ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၆/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာက လောင်းကစားခြင်းကိုရှုတ်ချထားသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • လောင်းကစားခြင်း
    နိုးလော့!—၂၀၁၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၆/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ခရစ်ယာန်များသည် ငွေနှင့်အလောင်းအစားမလုပ်သည့်အတွက် ဆုငွေရရေး လက်မှတ်များလက်ခံခြင်း၊ သို့မဟုတ် မဲနှိုက်ပွဲများတွင် ပါဝင်ခြင်းတို့ကို ပြုနိုင်မည်လော။

ဤမေးခွန်သည် မကြာခဏပေါ်ပေါက်လာခဲ့ပါပြီ။ ယင်းကြောင့် ကျွန်ုပ်တို့၏စာပေများတွင် ဆွေးနွေးနှင့်ပြီးသားဖြစ်သည်။ အချို့ဘာသာစကားဖြင့် ကျွန်ုပ်တို့စာပေများအတွက် Watch Tower Publications Index 1930-1985 (နှင့် 1986-1990 အတွက်ထပ်တူမာတိကာ) အစရှိသည့် မာတိကာများ ထုတ်ဝေပေးထားခဲ့ပြီ။ မိမိ၏ဘာသာစကားဖြင့် ဤမာတိကာများရှိမည်ဆိုလျှင် ကျေနပ်ဖွယ်အဖြေများကို အလျင်အမြန်ရှာယူနိုင်ရန် အလွန်အသုံးဝင်ပါလိမ့်မည်။

အထက်ပါမေးခွန်းသည် ဥပမာကောင်းတစ်ခုမျှဖြစ်သည်။ 1930-1985 Index တွင်ကြည့်လျှင် “စာရှုသူများထံမှမေးခွန်းလွှာ” ခေါင်းစဉ်အောက်၌ ခေါင်းစဉ်ငယ်ဖြစ်သည့် “‘မဲနှိုက်ပွဲများ’ ယင်းအတွက် ခရစ်ယာန်တစ်ဦး လက်မှတ်လက်ခံနိုင်သလော” ကိုတွေ့ရှိလိမ့်မည်။ စာရှုသူအား The Watchtower of February 15, 1973, page 127 ပါ “စာရှုသူများထံမှမေးခွန်းလွှာ” အပိုင်းသို့ညွှန်းထားပါသည်။aသက်သေခံများ၌ ၁၉၇၃ ခုနှစ်အတွက် ကင်းမျှော်စင်နှစ်ချုပ်အတွဲ (သို့မဟုတ် တစ်စောင်ချင်းစီ) ရှိ၏၊ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ခန်းမများစွာတို့၏ စာကြည့်တိုက်တွင် ရှာဖွေကြည့်နိုင်သည်။

၁၉၇၃ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် ဆွေးနွေးဖော်ပြချက်က ခရစ်ယာန်များသည် ကံစမ်းမဲနှိုက်ပွဲများကို၊ သို့မဟုတ် ကံကောင်းလျှင် ဆုငွေတစ်ခုရခြင်းငှာ ငွေထည့်ခြင်းတို့ကို တော်သင့်စွာရှောင်ကြဉ်မည်ဟု ညွှန်ပြထားသည်။ ရိုးရိုးပြောရမည်ဆိုလျှင် လောဘအသွင် အမှန်ရှိသည့် လောင်းကစားခြင်းကို ကျွန်ုပ်တို့ရှောင်ကြမည်ဖြစ်သည်။—၁ ကောရိန္သု ၅:၁၁။ ၆:၁၀။ ဧဖက် ၄:၁၉။ ၅:၃၊ ၅။

သို့သော် ကြော်ငြာအနေနှင့် ဈေးဆိုင်၊ သို့မဟုတ် လုပ်ငန်းတစ်ခုသည် မဲနှိုက်ပွဲများကို အသုံးပြုကောင်းအသုံးပြုမည်။ ထိုအခါ ပြုလုပ်စရာလိုသည်ကား ပစ္စည်းဝယ်စရာမလိုဘဲ အမည်သွင်းခြင်း၊ သို့မဟုတ် စာရွက်စာတမ်း၊ သို့မဟုတ် လက်မှတ်တစ်ခုကို ရေးဖြည့်ခြင်းသာဖြစ်မည်။ ဤမဲနှိုက်ပွဲသည် ကြော်ငြာသည့်အစီအစဉ်၏တစ်စိတ်တစ်ဒေသဖြစ်၍ မည်သူအား ဆု၊ သို့မဟုတ် ဆုများ ပေးရန်ဆုံးဖြတ်သည့် မျက်နှာမလိုက်သောနည်းသာဖြစ်သည်။ လုပ်ငန်းတစ်ခု၊ သို့မဟုတ် ဈေးဆိုင်တစ်ခုသည် ယင်း၏ကြော်ငြာအစီအစဉ်တွင် အခမဲ့ပေးသောနမူနာများ၊ သို့မဟုတ် အခြားလက်ဆောင်များကို လက်ခံနိုင်ကြသည်နည်းတူ အလောင်းအစားမပါသော မဲနှိုက်ပွဲတွင် လက်မှတ်လက်ခံယူနိုင်ပါသည်ဟု ခရစ်ယာန်အချို့ယူမှတ်ပေမည်။

သို့ရာတွင် အခြားခရစ်ယာန်များမူ ထိမိ၍လဲစရာမဖြစ်စေလိုသည့်အတွက်၊ သို့မဟုတ် အထင်မှားစရာဖြစ်သွားမည်ကိုစိုးရိမ်၍သော်လည်းကောင်း၊ ကံကြမ္မာခေါ်ကြသည့်အရာကို အားထားမိရန် သွေးဆောင်မှုရှိရှိသမျှနှင့် ဝေးဝေးလံလံနေလို၍သော်လည်းကောင်း ဤကဲ့သို့သောအရာမျိုးဟူသ၍ကို ရှောင်ကြဉ်လိုကြမည်။ ဟေရှာယ ၆၅:၁၁ (ကဘ) တင်ပြထားသည့်အတိုင်း ဘုရားသခင်၏ကျေးကျွန်များသည် “ကံဘုရား” သို့မဟုတ် “ကံကြမ္မာဘုရား” နှင့်အဆက်အစပ်မပြုလိုကြပါ။ ဆုရသူများပါဝင်ရန်လိုသည့် ကြော်ငြာတစ်မျိုးမျိုးတွင် မပါဝင်လိုဟူ၍လည်း သူတို့ဆုံးဖြတ်ကြမည်။ ဤသို့ဆုံးဖြတ်သူများသည် ယင်းကဲ့သို့သောမဲနှိုက်ပွဲများတွင် ပါဝင်ရန်မမှားဟု ဆုံးဖြတ်သောခရစ်ယာန်တစ်ဦး၊ သို့မဟုတ် ခရစ်ယာန်များကို အပြစ်တင်ဝေဖန်မသင့်သည်ကား အမှန်ပင်ဖြစ်သည်။—ရောမ ၁၄:၁-၄ နှိုင်းယှဉ်။

a ဤအကြောင်းကို “ကြော်ငြာခြင်း၊” “စီးပွားရေးလုပ်ငန်း၊” နှင့် “လောင်းကစားခြင်း” ခေါင်းစဉ်များအောက် မာတိကာဖော်ပြထားရာ စွယ်စုံဖြစ်သော Index သည် အကြောင်းတစ်ခုကို ရှာဖွေကြည့်ရန် အကူအညီဖြစ်စေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ