ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၉ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အနာကြီးရောဂါ ထပ်မံဖြစ်ပွားမှု
  • ရေဒီယိုသတ္တိကြွပစ္စည်း ခိုးမှုများ
  • အစ္စရေးတွင် ရှေးခေတ် လက်ရေးစာ တွေ့ရှိ
  • အနာကြီးရောဂါသည် ကျွန်တော့်ဘဝ—ရွှင်လန်းကာ ဝိညာဉ်ရေးကောင်းချီးရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ရေဒီယိုသတ္တိကြွအမှုန်များ—စိုးရိမ်ရသည့်ကိစ္စတစ်ရပ်
    နိုးလော့!—၂၀၀၂
  • တီဗွီ “ပါးနပ်သောနည်းပြ”
    နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၀၉
န ၇/၀၉ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

◼ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ၏ ကြမ်းပြင်မှ ဆယ်ယူရရှိခဲ့သော ခုံးကောင်တစ်ကောင်ကို “သိရှိခဲ့သမျှ တိရစ္ဆာန်များထဲတွင် အသက်အရှည်ဆုံး တိရစ္ဆာန်” အဖြစ် သတ်မှတ်ခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် ၎င်း၏အခွံမှ တိုးများလာသည့် အလွှာများကို ရေတွက်ခဲ့ရာ ထိုခုံးကောင်၏ သက်တမ်းမှာ ၄၀၅ နှစ်ရှိပြီဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။—SUNDAY TIMES, ဗြိတိန်။

◼ “စီးပွားရေး ကျဆင်းလာသောအခါ ငွေဘီလီယံနှင့်ချီ၍ ပိုင်ဆိုင်ကြသူများပင် အကျပ်အတည်း ကြုံတွေ့နေရသည်။ သူတို့သည် စီးပွားရေး အလှည့်အပြောင်းများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် စိတ်ပညာရှင်များထံမှ အကူအညီ တောင်းခံဖို့ လိုအပ်နေသည်။”—THE NEW YORK TIMES, အမေရိကန်။

အနာကြီးရောဂါ ထပ်မံဖြစ်ပွားမှု

အမေရိကန်နိုင်ငံရှိ လူသုံးထောင်သည် ဟန်ဆန်ရောဂါဟုလည်းခေါ်သော အနာကြီးရောဂါကြောင့် ဆေးကုသမှု ခံယူနေရသည်။ ခန့်မှန်းခြေအားဖြင့် နှစ်စဉ် လူပေါင်း ၁၅၀ ထပ်မံ ဖြစ်ပွားနေသည်။ ရောဂါဖြစ်သူများသည် အခြားနိုင်ငံများမှ ဖြစ်ကြသည်။ သို့သော်၊ လူဝီစီယားနားပြည်နယ်၊ ဘာတွန်ရုဇ်မြို့အခြေစိုက် အမျိုးသားဟန်ဆန်ရောဂါ အစီအစဉ်အရ “အမေရိကန်တွင် မွေးဖွားပြီး အနာကြီးရောဂါ အဖြစ်များသောနိုင်ငံသို့ လုံးဝသွားရောက်ခဲ့ဖူးခြင်းမရှိသည့် တောင်ပိုင်း လူဝီစီယားနားနှင့် တက္ကဆက် ပင်လယ်ကွေ့ ကမ်းရိုးတန်းရှိ ပြည်သူများထဲမှ ခန့်မှန်းခြေအားဖြင့် နှစ်စဉ် လူ ၃၀ တွင် ရောဂါဖြစ်ပွားနေသည်ကို တွေ့ရ” ကြောင်း အမေရိကန် အပူပိုင်းဒေသ ဆေးဝါးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အဖွဲ့အစည်းက ဆိုသည်။ သုတေသီများသည် ရောဂါကူးစက်ပုံကို အပြည့်အဝ နားမလည်ကြသေးချေ။ အနာကြီးရောဂါကို စောစီးစွာသိရှိပါက လုံးဝကုသ၍ ရနိုင်ပါသည်။ သို့သော်၊ ရောဂါအမြစ်စွဲသွားသည်နှင့် ပျက်စီးသွားသော အာရုံကြောများ ပြန်လည်ကောင်းမွန်လာခြင်း မရှိနိုင်တော့ချေ။

ရေဒီယိုသတ္တိကြွပစ္စည်း ခိုးမှုများ

“နျူကလီးယား သို့မဟုတ် အခြားရေဒီယိုသတ္တိကြွ ပစ္စည်းများကို အကြမ်းဖက်သမားများ ရရှိသွားနိုင်ခြေရှိသည်ဟူသောအချက်က အလွန်စိုးရိမ်ရသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း” အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်ဌာန (International Atomic Energy Agency) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ မိုဟာမက် အယ်လ်ဘာရာဒေက ဆိုသည်။ “နျူကလီးယား သို့မဟုတ် အခြားရေဒီယိုသတ္တိကြွ ပစ္စည်းများ ခိုးယူမှု သို့မဟုတ် ပျောက်ဆုံးမှုများ အပါအဝင် ဌာနသို့ သတင်းပေးပို့သော ဖြစ်ရပ်များ အရေအတွက်သည် ၂၀၀၈ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း၌ပင် ၂၅၀ နီးပါးရှိသည့်အတွက် စိုးရိမ်စရာကောင်းလောက်အောင် မြင့်မားလာသည်။ ထပ်တူစိတ်ပူပန်ရသည့်ကိစ္စတစ်ခုမှာ ယင်းပစ္စည်းအများစုကို လုံးဝပြန်ရှာမတွေ့တော့ခြင်း ဖြစ်သည်။” ယင်းဖြစ်ရပ်များသည် ရေဒီယိုသတ္တိကြွ ပစ္စည်းများကို ပို၍လိုအပ်လာခြင်းကြောင့်လော သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများက ပျောက်ဆုံးမှုများကို သတင်းပို့ရာတွင် ပို၍တိကျလာခြင်းကြောင့်လော ဆိုသည်မှာ မရှင်းမလင်း ဖြစ်နေသည်။

အစ္စရေးတွင် ရှေးခေတ် လက်ရေးစာ တွေ့ရှိ

ပင်လယ်သေကျမ်းလိပ်များထက် အနှစ် ၁,၀၀၀ ပိုစောပုံရသည့် ရှေးခေတ် လက်ရေးစာတစ်ခုကို အစ္စရေး ရှေးဟောင်းသုတေသန ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ အိုးခြမ်းပဲ့တစ်ခုပေါ်တွင် မင်ဖြင့်ရေးသားထားသော စာကြောင်းငါးကြောင်းပါသည့် မှတ်တမ်းကို အစ္စရေးနိုင်ငံ၊ ကိုင်ဘက် ကီယာဖာ၌ ဘီစီအီး ၉၀၀ ကျော်မှ ယုဒခံတပ်မြို့တစ်မြို့တွင် တူးဖော်စဉ် ရှာဖွေတွေ့ ရှိခဲ့သည်။ ထိုမှတ်တမ်း၏ အဓိပ္ပာယ်ကို အပြည့်အစုံပြန်ဆို၍ မပြီးသေးသော်လည်း ယင်းသည် ကျွမ်းကျင်သော ကျမ်းပြုဆရာတစ်ဦး ရေးသားခဲ့သည့် တရားဥပဒေဆိုင်ရာ စာသားများ ဖြစ်ပုံရပြီး “‘တရားသူကြီး၊’ ‘ကျွန်’ နှင့် ‘ဘုရင်’ စာလုံးများနှင့်ဆက်နွှယ်သော စကားလုံးများ ပါဝင်ကြောင်း” ဂျေရုဆလင်၊ ဟီဘရူးတက္ကသိုလ်မှ ဖြန့်ချိသော သတင်းစာတစ်စောင်က ဆိုသည်။

[Picture Credit Line on page 22]

Gabi Laron/Institute of Archaeology/Hebrew University © Yosef Garfinkel

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ