ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၁၀ စာ. ၁၃
  • ပညာရှိဘုရင် ရှောလမုန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာရှိဘုရင် ရှောလမုန်
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သာ၍ကြီးမြတ်သောဒါဝိဒ်၊ သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သူယေရှုကို တန်ဖိုးထားလေးမြတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၁၀ စာ. ၁၃
ရှေဘမိဘုရားက ဘုရင်ရှောလမုန်ရဲ့ပလ္လင်နား သွားနေ

အပိုင်း ၁၀

ပညာရှိဘုရင် ရှောလမုန်

ယေဟောဝါသည် ဘုရင်ရှောလမုန်အား ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်နှလုံးကို ပေးသနားသည်။ ရှောလမုန်အုပ်ချုပ်ချိန်အတွင်း အစ္စရေးလူတို့သည် တုနှိုင်းမရသော ငြိမ်းချမ်းသာယာဝပြောမှုကို ခံစားရသည်

ဘုရင်အပါအဝင် တစ်နိုင်ငံလုံးသည် ယေဟောဝါကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုပြီး ကိုယ်တော်၏ပညတ်များကို လိုက်နာပါက သူတို့၏အသက်တာ မည်သို့ရှိမည်နည်း။ ဘုရင်ရှောလမုန်၏ နှစ်ပေါင်း ၄၀ ကြာအုပ်ချုပ်မှုက အဖြေကိုဖော်ပြသည်။

ဒါဝိဒ်သည် မသေဆုံးမီတွင် သားတော်ရှောလမုန်ကို မိမိနောက်ဆက်ခံမည့်သူအဖြစ် ခန့်အပ်ခဲ့သည်။ အိပ်မက်တစ်ခုတွင် ဘုရားသခင်က ရှောလမုန်အား ဆုတစ်ခုကိုတောင်းဆိုဖို့ ဖိတ်ခေါ်သည်။ ရှောလမုန်က လူတို့ကို တရားမျှတစွာနှင့်ပညာရှိစွာ တရားစီရင်နိုင်ရန် ဉာဏ်ပညာနှင့်အသိပညာပေးဖို့ တောင်းဆိုသည်။ ယေဟောဝါသည် အလွန်နှစ်သက်ပြီး ရှောလမုန်အား ဉာဏ်ပညာ၊ သိနားလည်မှုနှင့်ပြည့်စုံသောစိတ်နှလုံးကို ပေးသနားခဲ့သည်။ ထို့ပြင် မိမိစကားကိုဆက်နာခံပါက ချမ်းသာကြွယ်ဝမှု၊ ဂုဏ်အသရေနှင့် တာရှည်သောအသက်ကိုလည်းပေးမည်ဟု ယေဟောဝါကတိပြုသည်။

ရှောလမုန်သည် သူ၏ပညာရှိတရားစီရင်ချက်များကြောင့် ထင်ပေါ်ကျော်ကြားလာသည်။ အမှုတစ်ခုတွင် အမျိုးသမီးနှစ်ဦးသည် သားယောက်ျားလေးတစ်ဦးကို လုနေပြီး နှစ်ဦးစလုံးက မိမိတို့သည် ထိုကလေး၏မိခင်ဖြစ်သည်ဟု ဆိုနေကြသည်။ ရှောလမုန်သည် ကလေးကိုနှစ်ပိုင်းပိုင်းပြီး အမျိုးသမီးနှစ်ဦးကို တစ်ပိုင်းစီပေးလိုက်ရန် အမိန့်ချမှတ်လိုက်သည်။ အမျိုးသမီးတစ်ဦးမှာ ယင်းသို့ပြုရန် သဘောတူသော်လည်း မိခင်အရင်းမှာမူ ကလေးကို မိမိမယူတော့ဘဲ ထိုအမျိုးသမီးကိုသာ ပေးလိုက်ရန် ချက်ချင်းတောင်းပန်လေ၏။ ကြင်နာမှုပြည့်ဝသောအမျိုးသမီးသည် မိခင်အရင်းဖြစ်ကြောင်း ရှောလမုန် ယခု ကွဲကွဲပြားပြားသိမြင်ပြီဖြစ်ရာ ကလေးကို သူ့အား ပေးခဲ့သည်။ မကြာမီ ထိုတရားစီရင်မှုသတင်းသည် အစ္စရေးတစ်နိုင်ငံလုံးသို့ ပျံ့သွားပြီး ရှောလမုန်သည် ဘုရားသခင်ပေးသောဉာဏ်ပညာနှင့်ပြည့်စုံကြောင်း လူတို့အသိအမှတ်ပြုခဲ့ကြသည်။

ရှောလမုန်၏ အကြီးကျယ်အခမ်းနားဆုံး အောင်မြင်မှုတစ်ခုမှာ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ခြင်းဖြစ်သည်။ ယင်းသည် ဂျေရုဆလင်မြို့တွင် အလွန်ခမ်းနားထည်ဝါသောအဆောက်အဦဖြစ်ပြီး အစ္စရေးနိုင်ငံတွင် ယေဟောဝါအားဝတ်ပြုသည့် အဓိကနေရာဖြစ်လာသည်။ ဝတ်ပြုရာအိမ်တော်အပ်နှံပွဲတွင် ရှောလမုန်က “ကောင်းကင်နှင့်ကောင်းကင်တကာတို့၏အထွဋ် အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကိုမဆံ့မခံနိုင်သည်ဖြစ်၍ အကျွန်ုပ်တည်ဆောက်သောဤအိမ်ကို အဘယ်ဆိုဖွယ်ရာရှိပါသနည်း” ဟု ဆုတောင်းခဲ့သည်။—၃ ဓမ္မရာဇဝင် ၈:၂၇။

ရှောလမုန်၏ဂုဏ်သတင်းသည် အခြားတိုင်းပြည်များသို့လည်း ပျံ့နှံ့သွားသည်မှာ အာရေဗျကျွန်းဆွယ်ရှိ ရှေဘပြည်အထိပင်ဖြစ်သည်။ ရှေဘမိဖုရားသည် ရှောလမုန်၏ကြီးကျယ်ခမ်းနားမှုနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ကြည့်ရှုရန်နှင့် ရှောလမုန်၏ဉာဏ်ပညာအတိမ်အနက်ကို စမ်းသပ်ရန် အစ္စရေးသို့ ခရီးနှင်လာသည်။ မိဖုရားသည် ရှောလမုန်၏ဉာဏ်ပညာနှင့် အစ္စရေးနိုင်ငံ၏ ချမ်းသာကြွယ်ဝမှုတို့ကို အလွန်အထင်ကြီးသွားရာ ဤမျှပညာရှိသောဘုရင်ကို ခန့်အပ်ထားသည့်အတွက် ယေဟောဝါကို ချီးမွမ်းခဲ့သည်။ မှန်ပါသည်၊ ယေဟောဝါ၏ကောင်းချီးကြောင့် ရှောလမုန်၏အုပ်ချုပ်မှုသည် ရှေးခေတ်အစ္စရေးနိုင်ငံ၏သမိုင်းတွင် သာယာဝပြောဆုံးနှင့် အငြိမ်းချမ်းဆုံးကာလဖြစ်ခဲ့သည်။

ဝမ်းနည်းစရာမှာ ရှောလမုန်သည် ယေဟောဝါ၏ဉာဏ်ပညာနှင့်အညီ ဆက်၍မနေထိုင်ခဲ့ပေ။ ဘုရားသခင့်ပညတ်ကိုဆန့်ကျင်ကာ တိုင်းတစ်ပါးဘုရားသခင်များကို ကိုးကွယ်သည့်မိန်းမများစွာအပါအဝင် မိန်းမရာနှင့်ချီကို ထိမ်းမြားခဲ့သည်။ နောက်ဆုံးတွင် သူ၏မိန်းမများသည် သူ၏စိတ်နှလုံးကို ယေဟောဝါထံမှ ဝေးသွားစေကာ မှားယွင်းသောဝတ်ပြုရေးဘက်သို့ တိမ်းညွတ်စေခဲ့သည်။ ထို့ကြောင့် ယေဟောဝါက ရှောလမုန်အား သူ၏နိုင်ငံကို သူ့ထံမှနုတ်ယူမည်ဟု မိန့်ဆိုခဲ့သည်။ သို့သော် ရှောလမုန်၏ခမည်းတော် ဒါဝိဒ်ကိုပေးထားသောကတိကြောင့် သူ၏မိသားစုအတွက် နိုင်ငံတစ်စိတ်တစ်ပိုင်းသာကျန်မည်ဟု ဘုရားသခင်မိန့်ဆို၏။ ရှောလမုန်သည် ယေဟောဝါ၏စကားကို မနာခံတော့သော်လည်း ကိုယ်တော်သည် ဒါဝိဒ်နှင့်ဖွဲ့သော နိုင်ငံတော်ပဋိညာဉ်အပေါ် ဆက်၍တည်ကြည်ခဲ့သည်။

—၃ ဓမ္မရာဇဝင် အခန်းကြီး ၁ မှ ၁၁; ၂ ရာဇဝင်ချုပ် အခန်းကြီး ၁ မှ ၉; တရားဟောရာ ၁၇:၁၇ ကိုအခြေခံသည်။

  • ရှောလမုန်၏တောင်းဆိုချက်ကို တုံ့ပြန်သောအားဖြင့် ဘုရားသခင် အဘယ်အရာလုပ်ဆောင်တော်မူသနည်း။

  • ရှောလမုန်သည် သူ၏ဉာဏ်ပညာကို မည်သို့ဖော်ပြသနည်း။

  • ရှောလမုန်သည် ယေဟောဝါ၏နည်းလမ်းများမှ မည်သို့သွေဖည်သွားသနည်း။ အဘယ်ရလဒ် ရရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ