Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 February laim. 2-7
  • Thu-Um lo Innkuanpihte Le Meltheih Tanaute Huh Theih Dan

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Thu-Um lo Innkuanpihte Le Meltheih Tanaute Huh Theih Dan
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • HEHPIHNA LUNGSIM IN MELTHEIH TANAUTE HUH DINGIN HONG TAWSAWN
  • MAWHSAK KAMPAU LE GAMTAK NATE KOI BANGIN MUH SAK DING
  • LUNGDUAI INLA A HOIH LAMIN MU-IN
  • MELTHEIH TANAUTE NA IT LAM LAK IN
  • LUNGKIA KEI IN
  • အခြေခံ ကျမ်းစာ​သွန်သင်ချက်တွေ​ကနေ သင်ခန်းစာ​အသစ်တွေ ယူပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • ‘စိတ်ရင်းမှန်သူ​တွေ’ ကို တုံ့ဆိုင်းမနေဘဲ ကူညီပေးပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Piak Khiatna-ah Lungdamna Lian Zaw
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 February laim. 2-7

APRIL 6-12, 2026

LA 82 ‘အလင်းကို လင်းစေကြ’

Thu-Um lo Innkuanpihte Le Meltheih Tanaute Huh Theih Dan

“Na hoih sep ding Cimtak kei ni.”—GAL. 6:9.

အာရုံစိုက်ရာ

မယုံကြည်သူ မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ ဆက်ဆံရေးကောင်း ဘယ်လို​ရှိနိုင်​မလဲ။ ကိုယ့်ရဲ့​ယုံကြည်ချက်​အကြောင်း ဘယ်လို​ပြောပြ​နိုင်​မလဲ။

1-2. Thu-um lo meltheih tanaute tawh kizopna hoih i neih lohna a hangin bang hiding hiam?

ယေရှုက မိမိ​နောက်လိုက်​ဖြစ်ချင်သူ​တစ်ယောက်​ကို “ဆွေမျိုး​သားချင်း​တွေ​ရှိရာ အိမ်ကို​ပြန်ပြီး ခင်ဗျား​အတွက် ယေဟောဝါ ဘုရား လုပ်ပေး​ခဲ့တာ​တွေ . . . ကို ပြောပြ” ဖို့​မှာတယ်။ (မာ. ၅:၁၉) သတင်းကောင်း​တစ်ခုခု ကြားလာပြီ​ဆိုရင် မိမိ​ချစ်ရသူ​တွေကို အရင်ဆုံး​ပြောပြ​တတ်တဲ့ လူ့​သဘော​သဘာဝ​ကို ယေရှု အသိ​အမှတ်​ပြုလိုက်​တာပဲ။

၂ ကျမ်းစာ စလေ့လာ​ချိန်​တုန်းက ဘယ်လို ခံစား​ရတယ်​ဆိုတာ မှတ်မိ​သေးလား။ သိလာ​သမျှကို မိသားစု​ဝင်တွေ၊ ဆွေမျိုး​တွေဆီ အိတ်သွန်​ဖာမှောက် ပြောပြ​ချင်ခဲ့​မှာပဲ။ ဒါပေမဲ့ သင် ကျမ်းစာ​လေ့လာ​နေတာကို သူတို့ ကြိုက်ပုံ​မရတာ ဖြစ်နိုင်​တယ်။ ဒါမှ​မဟုတ် သင်​ပြောပြတဲ့ အမှန်​တရား​ကြောင့် သူတို့နဲ့ သင့်​ကြားမှာ ဆက်ဆံရေး တင်းမာ​တာ ဖြစ်နိုင်​တယ်။ အဲဒီလို ကြုံနေ​ရတယ်​ဆိုရင် ယေဟောဝါ​ပေါ် သစ္စာ​စောင့်သိရင်း ဆွေမျိုး​တွေ​နဲ့လည်း ဆက်ဆံ​ရေး​ကောင်း​ရှိစေ​မယ့် နည်းလမ်း​တွေကို ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။

3. Hih sin ding thu-ah bang thu kikum ding i hiam?

၃ မယုံကြည်သူ မိသားစုဝင်၊ ဆွေမျိုးတွေနဲ့ ဆက်ဆံရေး​ကောင်း​ရှိစေတဲ့ အချက်​လေးချက်​ကို ဒီဆောင်းပါး​မှာ ဆွေးနွေး​သွား​ပါမယ်။ (၁) သနား​စာနာ​စိတ်က သူတို့ကို ကူညီ​ပေးဖို့ ဘယ်လို လှုံ့ဆော်​ပေး​သလဲ။ (၂) ပြစ်တင်​ဝေဖန်တဲ့ သူတို့ရဲ့​အပြော​အဆိုနဲ့ လုပ်ရပ်​တွေကို ဘယ်လို ရှုမြင်​နိုင်​သလဲ။ (၃) သူတို့​အပေါ် စိတ်ရှည်ပြီး အကောင်း​မြင်စိတ် ဘယ်လို ထားနိုင်​သလဲ။ (၄) သူတို့ကို ချစ်ကြောင်း ဘယ်လို ပြနိုင်​သလဲ။

HEHPIHNA LUNGSIM IN MELTHEIH TANAUTE HUH DINGIN HONG TAWSAWN

4. Jesuh in a thugen a lunglut lo mite tungah koi bangin thukkik a hiam?

၄ မိမိ​ပြောတဲ့ သတင်း​စကားကို စိတ်မဝင်စား​တဲ့​သူတွေ​အပေါ် ယေရှု လက်မလျှော့​ခဲ့ဘူး။ သဖန်းပင်​ကနေ အသီး​သီးဖို့ နည်းမျိုးစုံ​သုံးပြီး ကြိုးစားတဲ့ စပျစ်​ခြံစောင့်နဲ့ မိမိ​ကိုယ်ကိုယ် ခိုင်းနှိုင်း​ခဲ့တယ်။ (လု. ၁၃:၆-၉) ယေရှု ဒီစကား​တွေကို ပြောတဲ့​အချိန်မှာ ဂျူးတွေ မိမိကို ယုံကြည်​လာဖို့၊ မိမိ​နောက်လိုက်တွေ ဖြစ်လာဖို့ သုံးနှစ်​ကျော်ကြာ ကြိုးစား​ခဲ့ပြီး ဖြစ်တယ်။ ယေရှု ဘာကြောင့် လက်မလျှော့​ခဲ့​သလဲ။ သူတို့​အခြေ​အနေကို နားလည်ပြီး သနား​စာနာ​လို့ပါ။ ဒါကြောင့်​လည်း သူတို့ကို စိတ်ရှည်ရှည်နဲ့ ကူညီ​ပေးနိုင်​ခဲ့တာ။

5. Jesuh in Jew mite bang hang hehpihna lak a hiam?

၅ ဘုရားအကြောင်း မှန်မှန်​ကန်ကန် သိလာအောင် ကူညီ​ပေးဖို့ ဂျူး​ဘာသာရေး​ခေါင်းဆောင်တွေ ပျက်ကွက်​ခဲ့လို့ ဂျူးလူမျိုး​တွေကို ယေရှု သနား​စာနာ​တယ်။ သူတို့ဟာ “ထိန်းသူ​မရှိတဲ့ သိုးတွေလို ဖြစ်နေ” တယ်လို့ ပြောတယ်။ (မာ. ၆:၃၄) ယေရှု မသေခင် ရက်ပိုင်း​အလိုမှာ ဂျေရု​ဆလင်​မြို့ကို ကြည့်ပြီး ငိုတယ်။ ယုံကြည်ခြင်း ကင်းမဲ့​ကြတဲ့​အတွက် မြို့သူ​မြို့သား အများစု အသက်​ဆုံးရှုံး​ကြမှာ ဖြစ်လို့ပဲ။ (လု. ၁၉:၄၁-၄၄) ကျွန်တော်တို့​လည်း ဆွေမျိုး​သားချင်း​တွေ အမှန်​တရား​သိဖို့ လိုအပ်တဲ့ အကြောင်းရင်း​တွေ စဉ်းစား​လိုက်တဲ့​အခါ သူတို့ကို ကူညီ​ပေးချင်စိတ် ဖြစ်လာမယ်။

6. Thu-um lo meltheih tanaute bang hang Lungduai kul a hiam? (Galati 6:9)

၆ ဂလာတိ ၆:၉ ကို ဖတ်ပါ။ မယုံကြည်သူ ဆွေမျိုးတွေ ယေဟောဝါ​အကြောင်း မလေ့လာ​ချင်သေး​ရင်တောင် စိတ်ရှည်ရှည်နဲ့ “မွန်မြတ်တဲ့​အရာ​တွေကို လက်မလျှော့ဘဲ ဆက်လုပ်” ဖို့​လိုတယ်။ အမြစ်​စွဲ​နေတဲ့ ယုံကြည်​ချက်​တွေကို ဖြိုဖျက်ဖို့၊ ယေဟောဝါ​ကို ယုံကြည်​လာဖို့ အချိန်​လိုတယ်။ သင်ကိုယ်တိုင်​လည်း “လောကမှာ မျှော်လင့်ချက်​မဲ့ပြီး ဘုရား​သခင်ကို မသိ​တဲ့သူ” ဖြစ်ခဲ့​ဖူး​တာပဲ။ (ဧ. ၂:၁၂) သင့်အပေါ် စိတ်ရှည်​တဲ့သူ ရှိခဲ့လို့၊ ပြောင်းလဲ​နိုင်အောင် ကူညီ​ပေး​တဲ့သူ ရှိခဲ့လို့ ယေဟောဝါ​ကို ကိုးကွယ်​နိုင်​ခဲ့တာ မဟုတ်လား။ ဒါကြောင့် ဆွေမျိုး​သားချင်း​တွေ ယေဟောဝါ​အကြောင်း သိလာအောင် စိတ်ရှည်ရှည်နဲ့ ကူညီပေးပါ။

MAWHSAK KAMPAU LE GAMTAK NATE KOI BANGIN MUH SAK DING

7. Jesuh sanggamte in a nung a zuih theih lohna a hang bang hiding a hiam?

၇ ဂါလိလဲ​နယ်မှာ ယေရှု​လုပ်ခဲ့တဲ့ အံ့ဖွယ်​အမှု​တွေ​အကြောင်း ယေရှုရဲ့ မိတူ​ဖကွဲ ညီတွေ ကြားခဲ့​မှာပဲ။ (လု. ၄:၁၄၊ ၂၂-၂၄) ဒါပေမဲ့ အစ​ပိုင်းမှာ ယေရှုရဲ့ နောက်လိုက်တွေ ဖြစ်မလာ​ကြဘူး။ (ယော. ၇:၅) ဘာကြောင့်လဲ​ဆိုတာ ကျမ်းစာမှာ မဖော်ပြ​ထား​ပေမဲ့ ဂျူးတွေ ယေရှု​နောက်လိုက် ဖြစ်မလာ​ရတဲ့ အကြောင်းရင်း​နှစ်ခု​ကိုတော့ ဖော်ပြ​ထားတယ်။ တချို့က ဂျူးအသိုင်း​အဝိုင်း​ကနေ ပယ်ထား​ခံရမှာ​ကြောက်လို့ ဖြစ်တယ်။ (ယော. ၉:၁၈-၂၂) တချို့​ကျတော့ ယေရှုရဲ့ ငယ်ဘဝကို သိထားလို့ မေရှိယ ဘယ်လိုမှ မဖြစ်​နိုင်ဘူး​လို့ ထင်ကြ​တယ်။ (မာ. ၆:၁-၄) ယေရှုရဲ့​ညီတွေ​လည်း အဲဒီ​အတွေး​အခေါ်​မျိုး ရှိခဲ့​ကြပုံ​ရတယ်။ ကျွန်တော်​တို့ရဲ့ ဆွေမျိုး​တွေလည်း တခြား​သူတွေ ဝိုင်းပယ်တာ​ခံရမှာ​ကြောက်လို့၊ ကိုယ်လို သာမန်လူ​တစ်ယောက်​ဆီ​ကနေ ကြားရတဲ့​စကား​ဖြစ်နေလို့ အမှန်​တရားကို လက်မခံ​တာ ဖြစ်နိုင်တယ်။

8. Meltheih tanaute in bang hangin hong mu khial thei a hiam?

၈ ကျွန်တော်တို့ကို ဆွေမျိုးတွေ ဘာကြောင့် အမြင်​စောင်းတာ​ဖြစ်မလဲ စဉ်းစားပါ။ ယေရှုကို “စိတ်​ဖောက်ပြန်​သွားပြီ” လို့ ထင်ကြ​တဲ့ ဆွေမျိုး​တွေ​ထဲမှာ ယေရှုရဲ့​ညီတွေ​လည်း ပါနိုင်​တယ်။ (မာ. ၃:၂၁) သူတို့ ဘာကြောင့် ဒီလို​ပြောတာ ဖြစ်မလဲ။ အစာ​စားဖို့ အချိန်​မပေး​နိုင်တဲ့​အထိ လူတွေကို ဟောပြောတာ၊ ကုသ​ပေး​တာနဲ့ပဲ ယေရှု အချိန်​ကုန်​နေတယ်​လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (မာ. ၃:၂၀) ဒါကြောင့် ယေရှုကို အစွန်း​ရောက်​သမား​လို့ ဆွေမျိုးတွေ ထင်ခဲ့​ကြတာ ဖြစ်နိုင်​တယ်။ ကျွန်တော်​တို့​ကိုလည်း အစွန်း​ရောက်သူ​တွေ​လို့ ဆွေမျိုးတွေ ထင်နေ​နိုင်တယ်။ သူတို့ အဲဒီလို​ထင်နေရင် ကျွန်တော်​တို့က အစွန်း​ရောက်သူ​တွေ​မဟုတ်​ကြောင်း၊ ဟောပြောခြင်း​လုပ်ငန်းက ကျွန်တော်တို့​အတွက် အရေး​ကြီး​တာ​မှန်ပေမဲ့ တခြား​ကိစ္စ​တွေ​အတွက်​လည်း အချိန်​ပေး​ကြောင်း အပြော​အဆို၊ လုပ်ရပ်နဲ့ ပြနိုင်တယ်။

9. Jehoavah tecite tung melthei tanaute hong muhkhialh nate bangin kikhelsak thei ding a hiam? (1 Peter 3:1, 2) (Lim zong en.)

၉ လုပ်ရပ်နဲ့ သက်သေပြပါ။ ကျွန်တော်​တို့ရဲ့ အပြု​အမူ၊ အပြော​အဆို​ကြောင့် ယေဟောဝါ​သက်သေတွေ​အပေါ်​ထားတဲ့ ဆွေမျိုးတွေရဲ့​အမြင် ပြောင်းလဲ​လာ​နိုင်တယ်။ (၁ ပေတရု ၃:၁၊ ၂ ကို ဖတ်ပါ။) ဥပမာ၊ မယုံ​ကြည်သူ​ခင်ပွန်း​ရှိတဲ့ ညီအစ်မ​တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်ပါ။ အစည်း​အဝေး​တက်ဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အပြင်​ထွက်​ချိန်မှာ ခင်ပွန်း​ဖြစ်သူ တစ်ယောက်တည်း အိမ်မှာ နေခဲ့​ရတာ ဖြစ်နိုင်တယ်။ အဲဒီလို မဖြစ်အောင် ညီအစ်မ ဘယ်လို လုပ်နိုင်​သလဲ။ ခင်ပွန်း​ဖြစ်သူကို အချိန်​ပေး​နိုင်ဖို့​အတွက် ဘုရား​ရေးရာ လုပ်ငန်း​ဆောင်တာ​တွေမှာ ပါဝင်တဲ့​အချိန်ကို အပြောင်း​အလဲ​လုပ်နိုင်​တယ်။ ခင်ပွန်း​ဖြစ်သူ အလုပ်​သွားချိန်၊ အိမ်မှာ​မရှိတဲ့​အချိန်မျိုး​တွေမှာ အမှုဆောင်​ထွက်​တာမျိုး လုပ်နိုင်​တယ်။ မယုံ​ကြည်သူ​ခင်ပွန်းသည် အဆင်ပြေဖို့​အတွက် ခရစ်ယာန်​ဇနီး အလိုက်သင့် ပြုပြင်​ပြောင်းလဲ​ပေးတဲ့​အခါ ယေဟောဝါ​သက်သေ​တွေ​အပေါ် အမြင်​ပြောင်းလဲ​လာနိုင်တယ်။

ရုပ်ပုံများ– ၁။ ညီအစ်မ​တစ်ယောက် မယုံကြည်သူ​ခင်ပွန်း အလုပ်​မသွားခင် ခင်ပွန်း​အတွက် နေ့လည်စာနဲ့ ကော်ဖီ ပြင်ဆင်ပေးနေ။ ၂။ ညီအစ်မက ခင်ပွန်း အလုပ်​သွားနေချိန်မှာ နောက်ညီအစ်မနဲ့​အတူ အမှုဆောင်​ထွက်နေပြီး အိမ်တံခါးဝ​တစ်ခုမှာ အမျိုးသမီး​တစ်ယောက်ကို ဖုန်းကနေ ကျမ်းစာ​အကြောင်း ပြောပြနေ။

ကျွန်တော်တို့ရဲ့ ကြင်နာတဲ့ အပြောအဆို၊ အပြုအမူ​တွေကြောင့် ယေဟောဝါ​သက်သေတွေ​နဲ့ပတ်သက်ပြီး မယုံကြည်သူ​အိမ်ထောင်ဖက်ရဲ့ ရှုမြင်ပုံ ပြောင်းလဲသွားနိုင် (စာပိုဒ် ၉ ကို​ကြည့်ပါ)f


10. Hong ki gensiat ciangin Jesuh bangci etteh thei ding?

၁၀ ပြစ်တင်​ဝေဖန်ခံရတိုင်း လိုက်မဖြေရှင်း​ပါနဲ့။ ယေရှုကို စားကြူး​သောက်ကြူး​သူလို့ လူတွေ ပြစ်တင်​ဝေဖန်ခဲ့​ဖူးတယ်။ ဒါပေမဲ့ ယေရှု ဒေါသ​မထွက်​ခဲ့ဘူး၊ လိုက်​မဖြေရှင်း​ခဲ့ဘူး။ သူတို့​ပြောတာ​မှားကြောင်း လုပ်ရပ်နဲ့ သက်သေ​ပြတယ်။ (မ. ၁၁:၁၉) ဘဝကို ပျော်ပျော်​ရွှင်ရွှင် ဖြတ်သန်း​တတ်သူ​ဖြစ်ကြောင်း​လည်း ပြခဲ့တယ်။ (ယောဟန် ၂:၂၊ ၆-၁၀ ကို နှိုင်းယှဉ်ပါ။) ဒါကြောင့် ပြစ်တင်​ဝေဖန်​ခံရတိုင်း လိုက်​မဖြေရှင်း​ပါနဲ့။ ကျွန်တော်​တို့ဟာ အကျိုးသင့်​အကြောင်းသင့်​ရှိပြီး ပျော်ပျော်​နေတတ်​သူတွေ​ဖြစ်ကြောင်း လုပ်ရပ်နဲ့ သက်သေ​ပြပါ။ ဒါကို ဆွေမျိုးတွေ သိထားရင် ကျွန်တော်​တို့နဲ့​ပတ်သက်ပြီး သတင်းမှားတွေ ကြားရင်တောင် သူတို့ ယုံကြမှာ​မဟုတ်ဘူး။

LUNGDUAI INLA A HOIH LAMIN MU-IN

11. Jesuh in thu-um lo a sanggamte koi bangin don a hiam?

၁၁ ယေရှုဟာ ညီတွေ​အပေါ် စိတ်ရှည်​ကြောင်း ကျမ်းစာ​ကနေ သိရတယ်။ ဥပမာ၊ ကာန​မြို့မှာ ယေရှု ဦးဆုံး​အံ့ဖွယ်​အမှု ပြုခဲ့​တုန်းက သူတို့တွေ ရှိနေ​ကြတယ်။ (ယော. ၂:၁၁၊ ၁၂) ဒါတောင် ညီတွေက ယေရှုကို မေရှိယ​အဖြစ် မယုံကြည်​ကြဘူး။ နောက်လိုက် ဖြစ်​မလာလို့​ဆိုပြီး သူတို့ကို အဆက်​အသွယ် ဖြတ်လိုက်​တာမျိုး ယေရှု မလုပ်ဘူး။ ကာန​မြို့မှာ ဦးဆုံး အံ့ဖွယ်​အမှု​လုပ်ပြီး သုံးနှစ်​ကြာ​ချိန်​မှာတောင် ညီတွေကို ကောင်းကောင်း​မွန်မွန် ပြောဆို​ဆက်ဆံတာ တွေ့ရတယ်။—ယော. ၇:၅-၈။

12. Meltheih tanaute tungah lametna nei dingin bangin hong huh a hiam?

၁၂ ယေဟောဝါ ဘယ်လောက် ကရုဏာ​ကြီးကြောင်း ကျွန်တော်တို့ ပိုနားလည်​လာ​ကြတယ်။ ဒီနားလည်မှုက ဆွေမျိုး​တွေလည်း ယေဟောဝါကို ကိုးကွယ်​လာနိုင်​ကြောင်း မျှော်လင့်ချက်​ထားဖို့ ကူညီ​ပေးတယ်။ မှားယွင်းတဲ့​ဘာသာ ဖျက်ဆီး​ခံရတဲ့​အခါ ကျွန်တော်တို့ ပြောခဲ့တဲ့ သတင်းကို ဆွေမျိုးတွေ အမှတ်ရ​လာ​နိုင်တယ်။a (ဗျာ. ၁၇:၁၆) ကြီးစွာသော​ဒုက္ခ​စတင်ပြီး နောက်ပိုင်းမှ ကျွန်တော်​တို့နဲ့​အတူ ယေဟောဝါကို ကိုးကွယ်​လာ​နိုင်တယ်။ အခု​အချိန်​မှာလည်း ဆွေမျိုးတွေ အခက်​အခဲ​ကြုံနေ​ရတယ်​ဆိုရင် အတတ်​နိုင်ဆုံး ကြိုးစား​ကူညီ​ပေးပါ။ ကျွန်တော်​တို့ရဲ့​မေတ္တာကို သူတို့​ခံစား​မိတဲ့​အခါ ကျမ်းစာ​အမှန်​တရား​ကို ပို​လက်ခံ​ချင်လာမယ်။

MELTHEIH TANAUTE NA IT LAM LAK IN

13. Pasian nasepna ah i buai hang bang i phawk ding kisam a hiam?

၁၃ ဘုရားအမှုတော်မှာ အလုပ်များ​တာတော့ မှန်ပေမဲ့ ဆွေမျိုး​တွေကို လုံးဝ အချိန်​မပေး​နိုင်တဲ့​အထိတော့ မဖြစ်​သင့်ဘူး။ သူတို့ကို မချစ်ဘူး၊ ဂရု​မစိုက်​ဘူးလို့ မခံစား​စေချင်ဘူး။ (မ. ၇:၁၂) ဒါဆိုရင် သူတို့ကို ချစ်ကြောင်း၊ ဂရုစိုက်​ကြောင်း ဘယ်လို ပြနိုင်​သလဲ။ နည်းလမ်း​တချို့ကို သုံးသပ်​ကြရအောင်။

14-15. Thu-um lo meltheih tanaute i itlam koi bangin lakthei i hiam?Gentehna pia-in.

၁၄ အဆက်အသွယ် လုပ်ပါ၊ ချစ်ကြောင်း ပြပါ။ ကျွန်တော်တို့ ဘာတွေ​လုပ်နေတယ်​ဆိုတာ ဆွေမျိုး​တွေကို အသိ​ပေးတာက ချစ်ကြောင်း​ပြရာ​ရောက်တယ်။ ဥပမာ၊ အားလပ်ရက်​ယူရင်း၊ ခရီး​ထွက်ရင်း၊ ညီအစ်ကို/မ​တွေနဲ့ စုဆုံ​ပေါင်းသင်းရင်း ရိုက်ထားတဲ့​ပုံလေး​တွေကို စာတို​လေးတွေနဲ့ ပို့ပေး​နိုင်တယ်။ လက်ဆောင်လေး​တစ်ခု၊ စာတိုလေး​တစ်စောင် ပို့ပေး​တာကတောင် ရင်းနှီးမှု တိုးစေ​နိုင်တယ်။ အဲဒီလို ကိုယ့်ဘက်က အစ​ပြုပြီး လုပ်ဆောင်​တာက သူတို့ကို ချစ်ကြောင်း ပြရာ​ရောက်တယ်။

၁၅ အာမေးနီးယား​နိုင်ငံက ညီအစ်မ အန်နာ​အကြောင်း စဉ်းစား​ကြည့်ပါ။ အန်နာ အမှန်​တရား မရခင်က မွေးနေ့တွေ၊ အားလပ်​ရက်​တွေဆို မိသားစု​ဝင်တွေနဲ့ စုဆုံ​ပေါင်းသင်း​လေ့​ရှိတယ်။ အန်နာ အမှန်​တရားထဲ​ရောက်လာတော့ ဆွေမျိုးတွေ​အပေါ် ဆက်ဆံရေး ကျဲသွား​မလား ဆိုပြီး စိုးရိမ်​ကြတယ်။ အန်နာရဲ့ အနာဂတ်​လည်း ထိခိုက်​သွား​မလား စိတ်ပူ​ကြတယ်။ ဒါနဲ့ အန်နာ ဘာလုပ်​သလဲ။ “ဆွေမျိုး​တွေဆီ သွားလည်​တဲ့​အခါ ကျွန်မ ဘာတွေ​လုပ်နေတယ်​ဆိုတာ ပြောပြ​ဖြစ်တယ်။ အိမ်ကို လာလည်ဖို့ ဆွေမျိုး​တွေကို ဖိတ်ခေါ်​တယ်။ ကျွန်မ သူငယ်ချင်း​တွေနဲ့ မိတ်ဆက်​ပေးတယ်။ ဒီလိုနဲ့ သူငယ်ချင်း​တွေနဲ့ ဆွေမျိုးတွေ ရင်းနှီး​သွား​ကြတယ်။ ကျွန်မ ပျော်ရွှင်​တက်ကြွ​နေတာကို တွေ့တော့ ဆွေမျိုးတွေ စိတ်မပူ​ကြ​တော့ဘူး” လို့ အန်နာ​ပြောတယ်။

16. Jesuh in anaupa James tungah a lunglutna koi bangin lak a hiam? (Ciaphtehna zong en in.)

၁၆ ဆွေမျိုးတွေ​အကြောင်း စိတ်ဝင်​တစား​ရှိပါ။ ယေရှု ရှင်ပြန်​ထမြောက်​ပြီး​နောက်ပိုင်း ညီဖြစ်သူ ယာကုပ်ကို ကိုယ်ထင်​ပြ​ခဲ့တယ်။ ညီဖြစ်သူ​ကို စိတ်ဝင်​တစား​ရှိတယ်​ဆိုတဲ့ သဘော​ပါပဲ။ (၁ ကော. ၁၅:၇) ယေရှု မိမိကို စိတ်မပျက်မှန်း သိလိုက်​ရလို့ ယာကုပ် ဘယ်လို​ခံစား​ရ​မလဲ။ ဒီလို​ကိုယ်ထင်ပြ​လိုက်တဲ့​အတွက် ယေရှုဟာ မေရှိယ​ဆိုတာ ယာကုပ် စိတ်ချ​သွား​မှာပဲ။ အဲဒီ​နောက်ပိုင်း ကျန်တဲ့​မိသားစု​ဝင်​တွေကို ယေရှုဟာ မေရှိယ​ဖြစ်တယ်​ဆိုတာ ယုံကြည်​စိတ်ချ​လာအောင် ယာကုပ် ကူညီ​ပေး​ခဲ့ပုံ​ရတယ်။b—တ. ၁:၁၄။

17. Rom 12:15 a lamlahna koi bangin a takin zang thei ding i hiam? (Lim zong en in.)

၁၇ ရောမ ၁၂:၁၅ ကို ဖတ်ပါ။ ဆွေမျိုး​တွေမှာ ပျော်စရာ​အချိန်တွေ၊ ဝမ်းနည်း​စရာ အချိန်တွေ ရှိတတ်တယ်။ အကူ​အညီ အလို​အပ်ဆုံး​အချိန်မှာ သူတို့နဲ့ အတူ​ရှိပေး​တာက ကျွန်တော်​တို့​အပေါ်​ထားတဲ့ သူတို့ရဲ့ အမြင် ပြောင်းလဲ​သွားစေ​နိုင်တယ်။c ဥပမာ၊ ဆွေမျိုး​တစ်ယောက် ရင်သွေးလေး ရလာ​တဲ့​အခါ သူတို့နဲ့​ထပ်တူ ဝမ်းသာ​ကြောင်း ပြော​နိုင်တယ်။ လက်ဆောင်​လေး​တွေ ပေးနိုင်​တယ်။ ချစ်ရသူ​ဆုံးသွားလို့ ပူဆွေး​နေတဲ့ ဆွေမျိုး​တွေကို နှစ်သိမ့်​စကား​ပြောနိုင်တယ်၊ လိုအပ်တာ ကူညီ​ပေး​နိုင်တယ်။ ကတ်လေးတွေ ပို့ပေး​နိုင်တယ်။ အထူး​သဖြင့် အခက်​အခဲ ကြုံနေတဲ့ ဆွေမျိုးဆီ ပုံမှန်​သွားလည်ပါ၊ ဖုန်းဆက်ပါ၊ စာတို​ပို့ပါ။

ရှေ့​ရုပ်ပုံ​မှာပါတဲ့ ညီအစ်မက ဘီးတပ်​ကုလားထိုင်မှာ ထိုင်နေတဲ့ ယောက္ခမ၊ မယုံကြည်သူ​ခင်ပွန်းနဲ့​အတူ ဆယ်လ်ဖီ​ရိုက်နေ။

မယုံကြည်သူ ဆွေမျိုးတွေ အကူအညီ အလိုအပ်ဆုံး​အချိန်မှာ ဂရုစိုက်​စောင့်ရှောက်​ပေးမယ်​ဆိုရင် သင့်ကိုရော၊ သင့်ယုံကြည်ချက်​အပေါ်ပါ သူတို့ရဲ့​အမြင် ပြောင်းလဲ​လာနိုင် (စာပိုဒ် ၁၇ ကို​ကြည့်ပါ)g


မယုံကြည်သူ ဆွေမျိုး​တစ်ယောက်​ရဲ့ မင်္ဂလာပွဲ ဒါမှမဟုတ် ဈာပန​အစီအစဉ်ကို တက်ရောက်မလား

မင်္ဂလာပွဲ၊ ဈာပန​အစီအစဉ်တွေမှာ မိသားစုဝင်၊ ဆွေမျိုးအားလုံး ဆုံလေ့ရှိတယ်။ အဲဒီအစီအစဉ်တွေ မတက်ရောက်ခင် အောက်မှာ​တွေ့ရတဲ့ ကျမ်းစာမူ​တွေကို သုံးသပ်​နိုင်ပါတယ်။

  • ယေဟောဝါ​မနှစ်သက်တဲ့ ဝတ်ပြုရေး အစီအစဉ်တွေ၊ ထုံးတမ်း​ဓလေ့တွေ ပါမလား။ (၂ ကော. ၆:၁၄၊ ၁၅)

  • သင် တက်ရောက်မယ်ဆိုရင် ဝတ်ပြုရေး အစီအစဉ်တွေ၊ ထုံးတမ်း​ဓလေ့တွေမှာ ပါဝင်ဖို့ ဖိအားပေး​ခံရနိုင်သလား။ ဖိအားပေးလာတဲ့အခါ သင် ရင်ဆိုင်နိုင်မလား။ (ပညာ. ၂၂:၃)

  • ကျမ်းစာနဲ့​မညီတဲ့ ထုံးတမ်းဓလေ့တွေမှာ သင် ပါဝင်မှာ မဟုတ်ကြောင်း မယုံကြည်သူ ဆွေမျိုးတွေ သိထားသလား။

  • ဘာသာရေး အဆောက်အဦမှာ ကျင်းပတဲ့ အစီအစဉ်ကို သင် တက်ရောက်ရင် အသင်းတော်က ညီအစ်ကို/မတွေ ဘယ်လို မြင်ကြမလဲ။ (ဖိ. ၁:၁၀)

သင် ဘယ်လိုပဲ​ဆုံးဖြတ်ပါစေ ဆွေမျိုးတွေကို ရှင်းရှင်းလင်းလင်း၊ ပါးပါးနပ်နပ် ရှင်းပြပါ။ အရေးအကြီးဆုံးက ဘုရားရှေ့မှာ သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ်သိစိတ် ကြည်လင်စေပါ။e

18. Koi bangin Andrew etteh thei ding?

၁၈ ညီအစ်ကို/မတွေနဲ့ မိတ်ဆက်​ပေးပါ။ ယေရှုက မေရှိယ​ဖြစ်ကြောင်း အန္ဒြေ သိသွား​တာနဲ့ အစ်ကို ပေတရုနဲ့ မိတ်ဆက်​ပေးတယ်။ (ယော. ၁:၄၀-၄၂) ကျွန်တော်​တို့လည်း အလားတူ လုပ်နိုင်​မလား။ ဆွေမျိုး​တစ်ယောက်ကို အသင်းတော်​အစည်း​အဝေး ဖိတ်ခေါ်နိုင်တယ် ဒါမှ​မဟုတ် ညီအစ်ကို/မ​တွေနဲ့ စုဆုံ​ပေါင်းသင်း​ဖို့ ဖိတ်ခေါ်နိုင်တယ်။ ပြောဆို​ပေါင်းသင်းရင်း ညီအစ်ကို/မ​တွေဟာ တခြား​သူတွေလို ပျော်ပျော်​နေတတ်​တဲ့​သူတွေ၊ လူကောင်း​တွေ​ဆိုတာ သူ​သိလာမယ်။

19. Meltheih tanaute in i upnate a vekin a theihtel zawhloh hang koi bangin amaute tawh kithuahpih thei ding? (1 Peter 3:15)

၁၉ ၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။ တချို့​အရာတွေ ကျွန်တော်တို့ ဘာကြောင့် မလုပ်​သလဲ​ဆိုတာ ဆွေမျိုးတွေ နားလည်​ချင်မှ နားလည်​မယ်။ ဒါပေမဲ့ သူတို့​အပေါ် ကြင်နာတာ၊ လေးစား​တာကိုတော့ အမြဲ အမှတ်ရ​နေ​နိုင်တယ်။ ပွဲနေ့တွေ၊ ကျမ်းစာနဲ့​မညီတဲ့ ဓလေ့​ထုံးစံ​တွေမှာ ကျွန်တော်တို့ မပါဝင်​တော့​ပေမဲ့ တခြား​အချိန်​တွေမှာ သူတို့နဲ့​ပေါင်းသင်း​နိုင်တယ်။ သူတို့ဆီ သွားလည်​နိုင်တယ်၊ အစား​အစာ အတူ​စား​နိုင်တယ်၊ လက်ဆောင်​လေးတွေ ပေးနိုင်​တယ်။ ဒါက သူတို့ကို ပျော်ရွှင်​စေပါ​လိမ့်မယ်။

LUNGKIA KEI IN

20. James’ ii etteh ding lim panin bang theithei i hiam?

၂၀ ယာကုပ်ဟာ ယေရှုနဲ့​အတူ တွဲအမှု​ဆောင်ဖို့ အခွင့်​အရေး မရ​လိုက်​ပေမဲ့ နောက်ပိုင်းမှာ ယေရှု​နောက်လိုက် ဖြစ်လာ​တယ်။ (ဂလ. ၁:၁၈၊ ၁၉။ ၂:၉) ယေရှု​မြေကြီးပေါ် ရှိတုန်းက သင်ပေးခဲ့​တာကို ယာကုပ် နှလုံး​သွင်းခဲ့ပုံ​ရတယ်။ တောင်ပေါ်​ဒေသနာdနဲ့ ခပ်ဆင်ဆင် အကြောင်း​အရာတွေ​ပါတဲ့ ကျမ်းစောင်ကို ခရစ်ယာန်​တွေဆီ ယာကုပ် ရေးသားခဲ့​တာကို​ကြည့်ရင် သိနိုင်တယ်။

21. Thu-um lo meltheih tanaute tung bang hangin lungkiat kullo a hiam?

၂၁ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားတဲ့​ကြားက၊ စိတ်ဝင်​တစား ဂရုစိုက်​ပေးတဲ့​ကြားက အမှန်​တရားကို ဆွေမျိုးတွေ စိတ်မဝင်စားတာ၊ မပြောင်းလဲတာမျိုး ဖြစ်နိုင်​တယ်။ ဒါပေမဲ့ သူတို့ကို ဘာကြောင့် လက်မလျှော့​သင့်​သလဲ။ ကျွန်တော်​တို့ရဲ့ မေတ္တာပါ လုပ်ရပ်​တွေဟာ သနား​ကြင်နာ​တတ်တဲ့ ယေဟောဝါနဲ့ ယေရှုကို အတုယူရာ​ကျ​လို့ပါ။ (လု. ၆:၃၃၊ ၃၆) ကျွန်တော်တို့ မေတ္တာ​ဆက်ပြ​နေမယ်​ဆိုရင် သူတို့​အမြင် ပြောင်းလဲ​လာ​နိုင်​ပါတယ်။ ကျွန်တော်တို့ ရှင်းပြ​ခဲ့တဲ့ သွန်သင်​ချက်​တွေ​အကြောင်း ထင်ထား​တာထက် ပိုပြီး အမှတ်ရ​နေ​နိုင်တယ်။ ကျွန်တော်​တို့သာ လက်မလျှော့​ရင် ချစ်ရတဲ့ ဆွေမျိုး​သားချင်း​တချို့ ယေဟောဝါကို ဝတ်ပြု​လာတာ​မြင်ရပြီး ဝမ်းသာ​မဆုံး ဖြစ်ရ​ပါလိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Hehpihna lungsim in meltheih tanaute huh ding in koi bangin hong tawsawn a hiam?

  • Thu-um lo meltheih tanaute lungduai in koi bangin a hoih lamin mu thei i hiam?

  • Thu-um lo meltheih tanaute i itlam koi bangin lakthei ding i hiam?

LA 60 Amau Ading Nuntakna

a ၂၀၂၄၊ မေ ကင်းမျှော်စင် မှာပါတဲ့ “အနာဂတ်မှာ လူတွေကို ယေဟောဝါ ဘယ်လို စီရင်​ဆုံးဖြတ်​မလဲ” ဆောင်းပါး စာ. ၁၁၊ ပိုဒ်. ၁၁-၁၃ ကို ကြည့်ပါ။

b ယေရှု ရှင်ပြန်​ထမြောက်​ပြီးနောက် ညီတွေ​ထဲက အနည်းဆုံး နှစ်ယောက်​ဖြစ်တဲ့ ယာကုပ်နဲ့ ယုဒ အမှန်​တရားကို လက်ခံ​လာတယ်။

c “မယုံကြည်သူ ဆွေမျိုး​တစ်ယောက်ရဲ့ မင်္ဂလာပွဲ ဒါမှမဟုတ် ဈာပန​အစီအစဉ်ကို တက်ရောက်​မလား” လေးထောင့်ကွက်​ကို ကြည့်ပါ။

d ယာကုပ် ၁:၂ နဲ့ မဿဲ ၅:၁၁၊ ၁၂၊ ယာကုပ် ၁:၁၉ နဲ့ မဿဲ ၅:၂၂၊ ယာကုပ် ၁:၂၂။ ၂:၂၄ နဲ့ မဿဲ ၇:၂၁၊ ယာကုပ် ၂:၁၃ နဲ့ မဿဲ ၅:၇။ ၆:၁၄၊ ၁၅ တို့ကို နှိုင်းယှဉ်​ကြည့်ပါ။

e ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ပုံ​နဲ့ပတ်သက်ပြီး ထပ်သိချင်ရင် ၂၀၀၂၊ မေ ၁၅ နဲ့ ၂၀၀၇၊ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် မှာပါတဲ့ “စာရှု​သူများ​ထံမှ မေးခွန်းလွှာ” ကို​ကြည့်ပါ။

f ပုံအညွှန်း– ညီအစ်မတစ်ယောက် အမှုဆောင်​မထွက်ခင် ခင်ပွန်းအတွက် နေ့လည်စာကို စိတ်ပါလက်ပါ ပြင်ဆင်ပေးနေ။

g ပုံအညွှန်း– အဲဒီညီအစ်မက မယုံကြည်သူ ယောက္ခမဆီ လည်ပတ်နေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ