ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၅ စာ. ၁၂-၁၃
  • တိရစ္ဆာန်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိရစ္ဆာန်များ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိရစ္ဆာန်တွေကို ဘယ်လို ပြုမူဆက်ဆံသင့်သလဲ
  • တိရစ္ဆာန်တွေကို သတ်တာ မှားသလား
  • တိရစ္ဆာန်တွေ ကောင်းကင် တက်မလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တိရစ္ဆာန်များကို ရက်စက်ခြင်း—မှားသလော
    နိုးလော့!—၂၀၀၁
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ချစ်စနိုး အိမ်မွေးတိရစ္ဆာန်များအပေါ် မျှတသောအမြင်
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၄/၁၅ စာ. ၁၂-၁၃
လူတစ်ယောက်က သူ့ရဲ့ မြင်းကို ပွတ်သပ်ပေးနေ

သမ္မာကျမ်းစာရှုထောင့်

တိရစ္ဆာန်များ

လူအားလုံးနီးပါးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ တိရစ္ဆာန်တွေကနေ အကျိုးခံစားနေရတယ်။ သူတို့အပေါ် ပြုမူဆက်ဆံပုံအတွက် ကျွန်တော်တို့မှာ တာဝန်ရှိသလား။

တိရစ္ဆာန်တွေကို ဘယ်လို ပြုမူဆက်ဆံသင့်သလဲ

လူအများပြောဆိုရာ

တိရစ္ဆာန်တွေကို ကိုယ်ကြိုက်သလို လုပ်နိုင်တယ်လို့ လူတချို့က ပြောကြတယ်။ လူတွေကို ပြုမူဆက်ဆံတဲ့နည်းအတိုင်း တိရစ္ဆာန်တွေကိုလည်း ပြုမူသင့်တယ်လို့ ပြောကြတဲ့သူတွေလည်း ရှိတယ်။

  • တိရစ္ဆာန်တွေကို “စားသုံးဖို့နဲ့ စီးပွားရေးအတွက်လောက်ပဲ မသတ်မှတ်သင့်ဘူး၊ သူတို့မှာလည်း အခြေခံရပိုင်ခွင့်တွေ ရှိသင့်တယ်။ တိရစ္ဆာန်တွေကို လူမဆန်စွာ ပြုမူဆက်ဆံတာကို ရပ်သင့်ပြီ” ဆိုပြီး တိရစ္ဆာန် အခွင့်အရေးလှုပ်ရှားရာမှာ နာမည်ကြီးသူတစ်ယောက်က ပြောတယ်။

  • အစွန်းရောက်လွန်းတယ်လို့ လူအများထင်တဲ့ ကိစ္စရပ်တစ်ခုကတော့ သန်းကြွယ်သူဌေးမကြီး လီယိုနာ ဟမ်စလီဟာ သူ့ခွေးကလေးအတွက် ဒေါ်လာ ၁၂ သန်း ပေးခဲ့တဲ့ကိစ္စ ဖြစ်တယ်။ ခွေးကလေးသေသွားရင် သူ့အုတ်ဂူဘေးမှာ သင်္ဂြိုဟ်ပေးပါဆိုပြီးတော့လည်း သေတမ်းစာမှာ ရေးထားခဲ့တယ်။

စဉ်းစားစရာ– တိရစ္ဆာန်တွေကို ဘယ်လို ဆက်ဆံသင့်တယ်လို့ ထင်သလဲ။

သမ္မာကျမ်းစာပြောဆိုရာ

သက်ရှိတွေကို ဖန်ဆင်းတဲ့ အရှင် ယေဟောဝါ ဘုရားသခင်က “ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” လို့ လူကို မိန့်မှာထားပါတယ်။ (ကမ္ဘာဦး ၁:၂၈) ဒါကြောင့် ဘုရားသခင့် အမြင်မှာ လူဟာ တိရစ္ဆာန်ထက် သာလွန်တယ်လို့ တော်မှန်စွာ ကောက်ချက်ချနိုင်ပါတယ်။

အဲဒီကျမ်းချက်မတိုင်ခင်မှာဆိုရင် ‘ဘုရားသခင်က မိမိနဲ့ တူတဲ့ လူကို ဖန်ဆင်းတယ်။ ဘုရားသခင်နဲ့တူတဲ့ ယောက်ျားနဲ့မိန်းမကို ဖန်ဆင်းတယ်’ လို့ ပြောထားတဲ့အတွက် လူဟာ တိရစ္ဆာန်ထက် သာလွန်တယ်ဆိုပြီး ကောက်ချက်ချဖို့ ပိုခိုင်လုံတယ်။—ကမ္ဘာဦး ၁:၂၇၊ ကဘ။

လူဟာ “ဘုရားသခင်နဲ့တူ” အောင် ဖန်ဆင်းခံရတာကြောင့် ဘုရားသခင်ဆီမှာရှိတဲ့ ချစ်ခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာလိုမျိုး အရည်အသွေးတွေကို တင်ပြနိုင်ကြတယ်။ လူတွေမှာ ဘုရားသခင်ကို မှီခိုလိုကြောင်းတင်ပြနိုင်တဲ့စွမ်းရည်နဲ့ ကောင်းတဲ့အကျင့်ကို တင်ပြနိုင်တဲ့စွမ်းရည် မွေးကတည်းက ပါလာပြီးသားဖြစ်တယ်။ အဲဒီလို စွမ်းရည်မျိုး တိရစ္ဆာန်တွေမှာ မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်တွေဟာ “ဘုရားသခင်နဲ့တူ” အောင် ဖန်ဆင်းခံထားရတာမဟုတ်လို့ပါ။ သူတို့ဟာ လူ့ထက်နိမ့်ကျတာကြောင့် လူကို ပြုမူဆက်ဆံတဲ့နည်းအတိုင်း သူတို့ကို ဆက်ဆံဖို့ မရည်ရွယ်ထားပါဘူး။

ဒီလိုဆိုရင် တိရစ္ဆာန်တွေကို နှိပ်စက်ကလူပြုလို့ရတယ်လို့ ဆိုလိုတာလား။ မဆိုလိုပါဘူး။

  • တိရစ္ဆာန်တွေကို အစာကျွေးဖို့၊ အနားပေးဖို့၊ ဒုက္ခရောက်နေချိန်မှာ ကူညီပေးဖို့၊ အနာတရမဖြစ်အောင် ကာကွယ် ပေးဖို့ အစ္စရေးတွေကို ဘုရားသခင် ပညတ်ပေးထားပါတယ်။—ထွက်မြောက်ရာ ၂၃:၄၊ ၅; တရားဟောရာ ၂၂:၁၀; ၂၅:၄။

‘ခြောက်ရက်လုံး အလုပ်လုပ်ပြီး ခုနစ်ရက်မြောက်နေ့မှာ အနားယူရမယ်။ ဒါမှ နွားတွေ၊ မြည်းတွေ အနားရလိမ့်မယ်။’—ထွက်မြောက်ရာ ၂၃:၁၂၊ ကဘ။

တိရစ္ဆာန်တွေကို သတ်တာ မှားသလား

လူအများပြောဆိုရာ

အပျော်တမ်း မုဆိုးလုပ်တဲ့သူတွေနဲ့ ငါးဖမ်းတဲ့သူတွေဟာ အားကစားအနေနဲ့၊ စိတ်ကျေနပ်မှုရဖို့အတွက်နဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ကြတယ်။ တိရစ္ဆာန်တွေကို သတ်စားတာဟာ “အကုသိုလ်ပဲ” လို့ ရုရှားစာရေးဆရာ လီယို တော်စတွိုင်း ပြောခဲ့တာကို သဘောတူတဲ့သူတွေလည်း ရှိတယ်။

သမ္မာကျမ်းစာပြောဆိုရာ

ဘုရားသခင်က လူတွေ အဝတ်အထည် ရရှိဖို့နဲ့ အသက်အန္တရာယ် ကာကွယ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ခွင့်ပေးထားပါတယ်။ (ထွက်မြောက်ရာ ၂၁:၂၈; မာကု ၁:၆) အစားအစာရရှိဖို့ တိရစ္ဆာန်တွေကို သတ်နိုင်တယ်ဆိုပြီတော့လည်း သမ္မာကျမ်းစာက ဆိုတယ်။ ‘မြေပေါ်က သက်ရှိတိရစ္ဆာန်တွေကို စားနိုင်တယ်’ ဆိုပြီး ကမ္ဘာဦး ၉:၃ [ကဘ] မှာ ဖော်ပြထားတယ်။ ယေရှုက တပည့်တွေ ငါးဖမ်းနေတာကို ကူညီပေးခဲ့တယ်။ ပြီးတဲ့နောက် ဖမ်းမိတဲ့ ငါးတွေကို သူတို့တွေ စားခဲ့ကြတယ်။—ယောဟန် ၂၁:၄-၁၃။

ဘုရားသခင်ဟာ ‘အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်’ လို့ ကျမ်းစာထဲမှာ ဖော်ပြထားတာကြောင့် အားကစားလုပ်တဲ့သဘောနဲ့၊ အပျော်သဘောနဲ့ တိရစ္ဆာန်တွေကို အနာတရ ဖြစ်စေတာ၊ သတ်ပစ်တာမျိုးကို မနှစ်သက်ဘူးဆိုတာ ထင်ရှားတယ်။—ဆာလံ ၁၁:၅၊ ကဘ။

တိရစ္ဆာန်တွေရဲ့ အသက်ကို ဘုရားသခင် တန်ဖိုးထားတယ်ဆိုတာကို သမ္မာကျမ်းစာအရ သိရတယ်။

  • တိရစ္ဆာန်တွေကို ဘုရားသခင် ဖန်ဆင်းတဲ့ အချိန်တုန်းက “သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်မျိုး အပေါင်းတို့ကိုဖန်ဆင်း၍ ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၁:၂၅။

  • ယေဟောဝါဘုရားသည် “တိရစ္ဆာန်များအား အစာရေစာကို ပေးတော်မူ၏” လို့ ကျမ်းစာမှာ ရေးထားတယ်။ (ဆာလံ ၁၄၇:၉၊ ခမ) ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကနေ တိရစ္ဆာန်တွေဟာ အစာရေစာနဲ့ နေစရာနေရာ လိုအပ်တာထက်မက ပိုပြီးရရှိတယ်။

  • ‘အို ယေဟောဝါ၊ ကိုယ်တော်က လူနဲ့တိရစ္ဆာန်တွေကို အသက်ဆက်ရှင်စေတယ်’ လို့ အစ္စရေးဘုရင်ဒါဝိဒ် ဆုတောင်းစကားထဲမှာ ထည့်ပြောခဲ့ဖူးတယ်။ (ဆာလံ ၃၆:၆၊ ကဘ) ယေဟောဝါဘုရားဟာ လူဆိုးတွေကို ကမ္ဘာချီရေလွှမ်းမိုးဘေးနဲ့ ဖျက်ဆီးချိန်မှာ လူရှစ်ယောက်နဲ့အတူ တိရစ္ဆာန်မျိုးစုံကိုပါ အသက်ချမ်းသာရာ ရစေခဲ့တယ်။—ကမ္ဘာဦး ၆:၁၉။

ယေဟောဝါက ကိုယ်တော်ဖန်ဆင်းထားရာ တိရစ္ဆာန်တွေကို သဘောကျနှစ်သက်ပြီး လူတွေက တိရစ္ဆာန်တွေကို ထိုက်သင့်တဲ့ဆက်ဆံမှုမျိုးနဲ့ ဆက်ဆံဖို့ ကိုယ်တော်မျှော်လင့်ပါတယ်။

“သူတော်ကောင်းသည် မိမိ၏တိရစ္ဆာန်များအား ကြည့်ရှုစောင့်ရှောက်တတ်၏။” —သုတ္တံ ၁၂:၁၀၊ ခမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ