သင်ခန်းစာ ၁၁
ကောင်းသောစကားများကို နေ့စဉ်အသုံးပြုခြင်း
၁။ ကျွန်ုပ်တို့စကားသည် ယေဟောဝါကိုနှစ်သက်စေဖို့ ဘာကဖြစ်စေမည်နည်း။
၁ “အကျွန်ုပ်ပြောသောစကား . . . သည်ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုယေဟောဝါ။” (ဆာ. ၁၉:၁၄၊ ကဘ) ဤစကားများ ကျွန်ုပ်တို့တွင်မှန်ကန်ဖို့ မှန်သောအရာများနှင့် ဘုရားသခင်၏ကျေးကျွန်တစ်ဦးပီသစွာ ပြောဆိုသင့်သည်။ နိုင်ငံတော်ခန်းမ၊ အမှုဆောင်လယ်ကွင်း၌သာမက ကျွန်ုပ်တို့စကားပြောဆိုပုံအားဖြင့် ကျွန်ုပ်တို့သည် နေ့စဉ် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များဖြစ်ကြောင်း သက်သေထူလို၏။ သို့ဖြင့် အိမ်၌၊ အလုပ်ခွင်၌၊ ကျောင်း၌ ကျွန်ုပ်တို့အသုံးပြုသောစကားလုံးများသည် ကျွန်ုပ်တို့၏ဓမ္မအမှုအပေါ် နှစ်သက်ဖွယ်ဖြစ်စေပေမည်။—၂ ကော. ၆:၃။
၂၊ ၃။ ကျွန်ုပ်တို့စကားပြောဆိုပုံနှင့် ကျွန်ုပ်တို့ရွေးချယ်သည့်စကားလုံးများသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၂ ကျွန်ုပ်တို့စကားပြောဆိုပုံသည် အရေးကြီး၏။ ဤတွင် ကျွန်ုပ်တို့၏မျက်နှာထားနှင့် အသံနေအသံထားပင် ပါဝင်၏။ ယေဟောဝါ၏ကျေးကျွန်များအဖြစ် ရွှင်လန်းမှုသည် မိမိတို့မျက်နှာပေါ် ထင်ရှားနေသင့်သည်။ ခင်မင်တတ်သောသဘောနှင့် လှိုက်လှဲသောအပြုံးသည် ဆွဲဆောင်တတ်သည်။ ကျွန်ုပ်တို့ဟောပြောသောသမ္မာတရားသည် လေးနက်သည်မှန်သော်လည်း ယင်းတို့သည် နှလုံးကို နွေးထွေးစေသည်။ ထို့ကြောင့် အားတက်သရောရှိပါ! “မျက်နှာသေ” ထားခြင်းသည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းသတင်းနှင့် ကိုက်ညီမည်မဟုတ်ပါ။
၃ ကောင်းသောစကားများနှင့် သင်အကျွမ်းဝင်လာသောအခါ စကားလုံးများနှင့်အသုံးအနှုန်းများတွင် “ပင်ကိုသရုပ်” ရှိကြောင်း သတိပြုမိမည်။ ယင်းတို့သည် ခါးသီးနိုင်သည် သို့မဟုတ် ချိုသာနိုင်သည်၊ နူးညံ့သည် သို့မဟုတ် ခက်ထန်သည်၊ ခင်မင်သည် သို့မဟုတ် ရန်စောင်သည်၊ တည်ဆောက်မှုပေးနိုင်သည် သို့မဟုတ် စိတ်ဓာတ်ကျစေနိုင်သည်။ ထို့ကြောင့် သင့်တော်သောစကားလုံး၊ အသုံးအနှုန်းကို အသုံးပြုခြင်းသည် အလွန်အရေးကြီးသည်။ အထူးသဖြင့် သမ္မာတရားဖြစ်သော နိုင်ငံတော်သတင်းကောင်းနှင့်ပတ်သက်လျှင် ပိုအရေးကြီးသည်။
၄။ ကျွန်ုပ်တို့၏ဝေါဟာရကို မည်သို့တိုးပွားစေနိုင်မည်နည်း။
၄ ဝေါဟာရ ကြွယ်စေခြင်း။ ယေဟောဝါကိုချီးမွမ်းရန် အသုံးပြုနိုင်သည့်စကားလုံးများစွာရှိကြောင်း အဘိဓာန်ကျမ်းကို လှန်လှောကြည့်ရုံနှင့် သိနိုင်သည်။ သို့သော် ဝေါဟာရစာရင်းပါ စကားလုံးများကို မည်မျှကောင်းစွာအသုံးပြုသနည်း။ ဆောင်းပါးတစ်ခုကိုဖတ်သည့်အခါ ကောင်းစွာမသိသောစကားလုံးများကို ဖွင့်ရှာသလော သို့မဟုတ် ဆောင်းပါးဖတ်ပြီးနောက် ရှာဖွေရန် မှတ်သားထားသလော။ သို့ဖြင့် သင့်ဝေါဟာရ တိုးလာပေမည်။ ထို့ပြင် သင်သိရှိသော်လည်း နေ့စဉ်စကားပြောဆိုချိန်တွင် အသုံးမပြုသောစကားလုံးများစွာရှိကြောင်း သတိပြုမိမည်။ လျော်ကန်သည့်အခါ ယင်းတို့ကို အသုံးပြုရန်ကြိုးစားပါ။ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး၊ ကျမ်းစာကျောင်းသားတစ်ဦးအနေနှင့် ကောင်းစွာပြောဆိုနိုင်စွမ်းကို မွေးမြူနေခြင်းသည် သင့်အတွက် အကျိုးရှိမည်အမှန်။
၅၊ ၆။ စကားလုံးများကို သင့်တော်စွာအသုံးပြုဖို့ အဘယ်အရာကအကူအညီဖြစ်စေမည်နည်း။
၅ မှန်ကန်သောစကားလုံးကိုအသုံးပြုတတ်ရန် သင်ယူပါ။ စကားလုံးနှစ်လုံးသည် တူဟန်ရှိသော်လည်း အဓိပ္ပာယ်အနည်းငယ်ကွာပေမည်။ အဘယ်အခြေအနေတွင် အဘယ်စကားလုံးကို အသုံးပြုသင့်ကြောင်း သိထားမည်ဆိုလျှင် သင့်ကိုနားထောင်သူတို့အား စိတ်ခုသွားစေမည်မဟုတ်ပါ။ သင်၏စကားပြောပုံဆိုပုံလည်း ပို၍ရှင်းလင်းလာမည်။ အဘိဓာန်ကောင်းကို အသုံးပြုခြင်းသည် ထောက်ကူ၏။ အချို့အဘိဓာန်များက စကားလုံးတစ်လုံးစီ၏ အနက်တူသံကွဲစကားလုံးနှင့် ဆန့်ကျင်အနက်ထွက် စကားလုံးများကို ဖော်ပြထားသည်။ သို့ဖြင့် သဘောတစ်ခုတည်း၏ အသုံးအနှုန်းအမျိုးမျိုးသာမက အနက်အမျိုးမျိုးကိုပါ သိရှိနိုင်သည်။ စကားလုံးမှန်ကိုအသုံးပြုခြင်းက ရှည်လျားထွေပြားခြင်းကိုရှောင်စေပြီး လိုရင်းကို ဖော်ပြစေသည်။ သို့မဟုတ်ပါက သဘောတရားမှန် မပေါ်စေပါ။ ထို့ကြောင့် စကားအနည်းငယ်ဖြင့် မိမိကိုယ်ကိုဖော်ပြတတ်ရန် သင်ယူပါ။ တတ်ကျွမ်းသွားပြီဆိုလျှင် အရောင်အသွေးနှင့် အနက်ကို ပိုမိုပေါ်လွင်စေသောအသုံးအနှုန်းကို စတင်ပြောင်းလွဲအသုံးပြုပါလေ။
၆ ဝေါဟာရကြွယ်လာရာတွင် စကားလုံးအသစ်များရဖို့ကိုသာ မစဉ်းစားဘဲ ထူးခြားချက်များရှိသောစကားလုံးများကို သုံးသပ်ပါ– အင်အားကိုဖော်ညွှန်းသောကြိယာများ; အရောင်တင်ပေးသော နာမဝိသေသနများ; တစ်မျိုးတည်းမဖြစ်ရန် အပြောင်းအလဲအသုံးအနှုန်းများ; ကြင်နာမှုပါဝင်၍ နွေးထွေးမှုကိုပြသောအသုံးအနှုန်းများ။ အသင်းမ၏စာပေများကို ဖတ်ရှုရာတွင် သင်ရွေးချယ်အသုံးပြုနိုင်မည့် အမျိုးမျိုးသောစကားလုံးနှင့် စကားစုများစွာကို သတိပြုမိပေမည်။
၇၊ ၈။ ဝေါဟာရကြွယ်လာသည်နှင့်စပ်လျဉ်း၍ အဘယ်အန္တရာယ်ကို သတိပြုရမည်နည်း။
၇ ဝေါဟာရကြွယ်လာခြင်း၏ရည်ရွယ်ချက်မှာ ကြွားဝါဖို့မဟုတ်ပါ။ နားထောင်သူများကို သိစေလို၍ဖြစ်ကာ မိမိကိုယ်ကိုအထင်ကြီးစေရန်မဟုတ်ချေ။ တမန်တော်ပေါလု၏စိတ်ထားမျိုး ကျွန်ုပ်တို့တွင် ရှိသင့်သည်– “အသင်းတော်၌ အခြားသောဘာသာစကားဖြင့် စကားတစ်သောင်းကိုပြောနိုင်သည်ထက် သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။” (၁ ကော. ၁၄:၉၊ ၁၉) မိမိပြောဆိုချက်သည် သူတစ်ပါးနားလည်ရခက်လျှင် ဘာသာခြားစကားကို ပြောလိုက်ခြင်းနှင့်တူပေမည်။ ထိုနည်းတူ အသေးစိတ်အချက်အလက်များကို တန်ဖိုးမထားတတ်သူများနှင့် မလိုအပ်ဘဲအနုစိတ်ပြောဆိုခြင်းကို ရှောင်မည်။ သာမန်စကားပြောရာ၌ပင် အထင်ကြီးခံလိုသည့်သဘောမျိုးဖြင့် ရှုပ်ထွေး၍ရှည်လျားသော စကားလုံးများ မသုံးသင့်ပါ။ မိမိပြောဆိုရာကို သူတစ်ပါးနားလည်ဖို့ရန် အရေးကြီးသည်။ သုတ္တံ ၁၅:၂ ကိုသတိရပါ– “ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။” နားလည်လွယ်သော လျောက်ပတ်သည့်စကားများကိုသုံးခြင်းသည် ကျွန်ုပ်တို့၏ဟောပြောချက်ကို လန်းဆန်းစေပြီး လှုံ့ဆော်မှုနှင့် စိတ်ဝင်စားဖွယ် ဖြစ်စေအံ့။—ကော. ၄:၆။
၈ ၎င်းပြင် မှန်မှန်ကန်ကန် အသံထွက်ခြင်းသည်လည်း အရေးကြီး၏။ စကားလုံးအချို့ကို မည်သို့အသံထွက်ရန် အဘိဓာန်ကို ကြည့်နိုင်သည်။ သူတစ်ပါးအသံထွက်ပုံကိုလည်း ဂရုပြုပါ။ ဖြစ်ကတတ်ဆန်း အသံထွက်ခြင်းကိုရှောင်ရန် ယင်းကသင့်အား ထောက်ကူမည်။ နေ့စဉ်စကားပြောဆိုခြင်း၌ အခြားဂရုစိုက်ရမည့်အရာများမှာ ဗလုံးဗထွေးပြောခြင်းနှင့် စကားလုံးများ၏အဆုံးကိုချန်ထားခြင်းဖြစ်သည်။ သွားစေ့ပြီးမပြောနှင့်။ လေယူလေသိမ်း မှန်ကန်ရမည်။ သဲသဲကွဲကွဲ အသံထွက်ဖို့ ပါးစပ်ဖွင့်ပြောပါ။
၉–၁၂။ အဘယ်စကားပြောဆိုမှုကို ကျွန်ုပ်တို့ရှောင်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၉ ရှောင်သင့်သည့်စကား။ နေ့စဉ် အဘယ်ကဲ့သို့သောစကားများကို ရှောင်ရမည့်အကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖော်ပြသည်။ ဥပမာ၊ ပေါလုက “မတော်မလျော်သော ညစ်ညူးပျက်ပြယ် ပြက်ရယ်သောစကားများ” ကိုရှောင်ရန် မှာကြားသည်။ (ဧ. ၅:၃၊ ၄) ညစ်ညမ်းပြီး ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ သုံးနှုန်းခြင်းကို ရှောင်သင့်သည်။ ပေါလုဤသို့ရေးသေးသည်– “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။” (ဧ. ၄:၂၉) ထိုကြောင့် ခရစ်ယာန်များသည် ကျိန်ဆဲသောစကားလုံးများ၊ ကြမ်းတမ်းသောစကားလုံးများကို ရှောင်သင့်သည်။ ယင်းစကားများသည် အဓိပ္ပာယ်ပို၍လေးနက်စေသည်ဟု သဘောထားသူအချို့ရှိသည်။ အဓိပ္ပာယ်လေးနက်ပေါ်လွင်စေသည့် စကားလုံး များစွာရှိပါသည်။ ထိုသို့သောသူများကဲ့သို့ ကြမ်းတမ်းစွာ ပြန်ပြောဆိုစရာမလိုပါ။ ရိုးရှင်းသောစကားကထောက်ကူပေမည်၊ သို့သော် စင်ကြယ်၍မှန်ကန်သင့်သည်။
၁၀ သဒ္ဒါနည်းမကျသော အပြောအဆိုများ၊ အသုံးအနှုန်းများကိုလည်း ရှောင်ကြဉ်သင့်သည်။ ယင်းတို့ကို ဖျော်ဖြေရေးလောကနှင့် ခေတ်ပေါ်တေးသီချင်းများတွင် အသုံးပြုလေ့ရှိ၍ အချို့က အတုယူသုံးစွဲတတ်သည်။ သို့သော် ခရစ်ယာန်များအတွက် အတုယူရန် မသင့်တော်ပါ။ သို့ပြုပါက ဤလောက၊ ယင်း၏အသက်တာနှင့် အတူတူပင်ဖြစ်နေမည်။ ရာဇဝတ်သား၊ စာရိတ္တယိုယွင်းသူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ အစရှိသောသူတို့သည် သာမန်လူ မသိနားမလည်သော ကိုယ်ပိုင်အသုံးအနှုန်းများရှိသည်။ ကျွန်ုပ်တို့မူကား အပြောအဆိုစံနှုန်းသည် ထိုသို့သော လောကီသြဇာလွှမ်းမိုးမှုများဖြင့် မထိခိုက်သင့်ပါ။—ရော. ၁၂:၂။
၁၁ ကိုင်းရှိုင်းမှုမရှိသော စကားမျိုးကိုလည်း ခရစ်ယာန်များ သတိပြုရှောင်ကြဉ်သင့်သည်။ အချို့က စကားပြောရာတွင် လေးနက်မှုရှိရန် ကျိန်ဆိုသောစကားလုံးအတွက် အစားထိုးရန် “ဘုရား”၊ “သခင်”၊ “ယေရှု” နှင့် “ခရစ်” ကိုလည်း အသုံးပြုကြသည်။ “ဂေါ့ရှ်” “ဂေါလီ” “ဂီ” ကဲ့သို့သော အခြားစကားလုံးများသည် “ဘုရား” နှင့် “ယေရှု” မှဆင်းသက်ကာ ကြားကောင်းအောင်လှည့်သုံးထားခြင်းကြောင့် ဆင်ခြင်မှုမရှိသောစကားများကဲ့သို့ ရှောင်သင့်သည်။—ထွ. ၂၀:၇; မ. ၅:၃၄-၃၇။
၁၂ လူများပြောသောစကား၊ လုပ်သောအရာများသည် ကျွန်ုပ်တို့ကို တစ်ခါတစ်ရံ စိတ်ဆိုးစေပါလိမ့်မည်။ သို့ဖြစ်စေကာမူ ခရစ်ယာန်တစ်ဦးသည် ဒေါသဖြင့် (သို့) ပြန်မဆဲသင့်ပါ။ တမန်တော်က ဤသို့ဆိုသည်– “ထိုအမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသောစကားကို သုံးခြင်းတို့ကိုလည်းကောင်း သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။” (ကော. ၃:၈) ထို့ကြောင့် သူတစ်ပါးပြောသောစကားများသည် ကျွန်ုပ်တို့စိတ်ဆိုးစရာဖြစ်ဦးတော့ ပညာရှိသောလမ်းစဉ်သည် မိမိကိုယ်ကို ချုပ်တည်းခြင်းဖြစ်၏။—သု. ၁၄:၂၉; ယာ. ၃:၁၁။
၁၃–၁၆။ ကျွန်ုပ်တို့၏သဒ္ဒါနှင့် စကားပြောဆိုမှု တိုးတက်လာဖို့ ဘာကကူညီမည်နည်း။
၁၃ သင့်လျော်သောသဒ္ဒါ။ အချို့သူများသည် သဒ္ဒါမကျဘဲ စကားပြောဆိုနေကြောင်း မိမိကိုယ်ကိုသတိပြုမိမည်။ အခြားနိုင်ငံတွင် ကြီးလာခြင်း၊ ငယ်စဉ်က ကျောင်းနေခွင့်မရခြင်းတို့ကြောင့် ဖြစ်ပေမည်။ စိတ်ပျက်စရာမဟုတ်ပါ။ ယင်းအစား သတင်းကောင်းအတွက် တိုးတက်ဖို့တကယ်ကြိုးစားသင့်သည်။ အကျိုးပြုမည့် ဤနည်းလမ်းများကို ပြုနိုင်သည်။ ဥပမာ၊ မိသားစုဖတ်ရှုခြင်းသည် အမှားပြင်ရန် အခွင့်အရေးပေးသည်။ သဒ္ဒါနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိရှိရာအများသည် သူတစ်ပါးကို နားထောင်ခြင်းမှ တတ်သိလာ၏။ ထို့ကြောင့် ရင့်ကျက်ပြီး ပညာအရည်အချင်းရှိညီအစ်ကိုများ စကားပြောဆိုသည့်အခါ ကောင်းစွာနားထောင်ပါ။ ကျမ်းစာနှင့် အသင်းမ၏စာပေများကိုဖတ်ရှုသည့်အခါ ဝါကျတည်ဆောက်ပုံနှင့် အခြေအနေအလိုက် စကားလုံးများကို အသုံးပြုထားပုံတို့ကို သတိပြုပါ။ ဤပုံသက်သေကောင်းများအတိုင်း သင့်ပြောဆိုမှုကိုပုံစံသွင်းပါ။
၁၄ ကျောင်းနေစဉ် လူငယ်များသည် သဒ္ဒါနှင့် စကားသုံးစွဲနည်းကို ကောင်းစွာတတ်ရန် အခွင့်အရေးယူသင့်သည်။ သဒ္ဒါစည်းမျဉ်းတစ်ခုခုကို အသေအချာ မသိမချင်း ဆရာကိုမေးပါ။ သင်သည် သတင်းကောင်း၏ ထိရောက်သောဓမ္မအမှုဆောင်တစ်ဦးဖြစ်လိုသောကြောင့် စွဲမြဲသင့်သည်။
၁၅ နေ့စဉ် ကောင်းသော စကားကို ကြိုးစားအသုံးပြုပါ။ နေ့စဉ် ဖြစ်ကတတ်ဆန်းစကားပြောဆိုသူသည် အထူးချိန်ခါတွင် ကောင်းစွာပြောနိုင်မည်မဟုတ်ပါ။ လေ့ကျင့်ရန်လိုသည်။ သို့သော် သာမန်အခြေအနေတွင် အရည်အသွေးရှိစကားကို ပြောဆိုလေ့ရှိလျှင် စင်မြင့်ပေါ်မှ ဟောပြောရာတွင်လည်းကောင်း၊ ဘုရားသခင့်သမ္မာတရားကို သူတစ်ပါးအား သက်သေခံရာ၌လည်းကောင်း လွယ်ကူစွာ ပင်ကိုအတိုင်းပြောဆိုပေမည်။
၁၆ နေ့စဉ်ကောင်းစွာ စကားပြောခြင်းကို လေ့ကျင့်ခြင်းက နိုင်ငံတော်အားဖြင့် ယေဟောဝါ၏ကြီးမြတ်သောရည်ရွယ်ချက်များကို တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြနိုင်မည့် နှစ်သက်ဖွယ်စကားများကို ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးတွင်သွင်းထားရန် အကူအညီပေးမည်။ ထိုအခါ လုကာ ၆:၄၅ ပါ ယေရှု၏စကားများ မှန်ကန်ကြောင်းကို တွေ့ရှိလိမ့်မည်– “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။”