ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၁၁/၈ စာ. ၂၂
  • သင့်ကလေး အဆက်မပြတ် ငိုနေသည့်အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကလေး အဆက်မပြတ် ငိုနေသည့်အခါ
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ
    နိုးလော့!—၂၀၀၄
  • သားသမီးရခြင်း—တာဝန်လည်းဖြစ် ဆုလည်းဖြစ်
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ရင်သွေးလေးရလာတဲ့အခါ အိမ်ထောင်မှာ အပြောင်းအလဲရှိလာ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ရင်သွေးငယ်များလိုအပ်ရာကို ထောက်ပံ့ပေးခြင်း
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၁၁/၈ စာ. ၂၂

သင့်ကလေး အဆက်မပြတ် ငိုနေသည့်အခါ

ကနေဒါမှ နိုးလော့! စာရေးသူ ပေးပို့သည်

ဆရာဝန်သည် မိခင်ဖြစ်သူ ထင်ထားသည့်ဝေဒနာပင်ဖြစ် ကြောင်း အတည်ပြုပေးလိုက်သည်။ ကလေးတွင် လေနာတစ်မျိုး ဖြစ်နေသည်။ “ကလေး,လေးဦးတွင် တစ်ဦး၌” ဤ လက္ခဏာစု ဖြစ်နေသည်ဟု ကနေဒါနိုင်ငံ၏ ဂလုပ်ဘ်အဲန်မေးလ်သတင်းစာက ဆိုထားသည်။ လေနာခံစားရသည့်လက္ခဏာ များတွင် အနည်းဆုံး တစ်ပတ်လျှင် သုံးရက်ကြာ နာရီပေါင်းများစွာ ငိုနေခြင်းပါဝင်သည်။ စိတ်ပူနေသည့်မိဘများ အဘယ်အရာ လုပ်ဆောင်နိုင်မည်နည်း။ လေနာရောဂါများစွာတွင် မိဘတို့—နှင့်ကလေးတို့—သည်သက်သာသွားသည်အထိ ဤအတိုင်းနေလိုက်ရုံဖြစ်သည်ဟု ကလေးဆရာဝန်တို့က ပြောခဲ့သည်။ သို့သော် မည်မျှကြာကြာနည်း။

လေနာဖြစ်နေသည့်ကလေးတို့၏ မိခင်များအား မကြာသေးမီက ပြုလုပ်ခဲ့သော ကနေဒါစူးစမ်းလေ့လာမှုတစ်ရပ်အရ ကလေးသုံးလအရွယ်ရောက်သည့်အခါ ဝေဒနာခံစားရသည့် ကလေး ၈၅ ရာခိုင်နှုန်းသည် လေနာပျောက်ကင်းသွားကြောင်းတွေ့ရသည်။ အိစတဲန်းအွန်တဲရီအို သုတေသန တက္ကသိုလ်၏ ကလေးဆေးရုံမှ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာရပ်ဒါရိုက်တာ ဒေါက်တာ တန်မီ ကလစ်ဖော့ဒ်၏ သုတေသနပြုချက်ကလည်း လေနာဖြစ်နေသည့်ကလေးသည် မိခင်တို့၏စိတ်ကျန်းမာရေးကို အမြဲတစေ မထိခိုက်စေကြောင်း ဖော်ပြခဲ့သည်။ “ထိုမိခင်များသည်မီးဖွားပြီး ခြောက်လကြာပြီးနောက် လေနာမရှိဖူးသည့်ကလေးတို့၏ မိခင်များအလားဖြစ်သွားကြသည်၊ မိမိတို့ကလေးများ အငိုတိတ်သွားပြီးနောက် ယင်းကို သူတို့ မေ့မေ့လျော့လျော့ဖြစ်သွားတတ်ကြသည်” ဟု ဒေါက်တာ ကလစ်ဖော့ဒ်က ပြောခဲ့သည်။

ဒေါက်တာ ကလစ်ဖော့နှင့် သူ၏ရောင်းရင်းတို့ ထုတ်ဝေခဲ့သော ဤသုတေသနပြုချက်အသစ်သည် ဂလုပ်ဘ်ကို ဤသို့ပြောခဲ့၏– “မွေးဖွားပြီး သုံးလတာကာလအတွင်း လေနာ ဖြစ်ပြီး သက်သာသွားသည့်ကလေးများ; လအတန်ကြာသည်အထိ မသက်သာဘဲ ဆက်ပြီး လေနာဖြစ်နေသည့်ကလေးများနှင့် မွေးဖွားပြီး လအနည်းငယ်ကြာမှ လေနာဖြစ်လာသည့် ကလေးအနည်းစုဟူ၍ သုံးမျိုးသုံးစားရှိကြောင်း ဖော်ပြထားသဖြင့် လေနာနှင့်ပတ်သက်ပြီး သိပ္ပံပညာရပ်အတွက် အရေးကြီးသည့် အသေးစိတ် အချက်အလက်များ ထပ်ဖြည့်စွက်ပေးသည်။” နောက်ထပ်လေ့လာမှုတစ်ခုက လေနာရှိသည့် ကလေး များ ကြီးထွားလာသည်နှင့်အမျှ သူတို့၏ဖွံ့ဖြိုးမှုကို ခြေရာခံလိုက်ရာ တတိယအုပ်စုမှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်၏။

အဆက်မပြတ် ငိုနေခြင်းသည် လှုပ်ရမ်းခံရသည့်နို့စို့ကလေး လက္ခဏာစုဖြစ်ရသည့် အကြောင်းရင်းတစ်ရပ်ဟု ယုံကြည် ထားသည်။ ဂလုပ်ဘ်မှသတင်းပေးပို့ချက်အရ ငိုနေရုံသက်သက်ဖြင့် ကလေးအား မထိခိုက်စေသော်လည်း ကလေးကို ခဏ လေးပင်ဖြစ်ပါစေ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းခြင်းသည် အာရုံကြောပျက်စီးခြင်းနှင့် သေဆုံးသည့်အထိပင် ဖြစ်စေ နိုင်သည်။

အခြားတစ်ဖက်တွင်မူ နို့စို့ကလေးများ အဆက်မပြတ်ငိုနေခြင်းပင် အကျိုးရှိနိုင်သည်။ “လေ့လာဆန်းစစ်မှုများက အငိုသန်သော နို့စို့ကလေးများသည် မိမိတို့အား ပြုစုစောင့်ရှောက်နေသူများထံမှ ဂရုစိုက်မှု၊ ထိတွေ့မှု၊ အပြုံး၊ စကားပြောဆိုမှုနှင့် ပွေ့ဖက်မှုတို့ကို အမှန်တကယ် ပို၍ရရှိထားကြကြောင်း ဖော်ပြနေသည်” ဟု ဂလုပ်ဘ်တွင် ပြောဆိုထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ