ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၄ စာ. ၁၂-၁၄
  • ငွေကြေးစီမံခန့်ခွဲနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေကြေးစီမံခန့်ခွဲနည်း
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ အသေအချာ စီစဉ်ပါ
  • ၂ ရိုးသားပါ၊ အရှိအတိုင်းနေပါ
  • ငွေကြေးကို စီမံသုံးစွဲခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေကြေး
    နိုးလော့!—၂၀၁၄
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၄ စာ. ၁၂-၁၄
ငွေကြေးကို ဘယ်လို သုံးစွဲမယ်ဆိုတာ လင်မယားနှစ်ယောက် သေချာ​ စီစဉ်နေကြ

အခန်း ၄

ငွေကြေးစီမံခန့်ခွဲနည်း

“တိုင်ပင်ဆွေးနွေးရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။” —ပညာအလိမ္မာ ၂၀:၁၈

ငွေရှိမယ်ဆိုရင် မိသားစုလိုအပ်ရာတွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်။ (ပညာအလိမ္မာ ၃၀:၈) တကယ်တော့ “ငွေက ကာကွယ်ပေး” တယ်။ (ဒေသနာ ၇:၁၂) ဇနီးမောင်နှံတွေဟာ ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်မှာ ငွေကြေးကြောင့် ပြဿနာအဖြစ်မခံပါနဲ့။ (ဧဖက် ၄:၃၂) ငွေကို ဘယ်လိုသုံးမလဲဆိုတာ ဆုံးဖြတ်ချက်ချတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချပြီး ပူးပေါင်းလုပ်ဆောင်သင့်တယ်။

၁ အသေအချာ စီစဉ်ပါ

ကျမ်းစာပြောဆိုရာ– “ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။” (လုကာ ၁၄:၂၈) ငွေကို ဘယ်လိုသုံးမလဲဆိုတာ အတူဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးတယ်။ (အာမုတ် ၃:၃) ဘာတွေဝယ်ဖို့ လိုတယ်၊ အဲဒီအတွက် ငွေဘယ်လောက်သုံးမလဲဆိုတာ ဆုံးဖြတ်ပါ။ (ပညာအလိမ္မာ ၃၁:၁၆) တစ်ခုခုဝယ်ဖို့ သင့်မှာ ပိုက်ဆံရှိတိုင်း ဝယ်ဖို့မလိုပါဘူး။ အကြွေးမတင်ပါစေနဲ့။ ကိုယ့်မှာရှိတဲ့ငွေကိုပဲ သုံးပါ။—ပညာအလိမ္မာ ၂၁:၅။ ၂၂:၇။

သင်လုပ်ဆောင်နိုင်ရာ–

  • လကုန်တဲ့အခါ ငွေပိုနေသေးတယ်ဆိုရင် အဲဒီငွေနဲ့ ဘာလုပ်မလဲဆိုတာ နှစ်ယောက်အတူ ဆုံးဖြတ်ပါ

  • ဝင်ငွေထက် ထွက်ငွေက ပိုများနေတယ်ဆိုရင် အသုံးစရိတ်ကို ဘယ်လိုလျှော့ချရမလဲဆိုတာ သေချာစီစဉ်ပါ။ ဥပမာ၊ အပြင်မှာဝယ်စားမယ့်အစား အိမ်မှာ ချက်စားပါ

အဓိကကုန်ကျတာတွေကို လင်မယားနှစ်ယောက် ပြန်စဉ်းစား​နေကြ

၂ ရိုးသားပါ၊ အရှိအတိုင်းနေပါ

ကျမ်းစာပြောဆိုရာ– “ယေဟောဝါဘုရားရဲ့ ရှေ့မှာရော လူတွေရှေ့မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြ” ပါ။ (၂ ကောရိန္သု ၈:၂၁) ငွေ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်ဆိုတာ သင့်အိမ်ထောင်ဖက်ကို ရိုးရိုးသားသား ပြောပြပါ။

ငွေကြေးနဲ့ပတ်သက်ပြီး အရေးကြီး ဆုံးဖြတ်ချက်တွေ မချခင် သင့်အိမ်ထောင်ဖက်နဲ့ အမြဲတိုင်ပင်ပါ။ (ပညာအလိမ္မာ ၁၃:၁၀) ငွေကြေးကိစ္စ ပြောဆိုတိုင်ပင်မယ်ဆိုရင် သင်တို့နှစ်ယောက် ပြဿနာတက်တော့မှာ မဟုတ်ဘူး။ သင့်ရဲ့ ဝင်ငွေကို ကိုယ်ပိုင်တဲ့ငွေလို့ သဘောမထားဘဲ မိသားစုပိုင်တဲ့ငွေလို့ ရှုမြင်ပါ။—၁ တိမောသေ ၅:၈။

လင်မယားနှစ်ယောက် အတူဈေးဝယ်နေရင်း စာရင်းစာရွက်ကြည့်နေကြ

သင်လုပ်ဆောင်နိုင်ရာ–

  • တိုင်ပင်စရာမလိုဘဲ သုံးနိုင်မယ့် ငွေပမာဏကို နှစ်ဦးသဘောတူ သတ်မှတ်ထားပါ

  • ပြဿနာမဖြစ်ခင်ကတည်းက ငွေကြေးကိစ္စကို ဆွေးနွေးထားပါ

ငွေအပေါ် သင့်ရဲ့အမြင်

ငွေဟာ အရေးပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငွေကြေးကြောင့် သင့်အိမ်ထောင် ပြိုကွဲသွားတဲ့အထိ၊ မလိုအပ်တဲ့စိုးရိမ်မှုတွေ ဖြစ်ပေါ်လာတဲ့အထိ အဖြစ်မခံပါနဲ့။ (မဿဲ ၆:၂၅-၃၄) ပျော်ရွှင်တဲ့အိမ်ထောင်ဖြစ်ဖို့ ငွေကြေးအများကြီးရှိစရာ မလိုပါဘူး။ “လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ရှောင်ကြပါ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (လုကာ ၁၂:၁၅) ဘယ်အရာကမှ သင့်အိမ်ထောင်လောက် တန်ဖိုးမရှိပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲပါ။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရှိနေတာကို အထိခိုက်မခံပါနဲ့။ အဲဒီလိုသာ လုပ်မယ်ဆိုရင် သင်တို့မိသားစု ပျော်ရွှင်မယ်၊ ယေဟောဝါဘုရားရဲ့ နှစ်သက်မှုကိုလည်း ရရှိမယ်။—ဟီဘရူး ၁၃:၅။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • အကြွေးမတင်အောင် မိသားစုလိုက် ဘာလုပ်နိုင်မလဲ။

  • ငွေကြေးကိစ္စကို အိမ်ထောင်ဖက်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ