ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၄/၁ စာ. ၃၂
  • ‘ဒီစာအုပ်ပျောက်ပျောက်နေတယ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဒီစာအုပ်ပျောက်ပျောက်နေတယ်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၄/၁ စာ. ၃၂

‘ဒီစာအုပ်ပျောက်ပျောက်နေတယ်’

ဤကား Questions Young People Ask—Answers That Work စာအုပ်နှင့်ပတ်သက်၍ ကယ်လီဖိုးနီးယားတောင်ပိုင်းမှ အထက်တန်းကျောင်းဆရာမတစ်ဦး၏ပြောကြားချက်ဖြစ်သည်။ ထိုကျောင်းတွင် နေ့စဉ်စာဖတ်ချိန်တစ်ချိန်သတ်မှတ်ပေးထားသည်။ ထိုအချိန်အတွင်းကျောင်းသားများသည် မိမိတို့ကြိုက်နှစ်သက်ရာ မည်သည့်စာအုပ်ကိုမဆိုဖတ်ရှုနိုင်သည်။ သူမသည် ဖတ်စရာယူမလာကြသည့် ကျောင်းသူကျောင်းသားများအတွက် စာအုပ်များထုတ်ပေးသည်။ ထိုစာအုပ်များတွင် Young People Ask စာအုပ်လည်းပါသည်။

“ဒီစာအုပ်ဟာအတန်းထဲမှာ လူကြိုက်အများဆုံးဖြစ်တယ်” ဟုသူမရှင်းပြသည်။ “ဒီစာအုပ်ဟာတစ်ခါတစ်ခါ နာရီအတော်ကြာကြာပျောက်သွားတယ်။ တစ်ခါတစ်လေကျတော့လည်း တစ်ရက်နှစ်ရက်ပျောက်သွားပြီးမှ ပြန်ရောက်လာတယ်။ ကျောင်းသားတွေက သူတို့သူငယ်ချင်းတွေကို ‘ဒီစာအုပ်ဖတ်ပြီးပြီလား’ လို့မေးတတ်ကြသလို ‘ဟိုစာအုပ်သိပ်ကောင်းတယ်’ လို့လည်းဝေဖန်ချက်ပေးတတ်ကြတယ်။ သူတို့သူငယ်ချင်းတွေကို ပြစရာရှိပြပြီးရင်ပြန်သွားပြီး ဆက်ဖတ်ကြတယ်။

“စာရွက်တွေဟာတွန့်ကြေပြီး စာအုပ်ကလည်းတော်တော့်ကိုနွမ်းနေပြီ။ အကြေဆုံးအခန်းကတော့ ‘လက်မထပ်မီသံဝါသပြုတာကိုဘယ်လိုပြောမလဲ’ ဆိုတဲ့အခန်း ၂၃ ပဲဖြစ်တယ်။ ကျောင်းသားတွေဟာ ရုပ်ပုံတွေကိုသဘောကျလို့ ပုံစာတွေမှာအမှတ်အသားတွေလုပ်ထားတယ်။ ကျောင်းသားတစ်ယောက်က ‘ဖေဖေနဲ့မေမေဘာကြောင့်ကွဲခဲ့ကြသလဲ’ ဆိုတဲ့အခန်းကိုဖတ်နေတာတွေ့ရတယ်။

“အတော်ကြာပြီးနောက် ပထမစာအုပ်ပျောက်သွားရော၊ ဒါနဲ့နောက်တစ်အုပ်ထပ်ထုတ်ရတယ်။ မကြာခင်မှာပဲ ပထမစာအုပ်ပြန်ရောက်လာလို့ ခုဆိုနှစ်အုပ်ဖြစ်သွားပြီ။ ပထမစာအုပ်ကိုထုတ်ပေးလိုက်တဲ့အချိန်ကစတွက်ရင် သုံးလေးလကျော်ရှိသွားပြီ။ ဒါတောင်မှအခုထိဖတ်နေကြတုန်းပဲ။”

ဤစာအုပ်တွင်အခန်း ၃၉ ခန်းရှိသည့်အနက်မှ အခြားအခန်းများမှာ “မိတ်စစ်ဆွေစစ်ဘယ်လိုဖွဲ့နိုင်မလဲ”၊ “ရုပ်ဆင်းရူပကာဘယ်လောက်အရေးကြီးသလဲ” နှင့် “အချစ်စစ်အချစ်မှန်ဟုတ်မဟုတ်ငါဘယ်လိုခွဲခြားနိုင်မလဲ” တို့ဖြစ်ကြသည်။ စွဲမက်စရာသရုပ်ဖော်ပြထားသည့် ဤစာအုပ် (အင်္ဂလိပ်ဘာသာဖြင့်) ကိုကျပ် ၃၀ ဖြင့်သင်ရရှိလိုပါကဖြတ်ပိုင်းကို ဖြည့်၍စာတိုက်မှပို့လိုက်ပါ။

စာမျက်နှာ ၃၂၀ ရှိကတ်ထူဖုံး Questions Young People Ask—Answers That Work စာအုပ်ကိုရလိုပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ