ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၅ အမှတ် ၁ စာ. ၁၂-၁၃
  • ရက်ရောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရက်ရောပါ
  • နိုးလော့!—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ရက်ရောစွာ ပေးကမ်းသူတွေ ပျော်ရွှင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • တခြားသူတွေကို ဘာကြောင့် ကူညီပေးသင့်သလဲ
    လူငယ်များအမေး
  • ယေဟောဝါရဲ့ ရက်ရောမှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို တန်ဖိုးထားလေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိစေတဲ့ လမ်းညွှန်ချက်
    နိုးလော့!—၂၀၂၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၅
န၂၅ အမှတ် ၁ စာ. ၁၂-၁၃
အိမ်ကုပ်ကုပ်လေးရဲ့ အပြင်ဘက်မှာ မိသားစုတစ်စု ဧည့်သည်တွေနဲ့ ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်နေ။

ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ

ရက်ရောပါ

အစစအရာရာ ဈေးတက်နေချိန်မှာ တခြားသူတွေကို ပေးကမ်းဖို့ နေနေသာသာ ကိုယ့်အတွက်တောင် အနိုင်နိုင်လို့ စဉ်းစားမိနိုင်တယ်။ တကယ်တော့ ရက်ရောတာက အကျပ်အတည်းတွေကို ခံသာစေတယ်။ ငွေချွေတာရင်း ရက်ရောနိုင်တဲ့နည်းတွေ ရှိပါတယ်။

ဘာကြောင့် အရေးကြီးသလဲ

သေးသေးမွှားမွှားပဲ ဖြစ်ပါစေ ပေးကမ်းလိုက်တဲ့အခါ ပီတိဖြစ်ရတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရတယ်။ လေ့လာမှုတွေအရ ပေးကမ်းတာက ကိုယ်စိတ်နှစ်ပါး ကျန်းမာစေတယ်။ ဥပမာ၊ စိုးရိမ်သောက၊ စိတ်ဖိစီးမှု၊ သွေးတိုး၊ အကိုက်အခဲတွေ လျော့နည်းစေတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။

“ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တမန်တော် ၂၀:၃၅။

ငွေကြေးဖြစ်ဖြစ်၊ ဘာလေးပဲဖြစ်ဖြစ် တခြားသူတွေ လိုအပ်တဲ့အခါ ပေးကမ်းတတ်သူဟာ ကိုယ်တိုင် လိုအပ်လာတဲ့အခါလည်း တခြားသူတွေဆီက အကူအညီ လက်ခံဖို့ ပိုလွယ်သွားတယ်။ အင်္ဂလန်နိုင်ငံမှာ နေတဲ့ ဟောင်းဝေါ့ဒ် အခုလိုပြောတယ်– “ကျွန်တော်တို့ဇနီးမောင်နှံက တခြားသူတွေကို ရှာကြံပြီး ပေးကမ်းကူညီတတ်တော့ ကိုယ်တိုင် အကူအညီ လိုအပ်လာတဲ့အခါ လက်ခံဖို့ စိတ်လေးမနေတော့ဘူး။” မှန်ပါတယ်၊ စိတ်ရင်းစေတနာနဲ့ ပေးကမ်းသူတွေဟာ တစ်ခုခု ပြန်ရဖို့ မမျှော်လင့်ကြပါဘူး။ ဒါပေမဲ့ လိုအပ်ချိန်မှာ ဖေးမကူညီပေးမယ့် မိတ်ဆွေစစ်တွေ ရသွားတတ်ကြတယ်။

“ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို ပြန်ပေးကမ်းကြလိမ့်မယ်။”—လုကာ ၆:၃၈။

လုပ်ဆောင်နိုင်ရာ

နိုင်သလောက် ပေးကမ်းဝေမျှပါ။ သိပ်မပေးကမ်းနိုင်လို့၊ ထမင်းတစ်နပ်လောက်ပဲ ကျွေးနိုင်လို့ မပြောပလောက်ဘူး မထင်လိုက်ပါနဲ့။ ယူဂန္ဓာနိုင်ငံမှာ နေထိုင်တဲ့ ဒန်ကန်တို့မိသားစုဟာ ဆင်းရဲပေမဲ့ သိပ်ရက်ရောကြတယ်။ “တနင်္ဂနွေနေ့တိုင်း မိတ်ဆွေတစ်ယောက်မဟုတ် တစ်ယောက်ကို ကျွန်တော်တို့ဇနီးမောင်နှံ အိမ်ဖိတ်ပြီး ရှိတာလေးနဲ့ အတူစားကြတယ်။ သူတို့နဲ့ အချိန်ပေးပေါင်းသင်းရတာ ပျော်လို့ပါ” ဆိုပြီး ဒန်ကန် ပြောတယ်။

မျှမျှတတတော့ ရှိပါ။ မိသားစုကို ငဲ့ကွက်ရာမရောက်တဲ့အထိ မဖြစ်ပါစေနဲ့။—ယောဘ ၁၇:၅။

အကြံပြုချက်– တစ်ယောက်ယောက်ကို ထမင်းစား ဖိတ်နိုင်တယ် ဒါမှမဟုတ် ကော်ဖီတစ်ခွက်၊ အအေးတစ်ခွက် တိုက်နိုင်တယ်။ အသုံးမလိုတော့တဲ့ပစ္စည်း ရှိရင် အသုံးလိုတဲ့ မိတ်ဆွေ ဒါမှမဟုတ် အိမ်နီးချင်းတစ်ယောက်ယောက်ကို ပေးနိုင်တယ်။


တခြားနည်းလမ်းတွေနဲ့ ပေးကမ်းပါ။ အကောင်းဆုံး လက်ဆောင်တချို့ဟာ ငွေနဲ့ ပေးဝယ်လို့မရတဲ့အရာတွေ ဖြစ်လေ့ရှိတယ်။ ဥပမာ၊ တစ်ယောက်ယောက်ကို ဂရုစိုက်ပေးဖို့ ကိုယ့်ရဲ့ အချိန်၊ ခွန်အား သုံးလိုက်တာလိုမျိုးပါ။ ကြင်နာတဲ့ စကားတစ်ခွန်းကတောင် လက်ဆောင်မွန် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဘယ်လောက် တန်ဖိုးထားတယ်၊ ချစ်တယ်ဆိုတဲ့အကြောင်း တစ်ယောက်ယောက်ကို ပြောလိုက်ပါ။

အကြံပြုချက်– တစ်ယောက်ယောက်ရဲ့ အိမ်မှာ တစ်ခုခု သွားကူပေးတာ၊ ပျက်နေတာတွေ ပြင်ပေးတာမျိုး လုပ်နိုင်တယ်။ မိတ်ဆွေတစ်ယောက်ဆီ သတိရကြောင်း စာရေးနိုင်တယ် ဒါမှမဟုတ် စာတိုပို့နိုင်တယ်။

ရက်ရောတာက အနှစ်သာရ ပြည့်ဝတဲ့ ဘဝကို ပိုင်ဆိုင်ရစေတယ်။

“ကောင်းမှု ပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။”—ဟီဘရူး ၁၃:၁၆။

သက်ကြီးအမျိုးသမီးတစ်ယောက်ကို မောင်နှံတစ်စုံ ခြံဝိုင်းရှင်းပေးနေ။ သစ်ရွက်ခြောက်တွေ ရှင်းနေတုန်း သက်ကြီးအမျိုးသမီးက သောက်စရာ ယူလာပေး။
ထရေး။

“တိုက်ခန်း ကျဉ်းပေမဲ့ ကျွန်တော်တို့လင်မယားနှစ်ယောက် မိတ်ဆွေတွေကို ထမင်းစားဖိတ်ပြီး အတူပေါင်းသင်းစားသောက်ကြတယ်။ မိတ်ဆွေတွေကို ကူညီရတာ တကယ်ပျော်တယ်။ ငွေကြေး ကူညီပေးတဲ့အချိန်တွေ ရှိပေမဲ့ အများအားဖြင့်တော့ အချိန်ပဲ ပေးလိုက်တာပါ။ ရယူခြင်းထက် ပေးကမ်းခြင်းဟာ ပိုပျော်ရွှင်စေတယ်ဆိုတာ သိပ်မှန်မှန်း ကျွန်တော်တို့ ကိုယ်တွေ့ပါပဲ။”—ထရေး၊ အစ္စရေး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ