ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၄/၈ စာ. ၈-၁၀
  • ပရဒိသုသို့ အိမ်ပြန်ခရီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရဒိသုသို့ အိမ်ပြန်ခရီး
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရဒိသု—ကောင်းကင်၌လော၊ မြေကြီးတွင်လော
  • ပရဒိသုပြန်လည်တည်ထောင်ခြင်း
  • အချို့ကောင်းကင်သွားရသည့်အကြောင်း
  • လမ်းခရီးကိုပြင်ဆင်ပေးသော ဝိညာဉ်ရေးပရဒိသု
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကိုသင်ပိုင်ဆိုင်နိုင်သည်!
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၄/၈ စာ. ၈-၁၀

ပရဒိသုသို့ အိမ်ပြန်ခရီး

ပရဒိသုကိုတမ်းတခြင်းနှင့် ယင်းကိုပြန်လည်ဖန်တီးရန် ကြီးကြီးသေးသေးကြိုးစားမှုများကိုထောက်ရှုလျှင် ယခုအချိန်တွင် ကမ္ဘာမြေကြီးသည် ပရဒိသုတစ်ခုဖြစ်သင့်ပြီဟု ထင်ရပေမည်။ သို့ရာတွင် ထိုသို့ဖြစ်မနေပါ။

ယင်းအစား လူသည် ပတ်ဝန်းကျင်နှင့် သက်ရှိမျိုးစုံတို့ကိုမငဲ့ကွက်ဘဲ ကြီးစိုးလေ့ရှိသော တပ်မက်မှုကို ဦးစားပေးနေကြသည်။ စည်းစိမ်ဥစ္စာသည် အရာရာကိုလွှမ်းမိုးသွားမည်ဟု ယူမှတ်ကြ၍ လူများစွာသည် ဤကမ္ဘာမြေကြီးကို ဧဒင်ပရဒိသုတစ်ခုအဖြစ်သို့ ပြောင်းလဲမည်ဟူသော မျှော်လင့်ချက်လုံးဝမရှိကြတော့ချေ။ ယင်းအစား ပရဒိသုရရှိဖို့ ၎င်းတို့၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ ကောင်းကင်တွင်တမလွန်ဘဝရခြင်းကို စောင့်မျှော်ကြသည်။ ယင်းအမြင်သည် ပထမအနေဖြင့် ဧဒင်ဥယျာဉ်ကို တမ်းတခြင်းသည် အစဉ်အချည်းနှီးဖြစ်မည်ဖြစ်ပြီး၊ ဒုတိယအနေဖြင့် ဘုရားသခင်သည် မိုက်မဲပြီးတပ်မက်လွန်းသည့်လူ့လက်ထဲ ဤကမ္ဘာဂြိုဟ်ကို စွန့်ပယ်ခဲ့ပြီဟူသောသဘော သက်ရောက်စေသည်။ ယင်းသို့လော။ ကျွန်ုပ်တို့အနာဂတ်သည် အသို့နည်း။ ၎င်းအနာဂတ်သည် အဘယ်နေရာတွင်နည်း။

ပရဒိသု—ကောင်းကင်၌လော၊ မြေကြီးတွင်လော

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ နီးပါးက နံဘေးရှိသစ်တိုင်ပေါ်မှနောင်တရသူခိုးတစ်ဦးကို ယေရှုက ဤသို့ပြောခဲ့သည်– “သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်။” (လုကာ ၂၃:၄၃၊ ကဘ) သူခိုးသည် ကောင်းကင်သို့ကိုယ်တော်နှင့်အတူသွားမည်ဟု ယေရှုဆိုလိုနေခြင်းလော။ မဟုတ်ပါ။

လူဆိုးသည် ထိုသဘောမျိုးရှိပင်ရှိမည်မဟုတ်ပါ။ အဘယ်ကြောင့် မရှိရသနည်း။ အကြောင်းမှာ သူသည် ၎င်းအချိန်တွင်ရှိခဲ့သော ဆာလံ ၃၇:၂၉ [ကဘ] ပထမပိုင်းရှိ “ဖြောင့်မတ်သောသူတို့သည် မြေကြီးကို အပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်” ကဲ့သို့သော ဟေဗြဲကျမ်းစောင်များရှိ စာပိုဒ်များနှင့် အကျွမ်းတဝင်ရှိနိုင်ပေသည်။ ယေရှုသည် ထပ်တူအမှန်တရားကိုသွန်သင်ကာ ဤသို့ဖော်ပြခဲ့သည်– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် ဝမ်းမြောက်ရွှင်လန်းကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကိုအမွေရကြလတ္တံ့။” (မဿဲ ၅:၅၊ ကဘ) ဤကျမ်းချက်သည် သခင့်ဆုတောင်းချက်ဟုအများခေါ်ကြသော ဤဖော်ပြချက်နှင့်ကိုက်ညီသည်– “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။”—မဿဲ ၆:၉၊ ၁၀။

လူ့မိသားစုစံအိမ်အဖြစ် ကောင်းကင်မဟုတ်ဘဲ မြေကြီးကိုဘုရားသခင် ဖန်ဆင်းတော်မူခဲ့ကြောင်း သမ္မာကျမ်းစာက သွန်သင်ထားသည်။ ကိုယ်တော့်နှုတ်မြွက်စကားတော်ဖော်ပြထားသည်မှာ ကိုယ်တော်သည် “[မြေကြီးကို] အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ . . . ၏။” (ဟေရှာယ ၄၅:၁၈) မည်မျှတိုင် ကြာမည်နည်း။ “ကိုယ်တော်သည်မြေကြီးပထဝီကို ကာလအစဉ်အမြဲမရွေ့မလှုပ်စေခြင်းငှာ အမြစ်ပေါ်တွင်တည်စေတော်မူပြီ။” (ဆာလံ ၁၀၄:၅၊ ကဘ) မှန်ပါသည်၊ “မြေကြီးမူကား အစဉ်အမြဲတည်၏။”—ဒေသနာ ၁:၄။

ကိုယ်တော်၏အမှုတော်ဆောင်သည့် လူအများစုအတွက် ဤမြေကြီးကို သူတို့၏ထာဝရစံအိမ်ဖြစ်စေဖို့ ဘုရားသခင်ရည်ရွယ်တော်မူသည်။ ယင်းကိစ္စကို ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက မည်သို့ဆိုကြောင်း သတိပြုပါ။ ဆာလံ ၃၇:၁၁၊ [ကဘ] တွင်ဤသို့ကြိုပြောထားသည်– “စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကို အပိုင်ရ၍ များပြားသောငြိမ်သက်ခြင်းချမ်းသာ၌ မွေ့ပျော်ကြလိမ့်မည်။” မည်မျှတိုင်ဖြစ်မည်နည်း။ ဆာလံ ၃၇:၂၉၊ [ကဘ] တွင်ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူတို့သည် မြေကြီးကို အပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်။” ထိုအချိန်တွင် ဤကျမ်းချက်အမှန်တကယ်ဖြစ်လာမည်– ‘ကိုယ်တော် [ဘုရားသခင်] သည် လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါအပေါင်းတို့၏လိုအင်ဆန္ဒကို ရောင့်ရဲစေတော်မူ၏။’ ယင်းလိုအင်ဆန္ဒသည် ဘုရားသခင်၏အလိုတော်နှင့်ညီသော လိုအင်ဆန္ဒဖြစ်သည်။—ဆာလံ ၁၄၅:၁၆။

ဘုရားသခင်၏အလိုတော်နှင့်မတွေ့လိုသောသူများကော အသို့နည်း။ နယပုံပြင် ၂:၂၁၊ ၂၂ တွင်ဤသို့ဖော်ပြထားသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍၊ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”

ပရဒိသုပြန်လည်တည်ထောင်ခြင်း

များမကြာမီ ဘုရားသခင့်တရားစီရင်ချက်သည် ဤဆိုးညစ်သောလောကအပေါ် ကျရောက်တော့မည်ဖြစ်သည်။ (မဿဲ ၂၄:၃-၁၄; ၂ တိမောသေ ၃:၁-၅၊ ၁၃) သို့သော်ဘုရားသခင်သည် ‘လူအုပ်ကြီး’ ကိုကိုယ်တော်ပြုလုပ်သော ကမ္ဘာသစ်ထဲဝင်ရောက်ရန် ကျရောက်တော့မည့်ထိုဖျက်ဆီးခြင်းဘေးမှ ကာကွယ်ပေးတော်မူမည်။—ဗျာဒိတ် ၇:၉-၁၇။

ထို့အပြင် ကိုယ်တော်၏လက်အောက်ခံလူတို့သည် ကမ္ဘာတစ်ခုလုံးကို လူ့ပရဒိသုစံအိမ်အဖြစ်သို့ ပြုပြင်ပြောင်းလဲရသည့် သူတို့အတွက် ရွှင်လန်းဖွယ်အလုပ်တာဝန်ကို ဘုရားသခင်ညွှန်ကြားပေးတော်မူမည်။ ကျမ်းစာက ဤသို့ကတိပေးထားသည်– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ . . . အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။”—ဟေရှာယ ၃၅:၁၊ ၆။

ထိုတိုးချဲ့လျက်ရှိသောပရဒိသုတွင် ဆာလောင်ခြင်း၊ ဆင်းရဲခြင်း၊ ဆင်းရဲသားရပ်ကွက်များ၊ အိုးအိမ်မဲ့သူများ သို့မဟုတ် ရာဇဝတ်မှုနယ်ပယ်များ ရှိတော့မည်မဟုတ်။ “မြေကြီးပေါ်တွင် ကောက်ပဲသီးနှံများစွာရှိလာပြီး တောင်များထိပ်ပေါ်တွင် အလျှံပယ်ဖြစ်နေမည်။” (ဆာလံ ၇၂:၁၆၊ ကဘ) “တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း မြေအသီးအနှံကိုပေးလိမ့်မည်။” (ယေဇကျေလ ၃၄:၂၇) “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှမရှိရ။”—မိက္ခာ ၄:၄။

အချို့ကောင်းကင်သွားရသည့်အကြောင်း

လူအများသည် မြေကြီးပရဒိသုတစ်ခုကိုတမ်းတကြောင်း ဝန်ခံကြပေလိမ့်မည်။ ဘုရားသခင်သည် လူတို့တွင်ကောင်းကင်ကိုတမ်းတသည့်စိတ် မထည့်သွင်းပေးထားသောကြောင့် ယင်းသည်သဘာဝကျသည်။ ကောင်းကင်အသက်တာကို သူတို့စဉ်းစား၍ပင်မရပါ။ သာဓကအနေဖြင့် ပတ်သည် ဘုရားတရားကိုင်းရှိုင်းသောချာ့ချ်အသင်းဝင်တစ်ဦးဖြစ်သော်လည်း သူမ၏ချာ့ချ်အော့ဖ်အင်္ဂလန်ဆရာနှင့် သူမစကားပြောဆိုရာတွင် ဤသို့ပြောခဲ့သည်– “ကောင်းကင်သွားဖို့ ကျွန်မမစဉ်းစားခဲ့ဖူးဘူး။ သွားချင်စိတ်လည်းမရှိဘူး။ အဲဒီမှာကျွန်မဘာသွားလုပ်ရမှာလဲ။”—ဆာလံ ၁၁၅:၁၆ နှိုင်းယှဉ်။

မှန်ပါသည်၊ ကန့်သတ်ထားသောလူအရေအတွက် ​၁၄၄,၀၀၀ သည်ကောင်းကင်သို့သွားရမည်ဟု ကျမ်းစာသွန်သင်ထားသည်။ (ဗျာဒိတ် ၁၄:၁၊ ၄) အဘယ်ကြောင့်သွားရကြောင်းကိုလည်း ဤသို့ရှင်းပြထားသည်– “အကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍ မြေကြီးပေါ်မှာစိုးစံရသောအခွင့်ကို ပေးတော်မူ၏။” (ဗျာဒိတ် ၅:၉၊ ၁၀) ၎င်းတို့၏ဘုရင်ယေရှုခရစ်နှင့်အတူ သူတို့သည် ခရစ်ယာန်များဆုတောင်းကြသည့် မြေကြီး၏ကောင်းကင်အစိုးရအသစ်ဖြစ်သော “နိုင်ငံတော်” အဖွဲ့ဝင်များဖြစ်ကြသည်။ ဤအစိုးရသည် မြေကြီးနှင့်လူသားအားလုံး၏ ပြန်လည်ထူထောင်ရေးကို ကွပ်ကဲသွားမည်ဖြစ်သည်။—ဒံယေလ ၂:၄၄; ၂ ပေတရု ၃:၁၃။

သို့ရာတွင် ကောင်းကင်၌အသက်ရှင်လိုသောဆန္ဒသည် လူ၏ပင်ကိုသဘောမဟုတ်သောကြောင့် ဤထူးခြားသော “အထက်အရပ်မှခေါ်တော်မူခြင်း” ကိုသိရှိနိုင်ကြရန် ဘုရားသခင်၏ဝိညာဉ်တော်က ၁၄၄,၀၀၀ အားထူးခြားစွာ “သက်သေခံတော်မူ” သည်။ (ရောမ ၈:၁၆၊ ၁၇; ဖိလိပ္ပိ ၃:၁၄) သို့သော် ယေဘုယျလူသားတို့အတွက် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသို့လုပ်ဆောင်ရန်မလိုအပ်ကြောင်း ထင်ရှားပါသည်၊ အကြောင်းမှာ သူတို့အတွက်ထာဝရစံအိမ်သည် မြေကြီးပရဒိသုဖြစ်သောကြောင့်တည်း။

လမ်းခရီးကိုပြင်ဆင်ပေးသော ဝိညာဉ်ရေးပရဒိသု

လူတစ်ဦးသည် မြေကြီးပရဒိသုတွင် ထာဝရအသက်ရရန် မည်သို့အရည်အချင်းပြည့်မီမည်နည်း။ ယေရှုက ဤသို့ပြောခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ငြိမ်းချမ်းသောလူ့ဆက်ဆံရေးသည် ဘုရားသခင်အား သိကျွမ်းခြင်းပညာနှင့်ဆက်စပ်နေကြောင်းကိုဖော်ပြရန် ဟေရှာယ ၁၁:၉ တွင်ဤသို့ဆိုထားသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”—ဟေရှာယ ၄၈:၁၈ နှိုင်းယှဉ်။

ဤအသိပညာသည် စာတွေ့မျှမဟုတ်သည်ကားအမှန်ပင်။ ၎င်းသည် လူတစ်ဦး၏ဥပဓိရုပ်ကိုသြဇာလွှမ်းပြီး “ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” အစရှိသောဘုရားရေးရာအရည်အသွေးများကို ပြုစုပျိုးထောင်ပေးပါသည်။ (ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ) ယေဟောဝါသက်သေများသည် ဤအရည်အသွေးများကိုမွေးမြူရန် ကြိုးစားကြသောကြောင့် ယခုပင်လျှင် ကောင်းမွန်သောဝိညာဉ်ရေးပရဒိသုတွင် ကောင်းချီးခံစားနေကြရသည်။—ဟေရှာယ ၆၅:၁၃၊ ၁၄။

သူတို့၏ဝိညာဉ်ရေးအခြေအနေသည် ပိုပို၍ဘုရားတရားမဲ့ ယိုယွင်းနေသော လောကနှင့်ကွာခြားလှလေခြင်း! သို့ရာတွင် မကြာမီ ဤဆိုးညစ်သည့်လောကကို ဘုရားသခင်ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။ ဤသို့ဖြစ်နေချိန်တွင် သူတို့ပျော်မွေ့နေကြသော ဝိညာဉ်ရေးပရဒိသုသို့ လာရောက်လည်ပတ်ကြည့်ရန်—မှန်ပါသည်၊ အသေအချာစစ်ဆေးကြည့်ရန်—ယေဟောဝါသက်သေများသည် သင့်ကိုဖိတ်ခေါ်ကြပါသည်။ မျက်မြင်မရသောကောင်းကင်ဘုရင်ယေရှုသည် မြေကြီးပရဒိသုနှင့်ထာဝရအသက်သို့ ပို့ဆောင်သောလမ်းကျဉ်းအတိုင်း ကမ္ဘာသစ်တွင်နေထိုင်ကြမည့်သူများကို ယခုပင် ဆိတ်ငြိမ်စွာ ခေါ်ဆောင်သွားနေကြောင်း ကိုယ်တိုင်ကြည့်ရှုပါလေ!—မဿဲ ၇:၁၃၊ ၁၄; ဗျာဒိတ် ၇:၁၇; ၂၁:၃၊ ၄။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဤလောက၏အဆုံးကိုကပ်ကျော် လွတ်မြောက်သူများသည် မြေကြီးကို ပရဒိသုတစ်ခုအဖြစ်သို့ ပြောင်းလဲရာတွင် ပျော်ရွှင်ကြမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ