ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိ အဖွဲ့အစည်း
၁၉၉၀ အောက်တိုဘာ ၆ တွင် ယူအက်စ်အေနိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ ဂျာစီစီးတီးရှိ ယေဟောဝါသက်သေများ၏စည်းဝေးပွဲခန်းမဆောင်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ နှစ်ပတ်လည်စည်းဝေးအတွက် စုဝေးခဲ့ကြသော ၅,၀၀၀ နီးပါးရှိလူအုပ်သည် မထင်မမှတ်သည့်အရာတစ်ခုကြောင့် ဝမ်းသာအားရဖြစ်ရကြတော့မည်။ သဘာပတိဖြစ်သူ ဂျောန် အီး၊ ဘားရ်က ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း အမည်ရှိ ၅၅ မိနစ်ကြာ ဗွီဒီယိုတိတ်ခွေကိုထုတ်ဝေကြောင်း ကြေညာခဲ့သည်။ ဤမည်ကား အသင်းမထုတ်ဝေသည့် ပထမဦးဆုံး ဗွီဒီယိုတိတ်ခွေဖြစ်သည်။ ယေဟောဝါခွင့်ပြုမည်ဆိုလျှင် နောက်ဆုံးတိတ်ခွေဖြစ်မည်မဟုတ်ပါ။
နာမတော်မြတ်ကို သက်သေခံရန်နှင့် “ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း” ဟောပြောကြေညာရန် ယေဟောဝါလူမျိုးအား မည်သို့ဖွဲ့စည်းထားကြောင်း ဤဗွီဒီယိုကဖော်ပြပါသည်။ (မဿဲ ၂၄:၁၄) နယူးယောက်ပြည်နယ်၊ ဘရုတ်ကလင်မြို့ရှိဌာနချုပ်နှင့် ကင်းမျှော်စင်ခြံများရှိ အဆောက်အဦများကို အထူးဖော်ပြပေးသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ၅၀၀,၀၀၀ ကျော် ထုတ်ဝေထားပြီဖြစ်၍ အခြားဘာသာစကား ၂၆ ဘာသာဖြင့်ယခုရယူနိုင်ပါပြီ။a
တုံ့ပြန်မှုက မည်သို့ရှိသနည်း
ဤဗွီဒီယိုကို ယေဟောဝါသက်သေမဟုတ်သူများ မည်သို့တုံ့ပြန်ခဲ့ပြီနည်း။ စီးပွားရေးသမားတစ်ဦး ဤသို့ရေးသားခဲ့သည်–
“တိတ်ခွေသည် အထူးအရည်အသွေးကောင်းသည်ကိုတွေ့ရှိခဲ့ပါသည်။ ရုပ်ပုံများအလွန်ပီပြင်တောက်ပသည်ကို အထူးချီးကျူးပါသည်။ တိတ်ခွေဟူ၍ပင်မမှတ်ဘဲ ရုပ်ရှင်ဟူ၍ထင်မှတ်ခဲ့ရပါသည်။ သင်တို့၏နယူးယောက်ဌာနချုပ်၏လုပ်ငန်းကို ရှင်းပြပေးရန် ဤဗွီဒီယိုခွေသည် အထူးအသုံးဝင်ပါလိမ့်မည်။ ဤမျှထူးကဲသောတိတ်ခွေကို ချီးမွမ်းသြဘာပေးပါသည်။”—ဂျေ၊ ဂျေ။
ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာနေသူတို့လည်း ဤဗွီဒီယိုကိုကြည့်ခြင်းဖြင့် အကျိုးခံစားရကြပါသည်။ အောက်ပါတို့က ရှင်းပြပါလိမ့်မည်။
“တိုး၍ဆိုးရွားလာနေသော ကမ္ဘာ့အခြေအနေအတွက် စိုးရိမ်နေသူအသက် ၂၀ အရွယ်ရှိတက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျွန်ုပ်ကျမ်းစာလေ့လာပါသည်။ သို့သော်ထိုတိတ်ခွေကိုကြည့်ပြီး ဘဝပန်းတိုင်ရှိ ဗေသလမှညီအစ်ကိုငယ်ကောင်းများကိုတွေ့ခဲ့ပြီးနောက် သူ့စိတ်သဘောလုံးဝပြောင်းလဲခဲ့ပါသည်။ ကျွန်ုပ်တို့၏အထူးအစည်းအဝေးပွဲနေ့ကိုသူတက်ခဲ့ပြီးနောက် တစ်ပတ်လျှင်နှစ်ကြိမ် ကျမ်းစာသင်ပေးရန်တောင်းဆိုခဲ့ပါသည်။ အခြားကျမ်းစာလေ့လာသူတစ်ဦး၊ အထက်တန်းပြကျောင်းဆရာမဖြစ်သူသည် ဆွေမျိုးတို့အားပြသရန် ဗွီဒီယိုကိုငှားခဲ့သည်။ ယေဟောဝါသက်သေများသည် အင်အားမရှိ၊ လူကြိုက်နည်းသည့်အဖွဲ့အစည်းငယ်တစ်ခုသာဖြစ်သည်ဟု သူတို့ယူမှတ်ကြသည်။ ကျွန်ုပ်တို့၏ကမ္ဘာချီလုပ်ငန်းနှင့် ယေဟောဝါ၏ကျေးဇူးတော်ကြောင့်ရရှိသည့် အောင်မြင်မှုကိုတွေ့ကြပြီးအလွန်အံ့သြကြသည်။”—ဂျေ၊ ဘီ။
“ကျွန်မနှင့်ကျမ်းစာသင်နေသောအမျိုးသမီးတစ်ဦးသည် ဤဗွီဒီယိုကိုကြည့်ပြီးနောက် ဝမ်းသာအားရစွာနှင့်မျက်ရည်ကျသည်ကိုတွေ့ရသည့်အခါ ကျွန်မခံစားလိုက်ရတဲ့ရွှင်လန်းမှုကို ထုတ်မပြောတတ်ပါဘူး။ သူမက ‘ဒီအဖွဲ့အစည်းဟာ စစ်မှန်တဲ့ဘုရားသခင်ယေဟောဝါရဲ့အဖွဲ့ ဖြစ်ပါတယ်ဆိုတာကို ဘာကြောင့်မမြင်နိုင်ကြတာလဲ။ ဒီလိုလူတွေရှိမှန်းကို ကျွန်မ,မသိခဲ့ဘူး။” ထိုနောက် ‘ကျွန်မနှစ်ခြင်းယူချင်တယ်’ ဟုပြောခဲ့ပါသည်။—စီ၊ ဒီ။
“ကျမ်းစာသင်သားများအား ဗွီဒီယိုပြခြင်းအားဖြင့် အောင်မြင်မှုများစွာရရှိနေပါသည်။ မနေ့ညက ကျွန်တော့်အမျိုးသမီးနဲ့ကျမ်းစာသင်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ယောက်ျား အိမ်ရောက်လာတယ်။ အရမ်းအတိုက်အခံပြုခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ ဗွီဒီယိုကိုသူကြည့်ပြီးနောက် မေးခွန်းများမေးတယ်။ နောက်ကျမ်းစာတစ်အုပ်၊ ကျမ်းစာလေ့လာရန်အကူအညီစာအုပ်ဖြစ်တဲ့ သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို ယူသွားတယ်။ သူ့အမျိုးသမီးရဲ့ကျမ်းစာ,စာပေများကို မီးရှို့ခဲ့ဖူးတဲ့လူတစ်ယောက်ပါ။”—ဒီ၊ အိပ်ချ်။
လူငယ်များလည်း ဗွီဒီယိုကိုအတော်စိတ်ဝင်စားကြောင်း အောက်ပါစကားများကတင်ပြပါသည်။
“ကျွန်မခြောက်နှစ်ခွဲရှိပြီ။ ကျမ်းစာများကိုပြတဲ့အပိုင်းနဲ့ စာအုပ်သေတ္တာများ မြန်မြန်ကြီးရွေ့သွားတဲ့အပိုင်းကို ကြည့်လို့ကောင်းတယ်။”—ကေ၊ ဒဘလျူ။
“တီဗွီမှာတွေ့ခဲ့တဲ့အစီအစဉ်အားလုံးတို့ထက်ကောင်းတယ်လို့ ကျွန်ုပ်တို့သားသမီးများကပြောတယ်။”—အာရ်၊ စီ။
“ဗွီဒီယိုကို ဒုတိယအကြိမ်ပြန်ကြည့်ပြီးနောက် အစအဆုံး ဂရုစိုက်ကြည့်ခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ငါးနှစ်သားလေးက ‘ဒါကိုနေ့တိုင်းကြည့်နိုင်မလား’ တဲ့။ ကျွန်ုပ်တို့ရဲ့သုံးနှစ်သမီးလေးကလည်း ‘ကျွန်မဗေသလအိမ်သွားနေချင်တယ်။ စာအုပ်တွေထုတ်ချင်တယ်’ ဟုပဲ့တင်သံထပ်ခဲ့သည်။”—အမ်၊ အီး။
“ကျွန်မရဲ့ ၁၂ နှစ်နှင့် ၉ နှစ်အရွယ်ရှိကလေးများ၊ ရောဘင်နှင့်ရှဲနင်တို့ ဒီတိတ်ခွေကိုအထပ်ထပ်ပြန်ကြည့်ကြတယ်။ သမီးအထွေးလေးကြည့်ပြီးတဲ့နောက် ‘လယ်ကွင်းလုပ်ငန်းထွက်ရတာ ကျွန်မသိပ်ပျော်တာဘဲ။ ပျော်စရာအရမ်းကောင်းတယ်’ ဟုပြောလိုက်သည်။ ဒီဗွီဒီယိုဟာ ကျွန်မတို့ရဲ့မိသားစုအတွက် တကယ်အကျိုးပေးတယ်။ စိုးရိမ်စိတ်မရှိဘဲ တယ်လီဗေးရှင်းဖွင့်လိုက်တာနဲ့ စိတ်ချလက်ချကြည့်နိုင်တာ သိပ်စိတ်ချမ်းသာတယ်။”—အင်၊ ဘီ။
“ကျွန်မ ၁၃ နှစ်ခွဲရှိပြီ။ ယေဟောဝါရဲ့ပြင်ဆင်ချက်များကို တန်ဖိုးထားသင့်သလောက်မထားခဲ့ဘူးဆိုတာ ဗွီဒီယိုခွေအသစ်က ကျွန်မကိုအသိအမှတ်ပြုစေတယ်။ ဘုရားသခင့်လူမျိုးအဝင်ဖြစ်ရတာ တကယ်ဘဲအခွင့်ထူးပါတယ်။’”—ကေ၊ ဒဘလျူ။
ကျွန်မ ၁၆ နှစ်ရှိပြီ။ ဒါဟာကမ္ဘာချီလုပ်ငန်းဘဲလို့ ဒီဗွီဒီယိုက ကျွန်မကိုခွန်အားထပ်ဖြည့်ပေးတယ်။”—အေ၊ အမ်။
“သီအိုကရက်တစ်ပျော်ရွှင်မှုကိုကြည့်ပြီးနောက် အမြဲကြည့်ခဲ့တဲ့တီဗွီအစီအစဉ်တွေဟာ အရသာမရှိတော့ဘူးလို့ ကျွန်မတို့ရဲ့သားသမီးများပြောခဲ့ပါတယ်။ အချိန်ပြည့်လုပ်ငန်းတော်မှာပါဝင်ချင်စိတ်ကိုလည်း သူတို့မှာများလာပြီ။”—အဲလ်၊ အမ်။
ရှေးမီနောက်မီယေဟောဝါသက်သေများပင်လျှင် ယင်းကိုတွေ့ရှိ၍ စိတ်လှုပ်ရှားခဲ့သည်။
“ဒီဗွီဒီယိုဟာ ယေဟောဝါလူမျိုးအတွက် ဒီလောက်ထိမိတယ်ဆိုရင် တခြားလူတွေအတွက် ပိုထိမိလိမ့်မယ်။ ဒီစနစ်ကြီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်လိုက်တိုင်း တစ်နာရီလောက်အချိန်ယူပြီး ကိုယ့်ဧည့်ခန်းထဲမှာ ဗေသလအိမ်ကို အလည်အပတ်သွားလိုက်တယ်။”—ကေ၊ ဘီ။
“လုပ်ငန်းတိုင်းကို ဘယ်လောက်တိတိကျကျ ဂရုစိုက်လုပ်ခဲ့တယ်ဆိုတာကို ကျွန်မတွေ့ပြီးနောက် အခန်းထဲဝင်ပြီး ကျမ်းစာ,စာပေတိုင်းကို သွားပွေ့ပိုက်ချင်စိတ်ပေါ်လာတယ်။”—အဲလ်၊ ပီ၊ စီ။
ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗွီဒီယိုကို အချိန်ယူကြည့်ရှုရန် သင့်ကိုလည်းအားပေးပါသည်။ ယင်းသည် လူ့ဘဝကိုရှုမြင်ပုံခြားနားစေပြီး လုံခြုံသောအနာဂတ်ရှိလိမ့်မည်ဟု စိတ်ချနိုင်ရန် သင့်အားအထောက်အကူပြုပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a American sign language, Arabic, Basque, Cantonese, Catalan, Croatian, Czech (Bohemian), Danish, Dutch, Finnish, French, German, Greek, Hungarian, ltalian, Japanese, Korean, Mandarin, Norwegian, Polish, Portuguese (Brazil), Portuguese (Europe), Romanian, Slovak, Spanish, Swedish.