ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁၅ စာ. ၃၀
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မောရှေထက်သာ၍ကြီးမြတ်သောအရှင်ကို တန်ဖိုးထားလေးမြတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁၅ စာ. ၃၀

စာရှုသူများထံမှ မေးခွန်းလွှာ

ဟေဗြဲ ၁၁:၂၆ တွင်မောရှေအား “ခရစ်တော်” ဟုခေါ်ဆိုထားသလော။ သို့မဟုတ် သူသည် ယေရှုခရစ်ကိုပုံဆောင်သလော။

မောရှေ၏ယုံကြည်ခြင်းကိုဆွေးနွေးရာတွင် တမန်တော်ပေါလုက မောရှေသည် “အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့်ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့် . . . နောက်ရလတ္တံ့သောအကျိုးကိုထောက်စာမျှော်လင့်လျက်နေ၏” ဟုဆိုသည်။ (ဟေဗြဲ ၁၁:၂၆) ဤတွင် မောရှေအား တစ်နည်းအားဖြင့် “ခရစ်တော်” သို့မဟုတ်ဘိသိက်ခံရသူဟူ၍ ပေါလုဆိုလိုနေဟန်ရှိသည်။

မောရှေသည် လာလတ္တံ့သောမေရှိယ၏ပုံစံကို နည်းအမျိုးမျိုးဖြင့်ဖော်ပြသည်မှန်၏။ မောရှေကိုယ်တိုင် ပရောဖက်တစ်ပါးဖြစ်သည်မှန်သော်လည်း ‘သူနှင့်တူသော’ သာ၍ကြီးမြတ်သောပရောဖက် ကြွလာလိမ့်မည်အကြောင်း သူကြိုတင်ဟောခဲ့သည်။ ဂျူးများစွာတို့ကလည်း ယေရှုသည် “ဤမည်သောပရောဖက်” ဖြစ်သည်ဟု သဘောပေါက်ကြပြီး ကိုယ်တော်၏တပည့်နောက်လိုက်များကလည်း ယင်းကိုထောက်ခံပြောဆိုသည်။ (တရားဟောရာ ၁၈:၁၅-၁၉။ ယောဟန် ၁:၂၁။ ၅:၄၆။ ၆:၁၄။ ၇:၄၀။ တမန်တော် ၃:၂၂၊ ၂၃။ ၇:၃၇) မောရှေသည် ပညတ်ပဋိညာဉ်၏ ဖျန်ဖြေစေ့စပ်သူလည်းဖြစ်သည်။ သို့သော် ယေရှုမူကား ဘုန်းတန်ခိုးကြီးမားသောပဋိညာဉ်သစ်တည်းဟူသော “သာ၍မြတ်သောပဋိညာဉ်တရား၏အာမခံ” အနေနှင့် “သာ၍မြတ်သောဝတ်ပြုခြင်းအခွင့်အရာကိုရတော်မူ၏။” (ဟေဗြဲ ၈:၆။ ၉:၁၅။ ၁၂:၂၄။ ဂလာတိ ၃:၁၉။ ၁ တိမောသေ ၂:၅) ထိုကြောင့်တစ်နည်းအားဖြင့်ဆိုလျှင် မောရှေသည် လာလတ္တံ့သောမေရှိယ၏ပုံဆောင်ချက်ဖြစ်ပေသည်။

သို့ရာတွင် ဟေဗြဲ ၁၁:၂၆ ၏အဓိကအဓိပ္ပာယ်ကား ထိုသို့ဖြစ်ပုံမရှိပါ။ မေရှိယနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို မောရှေသိရှိထားပုံရှိသည်ဟု မတင်ပြထားပါ။ အီဂျစ်ပြည်တွင် မိမိခံခဲ့ရလေသမျှအဖြစ်အပျက်တို့သည် မေရှိယအဖို့အလိုငှာ သို့မဟုတ် ကိုယ်တော်၏ကိုယ်စားလှယ်အဖြစ် ခံခဲ့ရခြင်းဟူ၍ သူသဘောပေါက်ထားပုံမရှိပါ။

ဟေဗြဲ ၁၁:၂၆ ပါပေါလု၏စကားများသည် ခရစ်ယာန်များ “ခရစ်တော်ကြောင့်ခံရသောဆင်းရဲခြင်း” နှင့်ဆင်တူယိုးမှားဖြစ်သည်ဟု အချို့သူများ အကြံပြုကြသည်။ (၂ ကောရိန္သု ၁:၅) ယေရှုခရစ်သည် ဆင်းရဲဒုက္ခခံခဲ့ရကြောင်း ဘိသိက်ခံခရစ်ယာန်များသိရှိကြသည်။ မိမိတို့သည်လည်း ကောင်းကင်၌ဘုန်းဝင်စားရရန် ‘ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကိုခံ’ ရမည်ဖြစ်ကြောင်း သိရှိထားကြသည်။ သို့သော် မေရှိယသည် အဘယ်ဒုက္ခကိုခံရမည်အကြောင်း မောရှေမသိပါ။ မောရှေသည်လည်း ကောင်းကင်မျှော်လင့်ချက်မရှိပါ။—ရောမ ၈:၁၇။ ကောလေသဲ ၁:၂၄။

“ခရစ်တော်ကြောင့်ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်” ဟုမောရှေမည်သို့ထင်မှတ်ကြောင်း ထိုထက်လွယ်ကူစွာနားလည်နိုင်သည့် ရှင်းလင်းချက်ရှိသည်။

ဟေဗြဲ ၁၁:၂၆ တွင်ပေါလုသည် “ခရစ်တော်” ဟူသောစကားလုံးကိုရေးစဉ် ဟေဗြဲစကားလုံးမာရှီအာ့ခ် ၊ သို့မဟုတ် မေရှိယနှင့်တူသည့် ဂရိစကားလုံး ခရီစတိုကိုအသုံးပြုခဲ့ပါသည်။ “မေရှိယ” နှင့် “ခရစ်တော်” ဟူသောစကားလုံးများ၏အဓိပ္ပာယ်ကား “ဘိသိက်ခံရသူ” ဖြစ်သည်။ ထိုကြောင့်မောရှေသည် ‘ဘိသိက်ခံရသူ၏ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်’ ဟုယူမှတ်ကြောင်းကို ပေါလုရေးသားနေခြင်းဖြစ်သည်။ မောရှေအား “ဘိသိက်ခံရသူ” ဟူ၍ခေါ်နိုင်ပါမည်လော။

ခေါ်နိုင်ပါသည်။ ကျမ်းစာခေတ်ကဆိုလျှင် သူတစ်ဦးတစ်ယောက်၏ခေါင်းပေါ် ဆီလောင်းပေးခြင်းဖြင့် ရာထူးရာခံအရာသို့ ခန့်အပ်လေ့ရှိပါသည်။ ရှမွေလသည် “ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်းလေ၏။” “ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုအစုထဲမှာ သူ့ [ဒါဝိဒ်] ကိုဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာသက်ရောက်လေ၏။” (၁ ဓမ္မရာဇဝင် ၁၀:၁။ ၁၆:၁၃။ ထွက်မြောက်ရာ ၃၀:၂၅၊ ၃၀ နှိုင်းယှဉ်။ ဝတ်ပြုရာ ၈:၁၂။ ၂ ဓမ္မရာဇဝင် ၂၂:၅၁။ ဆာလံ ၁၃၃:၂) သို့ဆိုလျက်ပင် ပရောဖက်ဧလိရှဲနှင့် ရှုရိဘုရင်ဟာဇေလတို့အပေါ် ဆီလောင်းပေးခဲ့ကြောင်းမပါဘဲလျက်ကယ် သူတို့အား “ဘိသိက်ခံ” ဟူ၍ခေါ်ထားပေသည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၅၊ ၁၆။ ဆာလံ ၁၀၅:၁၄၊ ၁၅။ ဟေရှာယ ၄၅:၁) ထိုကြောင့် အထူးရွေးချယ်ခံရမည်၊ သို့မဟုတ် အထူးတာဝန်ရထားမည်ဆိုလျှင် ထိုသူသည် “ဘိသိက်ခံရသူ” ဖြစ်နိုင်ပါသည်။

ဤသဘောမျိုးဖြင့် မောရှေကိုယ်တိုင်လည်း ဘုရားသခင်၏ဘိသိက်ခံဖြစ်သည်။ အချို့ကျမ်းစာများက ဟေဗြဲ ၁၁:၂၆ တွင် “ဘုရားသခင့်ဘိသိက်ခံ” သို့မဟုတ် “ဘိသိက်ခံရသူ” ဟူ၍ပင်ပြန်ဆိုထားပါသည်။ မောရှေသည် ယေဟောဝါ၏ကိုယ်စားလှယ်အနေနှင့် အီဂျစ်ပြည်မှ ဣသရေလူလမျိုးကိုဦးဆောင်ခေါ်ထုတ်ပေးရန်တာဝန် ခန့်အပ်ခံခဲ့ရသည်။ (ထွက်မြောက်ရာ ၃:၂-၁၂၊ ၁၅-၁၇) အီဂျစ်နိုင်ငံ၏ဘုန်းစည်းစိမ်ကို မောရှေခံစားခဲ့ရသော်လည်း သူလက်ခံ၍ ကျေပွန်စွာထမ်းဆောင်ခဲ့သည့်တာဝန်ကို ပိုတန်ဖိုးထားခဲ့သည်။ ထိုကြောင့်ပေါလုက မောရှေသည် “အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့်ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်ကို စိတ်ထင်” ခဲ့သည်ဟုရေးနိုင်ခဲ့ခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ