ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bh စာ. ၂၁၃-စာ. ၂၁၅ ပိုဒ်. ၂
  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ
  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရားစီရင်ရာနေ့နှင့် ၎င်းနောက်ပိုင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင့် တရားစီရင်ရာနေ့  ​—၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
bh စာ. ၂၁၃-စာ. ၂၁၅ ပိုဒ်. ၂

နောက်ဆက်တွဲ

တရားစီရင်ရာနေ့ဆိုတာ ဘာလဲ

တရားစီရင်ရာနေ့ကို သင် ဘယ်လိုမြင်ယောင်သလဲ။ သန်းထောင်နဲ့ချီတဲ့သူတွေက ဘုရားသခင့်ပလ္လင်ရှေ့ တစ်ယောက်ပြီးတစ်ယောက် ခေါ်သွင်းခံရပြီး တစ်ယောက်ချင်းစီ တရားစီရင်ခံရမယ်လို့ လူများစွာက ယူမှတ်ကြတယ်။ တချို့က ကောင်းကင်ဆုကျေးဇူး ရရှိကြမှာဖြစ်ပြီး တချို့ကျတော့ ထာဝစဉ်ညှဉ်းဆဲခံရဖို့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက အဲဒီအချိန်ကာလနဲ့ပတ်သက်ပြီး အတော်လေး ကွဲကွဲပြားပြား သရုပ်ဖော်ထားတယ်။ သမ္မာကျမ်းစာမှာ အဲဒီအချိန်ကို ကြောက်စရာကောင်းတဲ့အချိန်အဖြစ်မဟုတ်ဘဲ မျှော်လင့်ချက်ပြည့်ဝပြီး ပြန်လည်ထူထောင်တဲ့ကာလအဖြစ် ဖော်ပြထားတယ်။

ဗျာဒိတ် ၂၀:၁၁၊ ၁၂ မှာ တရားစီရင်ရာနေ့နဲ့ပတ်သက်တဲ့ တမန်တော်ယောဟန်ရဲ့ သရုပ်ဖော်ချက်ကို ဒီလိုဖတ်ရတယ်– “ပလ္လင်ဖြူကြီးနှင့် ၄င်းပေါ်တွင် ထိုင်နေတော်မူသောအရှင်ကို ငါမြင်၏။ မြေကြီးနှင့်ကောင်းကင်သည် ရှေ့တော်မှပျောက်လွင့်၍ ၄င်းတို့အတွက် နေရာမရှိတော့။ ထို့နောက် သေလွန်သူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကိုလည်းကောင်း၊ စာလိပ်များဖွင့်ထားသည်ကိုလည်းကောင်း ငါမြင်၏။ အခြားစာလိပ်တစ်လိပ်ကိုလည်း ဖွင့်ထား၏။ ၄င်းမှာ အသက်စာလိပ်ဖြစ်၏။ သေလွန်သူတို့သည် စာလိပ်များတွင် ရေးထားချက်များနှင့်အညီ မိမိတို့အကျင့်များအတိုင်း တရားစီရင်ခြင်း ခံရ၏။” ဒီမှာဖော်ပြထားတဲ့ တရားသူကြီးက ဘယ်သူလဲ။

ယေဟောဝါဘုရားသခင်ဟာ လူသားတို့ရဲ့တရားသူကြီးချုပ်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်တော်က တကယ့်တရားစီရင်တဲ့အလုပ်ကိုတော့ လွှဲအပ်ထားတယ်။ တမန်တော် ၁၇:၃၁ မှာ တမန်တော်ပေါလုက ဘုရားသခင်သည် “ခန့်အပ်ထားတော်မူသောသူအားဖြင့် လူနေရာမြေကြီးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူပြီ” လို့ဖော်ပြတယ်။ ဒီမှာပါတဲ့ ခန့်အပ်ခံတရားသူကြီးက ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုခရစ်ဖြစ်တယ်။ (ယောဟန် ၅:၂၂) ဒါပေမဲ့ တရားစီရင်ရာနေ့ ဘယ်အချိန်မှာ အစပြုသလဲ။ ဘယ်လောက်ကြာမလဲ။

ဗျာဒိတ်ကျမ်းက မြေကြီးပေါ်ရှိ ဖောက်ပြန်ယိုယွင်းနေတဲ့ စာတန့်စနစ်တစ်ခုလုံးကို ဖျက်ဆီးမယ့် အာမဂေဒုန်စစ်ပွဲပြီးနောက်မှာ တရားစီရင်ရာနေ့ စတင်မယ်လို့ ဖော်ပြထားတယ်။a (ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၉-၂၀:၃) အာမဂေဒုန်ပြီးနောက် စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေဟာ တွင်းနက်ထဲမှာ အနှစ်တစ်ထောင် ချုပ်နှောင်ခံရမယ်။ အဲဒီအချိန်အတွင်း ၁၄၄,၀၀၀ ဟာ ကောင်းကင်မှာ တွဲဖက်အမွေခံများအဖြစ် “ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်အုပ်စိုး” ကြမယ်။ (ဗျာဒိတ် ၁၄:၁-၃; ၂၀:၁-၄; ရောမ ၈:၁၇) တရားစီရင်ရာနေ့က ၂၄ နာရီသာကြာမယ့်၊ အလျင်စလိုလုပ်ဆောင်ရမယ့် ဖြစ်ရပ်မဟုတ်ဘူး။ နှစ်ပေါင်း တစ်ထောင်ကြာမှာဖြစ်တယ်။

အနှစ်တစ်ထောင်အတွင်းမှာ ယေရှုခရစ်ဟာ “အသက်ရှင်သူ၊ သေလွန်သူတို့ကို တရားစီရင်” မှာဖြစ်တယ်။ (၂ တိမောသေ ၄:၁) “အသက်ရှင်သူ” တို့ဆိုတာက အာမဂေဒုန်ကို ကပ်ကျော်မယ့် “လူအုပ်ကြီး” ဖြစ်တယ်။ (ဗျာဒိတ် ၇:၉-၁၇) “သေလွန်သူ . . . တို့သည် ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကို” လည်း တမန်တော်ယောဟန် တွေ့ခဲ့ရတယ်။ ယေရှုကတိပြုခဲ့သလိုပဲ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ခရစ်တော်] ၏စကားသံကိုကြား၍ ထွက်” လာကြမယ်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) ဒါပေမဲ့ သူတို့အားလုံးကို ဘယ်အရာပေါ်အခြေခံပြီး တရားစီရင်မလဲ။

တမန်တော်ယောဟန်ရဲ့ရူပါရုံအရ “စာလိပ်များဖွင့်ထား” ပြီး “သေလွန်သူတို့သည် စာလိပ်များတွင် ရေးထားချက်များနှင့်အညီ မိမိတို့အကျင့်များအတိုင်း တရားစီရင်ခြင်းခံရ၏။” အဲဒီစာလိပ်တွေက လူတွေရဲ့ အရင်ကအကျင့်တွေကို မှတ်တမ်းတင်ထားတဲ့ စာလိပ်တွေလား။ မဟုတ်ပါဘူး။ လူတွေမသေဆုံးခင်က လုပ်ဆောင်ခဲ့ရာတွေအပေါ် အခြေခံပြီး တရားစီရင်မှာမဟုတ်ဘူး။ ကျွန်ုပ်တို့ ဘယ်လိုလုပ်ပြီး သိရသလဲ။ သမ္မာကျမ်းစာက “သေသောသူသည် အပြစ်တရား၏လက်မှ ကင်းလွတ်ပြီ” လို့ပြောတယ်။ (ရောမ ၆:၇) ဒါကြောင့် ရှင်ပြန်ထမြောက်လာကြသူတွေဟာ အပြစ်ကင်းတဲ့အခြေအနေနဲ့ ရှင်ပြန်ထမြောက်လာကြတယ်။ ဒါကြောင့် စာလိပ်တွေဟာ ဘုရားသခင်ရဲ့ နောက်ထပ်ပြဋ္ဌာန်းချက်တွေဖြစ်ရမယ်။ အာမဂေဒုန်ကို ကပ်ကျော်သူတွေရော၊ ရှင်ပြန်ထမြောက်လာကြသူတွေပါ ထာဝစဉ်အသက်ရှင်ဖို့ အနှစ်တစ်ထောင်အတွင်း ယေဟောဝါရဲ့နောက်ထပ်ပြဋ္ဌာန်းချက်အသစ်တွေ အပါအဝင် ဘုရားသခင့်မိန်မှာချက်တွေကို နာခံရမယ်။ ဒါကြောင့် တရားစီရင်ရာနေ့အတွင်းမှာ သူတို့ပြုလုပ်ရာတွေအပေါ် အခြေခံပြီး တစ်ဦးချင်းစီကို တရားစီရင်မှာဖြစ်တယ်။

တရားစီရင်ရာနေ့မှာ သန်းထောင်နဲ့ချီတဲ့လူတွေဟာ ဦးဆုံး ဘုရားသခင့်အလိုတော်အကြောင်းကို သင်ယူပြီး အဲဒါတွေကို လိုက်နာဆောင်ရွက်ဖို့ အခွင့်အရေးရရှိကြမယ်။ အဲဒါက ကျယ်ပြန့်တဲ့ပညာပေးရေးလုပ်ငန်း ရှိမယ်ဆိုတာ ဖော်ပြတယ်။ မှန်ပါတယ်၊ “မြေကြီးပေါ်မှာနေထိုင်သူတွေက ဖြောင့်မတ်ခြင်းကို သင်ယူကြလိမ့်မယ်။” (ဟေရှာယ ၂၆:၉၊ ကဘ) ဒါပေမဲ့ အားလုံးကတော့ ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ချင်ကြမှာမဟုတ်ဘူး။ ဟေရှာယ ၂၆:၁၀ (ကဘ) မှာ ဒီလိုပြောတယ်– “လူဆိုးက မျက်နှာသာခံစားရရင်တောင် ဖြောင့်မတ်ခြင်းကို သင်ယူမှာမဟုတ်ဘူး။ သူက ရိုးသားဖြောင့်မတ်တဲ့ပြည်မှာ မတရားသဖြင့် ပြုမူလိမ့်မယ်။ ယေဟောဝါရဲ့ကြီးမြတ်မှုကို သူ မြင်တွေ့ရမှာမဟုတ်ဘူး။” အဲဒီလူဆိုးတွေက တရားစီရင်ရာနေ့အတွင်းမှာ ထာဝရသေဆုံးသွားကြမှာဖြစ်တယ်။—ဟေရှာယ ၆၅:၂၀။

တရားစီရင်ရာနေ့မှာ လွတ်မြောက်ကပ်ကျော်သူတွေဟာ အဲဒီနေ့ကုန်ဆုံးချိန်မှာ လုံးဝ စုံလင်တဲ့လူသားတွေအဖြစ် ‘အသက်ရှင်’ လွတ်မြောက်ကြမယ်။ (ဗျာဒိတ် ၂၀:၅) ဒါကြောင့် တရားစီရင်ရာနေ့က လူသားတွေကို မူလစုံလင်တဲ့အခြေအနေကို ပြန်ရောက်ရှိစေမယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) အဲဒီနောက် နောက်ဆုံး စမ်းသပ်မှုရှိမှာဖြစ်တယ်။ စာတန်ဟာ ချုပ်နှောင်မှုကနေလွတ်လာပြီး နောက်ဆုံးအကြိမ်အဖြစ် လူသားတွေကို လှည့်ဖြားခွင့်ရရှိမယ်။ (ဗျာဒိတ် ၂၀:၃၊ ၇-၁၀) စာတန်ကို ဆန့်ကျင်တွန်းလှန်တဲ့သူတွေဟာ “ဖြောင့်မတ်သူတွေက မြေကြီးကို ပိုင်ဆိုင်ရပြီး အဲဒီမှာ ထာဝစဉ်နေထိုင်ရလိမ့်မယ်” ဆိုတဲ့ ကျမ်းစာကတိ လုံးဝပြည့်စုံတာကို တွေ့မြင်ခံစားကြရမယ်။ (ဆာလံ ၃၇:၂၉၊ ကဘ) တရားစီရင်ရာနေ့ဟာ သစ္စာရှိလူသားအားလုံးအတွက် ကောင်းချီးတစ်ခုဖြစ်ပါလိမ့်မယ်။

a အာမဂေဒုန်နဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၁၊ စာမျက်နှာ ၅၉၄-၅၊ ၁၀၃၇-၈ [အင်္ဂလိပ်]၊ ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း စာမျက်နှာ ၄၁၃-၄၁၈ နဲ့ စစ်မှန်၍တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကိုကိုးကွယ်လော့၊ အခန်း ၂၀ တို့ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ