ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၀၇ စာ. ၁၈
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရုံးခန်းထဲမှ ရောဂါပိုးများ
  • “အပြောသာရှိသည့်ခရစ်ယာန်များ”
  • လူသားများနှင့် တိရစ္ဆာန်များ အစာရေစာအတွက် တိုက်ခိုက်ကြ
  • သင်္ဘောများကြောင့် ကမ်းခြေရာသီဥတုထိခိုက်
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၁
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၁၉၉၉
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၁၉၉၈
နိုးလော့!—၂၀၀၇
န ၁/၀၇ စာ. ၁၈

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ ၁၅ လကျော်ကာလအတွင်း၌ မက္ကဆီကိုစီးတီးမြို့၏ လမ်းများပေါ်တွင် မွေးကင်းစကလေး ၈၂ ဦးစွန့်ပစ်ထားသည်ကို တွေ့ ရှိရပြီး ယင်းတို့မှ ၂၇ ဦးမှာ အသေလေးများဖြစ်သည်။—EL UNIVERSAL သတင်းစာ၊ မက္ကဆီကို။

◼ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသားဥယျာဉ်နှစ်ခုမှ ဂူများကိုလေ့လာရာတွင် တိရစ္ဆာန်မျိုးစိတ်သစ် ၂၇ မျိုးကို ထပ်မံတွေ့ ရှိခဲ့ကြသည်။ “ယင်းက ကျွန်ုပ်တို့ပတ်လည်ရှိကမ္ဘာအကြောင်း အနည်းငယ်သာသိရှိသေးသည်ကို ဖော်ပြ၏” ဟု အမျိုးသားဥယျာဉ်လုပ်ငန်းမှ ဂူအထူးပြုလေ့လာသူ ဂျိုးဒက်စ်ပင်ကဆိုသည်။—SMITHSONIAN မဂ္ဂဇင်း၊ အမေရိကန်။

◼ ကမ္ဘာ့လူဦးရေ၏ နှစ်ဆယ်ရာခိုင်နှုန်းသည် သန့် ရှင်းသောသောက်သုံးရေ မရရှိကြချေ။ လေးဆယ်ရာခိုင်နှုန်းမှာ အခြေခံ မိလ္လာစနစ်မရှိကြချေ။—MILENIO သတင်းစာ၊ မက္ကဆီကို။

◼ တိရစ္ဆာန်ခိုးဖမ်းသူများကြောင့် စရင်းဂဲတီ အမျိုးသားဥယျာဉ်တစ်ခုတည်းတွင်ပင် တစ်နှစ်လျှင် တိရစ္ဆာန်ကောင်ရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ သတ်ဖြတ်ခံနေရသည်။—THE DAILY NEWS သတင်းစာ၊ တန်ဇန်းနီးယား။

◼ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှ လေ့လာဆန်းစစ်မှုအရ အသက် ၁၆ နှစ်ရှိ ကျောင်းသား ၃ ဦးလျှင် ၁ ဦးမှာ ဆေးခြောက် ပုံမှန်ရှူကြောင်း တွေ့ ရှိရသည်။—LA VANGUARDIA သတင်းစာ၊ စပိန်။

ရုံးခန်းထဲမှ ရောဂါပိုးများ

အရီဇိုးနားတက္ကသိုလ်မှ အဏုဇီဝပညာရှင်များသည် အမေရိကန်နိုင်ငံရှိ မြို့ကြီးအချို့၏ ရုံးခန်းများမှ ဗက်တီးရီးယားပိုးများကို ရေတွက်တိုင်းတာခဲ့ကြသည်။ သူတို့၏တွေ့ရှိချက်အရ “ရောဂါပိုးအများဆုံးတွယ်ကပ်သည့် နေရာငါးခုမှာ ဖုန်းများ၊ စားပွဲမျက်နှာပြင်များ၊ သောက်ရေပန်းလက်ကိုင်များ၊ မိုက္ကရိုဝေ့မီးဖိုလက်ကိုင်များနှင့် ကီးဘုတ်များ” ဖြစ်ကြောင်း Globe and Mail သတင်းစာကဆိုသည်။ မှတ်တမ်းအရ “ပျမ်းမျှအနေနှင့် စားပွဲမျက်နှာပြင်ပေါ်ရှိ ဗက်တီးရီးယားပိုးများသည် မီးဖိုချောင်စားပွဲပေါ်ရှိပိုးများထက် အဆ ၁၀၀ ပိုများပြီး အိမ်သာထိုင်ခွင်ပေါ်ရှိပိုးများထက် အဆ ၄၀၀ ပိုများသည်။”

“အပြောသာရှိသည့်ခရစ်ယာန်များ”

ဖိလစ်ပိုင်နိုင်ငံကို အာရှတိုက်၏ တစ်ခုတည်းသော “ခရစ်ယာန်” နိုင်ငံအဖြစ် ရည်ညွှန်းပြောဆိုကြ၏။ သို့သော် ဖိလစ်ပိုင်ဧဝံဂေလိအသင်းများကောင်စီ၏ ဂိုဏ်းအုပ် အီဖရန်တင်ဒါရိုက “ကျွန်ုပ်တို့အများစုသည် အပြောသာရှိပြီး လုပ်ရပ်မပါသော ခရစ်ယာန်များဖြစ်သည်” ဟုပြောဆိုခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းတွင် “သမ္မာကျမ်းစာကို သိရှိ၊ လေးမြတ်တတ်အောင်” မကူညီပေးသော ချာ့ချ်ခေါင်းဆောင်များ၏ အပြစ်လည်းပါသည်ဟု Manila Bulletin သတင်းစာကဖော်ပြခဲ့သည်။ ချာ့ချ်အချို့၏ တရားဟောပြောပွဲများတွင် သမ္မာကျမ်းစာအကြောင်းထက် နိုင်ငံရေးအကြောင်းကိုသာ အသားပေးဟောပြောကြသည်။

လူသားများနှင့် တိရစ္ဆာန်များ အစာရေစာအတွက် တိုက်ခိုက်ကြ

“မိုးခေါင်ရေရှားဒဏ်ခံနေရသည့် ဆိုမားလီးယားရပ်ကွက်များကို ဘာဘွန်းမျောက်များနှင့် ဟိုင်အီးနားခွေးများ ဝင်ရောက်တိုက်ခိုက်သောသတင်းများသည် ကြားနေကျဖြစ်နေပြီ” ဟုနိုင်ရိုဘီသတင်းစာ The East African တွင်ဖော်ပြသည်။ ရေရရှိရေး တိုက်ပွဲတစ်ခုတွင် ဘာဘွန်းမျောက်များစွာသေဆုံးကာ မွေးမြူရေးသမားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ မျောက်အုပ်များသည် “ဗျူဟာကျသော လမ်းဆုံလမ်းခွများနှင့် တံတားများပေါ်တွင်” နေရာယူကာ ဈေးသို့ ကုန်ပစ္စည်းပို့သောကားများကို လုယက်ကြသည်။ “ငှက်ပျောခိုင်များ၊ ဖရဲသီး [ကြီး] များကို တိရစ္ဆာန်များ လုယက်ထွက်ပြေးသည့်မြင်ကွင်းမှာ ရိုးနေပြီ” ဟုသတင်းစာက ထပ်ဆင့်ဖော်ပြသည်။

သင်္ဘောများကြောင့် ကမ်းခြေရာသီဥတုထိခိုက်

အသွားအလာများသည့် ရေလမ်းကြောင်းများကို အသုံးပြုသော ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးသည် ကမ်းခြေရာသီဥတုကို ထိခိုက်စေနိုင်သည်ဟု ဂျာမန်သတင်းစာ Kölner Stadt-Anzeiger မှသတင်းထုတ်ပြန်သည်။ ဟမ်းဘတ်မြို့၊ မက်စ်ပလန့် မိုးလေဝသဌာနမှ သုတေသီများက အင်္ဂလိပ်ရေလက်ကြားပေါ်ရှိ မိုးတိမ်များကို စူးစမ်းလေ့လာခဲ့ကြသည်။ ကမ်းခြေဒေသတွင် တိမ်များပါးလွှာလာကာ ရေလမ်းကြောင်းပေါ်တွင်မူ တိမ်များထူထပ်လာသည်ကို သူတို့တွေ့ရှိခဲ့ကြသည်။ ဤဖြစ်ရပ်မှာ သင်္ဘောများမှထွက်လာသော မီးခိုးများကြောင့်ဖြစ်သည်ဟု ယူဆရ၏။ သင်္ဘောများမှထုတ်လွှတ်လိုက်သော ကျပ်ခိုးမှုန်များသည် အရည်ဖွဲ့အဆန်များအဖြစ်လုပ်ဆောင်ပြီး ငွေ့ရည်ဖွဲ့ ခြင်းကို အရှိန်မြှင့်ပေးသည်ဟုဆို၏။ “လွန်ခဲ့သောအနှစ် ၅၀ အတွင်းတွင် သင်္ဘောများ၏လောင်စာအသုံးပြုမှုမှာ လေးဆမက မြင့်တက်ခဲ့သည်” ဟု သတင်းစာကဆို၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ