ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁ စာ. ၄-၅
  • တောင်များကို သင်ရွှေ့နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တောင်များကို သင်ရွှေ့နိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့ တောင်များရွှေ့ခြင်း
  • “သင် ရှေ့ဆောင်ကောင်းတစ်ဦးဖြစ်နိုင်”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁ စာ. ၄-၅

တောင်များကို သင်ရွှေ့နိုင်

မေ ၂၉ ရက်၊ ၁၉၅၃ ခုနှစ်တွင် ပင်လယ်ရေပြင်မှ ပေ ၂၉၀၂၈ မြင့်သော ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်ပေါ် ပထမအကြိမ် လူရောက်သည်ဟုဆို၏။ ထောက်ပံ့ကူညီသူ ၄၅၀ ကျော်ဖြင့် နယူဇီလန်မှ အဲဒ်မန်ဒ် ဟစ်လရီ နှင့် နီပေါလ်ပြည်သားရှာပါလူမျိုး တန်ဇင် နော်ဂေး တို့သည် ငါးမိုင်ခွဲအမြင့်ရှိ ပန်းတိုင်သို့ ချောကျိသောရေခဲပြင်၊ အလင်းကွယ်စေသောဆီးနှင်း နှင့် အောက်စီဂျင်နည်းသည့် အန္တရာယ်များကိုအောင်မြင်စွာ ကျော်လွှားခဲ့သည်။ မြင့်မားသောတောင်ထိပ်များသို့ တက်နိုင်ခြင်းစွမ်းအင်သည် အမှန်ထူးခြားသောအောင်မြင်မှုဖြစ်သည်။ သို့နှင့်ပင် တပည့်တော်များအား ယေရှုမိန့်တော်မူသည်နှင့်ကား မနှိုင်းယှဉ်နိုင်။ အမိန့်တော်ကား ဤသို့။ “ငါအမှန်ဆိုသည်ကား သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကို နေရာမှရွှေ့လော့ဟုဆိုကြသော် နေရာမှရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။” စဉ်းစားကြည့်လေ။ တောင်ကိုတက်ခြင်းမက ရွှေ့နိုင်ခြင်းတည်း။—⁠မဿဲ ၁၇:၂၀။

တပည့်တော်တို့အား ယေရှုအဘယ်ကြောင့် ဤသို့မိန့်တော်မူခဲ့ရသနည်း။ နတ်ပူးခံနေရသောသူငယ်တစ်ဦးကို မကုပေးနိုင်ခဲ့၍ဖြစ်သည်။ အဘယ်ကြောင့်သူတို့မအောင်မြင်ခဲ့ကြောင်းကို ကိုယ်တော်အလေးအနက်တင်ပြသည်။ ယုံကြည်ခြင်းနည်းနေကြသည်။ (မဿဲ ၁၇:၁၄-၂၀) သူတို့ကောင်းစွာသိသည့် မုန်ညင်းစေ့နှင့် ယုံကြည်ခြင်းကို နှိုင်းပြခဲ့သည်။ အစေ့များတွင် “အလွန်သေးငယ်” သော်လည်း မုန်ညင်းစေ့သည် လအနည်းငယ်ကြာသော် အပင်ကြီးဖြစ်လာနိုင်ပေသည်။ (မဿဲ ၁၃:၃၁၊ ၃၂) သို့ဖြင့် ကောင်းစွာပျိုးထောင်ပေးလျှင် အနည်းငယ်သောယုံကြည်ခြင်းသည် မဖြစ်နိုင်ဟုအထင်ရှိရာကိုပင် ဖြစ်စေနိုင်ပေသည်။

သို့သော် ဤသို့သောယုံကြည်ခြင်းကို ပြုစုမွေးမြူပြီးနောက် ယေရှု၏တပည့်များ အဘယ်ကဲ့သို့သောတောင်များကို ရွှေ့နိုင်မည်နည်း။ ပကတိတောင်များသည် စိုးရွံ့ဖွယ်ဖြစ်နိုင်သကဲ့သို့ ယေဟောဝါလုပ်ငန်းတော်တွင် တောင်ကဲ့သို့သောအတားအဆီးများက တိုးတက်ခြင်းကို ကာဆီးနေမည်။ ယင်း “တောင်များ” ကားအဘယ်အရာများဖြစ်နိုင်ပြီး မည်သို့ “ရွှေ့” နိုင်မည်နည်း။

အတားအဆီးအမျိုးမျိုး ကြုံခဲ့ရသောခရစ်ယာန်တစ်ဦးကား တမန်တော်ပေါလုဖြစ်သည်။ ၂ ကောရိန္သု ၆:၄-၁၀ နှင့် ၂ ကောရိန္သု ၁၁:၂၃-၂၈ တွင် သူကြုံခဲ့ရသော အခက်အခဲဒုက္ခများအကြောင်း ဖတ်ရမည်။ ယင်းဒုက္ခများအပြင် မျက်စိမကောင်းခြင်းဖြစ်နိုင်သည့် “ကိုယ်၌စူးသောဆူး” ဒဏ်ကိုလည်း သူခံခဲ့ရ၏။ (၂ ကောရိန္သု ၁၂:⁠၇။ တမန်တော် ၁၄:၁၅) တောင်ကဲ့သို့သော တံတိုင်းများကို ကျော်လွှားပြီး ဘုရားအလိုတော်ကို သူမည်သို့ဆောင်ရွက်နိုင်ခဲ့သနည်း။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော အရှင်အားဖြင့်” ဟုပေါလုရေးသားခဲ့သည်။ ယင်းကား ကြီးမားသော “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း” တည်း။ (ဖိလပ္ပိ ၄:၁၃။ ၂ ကောရိန္သု ၄:၇) သို့ဖြင့် လိုအပ်သည့်အချိန်တွင် မိမိကိုခွန်အားဖြည့်နိုင်သော ယေဟောဝါ၏အစွမ်းကို ပေါလုလုံးဝယုံကြည်စိတ်ချသည်။

ယနေ့ တောင်များရွှေ့ခြင်း

ယေဟောဝါ၏လုပ်ငန်းတော်ကို အသင်တိုး၍ လုပ်ကိုင်လိုသလော။ အရေအတွက်တိုးများလာနေသော အချိန်ပြည့်ဟောပြောသူ (ရှေ့ဆောင်များ) ထောင်ပေါင်းများစွာနည်းတူသင်လည်း အရေးတကြီးကာလဖြစ်ကြောင်းအသိအမှတ်ပြုပြီး ဓမ္မအမှုကိုတိုးချဲ့ရန် သင်စဉ်းစားနေပေမည်။ သို့ရာတွင် တောင်ကြီးပမာ ကျော်လွှားရခဲယဉ်းပုံရှိသောတံတိုင်း သင့်ရှေ့ကာဆီးနေသလော။ သို့ဖြစ်က တောင်များကို အသင်ရွှေ့စေနိုင်သည်။ ယေဟောဝါလုပ်ငန်းတော်ကို တိုးချဲ့လုပ်ကိုင်ရန် များစွာသောသူတို့၏ကြိုးစားမှု အောင်မြင်ခဲ့ပေပြီ။ ဤတွင်သူတို့တွေ့ကြုံမှုအနည်းငယ်တင်ပြထားသည်။

ကျောင်းပြီးချိန်တွင် အမှတ်အကောင်းဆုံးနှင့်အောင်ဖို့အကြောင်းရှိသော ညီမငယ်တစ်ဦး ရှေ့ဆောင်လိုသည်။ သို့သော် သူ့အတွက်တောင်ဖြစ်နေသည်ကား အလုပ်လက်မဲ့ဖြစ်ခြင်းတည်း။ ဤသို့သူပြောပြသည်။

“ရှေ့ဆောင်နိုင်တော့မှာမဟုတ်ပါဘူးဆိုပြီး ကျွန်မစဉ်းစားပုံကတောင် ကျွန်မအတွက်ကျော်လွှားစရာ တံတိုင်းဖြစ်ခဲ့တယ်။ ရှေ့ဆောင်မဖြစ်ခင် အလုပ်ရဖို့ ကျွန်မစိုးရိမ်လွန်းတဲ့အတွက်ယေဟောဝါကိုအပြည့်အဝအားမထားဘဲ ကိုယ်တော်ကိုရှေ့ဦးစွာ ကိုးကွယ်သူများကို ကူညီပေးနိုင်တယ်ဆိုထာကို မယုံရာကျတယ်။ ‘ပထမအလုပ်ရအောင်ရှာမယ်။ ရတာနဲ့ ရှေ့ဆောင်လုပ်ဖို့ လျှောက်လွှာတင်လိုက်မယ်’ လို့သာကျွန်မစဉ်းစားနေတယ်။ ရှေ့ဆောင်လည်းမလုပ်ဘူး။ တကယ်ဆိုတော့ အချိန်ဖြုန်းနေတာဘဲ။ အဲ့ဒီတော့ ရှေ့ဆောင်စမလုပ်ဘဲနေလေ အချိန်ပြည့်လောကအလုပ်အကိုင်များကို မက်မောလာလေဖြစ်လိမ့်မယ်လို့ အသင်းတော်အကြီးအကဲတစ်ဦးက သတိပေးတယ်။”

သူမဘာလုပ်သနည်း။ “ကျွန်မရဲ့အပြုအမူနဲ့ အတွေးအခေါ်များကို သန့်ရှင်းသောဝိညာဉ်တော် လမ်းပြပါစေလို့ ယေဟောဝါကိုအဆက်မပြတ်ဆုတောင်းတယ်။” ကျောင်းပြီးသည်နှင့် ဤညီမ အရံရှေ့ဆောင်ပြီးနောက် မှန်မှန်ရှေ့ဆောင်ခဲ့သည်။ မကြာမီပင် သူရှေ့ဆောင်နိုင်စေမည့် ဝမ်းစာလုပ်ငန်းတစ်ခုရခဲ့လေသည်။

ရှေ့ဆောင်နေသောဇနီးသည်အပြင် ကလေးနှစ်ဦးတာဝန်ရှိသော အကြီးအကဲတစ်ဦးက ငွေရေးဘက်ဖူလုံရန်တာဝန်ကျေပွန်သည်ထက် မိမိပြုအပ်သေးသောအရာရှိသည်ဟု ယူဆသည်။ အချို့သူများအမြင်အရ ရှေ့ဆောင်နိုင်ရန် သူ့အတွက်အတားအဆီးဖြစ်ပုံရသောအခြေအနေများရှိဦးတော့ သူ့ဓမ္မအမှုကို သူတိုးချဲ့လိုခဲ့သည်။ အဘယ်အရာကိုပြုပြင်ရန်လိုသနည်း။

“အတားအဆီးကား ကျွန်တော်ကိုယ်တိုင်ဘဲ” ဟုသူပြောသည်။ “လယ်ကွင်းလုပ်ငန်းမှာ ကျွန်တော်တကယ်ပျော်တယ်။ အချိန်ပြည့်ဓမ္မအမှုဆောင်များနဲ့စကားပြောဆို၊ သူတို့ရတဲ့ကောင်းချီးများကိုမြင်ပြီး ကျွန်တော်ပျော်ရွှင်မှုရတယ်။ တစ်နေ့နေ့တော့ ရှေ့ဆောင်မယ်လို့ဆုံးဖြတ်တယ်။ ဒါပေမဲ့ ရှေ့ဆောင်ခြင်းကို ကျွန်တော်စဉ်းစားရုံစဉ်းစားတယ်။ ဘယ်တော့လုပ်မယ်လို့ ရက်မသတ်မှတ်ဘူး။”

အသေအချာစဉ်းစား ဆုတောင်းပြီးနောက် ဤညီအစ်ကိုသည် အချိန်ပြည့်လုပ်ငန်းတော်၌ ပါဝင်ရန်ပန်းတိုင်သို့ ကြိုးစားလေသည်။ အလုပ်ခွင်ရှိ အရာရှိထံသွား၍ သူ၏ရည်ရွယ်ချက်ပန်းတိုင်ကိုတင်ပြပြီး ပတ်စဉ်အလုပ်အချိန်လျှော့ပေးရန် အခွင့်တောင်းလေသည်။ သူ့တောင်းဆိုချက်မျိုး တစ်ခါမျှ အလုပ်ခွင်တွင်မရှိခဲ့ဖူးချေ။

“ဒါနဲ့ ကျွန်တော်.ဆရာက တောင်းတဲ့အတိုင်းတော့ ဖြစ်ဖို့အကြောင်းမရှိဘူး ဆိုပြီးပြောတယ်။ သူတစ်ယောက်တည်းဆုံးဖြတ်ချက်ချရမယ်ဆိုရင် ရမှာမဟုတ်ဘူး သေချာတယ်။ ဒါကြောင့် ယေဟောဝါကူညီပေးမှ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ၁၅ ရက်အကြာမှာ အထက်လူကြီးများဆီက ကျွန်တော်.တောင်းဆိုချက်ကိုခွင့်ပြုစာကျလာတယ်။ ကျွန်တော်.ဆရာကို ကျေးဇူးတင်ပြီး ပြန်သွားတဲ့အချိန်မှာ ကားကိုလမ်းဘေးထိုးရပ်ထားလိုက်ပြီး ယေဟောဝါကိုကျေးဇူးတင်ဆုတောင်းလိုက်တယ်။ အချိန်ပြည့်ရှေ့ဆောင်ဖို့ ကျွန်တော်.ပန်းတိုင် အောင်မြင်ခဲ့တယ်။”

အိမ်ထောင်သည် ညီအစ်မတစ်ဦး သူ၏ “တောင်” ကို မည်သို့ရွှေ့ရှားစေခဲ့သနည်း။ သူပြောပါစေ။ “ကျွန်မမှာ သားသမီးလေးယောက်နဲ့ မယုံကြည်သူလင်သားရှိတယ်။ ရှေ့ဆောင်ဖို့ စကြံစည်တုံးက အတားအဆီးအတော်များများရှိခဲ့တယ်။ တစ်ခုအနေနဲ့ အဲ့ဒီအချိန်တုံးက ကျွန်မအဖိုးကြီးမှာအလုပ်မရှိဘူး။ သူ့အလုပ်က တစ်ခါတစ်ခါနားတတ်တယ်။ အဲ့ဒါကြောင့် ကျွန်မအချိန်ပိုင်းဝင်အလုပ်လုပ်တယ်။ ဒါနဲ့ ရှေ့ဆောင်ချင်စိတ်ရှိပေမဲ့ အခြေအနေကခွင့်မပြုဘူးလို့ ထင်ခဲ့တယ်။ ဒီအချိန်မျိုးမှာ ကျွန်မစဉ်းစားပုံကို ပြုပြင်ဖို့လိုခဲ့တယ်။ ဖြစ်မှာမဟုတ်ဘူးလို့ဘဲ စဉ်းစားနေမယ်ဆိုရင် ဘယ်တော့မှကြိုးစားတော့မှာမဟုတ်ဘူး ဆိုတာရိပ်မိတယ်။ နောက်အရေးကြီးတဲ့မေးခွန်းတစ်ခုက ရှေ့ဆောင်နိုင်ရအောင် ခွန်အားဘယ်ကရမလဲ။ ဖိလိပ္ပိ ၄:၁၃ ကအဖြေရခဲ့တယ်။ ဒီအကြောင်းကို ယေဟောဝါဆီဆုတောင်းရုံမကဘူး၊ သူ့ကို ပိုပိုအားကိုးလာတယ်။ ပန်းတိုင်ရှိတဲ့အတိုင်းဖြစ်လာနိုင်ရအောင်လည်း အစီအစဉ်ကောင်းကောင်းရေးဆွဲပြီး အရံရှေ့ဆောင်လျှောက်လွှာတင်လိုက်တယ်။ အချိန်ကြာတော့ ရှေ့ဆောင်လုပ်ငန်းဝင်လုပ်နိုင်ရအောင် ယေဟောဝါလမ်းဖွင့်ပေးတယ်။ ကျွန်မခင်ပွန်းအလုပ်ပြန်ရပြီး တစ်ပတ်မှာတစ်ရက်ဘဲ ကျွန်မဝမ်းစာအလုပ်ကိုလုပ်တယ်။ အဲ့ဒီနောက် မကြာခင်မှာဘဲ မှန်မှန်ရှေ့ဆောင်နိုင်ပါတယ်။”

ထို့ပြင် ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတက်ခွင့်ရကာ သူမ၏ဓမ္မအမှုအတွက် အထောက်အကူများစွာဖြစ်ခဲ့သည်။ “ရှေ့ဆောင်ဖို့ကြံစည်နေတဲ့လူဘယ်သူမဆို ယေဟောဝါကိုဆုတောင်းပြီး သူ့ကိုအားကိုးဖို့ အားပေးချင်တယ်။ အဲ့ဒီနောက် ကြိုးစားလိုက်ပါ။ ကောင်းချီးပေးပါလိမ့်မယ်” ဟုသူမပြောသည်။—⁠ဆာလံ ၃၇:၅။

ယုံကြည်ခြင်းကိုဖေါ်ပြလျှင် တောင်ကဲ့သို့သော တံတိုင်းများကို ခရစ်ယာန်တစ်ဦးကျော်လွှားနိုင်ကြောင်း ဤတွေ့ကြုံမှုများက တင်ပြသည်မဟုတ်လော။ သို့ဖြစ်၍ သင်ရှေ့ဆောင်လိုပါက သင့်အခြေအနေများကို သုံးသပ်ကြည့်ပါ။ ရှေ့ဆောင်နေသူများနှင့် ဆွေးနွေးကြည့်ပါ။ သူတို့အတွေ့အကြုံမှ နည်းလမ်းများသင်ယူပါ။ သင့်ပန်းတိုင်မှီရန် ကြိုးစားပါ။ ထိုထက်ကား သင့်ဆန္ဒအကြောင်း ယေဟောဝါထံဆုတောင်းပါ။ ထိုနောက် သင့်ကြိုးပမ်းမှုများကို ကောင်းချီးသွန်းလောင်းတော်မူရန် ကိုယ်တော်ကိုအားကိုးအားထားပါ။ အသင်လည်း တောင်များကို ရွှေ့နိုင်မည်အမှန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ