ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၁ စာ. ၄-၅
  • ပြဿနာရင်းမြစ်ကို သိနားလည်ဖို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြဿနာရင်းမြစ်ကို သိနားလည်ဖို့
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဖြစ်နိုင်တာကို ကြိုးပမ်းလုပ်ဆောင်နေကြသလား
  • ကျမ်းစာဉာဏ်ပညာက ကာကွယ်ပေး
  • ယုံကြည်ခြင်းနှင့်သင့်အနာဂတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ‘အထက်မှဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးသြဇာသက်ရောက်သလော
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၁ စာ. ၄-၅
ဆေးရုံလူနာခန်း အပြင်ဘက်မှာ ဆရာဝန်နှစ်ဦး ဆွေးနွေးတိုင်ပင်နေစဉ်

အပေါ်ယံ လက္ခဏာလောက်သာ မဟုတ်ဘဲ ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း ဖော်ထုတ်ရမယ်

ပြဿနာရင်းမြစ်ကို သိနားလည်ဖို့

စိန်ခေါ်ချက်

အနာဂတ် အေးချမ်းလုံခြုံမှု ထိပါးတဲ့ ပြဿနာတွေကို လူတွေ ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလား။ ထိရောက်စွာ ဖြေရှင်းဖို့ အပေါ်ယံလက္ခဏာလောက်သာ မဟုတ်ဘဲ ပြဿနာ ဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ရမယ်။

ဥပမာ၊ လူနာတွမ် ဖျားနာသေဆုံးသွားတယ်။ ဘာကြောင့် သေဆုံးရသလဲ။ “ကနဦး ရောဂါလက္ခဏာတွေ ပေါ်လာချိန်မှာ အကြောင်းရင်း ရှာဖို့ စိတ်မကူးကြဘူး” လို့ တွမ် မသေခင်လေးမှာ ကြည့်ပေးခဲ့တဲ့ ဆရာဝန်က ပြောတယ်။ တွမ်ကို အရင်ကြည့်ပေးခဲ့သူတွေက ဝေဒနာ သက်သာစေတဲ့ဆေးပဲ ပေးကြတယ်။

ကမ္ဘာ့ပြဿနာတွေကိုလည်း လူတွေ အလားတူ ဖြေရှင်းနေကြသလား။ ဥပမာ၊ ရာဇဝတ်မှု တိုက်ဖျက်ရေးအတွက် ဥပဒေတွေ ထုတ်ပြန်ကြတယ်။ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ကြတယ်။ ရဲတပ်ဖွဲ့အင်အားတွေ ဖြည့်ဆည်းကြတယ်။ ဒီနည်းတွေဟာ အတိုင်းအတာတစ်ခုအထိ ထိရောက်ပေမဲ့ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို မဖြေရှင်းပေးဘူး။ တကယ်တော့ လူတွေရဲ့ အပြုအမူက လူ့သဘောထား၊ ယုံကြည်ချက်နဲ့ အလိုဆန္ဒတို့ကို ဖော်ပြလေ့ရှိတယ်။

စီးပွားရေး ကျဆင်းနေတဲ့ တောင်အမေရိက နိုင်ငံတစ်နိုင်ငံက ဒေနီယယ် ဒီလိုပြောတယ်– “အရင်တုန်းက သာမန်ဘဝနဲ့ နေကြတယ်။ ဓားပြရန် မကြောက်ရဘူး။ အခုတော့ အေးအေးချမ်းချမ်းရှိတဲ့ မြို့ရယ်၊ ရွာရယ်လို့ မရှိတော့ဘူး။ စီးပွားရေး ကျဆင်းမှုက လောဘကြီးခြင်း၊ သူတစ်ပါး အသက်အိုးအိမ်စည်းစိမ်ကို လေးစားမှုမဲ့ခြင်းဆိုတဲ့ လူအများရဲ့ သဘောထားကို ဖော်ပြတယ်။”

အိလိယပ်စ်ဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထွက်ပြေးရပြီး နောက်ပိုင်းမှာ ကျမ်းစာ လေ့လာခဲ့တယ်။ “ကျွန်တော့်ဇာတိမြို့က လူငယ်တွေဟာ မိသားစုဝင်တွေ၊ နိုင်ငံရေး-ဘာသာရေး စနစ်တွေကြောင့် စစ်ထဲ ဝင်ဖို့၊ သူရဲကောင်းတွေအဖြစ် သတ်မှတ်ခံရဖို့ ဖိအားပေးခံရကြတယ်။ ဆန့်ကျင်ဘက်အဖွဲ့က လူတွေလည်း အလားတူပဲ။ ဒါတွေကြောင့် လူ့အုပ်စိုးရှင်တွေကို ယုံကြည်ဖို့ သိပ်ခက်လာတယ်။”

ရှေးကျတဲ့ ပညာရှိ ကျမ်းဂန်မှာ ဒီလိုဖော်ပြထားတယ်–

  • “လူတွေဟာ ငယ်ငယ်ကတည်းက စိတ်အကြံအစည် ဆိုးညစ်ကြတယ်။”—ကမ္ဘာဦး ၈:၂၁။

  • “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်။ စိတ်ရဲ့သဘောကို ဘယ်သူ သိနိုင်သလဲ။”—ယေရမိ ၁၇:၉။

  • ‘မကောင်းကြံစည်တာ၊ လူ့အသက်သတ်တာ၊ လိင်အကျင့်ယိုယွင်းတာ၊ ခိုးတာ၊ မဟုတ်မမှန် သက်သေထွက်ဆိုတာတွေဟာ စိတ်နှလုံးထဲက ထွက်လာတာတွေပေါ့။’—မဿဲ ၁၅:၁၉။

ကျွန်တော်တို့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဉာဉ်ဆိုးတွေအတွက် ကုစားနည်းကို လူတွေ ရှာမတွေ့နိုင်ကြသေးဘူး။ အဲဒီဉာဉ်ဆိုးတွေဟာ ဆိုးသည်ထက်ဆိုးလာနေတယ်။ ရှေ့ဆောင်းပါးမှာ ဖော်ပြတဲ့ ပြဿနာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ (၂ တိမောသေ ၃:၁-၅) ဒီနေ့ သတင်းအချက်အလက်များစွာ ရနိုင်ပြီ။ ဆက်သွယ်ရေး နည်းစနစ်တွေလည်း မကြုံစဖူး တိုးများလာနေပြီ။ ဒါဆိုရင် ကမ္ဘာကြီး အေးချမ်းလုံခြုံအောင် ဘာကြောင့် မစွမ်းဆောင်နိုင်ကြမှာလဲ။ မတတ်နိုင်တာကို တောင်းဆိုနေကြတာလား။ မဖြစ်နိုင်တာကို ကြိုးပမ်းလုပ်ဆောင်နေကြသလား။

မဖြစ်နိုင်တာကို ကြိုးပမ်းလုပ်ဆောင်နေကြသလား

လူ့ဉာဉ်ဆိုးတွေကို ပြောင်းလဲနိုင်တဲ့နည်း ရှိရင်တောင် ကမ္ဘာကြီး ဘေးကင်းလုံခြုံအောင်တော့ မစွမ်းဆောင်နိုင်ကြသေးဘူး။ ဘာကြောင့်လဲ။ လူတွေရဲ့ အကန့်အသတ်ဖြစ်မှုကြောင့်ပါပဲ။

ရိုးရှင်းတဲ့ အမှန်တရားကတော့ ‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိဘူး။’ (ယေရမိ ၁၀:၂၃) ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ဖို့ ဖန်ဆင်းမခံရကြဘူး။ လူလူချင်း အုပ်ချုပ်ဖို့ ဖန်ဆင်းမခံရသလို ရေအောက်မှာဖြစ်စေ၊ အာကာသမှာဖြစ်စေ နေထိုင်ဖို့လည်း ဖန်ဆင်းမခံရဘူး။

လူနှစ်ယောက် ရေအောက် အသက်ရှူပိုက် သုံးပြီး ရေငုတ်နေကြစဉ်

ရေအောက်မှာ နေထိုင်ဖို့ ဖန်ဆင်းမခံရသလို လူလူချင်း အုပ်ချုပ်ဖို့လည်း ဖန်ဆင်းမခံရဘူး

စဉ်းစားသုံးသပ်ကြည့်ပါ။ ဘယ်လို နေထိုင်ရမယ်၊ ဘယ်ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာရမယ်ဆိုပြီး လူလူချင်း ပြောတာကို နှစ်သက်ကြသလား။ ကိုယ်ဝန်ဖျက်ချမှု၊ သေဒဏ်စတာတွေကို ဘယ်လို ရှုမြင်ရမယ်၊ သားသမီးတွေကို ဘယ်လို ဆုံးမသွန်သင်ရမယ်ဆိုပြီး အမိန့်ပေးတာကို ကြိုက်ကြသလား။ ဒါတွေဟာ လူတွေကို စိတ်ဝမ်းကွဲစေတဲ့ ကိစ္စတချို့ပဲ ရှိသေးတယ်။ ကျမ်းစာအဆိုတွေကတော့ လက်ခံဖို့ ခက်နိုင်ပေမဲ့ လက်တွေ့ကျတယ်။ လူလူချင်း အုပ်ချုပ်နိုင်စွမ်း မရှိသလို အုပ်ချုပ်ပိုင်ခွင့်လည်း မရှိကြဘူး။ ဒါဆိုရင် အကူအညီ ဘယ်က ရနိုင်မလဲ။

လက်တွေ့အကျဆုံး အဖြေကတော့ ကျွန်တော်တို့အားလုံးကို ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်ရဲ့ အကူအညီ ရယူဖို့ပါပဲ။ လူတချို့ ထင်သလို ကျွန်တော်တို့ကို ဘုရားသခင် မမေ့ပါဘူး။ ကျွန်တော်တို့ကို ဂရုစိုက်ကြောင်း ရှေးကျတဲ့ ပညာရှိကျမ်းစာမှာ တွေ့ရတယ်။ အဲဒီကျမ်းစာကို သိနားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ပိုနားလည်လာကြတယ်။ ဝမ်းနည်းဖွယ် လူ့သမိုင်းကို သဘောပေါက်လာနိုင်တယ်။ ဒါကြောင့် “လူတွေ၊ အစိုးရတွေက သမိုင်းကနေ ဘာသင်ခန်းစာမှ မသင်ယူကြလို့ အကျင့်လည်း မပြောင်းကြဘူး” လို့ ဂျာမန် အတွေးအခေါ်ပညာရှင် ပြောခဲ့တာကို နားလည်နိုင်တယ်။

ကျမ်းစာဉာဏ်ပညာက ကာကွယ်ပေး

“ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်” လို့ ယေရှု ပြောခဲ့ဖူးတယ်။ (လုကာ ၇:၃၅) အဲဒီပညာရှိစကားကို ဟေရှာယ ၂:၂၂ မှာလည်း တွေ့ရတယ်– “လူကို ယုံကြည်ကိုးစားမနေနဲ့တော့။” ဒီကောင်းမွန်တဲ့ အကြုံပြုချက်က မှားယွင်းတဲ့၊ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်တယ်။ အကြမ်းဖက်မှု ပြည့်နှက်နေတဲ့ မြောက်အမေရိက မြို့ကြီးတစ်မြို့က ကဲနက် ဒီလိုပြောတယ်– “ပိုကောင်းအောင် လုပ်မယ်လို့ နိုင်ငံရေးသမား တစ်ယောက်ပြီး တစ်ယောက် ကတိပေးကြတယ်။ ဒါပေမဲ့ မလုပ်ပေးနိုင်ကြဘူး။ ဒါက ကျမ်းစာရဲ့ ပညာရှိစကား မှန်ကန်ကြောင်း သတိရစေတယ်။”

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေနီယယ် ဒီလိုရေးတယ်– “လူတွေ ကောင်းကောင်း မအုပ်ချုပ်နိုင်မှန်း တစ်နေ့ပြီး တစ်နေ့ ပိုသိလာတယ်။ . . . ဘဏ်စာရင်း၊ ပင်စင်တို့က ရှေ့ရေးအတွက် အာမခံချက် မဟုတ်ဘူး။ အဲဒီအာမခံချက်တွေကို စိတ်ချလို့ စိတ်အပျက်ကြီးပျက်သွားတဲ့သူတွေကို မြင်ဖူးတယ်။”

လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မဖြစ်ပေါ်အောင် ကျမ်းစာက ကာကွယ်ပေးသလို လက်တွေ့ကျတဲ့ မျှော်လင့်ချက်ကို ဖော်ပြပေးကြောင်းလည်း တွေ့ရပါမယ်။

အဓိကအချက်

ကျမ်းစာ ပညာရှိစကားက လူတွေရဲ့ မအောင်မြင်မှုတွေနဲ့ ဝမ်းနည်းဖွယ် သမိုင်းကြောင်းကို သိနားလည်စေတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ