ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၁၁/၈ စာ. ၂၃
  • ကျွန်ုပ် ဆေးလိပ်မသောက်ပါ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ် ဆေးလိပ်မသောက်ပါ!
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်နာမှုကြောင့် နာကျင်မှု အရည်ပျော်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နိုးလော့!—၂၀၀၄
န၀၄ ၁၁/၈ စာ. ၂၃

ကျွန်ုပ် ဆေးလိပ်မသောက်ပါ!

ယူနိုက်တက်စတိတ်၊ မစ်ဆူရီပြည်နယ် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (အမ်အက်စ်အမ်အေ) မှတာဝန်ယူသည့် ပြည်လုံးကျွတ်စာစီစာကုံးပြိုင်ပွဲတွင် ရာနှင့်ချီသော ကျောင်းသူ၊ ကျောင်းသားတို့က အဆိုပါခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည်။ စာသင်ကျောင်း ၄၂ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၆၇၅ ဦးခန့် ပါဝင်ခဲ့ကြ၏။ ၁၂ နှစ်သမီး ဘရီအဲနာသည် ဆုချီးမြှင့်ခံရပြီး သူ၏ဆုရကဗျာကို အမ်အက်စ်အမ်အေ၏ Missouri Medicine ဂျာနယ်တွင် ဖော်ပြထားသည်။ ထို့ပြင် ဘရီအဲနာသည် အမ်အက်စ်အမ်အေ၏ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်သူ ကိုယ်စားလှယ်များအား သူ၏ကဗျာကို ရွတ်ဆိုပြခွင့် ရရှိခဲ့သည်။ ထိုကဗျာကိုမရွတ်ဆိုမီ ပရိသတ်အား ဘရီအဲနာ ဤသို့ပြောခဲ့၏–

“ကျွန်မက ယေဟောဝါသက်သေတစ်ယောက်ပါ၊ ကဗျာထဲမှာပါတဲ့ အချက်အလက်တွေအားလုံးဟာ နိုးလော့! မဂ္ဂဇင်းထဲကဖြစ်ပါတယ်။ တကယ်တော့ ကဗျာမှာပါတဲ့ ကျွန်မ အကြိုက်ဆုံးစာကြောင်းတွေဟာ ဒီစာစောင်ရဲ့မျက်နှာဖုံးက ဖြစ်တယ်။ ဒီမှာ စီးကရက်ခဲထားတဲ့ အရိုးခေါင်းပုံနဲ့ ‘မရဏ ဖောက်ကားမှု’ လို့စာတမ်းထိုးထားတယ်။ နှစ်တွေတစ်လျှောက် နိုးလော့! မဂ္ဂဇင်းက ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်တွေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ အများကြီးထုတ်ဝေခဲ့တယ်။”

ယေဟောဝါသက်သေတို့သည် ဆေးရွက်ကြီးကို မသုံးစွဲကြချေ။ ခန္ဓာကိုယ်ကို ညစ်ညူးစေသည့် မည်သည့်အရာကိုမဆို အသုံးပြုခြင်းသည် အသက်ဆုကျေးဇူးကိုသာမက ဖန်ဆင်းရှင်ကိုပါ မလေးစားရာရောက်သည်ဟု သူတို့ယူမှတ်ကြသည်။ (တမန်တော် ၁၇:၂၄၊ ၂၅) ထို့ကြောင့် သူတို့သည် ‘ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလော့’ ဟူသည့် ကျမ်းစာသတိပေးချက်ကို လိုက်နာကြ၏။—၂ ကောရိန္သု ၇:⁠၁။

သမ္မာကျမ်းစာစံနှုန်းများအတိုင်း နေထိုင်သည့် သက်သေခံလူငယ်များစွာထဲတွင် ဘရီအဲနာလည်း တစ်ဦးအပါအဝင်ဖြစ်၏။ ဤသို့သောလူငယ်များသည် မိမိတို့ဖန်ဆင်းရှင်၏စိတ်တော်ကို အမှန်တကယ် ရွှင်လန်းစေကြပါသည်။—⁠သု. ၂၇:⁠၁၁။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘရီအဲနာ (ယခု ၁၄ နှစ်အရွယ်) သည် မိမိကဗျာကို ကိုင်ထား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ