ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁ စာ. ၁-၇
  • ဘုရားသခင်၏ အပြစ်ပေးရာနေ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏ အပြစ်ပေးရာနေ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်ကြောင့် အပြစ်ပေးတော်မူရာနေ့လိုအပ်
  • ဘုရားသခင်၏အပြစ်ပေးရာနေ့က ဘာကိုဖြစ်စေမည်နည်း
  • သင်ဘာပြုလုပ်မည်နည်း
  • ကလဲ့စား ချေခြင်းသည် မှားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • လက်စားချေရာယေဟောဝါနေ့ကြီးကြေညာ
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • ‘သင်တို့အဘသည် သနားကြင်နာတတ်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁ စာ. ၁-၇

ဘုရားသခင်၏ အပြစ်ပေးရာနေ့

ပြီးခဲ့သည့်ဆောင်းပါးတွင် ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသည့်အတိုင်း ကလဲ့စားချေခြင်းသည် အဘယ်ကြောင့်မှားကြောင်း အကြောင်းရင်းအမျိုးမျိုးရှိလေသည်။ ရေရှည်တွင်ယင်းသည် ဘာမျှမဖြေရှင်းပေးသောကြောင့် ထိုသို့ပြုခြင်းသည်မှားသည်။ ယင်းသည်ခင်မင်မှုပေါင်းကူးကိုတည်ဆောက်မည့်အစား ထာဝရရန်ငြိုးကိုဖြစ်စေသောကြောင့်မှားသည်။ လက်စားချေစိတ်မွေးမြူသူကိုထိခိုက်စေသောကြောင့် ယင်းသည်မှား၏။

သို့သော်၊ အရေးကြီးဆုံးအကြောင်းမှာ လူလူချင်းကလဲ့စားချေခြင်းသည် အဘယ်ကြောင့်မှားယွင်းရပုံကို “ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်သနားတတ်သောဘုရားဖြစ်တော်မူ” သည်ဟူသည့် ဣသရေလများထံ မောရှေ၏စကားမှ တွေ့ရှိရသည်။ (တရားဟောရာ ၄:၃၁) ဘုရားရှင်သည် သနားတတ်သောကြောင့် ကျွန်ုပ်တို့သည်ကိုယ်တော်ကဲ့သို့ သနားခြင်းနှင့်ပြည့်နေရမည်။ ယေရှုကမိမိနောက်လိုက်များအား “သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်းသနားခြင်းစိတ်ရှိကြလော့” ဟုမိန့်ဆိုခဲ့သည်။—လုကာ ၆:၃၆။

သို့သော်လည်းသမ္မာကျမ်းစာက ယေဟောဝါအား “အပြစ်ကိုပေးပိုင်တော်မူသောဘုရားသခင်” ဟုလည်းဖော်ပြသည်။ (ဆာလံ ၉၄:၁) ပရောဖက်ဟေရှာယက “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို” လည်းကြားပြောရန်ဖြစ်သည်။ (ဟေရှာယ ၆၁:၂) ဘုရားရှင်သည်ကရုဏာရှိပြီး တစ်ချိန်တည်းတွင် မည်သို့အပြစ်ပေးနိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင့်ကရုဏာတော်ကို တုပရမည်ဆိုလျှင် အပြစ်ပေးရာတွင် ကိုယ်တော်ကိုအဘယ်ကြောင့်မတုပရမည်နည်း။

ပထမမေးခွန်းကို အဖြေပေးရလျှင် ဘုရားသခင်သည်အဘယ်ကြောင့်ကရုဏာရှိရသနည်းဟူမူ ကိုယ်တော်သည်လူသားများကို ချစ်သောကြောင့်ဖြစ်ပြီး လူသားများသူတို့၏လမ်းစဉ်ကို ပြုပြင်ဖို့အခွင့်အရေးရရန် ကိုယ်တော်သည်တတ်နိုင်သလောက် ခွင့်လွှတ်စောင့်ဆိုင်းလေသည်။ အများသည် တမန်တော်ပေါလုကဲ့သို့ ဤကရုဏာကိုအခွင့်အရေးယူခဲ့သည်။ သို့သော်ဘုရားရှင်သည် တရားမျှတရေးအတွက် လက်တုံ့ပြန်ခြင်းလည်းရှိလေသည်။ အကြောင်းမှာ၊ ထိုသို့သောကရုဏာသည် အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။ အချို့သည်ဘယ်တော့မျှ ပြောင်းလဲမည်မဟုတ်ကြောင်း ပြသသောအခါ ဘုရားရှင်သည် မိမိ၏အပြစ်ပေးတော်မူရာဟုခေါ်သောနေ့တွင် တရားစီရင်မည်။

ဒုတိယမေးခွန်းကိုဖြေဆိုရာတွင် ဘုရားရှင်သည်လက်စားချေသောကြောင့် ကျွန်ုပ်တို့လည်းကလဲ့စားချေပိုင်ခွင့်ရှိသည်ဟု မဆိုနိုင်ချေ။ ယေဟောဝါသည် တရားမျှတမှုတွင်စုံလင်သည်။ လူသားများကား ထိုသို့မဟုတ်ချေ။ ဘုရားရှင်သည် ကိစ္စရပ်တစ်ခုကို အဘက်ဘက်မှတွေ့မြင်ရပြီး ဖြောင့်မတ်သောဆုံးဖြတ်ချက် အစဉ်ချမှတ်သည်။ ကျွန်ုပ်တို့အလားတူပြု၍မရချေ။ ထို့ကြောင့်ပင်ပေါလုက “ချစ်သူတို့ . . . ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ‘ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်။’” (ရောမ ၁၂:၁၉) ကျွန်ုပ်တို့ကောင်းကျိုးအတွက် အပြစ်ဒဏ်စီရင်ခြင်းကို ယေဟောဝါလက်တွင်ထားရမည်။

အဘယ်ကြောင့် အပြစ်ပေးတော်မူရာနေ့လိုအပ်

နောင်တမရသောအမှားပြုသူများနှင့် စာရင်းရှင်းရန်လိုအပ်ပုံကို သမ္မာကျမ်းစာတွင်နေရာအများ၌ဆိုထားသည်။ (၂ သက်သာလောနိတ် ၁:၈) ထိုစကားများကိုကျွန်ုပ်တို့ လေးနက်စွာမှတ်ကျုံးရန်အကြောင်းကောင်းများရှိသည်။

“မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့်မထီမဲ့မြင်ပြုရပါအံ့နည်း။ ‘ကိုယ်တော်သည်စစ်တော်မမူ’ ဟုအဘယ်ကြောင့်အောက်မေ့ရပါအံ့နည်း။” (ဆာလံ ၁၀:၁၃) အမှန်ပင်၊ ယေဟောဝါသည် ဤသို့အစဉ် မိမိအားမထီမဲ့မြင်ပြုခြင်းကို ခွင့်ပြုတော်မူမည်မဟုတ်ချေ။ ကိုယ်တော်သည် မေတ္တာရှင်ဘုရားဖြစ်သော်လည်း တရားမျှတသောဘုရားလည်းဖြစ်လေသည်။ တရားမျှတခြင်းကို အမှန်ပင်စိုးရိမ်မကင်းဖြစ်နေသော သူများ၏ဟစ်အော်သံကို ကိုယ်တော်နားညောင်းတော်မူမည်၊ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ထတော်မူပါ။ အိုဘုရားသခင် ထိုယုတ်မာသူတို့ကို ဒဏ်ခတ်တော်မူပါ။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကို မေ့လျော့တော်မမူပါနှင့်။” —ဆာလံ ၁၀:၁၂၊ သက။

ထို့ပြင်၊ ဥပဒေချိုးဖောက်နေသူတို့သည် ကျွန်ုပ်တို့နေထိုင်သောကမ္ဘာကြီးကိုယ်နှိုက်ကို ယိုယွင်းနေစေသည်။ နာခံသောလူသားများအတွက် သေချာသောလုံခြုံမှုရှိရေးအတွက် ဘုရားဝင်စွက်မှုသည်မလွှဲမရှောင်သာသောအမှုဖြစ်သည်။ (ဗျာဒိတ် ၁၁:၁၈) ဤစွက်ဖက်မှုသည် အပြစ်ပေးရာနေ့အဖြစ် ဟေရှာယရည်ညွှန်းထားချက်ဖြစ်သည်။

ဘုရားသခင်၏အပြစ်ပေးရာနေ့က ဘာကိုဖြစ်စေမည်နည်း

Vine’s Expository Dictionary of Old and New Testament Words အဘိဓာန်အရဂရိကျမ်းစောင်တွင် ကလဲ့စားချေခြင်းစကားလုံးကို ဘုရားနှင့်စပ်လျဉ်း၍အသုံးပြုသောအခါစာသားအရ “‘တရားမျှတမှုမှပေါ်ထွက်လာသည်’ အနာတရဖြစ်မှုကြောင့် (ဝါ) မခံမရပ်ဖြစ်ရုံမျှနှင့် လူသားကလဲ့စားချေခြင်းမျိုးမဟုတ်ချေ။” ထို့ကြောင့်ကိုယ်တော်၏ရန်သူများအပေါ် ဘုရားရှင်၏အပြစ်ပေးရာနေ့သည် ဆွေမျိုးစုရန်ငြိုးလူသတ်ပွဲကဲ့သို့ အုပ်မနိုင်ထိန်းမရသတ်ဖြတ်မည့်အချိန်မဟုတ်ချေ။ “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းခြင်းအထဲက ကယ်နှုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း . . . တရားဆုံးဖြတ်သောနေ့အဖို့ချုပ်ထားခြင်းငှာ” ယေဟောဝါသိတော်မူ၏ဟု သမ္မာကျမ်းစာကကျွန်ုပ်တို့အားဆိုထားသည်။—၂ ပေတရု ၂:၉။

ဘုရား၏ကျေးကျွန်များသည် ဘုရားအပြစ်ပေးရာနေ့ကို ဖြောင့်မှန်သောအပြုအမူများထင်ရှားမည့်အချိန်၊ ဆိုးယုတ်သူများ၏ဖိနှိပ်မှုမှ ဖြောင့်မတ်သူများကို ကယ်လွှတ်မည့်အချိန်အဖြစ် ရှုမျှော်လျက်ရှိသည်။ ယင်းကသူတို့သည် ရန်ငြိုး၊ အာဃာတထားသူများဟု ဆိုလိုခြင်းမဟုတ်ချေ။ “သူတစ်ပါး၌ဘေးရောက်လျှင် ဝမ်းမြောက်တတ်သောသူသည်လည်း အပြစ်ဒဏ်နှင့်မလွတ်ရ” ဟုသမ္မာကျမ်းစာကသတိပေးထားသည်။ (သု၊ ၁၇:၅) သို့အစား၊ သူတို့သည်ကရုဏာနှင့်သနားခြင်းကိုမွေးမြူလျက် ကလဲ့စားချေခြင်းနှင့်စပ်လျဉ်း၍ ဆုံးဖြတ်စရာကို ဘုရားရှင်လက်တွင်ထားလေသည်။

မှန်ပါသည်၊ အမျက်ထွက်နေသူများသည် ဤသို့ပြုမူရန်မလွယ်ကူချေ။ သို့သော်၊ ဖြစ်နိုင်ပြီး အများပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဥပမာ၊ ပက်ထရို၏ငယ်စဉ်ဘဝသည် မချမ်းမြေ့ဘဲ မကြာခဏသူ့အစ်ကို၏ အရိုက်အနှက်ခံရသည်။ ထို့ကြောင့်သူသည် ခပ်ကြမ်းကြမ်းကြီးပြင်းလာပြီး အစဉ်ပြဿနာတက်သည်။ သူ၏အစ်ကိုအပေါ်ရှိခဲ့သောဒေါသသည် သူ၏ဇနီးနှင့်ကလေးများအပေါ်ကျရောက်ခဲ့သည်။ နောက်ဆုံးတွင်၊ သူသည်ယေဟောဝါသက်သေတစ်ဦးကို နားထောင်ခဲ့ပြီးနောက်ပိုင်းတွင် သမ္မာကျမ်းစာကိုသင်အံရန်အစပြုခဲ့သည်။ သူကဤသို့ပြန်ပြောသည်။ “ယေဟောဝါရဲ့အကူအညီနဲ့ကျွန်တော်ပြောင်းလဲခဲ့ပြီး၊ အခုလူတွေနဲ့ရန်ဖြစ်မဲ့အစား ခရစ်ယာန်အကြီးအကဲတစ်ဦးအနေနဲ့ သူတို့ကိုကျွန်တော်ကူညီနေတယ်။” သမ္မာကျမ်းစာနဲ့သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် မရေမတွက်နိုင်သော အခြားသူများသည်လည်း အလားတူပင် ရန်ငြိုးထားသူ (ဝါ) လက်စားချေသူအဖြစ်မှ အခြားသူများအားမေတ္တာနှင့်စိတ်ရှည်မှုပြသူများအဖြစ် ပြောင်းလဲခဲ့ကြသည်။

သင်ဘာပြုလုပ်မည်နည်း

လာလတံ့သောဘုရားအပြစ်ပေးရာနေ့ကို စိတ်တွင်ထားခြင်းသည် ယေဟောဝါ၏စိတ်ရှည်ခြင်းကို အခွင့်အရေးယူရန် ကျွန်ုပ်တို့အားထောက်ကူပါလိမ့်မည်။ သို့သော်ထိုသို့ပြုရန်အခွင့်အရေးသည် အကန့်အသတ်မဲ့မဟုတ်ချေ။ မကြာမီထိုနေ့ဆိုက်ရောက်လာတော့မည်။ တမန်တော်ပေတရုကယင်းနေ့ အဘယ်ကြောင့်မဆိုက်ရောက်လာသေးကြောင်းကို ပြသခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည်နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ငါတို့ကိုသည်းခံတော်မူ၏။”—၂ ပေတရု ၃:၉။

ထို့ကြောင့်ကျမ်းစာကိုသင်အံ၍ ယင်း၏သွန်သင်ချက်ကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ဘုရားရှင်၏စာရင်းရှင်းရာနေ့အတွက် ယခုပြင်ဆင်ရန်အရေးကြီးလေသည်။ ယင်းကကျွန်ုပ်တို့အား ဆာလံစကားများကိုလိုက်နာရန် ထောက်ကူပါလိမ့်မည်။ “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။”—ဆာလံ ၃၇:၈၊ ၉။

[စာမျက်နှာ ၁ ပါ ရုပ်ပုံ]

ဘုရားသခင်၏အပြစ်ပေးရာနေ့ပြီးနောက် ‘ယေဟောဝါကိုမျှော်လင့်သူတို့ ပြည်တော်ကိုအမွေခံရကြလိမ့်မည်’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ