ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၀၇ စာ. ၁၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရုတ်ပြည်၏ရေပြဿနာ
  • “ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ယေဟောဝါသက်သေတွေလား”
  • လိင်မှုကိစ္စနှင့် ဆက်နွှယ်နေသောတေးဂီတ
  • ဖြုန်းတီးသောစားသုံးသူများ
  • အကျပ်အတည်းကြုံနေသည့် လူငယ်များ
    နိုးလော့!—၂၀၀၅
  • ဘယ်တေးဂီတကိုပဲ ရွေးချယ်ပါစေ အကြောင်းလား
    လူငယ်များအမေး
  • ကောင်းကျိုးမပေးသောတေးဂီတကို ဂရုစိုက်ရှောင်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဥစ္စာဓန ပေါကြွယ်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုအတွက် အာမခံနိုင်သလော
    နိုးလော့!—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၅/၀၇ စာ. ၁၁

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ ကနေဒါလူမျိုးများ၏ အိမ်တွင်းလျှပ်စစ်ဓာတ်အားခ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်မှာ အသုံးမပြုဘဲ အရန်သင့်ဖွင့်ထားသော လျှပ်စစ်ပစ္စည်းကိရိယာများအတွက် ကုန်ကျခြင်းဖြစ်သည်။—NATIONAL POST သတင်းစာ၊ ကနေဒါ။

◼ အစိုးရမှ အရေးယူဖြေရှင်းရမည့် အရေးကြီးဆုံးပြဿနာတွင် “လာဘ်စားမှုကို တိုက်ဖျက်ခြင်း” နှင့် “ကုန်ဈေးနှုန်းထိုးတက်မှုကို ထိန်းချုပ်ခြင်း” တို့ပါဝင်သည်ဟု ရုရှားလူမျိုးများ ယူဆကြကြောင်း သဘောထားစစ်တမ်းတစ်ခု၏ ရလဒ်ကဖော်ပြသည်။—PRAVDA ရုရှား။ လ့လာမှုတစ်ခုအရ ထိုင်ဝမ်တွင် ငါးတန်းနှင့် ခြောက်တန်းကလေး ၂၆.၄ ရာခိုင်နှုန်းခန့်သည် “ကိုယ့်ကိုယ်ကို သတ်သေရန် စိတ်ကူးနေကြသည်။”—THE CHINA POST သတင်းစာ၊ ထိုင်ဝမ်။

◼ “နည်းပညာသည် အနှစ်တစ်ရာအတွင်း အမေရိကန်နိုင်ငံ၏တစ်ပတ်တာအလုပ်ချိန်ကို ပျမ်းမျှ ၃၈% လျှော့ချလိုက်သော်လည်း နေ့စဉ်ခရီးဝေး အလုပ်ဆင်းရခြင်း၊ ထပ်ဆင့်သင်တန်းများတက်ရခြင်းနှင့် အိမ်မှုကိစ္စများတိုးများလာခြင်းတို့ကြောင့် အလုပ်သမားများမှာ အားလပ်ချိန်မရှိဘဲဖြစ်နေသည်။”—FORBES မဂ္ဂဇင်း၊ အမေရိကန်နိုင်ငံ။

◼ စက်မှုနိုင်ငံများမှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်များတွင် ၁.၆ ရာခိုင်နှုန်းတိုးလာရာ “ဆယ်နှစ်ကျော်အတွင်း အမြင့်ဆုံး” သို့ရောက်ခဲ့သည်။—REUTERS အော့စ်လို၊ နော်ဝေး။

တရုတ်ပြည်၏ရေပြဿနာ

တရုတ်ပြည်သည် “ရေညစ်ညမ်းမှုနှင့် ရေသန့်ပြတ်လပ်မှု ဒဏ်များကို” ခံစားနေရ၏။ မြို့ကြီးအများစုတွင် စွန့်ထုတ်လိုက်သောရေများကို သန့်စင်သည့် ရေဆိုးသန့်စင်စက်ရုံများရှိသော်လည်း ယင်းတို့ကိုလည်ပတ်ရန် ငွေကြေးအလုံအလောက်မရှိချေ။ “တိုင်းပြည်၏ မြစ်များ၊ ရေကန်များနှင့် တူးမြောင်းများသည် စက်ရုံနှင့် အိမ်များမှ စွန့်ထုတ်လိုက်သောရေဆိုးများအပြင် လယ်ယာစိုက်ပျိုးရေးခြံများမှ စီးထွက်လာသော ပိုးသတ်ဆေးများပါဝင်နေသည့် ရေဆိုးများကြောင့် ညစ်ညမ်းလျက်ရှိသည်” ဟု The Wall Street Journal ကဖော်ပြသည်။ ထို့ပြင် “လူဦးရေသန်း ၃၀၀ ခန့်သည် သောက်ရေသန့်မရရှိကြချေ။” အခြေအနေမှာ ဆိုးရွားလျက်ရှိပြီး “ရင်လေးဖွယ်” ဖြစ်သည်ဟု အဆိုပါ Journal ကဆိုသည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ယေဟောဝါသက်သေတွေလား”

မာဆမာရိတီမာ ပီယန်ဘီနိုဒေသကို အုပ်ချုပ်သည့် ခရစ်ယာန်ဂိုဏ်းအုပ်၏ ဖိတ်ခေါ်ချက်အရ ကက်သလစ်လူငယ်များသည် လွန်ခဲ့သောနှစ်တွင် အီတလီကမ်းခြေ အဲလ်ဘာ၌ ကမ္ဘာလှည့်ခရီးသည်များထံ ချဉ်းကပ်ခဲ့ကြသည်။ ဂိုဏ်းအုပ်က လူငယ်များအား ခရစ်ယာန်ဖြစ်လိုလျှင်၊ ခရစ်ယာန်တစ်ဦးအဖြစ် ဆက်ရပ်တည်လိုလျှင် မိမိတို့၏ယုံကြည်ချက်ကို လူသိရှင်ကြားကြေညာရမည်ဟု ပြောခဲ့သည်။ ယင်းက ခရီးသည်များအား အံ့အားသင့်စေခဲ့၏။ Il Tempo သတင်းစာအဆိုအရ လူငယ်အများစုမှာ “ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ယေဟောဝါသက်သေတွေလား” ဟု တုံ့ပြန်ခံခဲ့ရ၏။

လိင်မှုကိစ္စနှင့် ဆက်နွှယ်နေသောတေးဂီတ

“ညစ်ညမ်းသော လိင်ဆိုင်ရာသီချင်းစာသားများ” ပါဝင်သည့် တေးဂီတကိုနားထောင်သော ဆယ်ကျော်သက်များသည် “အခြားတေးဂီတကိုနားထောင်သော လူငယ်များထက် ပို၍ စောစောလိင်ဆက်ဆံ” ကြဖို့အကြောင်းများသည်ဟု အေပီသတင်းပါ လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ “ယောက်ျားများကို ‘လိင်စိတ်ပြင်းထန်သူ’ အဖြစ်၊ မိန်းမများကို လိင်၏သားကောင်အဖြစ် ရုပ်လုံးဖော်ထားပြီး လိင်ဆိုင်ရာအပြုအမူများကို ကွက်ကွက်ကွင်းကွင်း ဖော်ကျူးထားသောတေးသီချင်းများသည် လိင်ဆိုင်ရာရည်ညွှန်းဖော်ပြချက်များကို သွယ်ဝိုက်ဖော်ပြပြီး ပို၍ခိုင်မြဲပုံရသည့် အချစ်ဇာတ်လမ်းများအကြောင်း ဖော်ကျူးထားသောတေးသီချင်းများထက် လိင်ဆိုင်ရာအပြုအမူများ စောစောစီးစီးပြုမူရန် ပို၍နှိုးဆွပေးနိုင်ဖွယ်ရှိသည်။ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ဆယ်ကျော်သက်များသည် တေးသီချင်းစာသားများကို အထူးဂရုစိုက်ရန်လို၏” ဟု သတင်းကဖော်ပြသည်။

ဖြုန်းတီးသောစားသုံးသူများ

ဩစတြေးလျလူမျိုးများသည် ၂၀၀၄ ခုနှစ်အတွင်းတွင် ၅.၃ ဘီလီယံဒေါ်လာ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) တန်ဖိုးရှိ အစားအသောက်များကို မစားသုံးဘဲ ပစ်လိုက်ကြသည်ဟု ဩစတြေးလျသုတေသနအဖွဲ့တစ်ဖွဲ့က ဆိုသည်။ ယင်းပမာဏသည် ၂၀၀၃ ခုနှစ်အတွင်း ဩစတြေးလျမှ နိုင်ငံရပ်ခြားသို့လှူဒါန်းသော အလှူငွေထက် ၁၃ ဆပိုများသည်။ စုစုပေါင်းလိုက်လျှင် ဩစတြေးလျလူမျိုးတို့သည် နှစ်စဉ် ဒေါ်လာ ၁၀.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ) ထက် တန်ဖိုးပိုများသော ကုန်ပစ္စည်းနှင့် အသုံးအဆောင်များကို လုံးဝမသုံးဘဲ သို့မဟုတ် အနည်းငယ်သာသုံးခြင်းဖြင့် ဖြုန်းတီးလျက်ရှိသည်။ ယင်းပမာဏသည် တက္ကသိုလ်များနှင့် လမ်းများအတွက် တိုင်းပြည်က အသုံးပြုသောငွေပမာဏထက် ပိုများ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ