ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁ စာ. ၁-၉
  • ‘ဝေးရပ်မြေမှ မှတ်တမ်းကောင်း’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဝေးရပ်မြေမှ မှတ်တမ်းကောင်း’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • စပါးရိတ်စရာ များစွာရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ
    နိုးလော့!—၁၉၉၈
  • “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ”
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁ စာ. ၁-၉

ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း

‘ဝေးရပ်မြေမှ မှတ်တမ်းကောင်း’

▫ ချမ်းအေးလှသောဂရင်းလန်း (Greenland) တွင် လှည့်လည်ဟောပြောစဉ် Life-How Did It Get Here? By Evolution or by Creation?စာအုပ်ကိုလက်ခံခဲ့သော နော်ဝေးလူငယ်တစ်ဦးကို ကြေညာသူအချို့တွေ့ခဲ့သည်။ သို့သော် သူစိတ်ဝင်စားမှုသိပ် မပြချေ။ ဤဝေးရပ်မြေသို့သူတို့ နောက်တစ်ကြိမ်လည်ပတ်စဉ် ထိုသူကစာအုပ်ကိုအကြိမ်များစွာ ဖတ်ပြီးကြောင်း၊ နောက်ထပ်စာအုပ်များ ရလိုကြောင်းပြောသည်။ စာအုပ်ကြီးနှင့်စာစောင်များစွာကို သူ့ထံ၌ထားခဲ့သည်။ နောက်နှစ်မတိုင်မီ ကြေညာသူများရောက်လာနိုင်မည် မဟုတ်ကြောင်းသိသောအခါ သူဝမ်းနည်းခဲ့သည်။ သို့သော်သက်သေခံများ၏ လိပ်စာကိုသူယူထားခဲ့သည်။ တစ်လကြာသော် ထိုသူတံခါးကိုလာခေါက်သောအခါ သူတို့အံ့သြကြရသည်။ သူကမိမိမော်တော်ဘုတ်ရှိရာသို့ နှင်းတောသွားဆိုင်ကယ်နှင့်သွားစဉ် ရေခဲပြင်တွင်လဲကျခဲ့ကြောင်း သက်သေခံရှိရာသို့ရောက်ရန် ရေကြောင်းဖြင့်ခြောက်နာရီကြာကြောင်း ပြောပြသည်။ သူကစာအုပ်များထပ်လိုချင်ပြီး သမ္မာတရားကိုဆွေးနွေးချင်သည်။ ထိုညနေတွင်သူစည်းဝေးတက်ခဲ့ပြီး တစ်လတစ်ကြိမ်စည်းဝေးတက်ရန် စီစဉ်ခဲ့သည်။ တိုက်နယ်လည်ပတ်မှုကို သူတက်ခဲ့ပြီး၊ အလွန်ခွန်အားရသွားသည်။ သူ့အသင်းမှနှုတ်ထွက်လိုက်ပြီး ယခုသူ၏နေရာတွင် သတင်းကောင်းဟောပြောနေပြီ။ ဆောင်းရာသီတွင်ရေများခဲနေ၍ မော်တော်ဘုတ်နှင့် စည်းဝေးသို့မလာနိုင်သောအခါ၊ တစ်ခါလာလျှင်ငွေကျပ် ၁၀၀၀ ခန့် (၁၅၀ဒေါ်လာ) ကုန်ကျသောသူ၏ ဟယ်လီကော်ပတာနှင့်လာလေသည်။

ကျွန်ုပ်တို့တွင် မိမိတို့၏အမှုဆောင်ခြင်းတွင်တိုးတက်ရန် ဤမျှကြိုးပမ်းရသူ ဘယ်နှစ်ယောက်ရှိပါသနည်း။

▫ မာဒါဂစ်ဂါ (Madagascar) တွင်လူအများသည် သတင်းကောင်းကို တုံ့ပြန်နေကြသည်။ နိုင်ငံတော်ကြေညာသူ ၃၂၀၀ သာရှိသော်လည်း ခရစ်တော်သေခြင်း၏ အောက်မေ့ရာပွဲကို ၁၆၂၀၅ ဦးတက်ရောက်ခဲ့သည်။ ညီအစ်ကိုများသည် ကျွန်းပေါ်ရှိသူအားလုံးထံရောက်ရန် အလွန်ကြိုးပမ်းလျက်ရှိသည်။

ဥပမာအနေနှင့် အစ်စိုဂျိုအသင်းတော်မှ ကြေညာသူ ၃၀ မှ ၁၇ ဦးသည် မိုင်ပေါင်းများစွာဝေးသော ရပ်ကွက်တစ်ခုတွင် သက်သေခံရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ညသန်းခေါင်ကျော် ၁၂:၃၀ တွင်သူတို့ရွာမှ ထွက်လာခဲ့ကြသည်။ သူတို့သည်နှစ်နာရီလုံးလုံး မတ်စောက်သောလမ်းကျဉ်းလေးနှင့် စိမ့်မြေရွှံ့ဗွက်များကြား လျှောက်ရသည်။ သို့နှင့်နံနက် ၂:၃၀ တွင်အပူပိုင်းသစ်တောထဲသို့ ဝင်ရောက်လာကြသည်။ သစ်တောသည် မှောင်မိုက်နေသောကြောင့် အချို့ညီအစ်ကိုများ ကျောက်အချွန်အတက်များကို တိုက်မိ၍လဲကြသည်။ အချို့သည် ကျောက်ချိုင့်များထဲရှိ ရေအိုင်များထဲသို့ လဲကျသွားကြသည်။ သစ်တောထဲတွင် ကျွတ်များရှိပြီး ပိုးမွှားများလည်း သူတို့ကိုကိုက်သည်။ ညီအစ်မအများသည် ဤသို့ဖြင့်ဒုက္ခခံရသည်။ အချို့နေရာများတွင် ရွှံ့သည်ဒူးအထိနစ်သည်။ ကြေညာသူ ၁၇ ဦးစလုံး တစ်နည်းမဟုတ်တစ်နည်းဒဏ်ရာရရှိခဲ့ကြသည်။ သို့သော်နောက်ဆုံး၌ နံနက် ၆:၃၀ တွင်သစ်တောထဲမှ အပြင်သို့ရောက်လာကြသည်။

နံနက် ၆:၄၅ တွင်အမှုဆောင်လုပ်ငန်းစသည်။ လူအများစုသည် ကြေညာသူများကို ကြင်နာစွာဖြင့်လက်ခံကြသည်။ ပထမပိုင်းတွင် လက်မခံသူတစ်ဦးမှာ ပရိုတက်စတင့်ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ ဇနီးဖြစ်သည်။ သူမက “ကျွန်မမှာဘာသာရှိတယ်၊ အဲ့ဒါတော်လောက်ပြီ။ ကျမ်းစာပြောတာတွေ ကျွန်မအားလုံးသိပြီးသားပဲ” ဟုဆိုသည်။ ကြေညာသူက ကင်းမျှော်စင်မဂ္ဂဇင်း ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုမိန်းမကမာနဖြင့် “ကျွန်မမှာတစ်ခြားဖတ်စရာတွေ အများကြီးရှိပြီးသားပဲ” ဟုပြောသည်။ သို့သော်သူမက မေးခွန်းများစမေးလာသည်။ “ရှင်တို့ဘယ်သူတွေလဲ၊ ဘယ်ကလာသလဲ၊ ဘယ်သူကလွှတ်လိုက်တာလဲ။” သူတို့ကပါးနပ်စွာဖြေပြီးနောက် သူမ၏ရွာကိုရောက်လာရန် မည်မျှကြိုးပမ်းခဲ့ရပုံကို အတိုချုပ်ပြောပြပြီးသောအခါ သူမသည်ကင်းမျှော်စင်ကို လက်ခံလိုက်ကာ “ကျွန်မဝယ်လိုက်မယ်။ ရှင်တို့ကိုဘုရားလွှတ်လိုက်တာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ” ပြောလေသည်။

ညနေ ၁:၃၀ တွင်ထို ၁၇ ဦးသည် ရပ်ကွက်မှအိမ်သို့ပြန်လှည့်ကြရာ နေ့ဖြစ်နေသေးသောကြောင့် လေးနာရီပင်မပြည့်မီ ပြန်ရောက်လာကြသည်။ သူတို့သည်မောပန်းနေသော်လည်း ဘေးအန္တရာယ်ကင်းကြသည်။ သူတို့၏မျက်နှာတွင် ပျော်ရွှင်မှုအရောင်များသန်းနေသည်။ သူတို့က “အစ်စိုဂျိုအသင်းတော်က ကျွန်တော်တို့ ၁၇ ဦးအတွက် မမေ့နိုင်တဲ့နေ့တစ်နေ့ပဲ” ဟုပြောကြသည်။

အမှန်ပင် ယေဟောဝါ၏ဝိညာဉ်တော်သည် ကိုယ်တော်၏အပ်နှံထားသော ကျေးကျွန်များကို “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းကိုဟောပြောရန် လှုံဆော်ပေးပြီး အများသည်သက်သေခံများ၏ မွန်မြတ်သောကြိုးပမ်းမှုကို တုံ့ပြန်လျက်ရှိသည်။

[စာမျက်နှာ ၁ ပါ ရုပ်ပုံ]

အွမ်နတ်သင်္ဘောဆိပ်၊ ဂလင်းလန်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ