ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးအတွက် ညွှန်ကြားချက်များ
မာတိကာ
၁။ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးမှာ တာဝန်ကျသူအားလုံးအတွက် ဒီညွှန်ကြားချက်ကို ပြင်ဆင်ထားတာပါ။ တာဝန်မပြင်ဆင်ခင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာ ပါတဲ့ ညွှန်ကြားချက်နဲ့ ဒီညွှန်ကြားချက်ကို တာဝန်ကျသူတွေ ဖတ်သင့်တယ်။ ကျောင်းအစီအစဉ်မှာ ပါဝင်ဖို့ ကြေညာသူအားလုံးကို ဖိတ်ခေါ်သင့်တယ်။ အသင်းတော်နဲ့ တက်တက်ကြွကြွ ပူးပေါင်းနေတဲ့ တခြားသူတွေလည်း ကျမ်းစာသွန်သင်ချက်တွေ လက်ခံတယ်၊ ခရစ်ယာန်မူတွေနဲ့အညီ နေထိုင်တယ်ဆိုရင် ကျောင်းအစီအစဉ်မှာ ပါဝင်နိုင်တယ်။ ကြေညာသူ မဟုတ်သူတစ်ယောက် ကျောင်းအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးကြီးကြပ်မှူးက ပြည့်မီရမယ့် တောင်းဆိုချက်တွေ သူ့ကို အသိပေးသင့်တယ်။ အရည်အချင်း ပြည့်မီတယ်ဆိုရင် ကျောင်းအစီအစဉ်မှာ ပါဝင်နိုင်ကြောင်း ကျမ်းစာသင်ပေးသူ (ဒါမှမဟုတ် သက်သေခံမိဘ) ရှေ့ ပြောပြသင့်တယ်။ တောင်းဆိုချက်တွေဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတွေအတွက် တောင်းဆိုချက်တွေနဲ့ အတူတူပဲ ဖြစ်တယ်။—od အခန်း ၈၊ ပိုဒ်. ၈။
နိဒါန်း
၂။ တစ်မိနစ်။ ပတ်စဉ် အဖွင့်သီချင်းဆို၊ ဆုတောင်းပြီးနောက် အစည်းအဝေးသဘာပတိက အစီအစဉ်မှာ ကြားနာရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး စိတ်ပြင်ဆင်ပေးတဲ့အနေနဲ့ အသင်းတော်အတွက် အကျိုးအရှိဆုံး ဖြစ်မယ့်အချက်တွေကို အလေးပေး ဖော်ပြသင့်တယ်။
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
၃။ ဟောပြောချက်– ဆယ်မိနစ်။ အဓိကအကြောင်းအရာနဲ့ အဓိကအချက် နှစ်ချက်၊ သုံးချက်ကို အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာ ဖော်ပြထားတယ်။ ဒီအပိုင်းကို အကြီးအကဲ ဒါမှမဟုတ် အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းတစ်ယောက် ကိုင်တွယ်ရမယ်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှာ ကျမ်းစောင်အသစ် စဖတ်တိုင်း အဲဒီကျမ်းစောင်ရဲ့ နိဒါန်းဗီဒီယို ဖွင့်ပြမှာ ဖြစ်တယ်။ ဟောပြောသူဟာ ဗီဒီယိုထဲက အချက်တွေကို အဓိက အကြောင်းအရာနဲ့ ချိတ်ဆက်ပေးချင်ရင် ချိတ်ဆက်ပေးနိုင်တယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း စာစောင်မှာ ပါတဲ့ အချက်တွေ ခြုံငုံမိဖို့ သေသေချာချာ ပြင်ဆင်သင့်တယ်။ အဓိကအချက်တွေကို ပေါ်လွင်စေဖို့ ရုပ်ပုံတွေ သုံးသင့်တယ်။ အဓိကအချက်တွေကို ပံ့ပိုးပေးတဲ့ အညွှန်းထဲက အချက်အလက်တွေလည်း ထည့်ဟောနိုင်တယ်။
၄။ ဘုရားရေးရာ ရတနာ– ဆယ်မိနစ်။ နိဒါန်း၊ နိဂုံး မပါတဲ့ အမေးအဖြေအပိုင်း ဖြစ်တယ်။ ဒီအပိုင်းကို အကြီးအကဲ ဒါမှမဟုတ် အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းတစ်ယောက် ကိုင်တွယ်ရမယ်။ မေးခွန်းနှစ်ခုစလုံး မေးသင့်တယ်။ ပေးထားတဲ့ ကျမ်းချက် ဖတ်မဖတ် ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ မှတ်ချက်ပေးသူတွေဟာ စက္ကန့် ၃၀ ထက် မကျော်တဲ့ မှတ်ချက်တွေ ပေးသင့်တယ်။
၅။ ကျမ်းစာဖတ်ရှုခြင်း– လေးမိနစ်။ ညီအစ်ကိုတစ်ယောက် တာဝန်ရပါမယ်။ တာဝန်ကျသူဟာ နိဒါန်း၊ နိဂုံးချုပ်စကား ပြောစရာ မလိုပါဘူး။ နားလည်သဘောပေါက်အောင် ဖတ်တတ်ဖို့၊ တိကျမှန်ကန်ဖို့၊ ပြေပြစ်ဖို့၊ သင့်တော်တဲ့နေရာမှာ အလေးပေးဖို့၊ ရပ်တန့်ဖို့၊ အသံ ပြောင်းလဲဖို့၊ သဘာဝကျဖို့ အစည်းအဝေး သဘာပတိက အာရုံစိုက်ကူညီပေးသွားမယ်။ ဖတ်ရမယ့် အပိုင်းတချို့က တိုပြီး တချို့က ပိုရှည်တာကြောင့် တာဝန်ချတဲ့အခါ ကျောင်းသားရဲ့ စွမ်းရည်ကို အစည်းအဝေးကြီးကြပ်မှူးက ထည့်စဉ်းစားသင့် တယ်။
အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
၆။ ဆယ့်ငါးမိနစ်။ အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်နိုင်ဖို့၊ ဟောပြောသွန်သင်တဲ့စွမ်းရည်၊ စကားစမြည်ပြောတဲ့စွမ်းရည် တိုးတက်ဖို့ ဒီအပိုင်းက ရည်ရွယ်ပါတယ်။ လိုအပ်ရင် အကြီးအကဲ တွေလည်း ကျောင်းသားတာဝန် ရနိုင်တယ်။ သွန်သင်ခြင်း စာစောင် ဒါမှမဟုတ် လူတွေကို ချစ်ပါ စာစောင်ထဲက သင်ခန်းစာတစ်ခုကို ကျောင်းသားတာဝန်ဘေးက ဝိုက်ကွင်းမှာ ဖော်ပြထားပါတယ်။ အဲဒီသင်ခန်းစာကို လေ့ကျင့်သင့်တယ်။ ဒီအပိုင်းမှာ တစ်ခါတလေ ဆွေးနွေးခန်း ရှိနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ အကြီးအကဲ ဒါမှမဟုတ် အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းတွေပဲ ကိုင်တွယ်သင့်တယ်။—ဆွေးနွေးခန်း ကိုင်တွယ်ပုံအကြောင်း စာပိုဒ် ၁၅ မှာ ကြည့်ပါ။
၇။ စကားစမြည် စပြောခြင်း– ဒီတာဝန်ကို ညီအစ်ကိုဖြစ်ဖြစ်၊ ညီအစ်မဖြစ်ဖြစ် ရနိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်း ဒါမှမဟုတ် မိသားစုဝင်ပဲ ဖြစ်သင့်တယ်။ ထိုင်နေရင်း ဒါမှမဟုတ် မတ်တတ်ရပ်နေရင်း တင်ဆက်နိုင်တယ်။—ဒီတာဝန်အတွက် ဇာတ်အိမ်၊ အကြောင်းအရာနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် စာပိုဒ် ၁၂ နဲ့ ၁၃ ကို ကြည့်ပါ။
၈။ ပြန်လည်ပတ်ခြင်း– ဒီတာဝန်ကို ညီအစ်ကိုဖြစ်ဖြစ်၊ ညီအစ်မဖြစ်ဖြစ် ရနိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်းပဲ ဖြစ်သင့်တယ်။ (km ၅/၉၇ စာ. ၂) ထိုင်နေရင်း ဒါမှမဟုတ် မတ်တတ်ရပ်နေရင်း တင်ဆက်နိုင်တယ်။ ပြန်လည်ပတ်မှု လုပ်တဲ့အခါ ဘာပြောရမယ် ဆိုတာ တင်ဆက်ရမှာ ဖြစ်တယ်။—ဒီတာဝန်အတွက် ဇာတ်အိမ်၊ အကြောင်းအရာနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် စာပိုဒ် ၁၂ နဲ့ ၁၃ ကို ကြည့်ပါ။
၉။ တပည့်ဖြစ်စေခြင်း– ဒီတာဝန်ကို ညီအစ်ကိုဖြစ်ဖြစ်၊ ညီအစ်မဖြစ်ဖြစ် ရနိုင်တယ်။ အကူဟာ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်းပဲ ဖြစ်သင့်တယ်။ (km ၅/၉၇ စာ. ၂) ထိုင်နေရင်း ဒါမှမဟုတ် မတ်တတ်ရပ်နေရင်း တင်ဆက်နိုင်တယ်။ ကျမ်းစာလေ့လာမှု သရုပ်ပြမှာ နိဒါန်းပျိုးဖို့၊ နိဂုံးချုပ်ဖို့ မလိုအပ်ဘူး။ နိဒါန်း ဒါမှမဟုတ် နိဂုံးနဲ့ပတ်သက်တဲ့ သင်ခန်းစာဆိုရင်တော့ လိုအပ်ပါမယ်။ တာဝန်ကျအပိုင်းထဲက စာပိုဒ်အားလုံးကို အသံထွက် ဖတ်ဖို့ မလိုပါဘူး။ ဖတ်ချင်ရင်တော့ ဖတ်လို့ရပါတယ်။
၁၀။ ယုံကြည်ချက် ရှင်းပြခြင်း– ဟောပြောချက်ပုံစံဆိုရင် ညီအစ်ကိုတစ်ယောက် တာဝန်ရပါမယ်။ သရုပ်ပြပုံစံဆိုရင် ညီအစ်ကိုဖြစ်ဖြစ်၊ ညီအစ်မဖြစ်ဖြစ် တာဝန်ရပါမယ်။ အကူဟာ ညီအစ်ကို အချင်းချင်း၊ ညီအစ်မအချင်းချင်း ဒါမှမဟုတ် မိသားစုဝင်ပဲ ဖြစ်သင့်တယ်။ ပေးထားတဲ့ အညွှန်း သုံးပြီး အဓိကမေးခွန်းကို ရှင်းရှင်းလင်းလင်း၊ ပါးပါးနပ်နပ် ဖြေဆိုသင့်တယ်။ ပေးထားတဲ့ အညွှန်းကို ရည်ညွှန်းမယ်၊ မရည်ညွှန်းဘူးဆိုတာ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။
၁၁။ ဟောပြောချက်– အသင်းတော်ရှေ့ ဟောပြောချက် ပေးတဲ့ပုံစံ ဖြစ်ပြီး ညီအစ်ကိုတစ်ယောက် တာဝန်ရပါမယ်။ လူတွေကို ချစ်ပါ စာစောင် နောက်ဆက်တွဲ က ထဲက အချက်တစ်ချက်ကို အခြေခံတယ်ဆိုရင် ကျမ်းချက်တွေကို အမှုဆောင်မှာ ဘယ်လို သုံးနိုင်သလဲဆိုတာ ပေါ်လွင်စေသင့် တယ်။ ဥပမာ၊ ကျမ်းချက်ကို ဘယ်အချိန် သုံးနိုင်သလဲ၊ ကျမ်းချက်ရဲ့ အဓိပ္ပာယ်က ဘာလဲ၊ တခြားသူတွေနဲ့ ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲဆိုတာ ရှင်းပြနိုင်တယ်။ လူတွေကို ချစ်ပါ စာစောင် သင်ခန်းစာတစ်ခုခုကို အခြေခံတယ်ဆိုရင် အဲဒီအချက်ကို အမှုဆောင်မှာ ကျင့်သုံးနိုင်ပုံ အကြောင်း ပေါ်လွင်စေသင့်တယ်။ သင်ခန်းစာရဲ့ အချက် ၁ ကို အသားပေးပြောနိုင်သလို သင့်တော် မယ်ဆိုရင် သင်ခန်းစာထဲက တခြားကျမ်းချက်တွေလည်း သုံးနိုင်တယ်။
၁၂။ အကြောင်းအရာ– ဒီစာပိုဒ်နဲ့ နောက်စာပိုဒ်ထဲက ညွှန်ကြားချက်ဟာ “စကားစမြည် စပြောခြင်း၊” “ပြန်လည်ပတ်ခြင်း” တာဝန်တွေနဲ့ သက်ဆိုင်ပါတယ်။ သတ်သတ်မှတ်မှတ် ဖော်ပြထားတာ မရှိရင် ကျောင်းသားရဲ့ ပန်းတိုင်ဟာ တစ်ဖက်လူနဲ့ သက်ဆိုင်တဲ့ ရိုးရှင်းတဲ့ ကျမ်းစာအမှန်တရား ဝေမျှဖို့၊ နောက်တစ်ခါအတွက် လမ်းခင်းထားဖို့ ဖြစ်တယ်။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့၊ အချိန်နဲ့တစ်ပြေးညီဖြစ်တဲ့ အကြောင်းအရာ ရွေးချယ်နိုင်တယ်။ သွန်သင်ခြင်း ကိရိယာထဲက စာပေ ဒါမှမဟုတ် ဗီဒီယိုကို သုံးမသုံး ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ တင်ဆက်မှုကို အလွတ်ကျက်မှတ်ထားမယ့်အစား လူတွေကို စိတ်ဝင်စားမှုပြခြင်း၊ သဘာဝကျခြင်း စတဲ့ စကားစမြည်ပြောဆိုခြင်းစွမ်းရည်ကို အာရုံစိုက် လေ့ကျင့်သင့်တယ်။
၁၃။ ဇာတ်အိမ်– တာဝန်ကျအကြောင်းအရာ၊ ဒေသနဲ့ ကိုက်ညီတဲ့ ဇာတ်အိမ် ရွေးချယ်နိုင်တယ်။ ဥပမာ–
(၁) တစ်အိမ်မှတစ်အိမ်။ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ တစ်အိမ်တက်ဆင်း သက်သေခံခြင်း၊ တစ်အိမ်တက်ဆင်း အမှုဆောင်မှာ တွေ့ဆုံခဲ့သူဆီ ပြန်လည်ပတ်ခြင်းတို့ ပါဝင်တယ်။
(၂) အလွတ်သဘော သက်သေခံခြင်း။ သာမန်စကားစမြည် ပြောဆိုရာကနေ သက်သေခံဖို့ အခွင့်အရေး ရှာတဲ့ ဇာတ်အိမ် ဖြစ်တယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်မှာ၊ အများသုံး ယာဉ်ပေါ်မှာ တွေ့ဆုံသူတွေ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ရင်းကိုင်ရင်း တွေ့ဆုံသူတွေကို ကျမ်းစာအကြောင်း ပြောပြခြင်းတို့ ပါဝင်တယ်။
(၃) အများရှေ့ သက်သေခံခြင်း။ စီးပွားရေးရပ်ကွက်မှာ၊ လမ်းပေါ်မှာ၊ ပန်းခြံမှာ၊ ကားရပ်နားရာ နေရာမှာ၊ လူတွေကို တွေ့နိုင်တဲ့ နေရာတိုင်းမှာ သက်သေခံခြင်း၊ လက်တွန်းစင်နဲ့ သက်သေခံခြင်းတို့ ပါဝင်တယ်။
၁၄။ ဗီဒီယိုနဲ့ စာပေ အသုံးပြုခြင်း။ အခြေအနေပေါ် မူတည်ပြီး ဗီဒီယို ဒါမှမဟုတ် စာပေ အသုံးပြုမပြု ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ ဗီဒီယို ပြဖို့ တာဝန်ရရင် ဒါမှမဟုတ် ပြဖို့ ဆုံးဖြတ်ရင် ဗီဒီယိုကို မိတ်ဆက်ပေးပြီး ဆွေးနွေးနိုင်တယ်။ ဖွင့်ပြဖို့တော့ မလိုပါဘူး။
ခရစ်ယာန်အသက်တာလမ်းစဉ်
၁၅။ သီချင်းဆိုပြီးနောက် ၁၅ မိနစ်ကြာ ဒီအပိုင်း တင်ဆက်ပါမယ်။ ကျမ်းစာကို လက်တွေ့ကျင့်သုံးနိုင်ဖို့ ကူညီပေးမယ့် အပိုင်းတစ်ပိုင်း၊ နှစ်ပိုင်း ပါဝင်တယ်။ သတ်သတ်မှတ်မှတ် ညွှန်ကြားထားတာ မရှိရင် အကြီးအကဲ ဒါမှမဟုတ် အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းတွေကို တာဝန်ပေးနိုင်တယ်။ ဒေသလိုအပ်ရာများ အပိုင်းကိုတော့ အကြီးအကဲတွေပဲ ကိုင်တွယ်သင့်တယ်။ ဆွေးနွေးရမယ့် အပိုင်းဆိုရင် ပြင်ဆင်ပေးထားတဲ့ မေးခွန်းတွေအပြင် တခြားမေးခွန်းတွေကိုလည်း ဆွေးနွေးစဉ်တစ်လျှောက် မေးနိုင်တယ်။ အဓိကအချက်တွေ ခြုံငုံမိစေဖို့၊ ပရိသတ် ပါဝင်ဖြေဆိုနိုင်ဖို့ နိဒါန်းဟာ တိုတိုတုတ်တုတ် ဖြစ်သင့်တယ်။ လူတွေ့မေးမြန်းခန်း ပါဝင်တယ်ဆိုရင် ဖြေဆိုသူတွေဟာ ကိုယ့်ထိုင်ခုံကနေ မဟုတ်ဘဲ စင်မြင့်ပေါ်မှာ လာရောက်ဖြေဆိုတာ ပိုသင့်တော် ပါတယ်။
၁၆။ အသင်းတော် ကျမ်းစာလေ့လာမှု– မိနစ်သုံးဆယ်။ အရည်အချင်း ပြည့်မီတဲ့ အကြီးအကဲ တစ်ယောက် ကိုင်တွယ်ရပါမယ်။ (အကြီးအကဲနည်းတဲ့ အသင်းတော်တွေမှာ အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းတွေကို တာဝန်ပေးနိုင်တယ်။) အသင်းတော် ကျမ်းစာလေ့လာမှုအပိုင်း ကိုင်တွယ်ဖို့ ဘယ်သူ အရည်အချင်း ပြည့်မီသလဲဆိုတာ အကြီးအကဲအဖွဲ့က ဆုံးဖြတ်သင့်တယ်။ သင်တန်းကိုင်သူဟာ ထိထိရောက်ရောက် ဦးဆောင်နိုင်ရမယ်။ အချိန်မီပြီးအောင် တင်ဆက်နိုင်သူ၊ အဓိကကျမ်းချက်တွေကို အလေးပေးတတ်သူ၊ လက်တွေ့ကျတန်ဖိုးကို တက်ရောက်သူအားလုံး သဘောပေါက်အောင် ကူညီပေးနိုင်သူ ဖြစ်ရမယ်။ အထောက်အကူ ရဖို့ အမေးအဖြေအပိုင်းတွေ ကိုင်တွယ်ပုံနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ ပြန်သုံးသပ်သင့်တယ်။ (က၂၃.၀၄ စာ. ၂၄၊ လေးထောင့်ကွက်) အကြောင်းအရာကို နှံ့နှံ့စပ်စပ် သုံးသပ်ပြီးရင် လေ့လာမှုကို အချိန်ဆွဲထားဖို့ မလိုပါဘူး။ ဖြစ်နိုင်ရင် သင်တန်းကိုင်သူနဲ့ စာပိုဒ်ဖတ်သူတွေကို ပတ်စဉ် ပြောင်းလဲသင့်တယ်။ အစည်းအဝေးသဘာပတိက ကျမ်းစာလေ့လာမှုကို အချိန်လျှော့ဖို့ ပြောလာရင် ဘယ်လို အချိန်လျှော့မလဲဆိုတာ သင်တန်းကိုင်သူ ဆုံးဖြတ်ရမယ်။ စာပိုဒ်တချို့ မဖတ်ဖို့ ဆုံးဖြတ်နိုင်တယ်။
နိဂုံးချုပ်မှတ်ချက်
၁၇။ သုံးမိနစ်။ အစည်းအဝေးသဘာပတိက အစည်းအဝေးမှာ ကြားခဲ့ရတဲ့ သတ်သတ်မှတ်မှတ် အချက်တချို့ကို ပြန်သုံးသပ်မှာ ဖြစ်တယ်။ အချိန်ရမယ်ဆိုရင် သင်ယူသိရှိခဲ့တဲ့အချက်တွေ မျှဝေဖို့ ပရိသတ်ကို ဖိတ်ခေါ်နိုင်တယ်။ လာမယ့်အပတ် လေ့လာမယ့် အကြောင်းအရာတွေကိုလည်း အကြိုသုံးသပ်သင့်တယ်။ အချိန်ရရင် လာမယ့်အပတ် ကျောင်းသားတာဝန်ကျသူတွေရဲ့ နာမည် ကြေညာနိုင်တယ်။ သတ်သတ်မှတ်မှတ် ညွှန်ကြားထားတာ မရှိရင် သဘာပတိက နိဂုံးချုပ်မှတ်ချက်မှာ အသင်းတော် ကြေညာချက်တွေ၊ စာတွေ ဖတ်ပြသင့်တယ်။ လယ်ကွင်းစုဆုံမှု၊ သန့်ရှင်းရေး စတဲ့ ပုံမှန်လုပ်နေကျ အစီအစဉ်တွေကို စင်မြင့်ပေါ်ကနေ မကြေညာဘဲ ကြော်ငြာသင်ပုန်းမှာ ကပ်ထားသင့်တယ်။ တကယ်လို့ ကြေညာချက်တွေ၊ စာတွေ များလို့ နိဂုံးချုပ်မှတ်ချက်အတွက် ပေးထားတဲ့ အချိန်မလောက်ရင် ခရစ်ယာန်အသက်တာလမ်းစဉ် အပိုင်းတွေကို အတိုချုံ့ပေးဖို့ တာဝန်ကျညီအစ်ကိုတွေကို သဘာပတိက တောင်းဆိုသင့်တယ်။ (စာပိုဒ် ၁၆ နဲ့ ၁၉ ကို ကြည့်ပါ။) သီချင်းဆို၊ ဆုတောင်းပြီး အစည်းအဝေး နိဂုံးချုပ်မှာ ဖြစ်တယ်။
ချီးမွမ်းခြင်းနဲ့ သွန်သင်ချက်
၁၈။ ကျောင်းသားတာဝန်တစ်ခုပြီးတိုင်း အစည်းအဝေးသဘာပတိက တာဝန်ကျသင်ခန်းစာကို အခြေခံပြီး ချီးမွမ်းစကား၊ အကြံပေးစကား ပြောဖို့ တစ်မိနစ်လောက် အချိန်ရမှာ ဖြစ်တယ်။ တာဝန်ကျသူကို မိတ်ဆက်ပေးချိန်မှာ ဘယ်သင်ခန်းစာ လေ့ကျင့်မယ်ဆိုတာ ပရိသတ်ကို ကြေညာမှာ မဟုတ်ဘူး။ တာဝန်ပြီးသွားတဲ့အခါ ကျောင်းသားကို သင့်တော်သလို ချီးမွမ်းပြီးနောက်မှာတော့ ဘယ်သင်ခန်းစာ လေ့ကျင့်သွားသလဲဆိုတာ ကြေညာနိုင်တယ်။ သူ့တင်ဆက်မှု ဘာကြောင့် ကောင်းသလဲ ဒါမှမဟုတ် အဲဒီအချက်နဲ့ပတ်သက်ပြီး ပိုကြိုးစားဖို့ ဘာကြောင့် လိုသလဲ၊ ဘယ်လို ကြိုးစားနိုင်သလဲဆိုတာ ကြင်ကြင်နာနာ ရှင်းပြနိုင်တယ်။ တင်ဆက်မှုမှာ လုပ်သွားတာတစ်ခုခုဟာ ကျောင်းသား ဒါမှမဟုတ် ပရိသတ်အတွက် အကျိုးရှိမယ်လို့ ထင်ရင်လည်း ထည့်ပြောနိုင်တယ်။ လေ့ကျင့်သွားတဲ့ သင်ခန်းစာ ဒါမှမဟုတ် တခြားသင်ခန်းစာနဲ့ပတ်သက်ပြီး လူတွေကို ချစ်ပါ စာစောင်၊ သွန်သင်ခြင်း စာစောင် ဒါမှမဟုတ် ဓမ္မအမှုကျောင်း စာအုပ်ကို အခြေခံပြီး ထပ်ဆင့်အကြံပေးချင်ရင် အစည်းအဝေးပြီးနောက် ဒါမှမဟုတ် တခြားအချိန်မှာ ကျောင်းသားကို သီးသန့်ပြောနိုင်တယ်။—အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးသဘာပတိ၊ အရန်သွန်သင်သူနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် စာပိုဒ် ၁၉၊ ၂၄ နဲ့ ၂၅ မှာ ကြည့်ပါ။
အချိန်
၁၉။ ဘယ်အပိုင်းမှ အချိန်မကျော်သင့်သလို အစည်းအဝေးသဘာပတိရဲ့ မှတ်ချက်တွေလည်း အချိန်မကျော်သင့်ဘူး။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာ အပိုင်း တစ်ပိုင်းစီအတွက် အချိန်သတ်မှတ်ပေးထားပေမဲ့ အကြောင်းအရာ ကောင်းကောင်း ခြုံငုံမိသွားပြီ ဆိုရင် အချိန်မပြည့်ပြည့်အောင် ထပ်ဖြည့်နေစရာ မလိုပါဘူး။ အချိန်ကျော်တယ်ဆိုရင် အစည်းအဝေးသဘာပတိ ဒါမှမဟုတ် အရန်သွန်သင်သူက သီးသန့်သွန်သင်ချက် ပေးသင့်တယ်။ (စာပိုဒ် ၂၄ နဲ့ ၂၅ ကို ကြည့်ပါ။) သီချင်းဆို၊ ဆုတောင်းတာ အပါအဝင် အစည်းအဝေး အစီအစဉ် တစ်ခုလုံးဟာ ၁ နာရီနဲ့ ၄၅ မိနစ် ကြာသင့်တယ်။
တိုက်နယ်ကြီးကြပ်မှူး လည်ပတ်မှု
၂၀။ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့အပတ်မှာ အောက်ပါခြွင်းချက်တွေကလွဲလို့ အစီအစဉ်ကို အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာ ဖော်ပြထားတဲ့အတိုင်း ကျင်းပသင့်တယ်– ခရစ်ယာန်အသက်တာလမ်းစဉ်ကဏ္ဍရဲ့ အသင်းတော် ကျမ်းစာလေ့လာမှု အပိုင်းကို တိုက်နယ်ကြီးကြပ်မှူး ဟောပြောမယ့် မိနစ် ၃၀ ကြာ လုပ်ငန်းတော်ဟောပြောချက်နဲ့ အစားထိုးပါမယ်။ လုပ်ငန်းတော်ဟောပြောချက် မတိုင်ခင် အစည်းအဝေးသဘာပတိက အစီအစဉ်ကို ပြန်လည်သုံးသပ်တာ၊ နောက်အပတ် အစီအစဉ်ကို ကြိုတင်သုံးသပ်တာ၊ ကြေညာချက်တွေ၊ စာတွေ ရှိရင် ကြေညာတာ၊ ဖတ်ပြတာတွေ ပြီးနောက် တိုက်နယ်ကြီးကြပ်မှူးကို မိတ်ဆက်ပေးမှာ ဖြစ်တယ်။ လုပ်ငန်းတော်ဟောပြောချက် ပြီးတဲ့အခါ တိုက်နယ်ကြီးကြပ်မှူးက သူ ရွေးထားတဲ့သီချင်းနဲ့ အစည်းအဝေးကို နိဂုံးချုပ်ပါမယ်။ နိဂုံးချုပ်ဆုတောင်းဖို့ ညီအစ်ကို နောက်တစ်ယောက်ကို သူ ဖိတ်ခေါ်ချင်ရင် ဖိတ်ခေါ်နိုင်တယ်။ တိုက်နယ်အပတ်မှာ အရန်သင်တန်း ရှိမှာ မဟုတ်ဘူး။ အိမ်ရှင်အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့အပတ်မှာ အဲဒီအသင်းတော်မှာ ရှိတဲ့ အုပ်စုဟာ ခါတိုင်းလိုပဲ မိမိတို့ဘာသာ အစည်းအဝေး ကျင်းပနိုင်တယ်။ တိုက်နယ်ကြီးကြပ်မှူးရဲ့ လုပ်ငန်းတော်ဟောပြောချက်အချိန်မှာတော့ အိမ်ရှင်အသင်းတော်နဲ့ ပြန်ပေါင်းသင့်တယ်။
တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေး အပတ်
၂၁။ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေး အပတ်မှာ အသင်းတော် အစည်းအဝေး ရှိမှာ မဟုတ်ဘူး။ အဲဒီအပတ် လေ့လာမယ့် အကြောင်းအရာတွေကို ကိုယ်ပိုင် ဒါမှမဟုတ် မိသားစုလိုက် သုံးသပ်ဖို့ အသင်းတော်ကို သတိပေးပါ။
အောက်မေ့ရာနေ့ အပတ်
၂၂။ အောက်မေ့ရာနေ့ဟာ ကြားရက် ကျတယ်ဆိုရင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး မရှိပါဘူး။
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးကြီးကြပ်မှူး
၂၃။ အကြီးအကဲအဖွဲ့ ရွေးချယ်ထားတဲ့ အကြီးအကဲတစ်ယောက်က အသက်တာနဲ့ အမှုဆောင် လုပ်ငန်း အစည်းအဝေးကြီးကြပ်မှူးအဖြစ် ထမ်းဆောင်မှာ ဖြစ်တယ်။ အစည်းအဝေး အစီအစဉ် စနစ်တကျ ရှိပြီး ညွှန်ကြားချက်တွေအတိုင်း တာဝန်ကျသူတွေ သေသေချာချာ ကိုင်တွယ်ဖို့ သူ့မှာ တာဝန်ရှိတယ်။ အရန်သွန်သင်သူနဲ့ အချိတ်အဆက်မိမိ လုပ်ဆောင်သင့်တယ်။ အစည်းအဝေး ကြီးကြပ်မှူးဟာ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် ရတာနဲ့ ကြားရက် အစည်းအဝေး နှစ်လစာအတွက် ကျောင်းသားတာဝန်တွေ ချပေးရမယ်။ ကျောင်းသားတာဝန် မဟုတ်တဲ့ အပိုင်းတွေ၊ ကြားရက်အစည်းအဝေးသဘာပတိတာဝန်တွေလည်း ချပေးရမယ်။ ဒါပေမဲ့ အကြီးအကဲအဖွဲ့ သဘောတူထားသူတွေကိုပဲ တာဝန်ပေးပါ။ (စာပိုဒ် ၃-၁၆ နဲ့ ၂၄ ကို ကြည့်ပါ။) ကျောင်းသားတာဝန် ချတဲ့အခါ ကျောင်းသားရဲ့ အသက်အရွယ်၊ အတွေ့အကြုံ၊ တင်ဆက်မယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး စံနမူနာ ကောင်းမကောင်း ထည့်စဉ်းစားသင့်တယ်။ တခြား အပိုင်းတွေ တာဝန်ချတဲ့အခါလည်း အဲဒီလိုပဲ ထည့်စဉ်းစားသင့်တယ်။ တာဝန်ကျတဲ့နေ့စွဲ မတိုင်ခင် အနည်းဆုံးသုံးပတ် ကြိုပေးသင့်တယ်။ ကျောင်းသားတာဝန် ချတဲ့အခါ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း တာဝန်ခန့်အပ်ချက် (S-89) ကို သုံးသင့်တယ်။ တာဝန်ခန့်အပ်ချက်တွေ ပါတဲ့ အစည်းအဝေး အစီအစဉ်ဇယားကို အစည်းအဝေးကြီးကြပ်မှူးက ကြော်ငြာသင်ပုန်းမှာ ကပ်ထား သင့်တယ်။ သူ့ကို ကူညီပေးဖို့ အကြီးအကဲ ဒါမှမဟုတ် အမှုထမ်းတစ်ယောက်ကို အကြီးအကဲအဖွဲ့က တာဝန်ပေးနိုင်တယ်။ ဒါပေမဲ့ ကျောင်းသားတာဝန် မဟုတ်တဲ့ အပိုင်းတွေကို အကြီးအကဲတွေကပဲ တာဝန်ချပေးသင့်ပါတယ်။
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးသဘာပတိ
၂၄။ အစည်းအဝေးသဘာပတိအဖြစ် တစ်ပတ်ကို အကြီးအကဲတစ်ယောက် လုပ်သွားပါမယ်။ (အကြီးအကဲနည်းတဲ့ အသင်းတော်တွေမှာ အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းတွေကို တာဝန်ပေးနိုင်ပါတယ်။) သဘာပတိက နိဒါန်း၊ နိဂုံးမှတ်ချက်တွေ ပြင်ဆင်ထားရမယ်။ အစည်းအဝေးအပိုင်းအားလုံးကို မိတ်ဆက်ပေးရမယ်။ အကြီးအကဲ အရေအတွက်ပေါ် မူတည်ပြီး အစည်းအဝေးအပိုင်းတချို့၊ အထူးသဖြင့် ဆွေးနွေးစရာ မလိုဘဲ ဗီဒီယိုပဲ ပြရတဲ့ အပိုင်းတွေကို ကိုင်တွယ်ဖို့ တာဝန်ယူရနိုင်တယ်။ အပိုင်းတစ်ခုနဲ့တစ်ခုကြား မှတ်ချက်တွေဟာ အတိုချုပ်ပဲ ဖြစ်သင့်တယ်။ သဘာပတိတာဝန်အတွက် ဘယ်အကြီးအကဲ အရည်အချင်း ပြည့်မီတယ်ဆိုတာ အကြီးအကဲအဖွဲ့က ဆုံးဖြတ်ရမယ်။ အရည်အချင်း ပြည့်မီတဲ့ အကြီးအကဲတွေဟာ သဘာပတိအဖြစ် အခါအားလျော်စွာ တာဝန်ရပါမယ်။ ဒေသအခြေအနေပေါ် မူတည်ပြီး အစည်းအဝေးကြီးကြပ်မှူးဟာ အရည်အချင်း ပြည့်မီတဲ့ တခြားအကြီးအကဲတွေထက် သဘာပတိအဖြစ် မကြာမကြာ တာဝန်ရတာမျိုး ဖြစ်နိုင်တယ်။ အသင်းတော် ကျမ်းစာလေ့လာမှု အပိုင်း ကိုင်တွယ်ဖို့ အရည်အချင်း ပြည့်မီတဲ့ အကြီးအကဲဟာ အစည်းအဝေးသဘာပတိ တာဝန်အတွက်လည်း အရည်အချင်း ပြည့်မီနိုင်တယ်။ သဘာပတိဟာ တာဝန်ကျသူတွေကို မေတ္တာပါပါ ချီးမွမ်းပြီး လိုအပ်သလို သွန်သင်ချက် ပေးသင့်တယ်။ ဒါ့အပြင် အစည်းအဝေး အချိန်အတိအကျ ပြီးဆုံးဖို့လည်း တာဝန်ရှိတယ်။ (စာပိုဒ် ၁၇ နဲ့ ၁၉ ကို ကြည့်ပါ။) တကယ်လို့ သဘာပတိက ဆန္ဒရှိပြီး နေရာလည်း ရှိတယ်ဆိုရင် စင်မြင့်ပေါ်မှာ သူ့အတွက် မိုက်တိုင်တစ်ခု ထားပေးနိုင်တယ်။ ဒါဆိုရင် နောက်အပိုင်းကို သူ မိတ်ဆက်နေစဉ်မှာ တာဝန်ကျ ညီအစ်ကိုက အသင့်နေရာယူနိုင်တယ်။ ဒါ့အပြင် ကျမ်းစာဖတ်ရှုခြင်းနဲ့ အမှုဆောင် လုပ်ငန်းမှာ ကျင့်သုံးပါ အပိုင်းအတွင်း စင်မြင့်ပေါ်မှာ စားပွဲတစ်လုံးနဲ့ ထိုင်ချင်ရင် ထိုင်နိုင်ပါတယ်။ ဒါဆိုရင် အချိန်သိပ်မစားတော့ဘူး။
အရန်သွန်သင်သူ
၂၅။ အရန်သွန်သင်သူဟာ အကြီးအကဲနဲ့ အမှုထမ်းတွေကို လိုအပ်လာရင် သီးသန့်သွန်သင်ချက် ပေးဖို့ တာဝန်ရှိတယ်။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးအပိုင်း တစ်ခုခု ကိုင်တွယ်တာ၊ လူထုဟောပြောချက်ပေးတာ၊ ကင်းမျှော်စင် သင်တန်း၊ အသင်းတော် ကျမ်းစာလေ့လာမှုအပိုင်း ကိုင်တွယ်/ဖတ်ရှုတာနဲ့ပတ်သက်ပြီး သွန်သင်ချက် ပေးရမယ်။—စာပိုဒ် ၁၉ ကို ကြည့်ပါ။
အရန်သင်တန်းများ
၂၆။ ကျောင်းသားအရေအတွက်ပေါ် မူတည်ပြီး အရန်သင်တန်း စီစဉ်နိုင်တယ်။ အရန်သင်တန်း တစ်ခုစီအတွက် အရည်အချင်း ပြည့်မီတဲ့ သွန်သင်သူ ရှိသင့်တယ်။ သွန်သင်သူဟာ အကြီးအကဲ ဖြစ်ရင် ပိုကောင်းပါတယ်။ လိုအပ်ရင် အရည်အချင်း ပြည့်မီတဲ့ အမှုထမ်းကိုလည်း တာဝန်ပေးနိုင်တယ်။ ဒီတာဝန် ဘယ်သူ့ကို ပေးမလဲ၊ တာဝန် အလှည့်ကျ လုပ်မလားဆိုတာ အကြီးအကဲအဖွဲ့က ဆုံးဖြတ်သင့်တယ်။ သွန်သင်သူဟာ စာပိုဒ် ၁၈ မှာ ဖော်ပြထားတဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သင့်ပါတယ်။ အရန်သင်တန်း ရှိတယ်ဆိုရင် ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများကဏ္ဍထဲက ဘုရားရေးရာရတနာအပိုင်း ပြီးနောက် ကျောင်းသားတွေကို အရန်သင်တန်းအခန်းထဲ သွားခိုင်းသင့်တယ်။ နောက်ဆုံးကျောင်းသားတာဝန် ပြီးနောက် ပင်မ ခန်းမဆီ ပြန်လာသင့်တယ်။
ဗီဒီယိုများ
၂၇။ ဒီအစည်းအဝေးအတွက် အသုံးပြုဖို့ ရွေးချယ်ထားတဲ့ ဗီဒီယိုတွေ ရှိပါမယ်။ ကြားရက် အစည်းအဝေးအတွက် ဗီဒီယိုတွေကို JW Library® မှာ ရနိုင်ပြီး အီလက်ထရောနစ်ကိရိယာ အမျိုးမျိုးနဲ့ ကြည့်နိုင်ပါတယ်။
© 2025 Watch Tower Bible and Tract Society of Pennsylvania
S-38-BU 9/25