် စူထွက်နေသော အာဖရိကတိုက်အနောက်ဘက်ခြမ်း၏ အောက်ဘက်အဝိုက်ထဲတွင် လျှိုဝင်နေသောနေရာဖြစ်သည်။ အီကွေတာ၏မြောက်ဘက်နား ဂီနီပင်လယ်ကွေ့တွင်ရှိသော ထိုနိုင်ငံတွင် လူဦးရေ ၈၈ သန်းကျော်ရှိသည်။a

လွန်ခဲ့သည့်အမှုဆောင်နှစ် နှစ်နှစ်အတွင်းက ကင်းမျှော်စင်အသင်း၏ နိုင်ဂျီးရီးယားဌာနခွဲသည် ငယ်ရွယ်သူများကို အထူးအာရုံစိုက်ခဲ့သည်။ ယေဟောဝါသက်သေများ၏ အသင်းတော်များအတွင်း လေ့လာသုံးသပ်ချက်တစ်ရပ်အရ ၁၉၉၂ ခုနှစ်အတွင်းက သတင်းကောင်းကိုစတင်ဟောပြောသူများ၏ ၈၀ ရာခိုင်နှုန်းသည် အသက် ၁၀ နှစ်မှ အနှစ် ၂၀ အတွင်းရှိသူများဖြစ်ကြသည်။ ထိုနှစ်အတွင်း နှစ်ခြင်းခံသူများထဲမှ ၆၃ ရာခိုင်နှုန်းသည် ထိုအသက်အရွယ်ရှိသူများဖြစ်ကြသည်။

လူငယ်များရှေ့ဆောင်အဖြစ်တက်လှမ်းကြ

များစွာသောလူငယ်တို့သည် ရှေ့ဆောင်များအဖြစ် အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။ ဟဲနာအမည်ရှိရှေ့ဆောင်တစ်ဦး ဤသို့ပြောသည်– “ကျွန်မကျောင်းပြီးခါနီးလောက်တုန်းက ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတက်နေသူတွေဆီ ကျွန်မသွားလည်တော့ သက်ကြီးရွယ်အိုညီအစ်မနှစ်ယောက်ကို ကျွန်မတွေ့တယ်။ ကျွန်မကိုယ့်ဘာသာကိုယ်စဉ်းစားမိတယ်၊ ‘အဲဒီနှစ်ယောက်တောင် ရှေ့ဆောင်လုပ်နိုင်ရင် ငါကဘာလို့မလုပ်နိုင်ရမှာလဲ။’

“ဒါနဲ့ ကျွန်မကျောင်းပြီးတဲ့အခါ ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။ နောက်သုံးလကြာတော့ ဂျူးဂျူးခေါ်ဂါထာမန္တယားအတတ်ကို ယုံကြည်သက်ဝင်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဂျိုးဇဖီးန်နဲ့ ကျွန်မတွေ့တယ်။ သူက ‘ရှင်တို့ယေဟောဝါသက်သေတွေဟာ ဆိုးတဲ့လူတွေပဲ။ ရှင်တို့ခရစ္စမတ်လည်းမလုပ်ဘူး၊ ဂါထာမန္တယားတွေကိုလည်း မသုံးကြဘူး’ လို့ပြောတယ်။ ကျွန်မနဲ့အတူ ကျမ်းစာလေ့လာဖို့ခွင့်ပြုမယ်ဆိုရင် အဲဒါတွေကို ကျွန်မတို့ဘာကြောင့်မလုပ်သလဲဆိုတာ သိလာမယ့်အကြောင်း ကျွန်မပြန်ပြောတယ်။ သူ ကျွန်မကို ပြန်လာဖို့ဖိတ်ခေါ်တယ်။ မကြာခင် သူအစည်းအဝေးတွေတက်ပြီး သူ့ဘဝမှ အပြောင်းအလဲတွေ အများကြီးလုပ်လာတယ်။ ၁၉၉၀ ခုနှစ်မှာ သူနှစ်ခြင်းခံလိုက်တယ်။ ၁၉၉၁ ခု၊ ဩဂုတ်လကစပြီး ဂျိုးဇဖီးန်ဟာ ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။ မနှစ်က သူရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတက်တုန်းက ကျွန်မကို သူ့ဝိညာဏမိခင်အဖြစ် သူ့အတန်းဖော်တွေနဲ့မိတ်ဆက်ပေးတယ်!”

ဗီဒီယိုနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ

အသင်းမ၏ ဗီဒီယိုခွေတစ်ခုကြောင့် အသင်းတော်ငယ်ကလေးတစ်ခု၏ ဘုရားနိုင်ငံတော်ခန်းမအတွက် မြေကွက်ရခဲ့သည်။ ညီအစ်ကိုလေးဦးတို့သည် မြေကွက်ဝယ်ရန်အရှာထွက်စဉ် အိုနိုးဂျီးယားခေါ် ဒေသအုပ်ချုပ်သူထံ ရောက်ရှိသွားကြသည်။ သူက ညီအစ်ကိုများအား မြေကွက်တစ်ကွက်ကို နိုင်ရာ ၂၀,၀၀၀ [ဒေါ်လာ၁,၀၂၅ အမေရိကန်ဒေါ်လာ] ဖြင့် ပေးသည်။ ထိုအစီအစဉ်ကို ငွေကြေးထောက်ပံ့ရန် ကြေညာသူ ၁၇ ဦးသာရှိသော ထိုအသင်းတော်သည် ထိုမျှများသောငွေကို မပေးနိုင်ချေ။ အိုနိုးဂျီးယားက အခြားတစ်နေရာကို သူစဉ်းစားပေးမည်ဟုပြောလိုက်သည်။

လအနည်းငယ်ကြာသောအခါ အသင်းတော်အကြီးအကဲတစ်ဦးက အိုနိုးဂျီးယားနေထိုင်သည့်နေရာသို့ လည်ပတ်ရောက်ရှိသွားသည်။ အိုနိုးဂျီးယားက မင်းခမ်းမင်းနားဖြင့် ဗီဒီယိုတိတ်ခွေကြည့်နေသည်။ အကြီးအကဲက ဤသို့ပြောလိုက်သည်– “ကျွန်တော့်မှာ ခင်ဗျားကိုကြည့်စေချင်တဲ့ ဗီဒီယိုခွေတစ်ခုပါလာတယ်။ အဲဒါက Jehovah’s Witnesses—The Organization Behind the Name. လို့ခေါ်တယ်။”

နောက်ပိုင်းတွင် အကြီးအကဲက ဗီဒီယိုခွေကို မည်သို့သဘောရကြောင်း အိုနိုးဂျီးယားအားမေးသည်။ အိုနိုးဂျီးယားက “ကျွန်တော်ငါးခါတောင်ကြည့်တယ်” ဟု ပြန်ဖြေသည်။ အကြီးအကဲက အိုနိုးဂျီးယားအား ဗီဒီယိုတွင် သူမြင်ခဲ့သောဘုရားနိုင်ငံတော်ခန်းမများကို ပြန်သတိရစေပြီး ဒေသန္တရအသင်းတော်က ယင်းကဲ့သို့သောအဆောက်အအုံမျိုးကို ဆောက်လုပ်လိုကြောင်း ရှင်းပြသည်။ ထို့နောက် အသင်းတော်ပိုင်ထားနှင့်သည့်မြေကွက်ငယ်ကလေးနှင့် ကပ်လျက်ရှိသောမြေနေရာအချို့ကို ရောင်းပေး၍ရမရမေးလိုက်သည်။ အိုနိုးဂျီးယား ဤသို့ပြန်ဖြေသည်– “ညက ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ အဲဒီအတိုင်းပဲစဉ်းစားမိတယ်။” သို့ဖြင့် အသင်းတော်အဆောက်အအုံနားမှမြေ ပေ ၂၀ တိုင်းပေးလိုက်သည်။ “ခင်ဗျားတို့ ဒီလောက်ရနိုင်တယ်။ အရှည်ကတော့ ခင်ဗျားတို့လိုသလောက်ရနိုင်တယ်။ စာချုပ်စာတမ်းတွေ ပြင်ထားပါ၊ ပြီးရင်ကျွန်တော်လက်မှတ်ထိုးပေးမယ်” ဟု သူပြောသည်။

[အောက်ခြေမှတ်ချက်များ]

a ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၄ ယေဟောဝါသက်သေများ၏ပြက္ခဒိန် ကိုရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

နိုင်ငံအချက်အလက်များ

၁၉၉၃ လုပ်ငန်းတော်နှစ်

အများဆုံးသက်သေခံဦးရေ–၁၇၄,၅၈၂

အချိုး–သက်သေခံ ၁ လျှင် ၅၀၇

အောက်မေ့ပွဲတက်ရောက်သူဦးရေ–၄၇၃,၂၄၅

ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၁၉,၇၇၇

ပျမ်းမျှကျမ်းစာသင်အံမှုများ–၂၄၂,၀၂၈

နှစ်ခြင်းခံသူဦးရေ–၈,၈၈၈

အသင်းတော်များအရေအတွက်–၃,၂၈၉

ဌာနခွဲရုံး–အက်ဒိုပြည်နယ်၊ ဘီနင်မြို့တော်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ