ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၂/၈ စာ. ၁၀
  • အလုပ်မြဲစေနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်မြဲစေနိုင်ပုံ
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိရောက်စွာ ပြောဆိုဆက်သွယ်ပါ
  • အခြားသူများနှင့် အလိုက်အထိုက်လုပ်ဆောင်ပါ
  • ရိုးသားပါ
  • လက်တွေ့ကျပါ
  • အလုပ်ရအောင် (ပြီးတော့ မြဲအောင်!) ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၁၂/၈ စာ. ၁၀

အလုပ်မြဲစေနိုင်ပုံ

“ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကိုမဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကိုဆောင်ရွက်ရ၏။”—သု. ၂၂:၂၉။

အထက်ပါ ကျမ်းချက်ကဖော်ပြသည့်အတိုင်း အရည်အချင်းရှိသောအလုပ်သမားများသည် များသောအားဖြင့် အလွန်တန်ဖိုးထားခံရကြသည်။ အလုပ်ရှင်များ နှစ်သက်တန်ဖိုးထားသော တတ်ကျွမ်းမှုနှင့် အရည်အသွေးအချို့ကား အဘယ်နည်း။ အလုပ်သမား ၇၀၀ ရှိသောကုမ္ပဏီတစ်ခု၏ လူ့စွမ်းအားရင်းမြစ်ဌာန ဒါရိုက်တာ ဂျော့ဂ်ျက နိုးလော့! ကိုဤသို့ပြောသည်– “လုပ်သားတစ်ဦးမှာ ကျွန်တော်တို့တန်ဖိုးထားတာကတော့ ကောင်းကောင်းပြောဆိုဆက်သွယ်နိုင်တဲ့ အရည်အသွေး၊ တခြားသူတွေနဲ့ လိုက်လျောညီထွေ လုပ်ကိုင်နိုင်စွမ်းတွေပဲဖြစ်တယ်။” သင့်အလုပ်မြဲရန် အလားအလာတိုးပွားစေသော ထိုအရည်အသွေးများ တိုးတက်လာစေရန် သင့်အားကူညီနိုင်သည့် လက်တွေ့ကျအကြံဉာဏ် သမ္မာကျမ်းစာတွင်ပါဝင်သည်။ သာဓကအချို့ကို သုံးသပ်ကြည့်ကြစို့။

ထိရောက်စွာ ပြောဆိုဆက်သွယ်ပါ

ထိရောက်စွာပြောဆိုဆက်သွယ်နိုင်သူသည် သူ၏နှုတ်ကိုမဖွင့်မီကပင် သူ၏အလုပ်စတင်ကြောင်း သမ္မာကျမ်းစာရေးသူ ယာကုပ်က ပြောသည်။ လူတစ်ဦးသည် ‘နားကြားခြင်းငှာလျင်မြန်ပြီး စကားပြောခြင်းငှာနှေး’ သင့်ကြောင်း သူရေးသားခဲ့သည်။ (ယာကုပ် ၁:၁၉) ယင်းသည် အဘယ့်ကြောင့် အကြံဉာဏ်ကောင်းဖြစ်သနည်း။ ရှောလမုန် ဤသို့ရေးသည်– “အကျိုးအကြောင်းကိုမစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။” (သု. ၁၈:၁၃) သင့်အလုပ်ရှင်နှင့် အလုပ်ဖော်တို့ပြောရာကို စူးစိုက်နားထောင်ခြင်းက နားလည်မှုလွဲခြင်းနှင့် မိုက်မဲသောအမှားများပြုလုပ်မိခြင်းမှ သင့်အားတားဆီးပေးနိုင်သည်။

သင်စကားပြောသောအခါ ပြောပုံပြောနည်းလည်း အရေးကြီးသည်။ သင်သည် ရှင်းလင်းပြတ်သားစွာနှင့် လုံလောက်သောအသံပမာဏဖြင့် ပြောပါက အခြားသူများနားလည်ပြီး သင်ပြောသည့်အရာအပေါ် နားထောင်သူ၏အလေးထားမှု တိုးမြှင့်လာနိုင်ခြေများသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော အလုပ်အကိုင်ရေးရာအတိုင်အပင်ခံ ဘရိုင်ယန် ဤသို့ပြောသည်– “နည်းပညာအရည်အသွေးမရှိ၍ မဟုတ်ဘဲ ထိရောက်စွာပြောဆိုဆက်သွယ်နိုင်ခြင်းမရှိ၍ လူအမြောက်အမြား အလုပ်အကိုင်များဆုံးရှုံးနေခြင်းကို သင်အံ့သြပေလိမ့်မည်။”

အခြားသူများနှင့် အလိုက်အထိုက်လုပ်ဆောင်ပါ

အလုပ်ဖော်များနှင့် အချိန်မည်မျှသင်အသုံးပြုနေသည်ကို ကြည့်ခြင်းဖြင့် သူတို့ကိုသင်ကောင်းစွာသိကျွမ်းမည်မှာ ယုံမှားဖွယ်မရှိပေ။ ထို့ကြောင့် သူတို့၏အမှားများ၊ အားနည်းချက်များနှင့် ပတ်သက်ပြီး အတင်းအဖျင်းပြောရန်သွေးဆောင်ခံရနိုင်သည်။ သို့သော် သမ္မာကျမ်းစာအကြံဉာဏ်မှာ “ငြိမ်ဝပ်စွာနေ၍ ကိုယ်အမှုကိုဆောင်ရွက်” ရန်ဖြစ်သည်။ (၁ သက်သာလောနိတ် ၄:၁၂) ထိုသို့ပြုလုပ်ခြင်းဖြင့် “သူတစ်ပါးအမှု၌ရောနှောသော” သူအဖြစ် နာမည်ရခြင်းမှ ကျွန်ုပ်တို့ရှောင်နိုင်မည်ဖြစ်သည်။ (၁ ပေတရု ၄:၁၅) ထို့ပြင် အချိန်ဖြုန်းခြင်း၊ သင့်အလုပ်ဖော်များနှင့် သဘောထားကွဲလွဲခြင်းတို့ကို ရှောင်နိုင်မည်ဖြစ်သည်။

အလုပ်တာဝန်တစ်ခု ပေးအပ်ခံရပါက ယေရှု၏ ဤပညာရှိသွန်သင်ချက်ကို စိတ်တွင်စွဲမြဲထားပါ– “အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။” (မဿဲ ၅:၄၁) ယေရှုသည် အစိုးရအာဏာပိုင်များနှင့်ပတ်သက်၍ ပြောနေသော်လည်း ဤမူသည် အလုပ်ခွင်နှင့်လည်း သက်ဆိုင်ပါသည်။ သင်သည်အလုပ်ကြိုးစားသူ—ခရီးမိုင်အပိုသွားမည့်သူ—အဖြစ် နာမည်ရထားပါက သင့်အလုပ်မြဲနိုင်စရာအကြောင်းရှိသည်။ သင့်ထံမှ အလုပ်ရှင်တောင်းဆိုပိုင်ခွင့်မှာ အကန့်အသတ်ရှိပါသည်။ ယေရှုက “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြ” ရန်ပြောခဲ့သည်။ (မဿဲ ၂၂:၂၁) ဤတွင် မူအရ ဘုရားသခင်အားဝတ်ပြုရေးကဲ့သို့သော သာ၍အရေးကြီးသည့်ကိစ္စများတွင် အခွင့်အာဏာရှိသူများ ဝင်စွက်ခွင့်မပြုသင့်ကြောင်း ယေရှုဆိုလိုနေခြင်းဖြစ်သည်။

ရိုးသားပါ

ကုမ္ပဏီ ၁,၄၀၀ ကျော်နှင့်ပြုလုပ်သော သုတေသနတစ်ရပ်က အလုပ်ရှင်အများစုသည် “ရိုးသားမှုနှင့် သမာဓိရှိမှုကို အလုပ်လျှောက်ထားသူတို့တွင် သူတို့အထင်ကြီးလေးစားရဆုံး အရည်အသွေးများအဖြစ် သတ်မှတ်” ကြောင်း ဖော်ပြသည်။ ရိုးသားမှုရှိခြင်းတွင် အလုပ်ရှင်၏ပိုက်ဆံ သို့မဟုတ် ပစ္စည်းများမခိုးခြင်းထက်မကပါဝင်ကြောင်း ထင်ရှားသည်။ ယင်းသည် အချိန်မခိုးခြင်းကိုလည်း ဆိုလိုသည်။ အလုပ်ရှာဖွေပေးသည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့် ပြုလုပ်သော လေ့လာမှုတစ်ရပ်က အလုပ်သမားတစ်ဦးလျှင် ပျမ်းမျှအားဖြင့် အပတ်တိုင်း ၄ နာရီ ၁၅ မိနစ်မျှ အချိန်ခိုးကြကြောင်း တွေ့ရှိသည်။ အခြားအရာများအပြင် အချိန်ခိုးသူများသည် အလုပ်ကိုပုံမှန်နောက်ကျရောက်ပြီး စောစောဆင်းကာ အလုပ်ချိန်အတွင်း အခြားအလုပ်သမားများနှင့် ပြောဆိုဆက်ဆံနေသူများဖြစ်သည်။

သမ္မာကျမ်းစာက ဤသို့အကြံပြုထားသည်– “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။” (ဧဖက် ၄:၂၈) ထို့ပြင် ဘုရားသခင့်နှုတ်မြွက်စကားတော်က ခရစ်ယာန်များအား အခွင့်အာဏာရှိသူများ စောင့်ကြည့်မနေသည့်တိုင် အလုပ်ကြိုးစားရန် အားပေးထားသည်။ တမန်တော်ပေါလု ဤသို့ရေးသည်– “အစေခံကျွန်တို့၊ သခင်ဘုရားကိုကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌သာနားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏စကားကို အရာရာ၌နားထောင်ကြလော့။” (ကောလောသဲ ၃:၂၂) ကြီးကြပ်ကွပ်ကဲမှု မရှိသည့်အခါ၌ပင် အလုပ်ကောင်းကောင်းလုပ်သည်ဟု သင်နာမည်ရထားပါက သင်သည်ယုံကြည်စိတ်ချထိုက်သော အလုပ်သမားဖြစ်သည်။

လက်တွေ့ကျပါ

သမ္မာကျမ်းစာက ကျွန်ုပ်တို့အချိန်ကာလသည် အလွန်ကျပ်တည်းပြီး ကိုင်တွယ်ရခက်လိမ့်မည်ဟု တိကျစွာကြိုပြောထားသည်။ (၂ တိမောသေ ၃:၁) ယင်းကြောင့် နိုင်ငံရေးနှင့်လူမှုရေး မတည်ငြိမ်မှုများ၊ အပြောင်းအလဲများသည် စီးပွားရေးမသေချာမရေရာမှုကို မလွဲဧကန်ဖြစ်စေလိမ့်မည်။ (မဿဲ ၂၄:၃-၈) ထို့ကြောင့် အထက်ပါအကြံပြုချက်များကို သင်လိုက်နာစေကာမူ အလုပ်အကိုင် ဆုံးရှုံးနေဦးမည်သာဖြစ်သည်။

သို့သော် သမ္မာကျမ်းစာမူများကိုလိုက်နာခြင်းက အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့်ပေါ်ပေါက်သော စိုးရိမ်သောကများကို လျော့ပါးစေနိုင်သည်။ ယေရှုက “ယုံကြည်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ရောက်သောတောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။ ထို့ကြောင့် အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏” ဟုပြောခဲ့သည်။—မဿဲ ၆:၃၀-၃၂။

ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီရှိသော အခြားသူတို့ကဲ့သို့ အထက်တွင်ဖော်ပြခဲ့သော အဲရစ်ကာသည် အထက်ပါစကားများ၏ မှန်ကန်မှုကိုတွေ့ရှိခံစားခဲ့ရသည်။ သူ၏ခံစားချက်ကို ဤသို့အကျဉ်းရုံးဖော်ပြခဲ့သည်– “လက်ရှိလုပ်နေတဲ့ အလုပ်ကိုကျွန်မ အရမ်းနှစ်သက်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အတွေ့အကြုံအရ ကျွန်မသိတယ်။ ဒီကြားထဲကပဲ သမ္မာကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းနဲ့ ယေဟောဝါကိုယုံကြည်ကိုးစားတတ်လာခြင်းဖြင့် အလုပ်လက်မဲ့ဖြစ်နေတဲ့အချိန်မှာ ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုလျော့နည်းစေရမလဲဆိုတာနဲ့ ကိုယ်ရထားတဲ့အလုပ်ပေါ် ကျေနပ်ရောင့်ရဲစိတ် ဘယ်လိုတိုးများစေရမလဲဆိုတာတွေကို ကျွန်မသိရှိလာခဲ့တယ်။”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာရုံစူးစိုက်နားမထောင်ခြင်းက သင့်အား အလုပ်ပြုတ်သွားစေနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ