“ယေရှုသည် သခင်ဖြစ်တော်မူ၏”—မည်သို့နှင့်မည်သည့်အချိန်ကနည်း
“သခင် [LORD] က ငါ၏သခင် [Lord] အား သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာခုံ ငါမဖြစ်စေမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့ဟူ၍ မိန့်တော်မူ၏။” ယင်းကား ဆာလံ ၁၁၀:၁ ကို ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း အရ ပြန်ဆိုထားခြင်းဖြစ်သည်။ ဤတွင် “သခင် [LORD]” ကား မည်သူဖြစ်ပြီး မည်သူအား သူစကားပြောနေသနည်း။
ဟေဗြဲကျမ်းစာစောင်၏ ပိုမိုတိကျသည့်ဘာသာပြန်ကျမ်းတစ်စောင်က ပထမမေးခွန်းကို လျင်မြန်စွာအဖြေပေးသည်။ “ငါ၏သခင် [Lord] ထံ ယေဟောဝါ၏နှုတ်တော်ထွက်ဟူမူကား– . . . ” ထို့ကြောင့် စာလုံးကြီးဖြင့်ရေးထားသော “သခင် [LORD]” သည် အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ကို ရည်ညွှန်းသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းက ဘုရားသခင်၏နာမတော်ကို အသိအမှတ်ပြုသည့်အနေနှင့် စာလုံးကြီးအသုံးပြုထားသော်လည်း ယင်းသည် ဘွဲ့နာမများနှင့်ပတ်သက်၍ ဤသို့ရှုပ်ထွေးစေရာတွင် ပထမဆုံးမဟုတ်သေးပါ။ အကြောင်းမှာ ဟေဗြဲဘာသာစကားမှ ပြန်ဆိုသော ရှေးဂရိ စပ်ထွားဂျင့် ကျမ်း၏ နောက်ပိုင်းမိတ္တူများတွင် ယေဟောဝါအတွက် “သခင် [Lord]” ကို အသုံးပြုလာသည်။ အဘယ်ကြောင့်နည်း။ “သခင် [Lord]” ဟူသော ဘွဲ့နာမကို တက်တြာဂရမ်မီတန် (יחוה) ဖြင့်ရေးသည့် မြင့်မြတ်သောနာမတော် နေရာတွင် အစားထိုးလိုက်သောကြောင့်ဖြစ်သည်။ ကျမ်းပညာရှင် အေ. အီး. ဂါဗီ ဤသို့ပြောသည်– “ဂျူးတရားဇရပ်တွင် ကျမ်းစာကိုဖတ်သောအခါ ပဋိညာဉ်တရားနှင့်ဆိုင်သည့်နာမတော်ဖြစ်သည့် ယာဗေး [ယေဟောဝါ] အစား သခင် [kyʹri·os] ဟူသောဘွဲ့နာမကို အသုံးပြုခြင်းသည် အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံးဖြစ်ဖွယ်ရှိသည်။”
သမ္မာကျမ်းစာက ယေဟောဝါအား “စကြဝဠာပိုင်သအုပ်စိုးရှင်” အဖြစ် ဖော်ပြထားသည်။ (ကမ္ဘာဦး ၁၅:၂၊ ၈၊ ကဘ; တမန်တော် ၄:၂၄၊ ကဘ; ဗျာဒိတ် ၆:၁၀၊ ကဘ) ကိုယ်တော်အား “မှန်သောသခင်”၊ “မြေတစ်ပြင်လုံး၏သခင်” ဟုလည်း ခေါ်ထားသည်။ (ထွက်မြောက်ရာ ၂၃:၁၇၊ ကဘ; ယောရှု ၃:၁၃၊ ကဘ; ဗျာဒိတ် ၁၁:၄၊ ကဘ) သို့ဆိုလျှင် ဆာလံ ၁၁၀:၁ တွင်ပါသည့် အခြားသော “သခင်” တစ်ပါးကား အဘယ်သူဖြစ်ပြီး မည်သည့်နည်းဖြင့် “သခင်” အဖြစ် ယေဟောဝါ၏အသိအမှတ်ပြုခြင်းကို ခံလာခဲ့ရသနည်း။
“သခင်” အနေနှင့်ယေရှုခရစ်
ခရစ်ဝင်ကျမ်းလေးစောင်တွင် ယေရှုအား “သခင်” အဖြစ်ဖော်ပြထားသည်။ အထူးသဖြင့် လုကာနှင့် ယောဟန်ကျမ်းတို့တွင် ပိုပါသည်။ စီ. အီး. ပထမရာစုအတွင်းက ထိုဘွဲ့နာမသည် “ဆရာ” ဟူသောအသုံးအနှုန်းနှင့်တူပြီး ရိုသေလေးစားမှုနှင့် ယဉ်ကျေးဖွယ်ရာမှုကိုတင်ပြသည်။ (ယောဟန် ၁၂:၂၁; ၂၀:၁၅၊ နိုင်ငံတော်ကြားညှပ်ဘာသာပြန်ကျမ်း) မာကုခရစ်ဝင်ကျမ်းတွင် ယေရှုကိုရည်ညွှန်းရာ၌ “ဆရာ” သို့မဟုတ် ရဗ္ဗုနိ ဟူသောအသုံးအနှုန်းကို ပို၍အသုံးများသည်။ (မာကု ၁၀:၅၁၊ ကဘ ကို လုကာ ၁၈:၄၁၊ ကဘ နှင့်နှိုင်းယှဉ်။) “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟူသော ဒမာသက်မြို့သို့သွားရာလမ်းပေါ်မှ ရှောလု၏မေးခွန်းသည်လည်း အလားတူ ယဉ်ကျေးဖွယ်ရာသည့်သဘောကို ဆောင်သည့် အမေးဖြစ်သည်။ (တမန်တော် ၉:၅) သို့သော် ယေရှု၏နောက်တော်လိုက်များက မိမိတို့၏အရှင်ကို သိရှိလာကြသောအခါ “သခင်” ဟူသောဘွဲ့နာမကို သူတို့အသုံးပြုခြင်းသည် ရိုသေလေးစားမှုသက်သက်ကို ဖော်ပြရုံထက်မက များစွာအဓိပ္ပာယ်သက်ရောက်ကြောင်း ထင်ရှားခဲ့သည်။
ယေရှုသေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းပြီးနောက် ကောင်းကင်သို့မတက်ကြွမီ တပည့်တော်များအား ကိုယ်ထင်ရှားပြကာ ဤအံ့သြထိတ်လန့်ဖွယ်ကြေညာချက်ကို မိန့်တော်မူခဲ့သည်– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှကို ငါခံရပြီ။” (မဿဲ ၂၈:၁၈) ထို့နောက် ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းမှု၏ ဩဇာအောက်တွင် ပေတရုက ဆာလံ ၁၁၀:၁ ကိုကိုးကား၍ ဤသို့ပြောခဲ့သည်– “ထို့ကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင် [သခင်၊ ကဘ] အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့။” (တမန်တော် ၂:၃၄-၃၆) ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အရှက်တကွဲသေသည့်အထိ သစ္စာတည်ကြည်ခဲ့သဖြင့် ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းခံရပြီး အမြင့်မားဆုံးဆုချခံခဲ့ရသည်။ ထို့နောက် ကောင်းကင်ရှိ သခင်နေရာကို ဝင်ရောက်ခဲ့သည်။
တမန်တော်ပေါလုက ပေတရု၏စကားကို အတည်ပြုပြောဆိုရာတွင် ဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောအထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်း [သခင်ရာထူး၊ ကဘ] မှစ၍ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက် ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အားပေးတော်မူ၏။” (ဧဖက် ၁:၂၀၊ ၂၁) ယေရှုခရစ်၏သခင်ရာထူးသည် အခြားသောသခင်ရာထူးများ၏ အထွတ်အထိပ်ဖြစ်ပြီး ယင်းသည် ကမ္ဘာသစ်အထိ ဆက်၍တည်မြဲသွားမည်။ (၁ တိမောသေ ၆:၁၅) “ယေရှုသည် သခင်ဖြစ်တော်မူ၏ဟု နှုတ်ဖြင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြ” ရန် ကိုယ်တော်သည် “အလွန်ချီးမြှောက်ခြင်း” ကိုခံရ၍ “ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမ” ကိုပေးအပ်ခြင်းခံရသည်။ (ဖိလိပ္ပိ ၂:၉-၁၁) ဆာလံ ၁၁၀:၁ ၏ပထမပိုင်းသည် ထိုအခါတွင်ပြည့်စုံပြီး “ကောင်းကင်တမန်များ၊ ကောင်းကင်အာဏာပိုင်များနှင့် တန်ခိုးရှင်များ” သည် ယေရှု၏သခင်ရာထူးကို လက်အောက်ခံကြရသည်။—၁ ပေတရု ၃:၂၂; ဟေဗြဲ ၈:၁။
ဟေဗြဲကျမ်းတွင် “သခင်တို့၏သခင်” ဟူသောအသုံးအနှုန်းသည် ယေဟောဝါနှင့်သာသက်ဆိုင်သည်။ (တရားဟောရာ ၁၀:၁၇; ဆာလံ ၁၃၆:၂၊ ၃၊ ကဘ) သို့သော် ယေရှုနှင့်ပတ်သက်၍ မှုတ်သွင်းခံရလျက် ပေတရုဤသို့ပြောခဲ့သည်– “ဤသူကား လူအပေါင်းတို့၏သခင် [သို့မဟုတ် “ငါတို့အားလုံး၏သခင်”၊ ဂွတ်ဒ်စပိဒ်] ဖြစ်၏။” (တမန်တော် ၁၀:၃၆၊ ကဘ) ကိုယ်တော်သည် “သေသောသူတို့ကိုလည်းကောင်း၊ ရှင်သောသူတို့ကိုလည်းကောင်း အစိုးရတော်မူသောအရှင်” အမှန်ပင်ဖြစ်တော်မူသည်။ (ရောမ ၁၄:၈၊ ၉) ခရစ်ယာန်များသည် ယေရှုခရစ်ကို မိမိတို့၏သခင်နှင့် ပိုင်ဆိုင်သူအဖြစ် မဆိုင်းမတွအသိအမှတ်ပြုပြီး ကိုယ်တော့်လက်အောက်ခံများအဖြစ် နာခံမှုကို လိုလိုလားလားတင်ပြကြကာ တန်ဖိုးအကြီးမားဆုံးသော ကိုယ်တော့်အသွေးတော်ဖြင့် ဝယ်ယူခြင်းခံထားကြရသည်။ ယေရှုခရစ်ကလည်း စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေနေ့ကတည်းက မိမိ၏အသင်းတော်အပေါ် ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်အဖြစ် အုပ်စိုးလာခဲ့သည်။ သို့သော် ယခုတွင် ၁၉၁၄ ခုနှစ်ကတည်းက ကိုယ်တော်၏ ရန်သူများအား ‘မိမိ၏ခြေတင်ရာခုံ’ ဖြစ်စေလျက် အုပ်စိုးရန် ဘုရင့်အာဏာ အပ်နှင်းခံခဲ့ရသည်။ ဆာလံ ၁၁၀:၁၊ ၂ ပြည့်စုံချက်အနေနှင့် ‘ရန်သူတို့အလယ်၌ အုပ်စိုးတော်မူ’ ရန် ကိုယ်တော်အတွက် အချိန်တန်လေပြီ။—ဟေဗြဲ ၂:၅-၈; ဗျာဒိတ် ၁၇:၁၄; ၁၉:၁၆။
သို့ဆိုလျှင် မိမိ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း မတိုင်မီ ပြောခဲ့သော “ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ” ဟူသည့်စကားကို မည်သို့နားလည်ရမည်နည်း။ (မဿဲ ၁၁:၂၅-၂၇; လုကာ ၁၀:၂၁၊ ၂၂) ယင်းသည် ဆွေးနွေးခဲ့ပြီးသည့်အကြောင်းအရာလောက် ကျယ်ပြန့်သည့်အတိုင်းအတာမဟုတ်ချေ။ မဿဲနှင့်လုကာကျမ်းနှစ်စောင်လုံးတွင် လောကပညာရှိများမမြင်အောင် ဝှက်ထားသော်လည်း ယေရှုသည် ခမည်းတော်ကို “လုံးလုံးလျားလျားသိ” သောကြောင့် မိမိမှတစ်ဆင့် ဖွင့်ဆိုပြခြင်းခံရသော အသိပညာအကြောင်း ပြောဆိုနေခြင်းဖြစ်သည်ကို အထက်အောက်စကားများက ဖော်ပြသည်။ ရေတွင်နှစ်ခြင်းခံပြီး ဘုရားသခင်၏ဝိညာဏသားတော်အဖြစ် မွေးစားခြင်းခံရစဉ်က ယေရှုသည် ကောင်းကင်တွင်ရှိခဲ့သော မိမိ၏လူသားမတိုင်မီအသက်တာနှင့် အသိပညာများကို ပြန်လည်သတိရနိုင်ပေသည်။ သို့သော် ယင်းသည် နောက်ပိုင်းသူ၏ သခင်အဖြစ်အနေနှင့် မတူပါ။—ယောဟန် ၃:၃၄၊ ၃၅။
ခရစ်တော်ယေရှုကို သခင်အဖြစ်ခွဲခြားသိမှတ်ခြင်း
ဟေဗြဲကျမ်းမှ “သခင် [LORD]” ဟူသော ယေဟောဝါဘုရားအား ရှင်းလင်းစွာရည်ညွှန်းထားသည့် ခရစ်ယာန်ဂရိကျမ်း၏ ကိုးကားချက်များကို အချို့သောဘာသာပြန်ဆိုမှုများက ပြဿနာတစ်ရပ်ပေါ်ပေါက်စေသည်။ ဥပမာ၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းတွင်ဖြစ်စေ၊ ယေရုရှလင်ကျမ်းစာသစ်တွင်ဖြစ်စေ လုကာ ၄:၁၉ ကို ဟေရှာယ ၆၁:၂ နှင့် နှိုင်းယှဉ်ပါ။ လူအချို့တို့က ယေရှုသည် ယေဟောဝါထံမှ “သခင်” ဟူသောဘွဲ့နာမကို လွှဲပြောင်းယူပြီး အသွေးအသားနှင့်ယေရှုသည် ယေဟောဝါအမှန်ဖြစ်သည်ဟူသောအချက်ကို ထောက်ခံကြသည်။ သို့သော် ယင်းသည် ကျမ်းစာအထောက်အထားမရှိသော ငြင်းခုံချက်သာဖြစ်သည်။ ကျမ်းစာတွင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်ယေရှုခရစ်တို့ကို အမြဲ ဂရုတစိုက်ခွဲခြားဖော်ပြထားသည်။ ယေရှုသည် ခမည်းတော်၏နာမတော်ကို ကြေညာပြီး ခမည်းတော်အားကိုယ်စားပြုသည်။—ယောဟန် ၅:၃၆၊ ၃၇။
အောက်ပါဥပမာများတွင် ခရစ်ယာန်ဂရိကျမ်းတွင်ပါသော ဟေဗြဲကျမ်းမှကိုးကားချက်များကို သတိပြုပါ။ ဆာလံ ၂:၁၊ ၂ ကိုကိုးကားထားသော တမန်တော် ၄:၂၄-၂၇ တွင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်ဘိသိက်ပေးသူ သို့မဟုတ် မေရှိယတို့ကို နှစ်ပါးစလုံးဖော်ပြထားသည်။ ရောမ ၁၁:၃၃၊ ၃၄ ၏အထက်အောက်စကားများက ဟေရှာယ ၄၀:၁၃၊ ၁၄ ကိုကိုးကားလျက် ဉာဏ်ပညာနှင့် အသိပညာအားလုံးတို့၏ ပင်ရင်းအမြစ်အဖြစ် ဘုရားသခင်ကို ရှင်းလင်းစွာရည်ညွှန်းထားသည်။ ကောရိန္သုအသင်းတော်သို့ ပေါလုစာရေးရာတွင် ထိုကိုးကားချက်ကို ပြန်အသုံးပြုပြီး “အဘယ်သူသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏စိတ်တော်ကို သိနိုင်သနည်း” ဟုဆိုကာ ဤသို့ဆက်ပြောခဲ့သည်– “ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။” အရေးကြီးသည့်ကိစ္စမြောက်မြားစွာတို့တွင် သခင်ယေရှုသည် မိမိ၏တပည့်တော်များအား ယေဟောဝါ၏စိတ်တော်ကို ထင်ရှားပြသခဲ့သည်။—၁ ကောရိန္သု ၂:၁၆။
မိမိ၏တန်ခိုးနှင့်အခွင့်အာဏာတို့ကို ကိုယ်စားလွှဲအပ်မှုကြောင့် တစ်ခါတစ်ရံ ဟေဗြဲကျမ်းမှကျမ်းချက်တစ်ခုသည် ယေဟောဝါအားရည်ညွှန်းသော်လည်း ယေရှုခရစ်တွင် လာ၍ပြည့်စုံသည်။ ဥပမာ၊ ဆာလံ ၃၄:၈ က “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်” ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ထားသည်။ သို့သော် ပေတရုက ဤသို့ပြောခြင်းဖြင့် ယင်းကို သခင်ယေရှုနှင့်သက်ဆိုင်သွားစေသည်– “သခင်ဘုရား၏ကျေးဇူးတော်ကို မြည်းစမ်းကြသည်။” (၁ ပေတရု ၂:၃) ပေတရုက ထိုမူကိုယူပြီး ယေရှုခရစ်၌လည်း ထိုသို့မှန်ကန်ကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ် နှစ်ပါးလုံးတို့နှင့်ဆိုင်သည့် အသိပညာကို ရယူပြီး ယင်းတို့နှင့်အညီ ကျင့်ကြံလျှင် ခရစ်ယာန်တို့သည် ခမည်းတော်နှင့် သားတော် နှစ်ပါးလုံးတို့ထံမှ ကြွယ်ဝသောကောင်းချီးများကို ခံစားကြရမည်။ (ယောဟန် ၁၇:၃) ပေတရု၏ညွှန်းဆိုချက်က စကြဝဠာပိုင်သအုပ်စိုးသည့်သခင်ယေဟောဝါအား သခင်ယေရှုခရစ်နှင့် ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်မသွားစေပါ။—၁ ပေတရု ၂:၃ (ကဘ) ၏အောက်ခြေမှတ်ချက်ရှု။
ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်ယေရှုတို့၏ ဆက်စပ်မှုရှိသောအနေအထားတို့ကို ပေါလု၏ဤစကားများက အလွန်ရှင်းလင်းစေသည်– “အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသောအရာဖြစ်၍ အကြင်ဘုရားသခင်အဖို့အလို့ငှာ ငါတို့သည်ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏၊ ထိုသခင်ယေရှုခရစ်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။” (၁ ကောရိန္သု ၈:၆; ၁၂:၅၊ ၆) ဧဖက်မြို့ရှိ ခရစ်ယာန်အသင်းတော်သို့ စာရေးရာတွင် ပေါလုက ယေရှုခရစ်ဖြစ်သည့် “သခင်တစ်ပါး” သည် “ခပ်သိမ်းသောငါတို့၏အဘဖြစ်သော ဘုရားသခင်” နှင့် လွန်စွာခြားနားကြောင်းကို ခွဲခြားသိမှတ်စေသည်။—ဧဖက် ၄:၅၊ ၆။
ယေဟောဝါသည် အရာခပ်သိမ်းတို့အထက် အထွတ်အမြတ်ဖြစ်
၁၉၁၄ ခုနှစ်ကတည်းက ဗျာဒိတ် ၁၁:၁၅ (သမ္မာ) ပါစကားများသည် မှန်ကန်ကြောင်းသက်သေထင်ရှားလာခဲ့သည်– “လောကနိုင်ငံသည် ငါတို့အရှင် [ယေဟောဝါဘုရားသခင်] ၏နိုင်ငံ၊ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူမည်။” ဓမ္မသစ်ကျမ်း၏အပြည်ပြည်ဆိုင်ရာအဘိဓာန် (အတွဲ ၂၊ စာမျက်နှာ ၅၁၄) က ဤသို့ဆိုသည်– “ခရစ်တော်သည် တန်ခိုးအာဏာအားလုံးကို အောင်နိုင်သောအခါ (၁ ကော. ၁၅:၂၅) သူသည် ခမည်းတော်ဘုရားသခင်ကို လက်အောက်ခံမည်။ သို့နှင့် ယေရှု၏သခင်ရာထူးသည် ယင်း၏ရည်ရွယ်ချက်အထမြောက်ပြီး ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည် (၁ ကော. ၁၅:၂၈)။” မိမိ၏ အနှစ်တစ်ထောင်အုပ်ချုပ်မှု ပြီးဆုံးသောအခါ ခရစ်တော်ယေရှုသည် ယခင်က မိမိအားလွှဲအပ်ထားခြင်းခံရသော တန်ခိုးနှင့်အခွင့်အာဏာများကို မိမိ၏ခမည်းတော်ဖြစ်သော အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ပြန်လွှဲအပ်မည်ဖြစ်သည်။ သို့ဖြင့် အားလုံးသော ချီးမွမ်းခြင်းနှင့်ဝတ်ပြုခြင်းတို့သည် “ငါတို့သခင်ယေရှု၏ဘုရားသခင်” ယေဟောဝါအား မှန်ကန်စွာပေးဆက်မည့်အရာဖြစ်သွားမည်။—ဧဖက် ၁:၁၇။
ယခု ယေရှုသည် သခင်တို့၏သခင်ဖြစ်သော်လည်း ဘုရားတို့၏ဘုရားဟု ဘယ်တော့မျှ အခေါ်မခံရချေ။ အရာခပ်သိမ်းတို့အထွတ်အထိပ် ယေဟောဝါရှိတော်မူသေးသည်။ ဤနည်းအားဖြင့် ယေဟောဝါသည် “လူတိုင်းအတွက် အရာခပ်သိမ်း” ဖြစ်တော်မူမည်။ (၁ ကောရိန္သု ၁၅:၂၈၊ ကဘ) ယေရှု၏သခင်ရာထူးက ကိုယ်တော်အား ခရစ်ယာန်အသင်းတော်၏ ဦးခေါင်းအဖြစ် တော်မှန်သည့်နေရာကိုပေးသည်။ ဤလောကတွင် မြင့်မားသောရာထူးအဆင့်အတန်းရှိ တန်ခိုးအာဏာကြီးသော “သခင်များ” ကို ကျွန်ုပ်တို့တွေ့နိုင်သော်လည်း ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို သခင်တကာတို့၏သခင်ထံ၌သာ ပုံအပ်ထားသည်။ သို့သော် မြင့်မားပြီး ချီးမြှင့်ခံထားရသည့်အနေအထားတွင် ယေရှုခရစ်သည် မိမိ၏ခမည်းတော် “အရာခပ်သိမ်းကို အုပ်စိုးမည့်ထိုဘုရားသခင်” ၏လက်အောက်ခံဖြစ်လျက်သာတည်း။ (၁ ကောရိန္သု ၁၅:၂၈၊ ဘာသာပြန်သူ၏ဓမ္မသစ်ကျမ်း) တပည့်တော်တို့သည် ယေရှုကို မိမိတို့၏သခင်အဖြစ် အသိအမှတ်ပြုသည့်တိုင် သူတို့အတွက် လိုက်လျှောက်ရန် မည်မျှကောင်းသည့်နှိမ့်ချမှုပုံသက်သေကို ကိုယ်တော်တင်ပြတော်မူခဲ့ပါသည်တကား!
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
“ဓမ္မသစ်ကျမ်းရေးသူများသည် ဘုရားသခင်အကြောင်းပြောဆိုသောအခါ ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ကို ရည်ညွှန်းသည်။ ယေရှုခရစ်အကြောင်းပြောဆိုသောအခါ ကိုယ်တော်အား ဘုရားအဖြစ် ပြောဆိုခြင်း သို့မဟုတ် ထင်မှတ်ခြင်း မရှိပါ။ သူသည် ဘုရားသခင်၏ခရစ်တော်၊ ဘုရားသခင်၏သားတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော်၊ ဘုရားသခင်၏နှုတ်ကပါဌ်တော် ဖြစ်သည်။ နိုင်စီယာအယူဝါဒနှင့် အနီးစပ်ဆုံးဖြစ်သော စိန့်ဂျောန်ထံရေးသည့်စာ၏ စကားချီးကိုပင် ခရစ်ဝင်ကျမ်းတစ်လျှောက်လုံးတွင်ပါသည့် ရှင်းလင်းပြတ်သားသော အဆင့်နိမ့်ခြင်းသွန်သင်ချက်နှင့်အညီ ဖတ်ရှုရမည်; ဂရိဘာသာစကားတွင် အညွှန်းပုဒ်မဲ့နာမ်နှင့်ဆိုင်သော [သီအော့စ်] ဖြင့်ဖြစ်သည့် ထိုစကားချီးသည် အင်္ဂလိပ်ဘာသာစကားဖြင့်ဖော်ပြခြင်းလောက် ရှင်းလင်းပေါ်လွင်မှုမရှိချေ။” —ဂျော်န်မာတင်ခရိဒ်ရေးသော “ယေရှုခရစ်၏ဘုရားအဖြစ်”