Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 December laim. 24-29
  • Khangno Unaupate Aw—A Picing Khristian Unaupa Na Suah Nadingun Hanciam Un

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Khangno Unaupate Aw—A Picing Khristian Unaupa Na Suah Nadingun Hanciam Un
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • A PICING KHRISTIAN A SUAKSAK DING KALSUANTE
  • A KIZANG THEI DING PILNA SIN UN
  • MAILAMA TAVUANTE ADINGIN KIGINGKHOL UN
  • TU’N BANG SEM DING NA HIAM?
  • Khangno Unaunute Aw—A Picing Khristian Numei Na Suah Nadingun Hanciam Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • “Picinna Lamah Manawt Ni”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 December laim. 24-29

SIN DING THU 53

Khangno Unaupate Aw—A Picing Khristian Unaupa Na Suah Nadingun Hanciam Un

“Thakhauhin pasal na hihna kilangsak in.”—1 KUM. 2:2.

LA 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်— ‘ငါ့သား၊ ပညာရှိပါ’

အကြို​သုံးသပ်ချက်a

1. Pasal hihna a kilangsak dingin bang sep ding kisam a hiam?

“ယောက်ျား​ပီ​ပီ သတ္တိ​ရှိပါ” လို့ ရှောလမုန်ကို ဘုရင် ဒါဝိဒ် ပြောတယ်။ (၁ ဘု. ၂:၁-၃) ဒီ​စကားဟာ ခရစ်ယာန် အမျိုးသား​အားလုံးနဲ့ ဆိုင်​တယ်။ ယောကျ်ား​ပီသ​ဖို့​ဆိုရင် ဘဝ​ကဏ္ဍတိုင်းမှာ ဘုရား​ပညတ် နာခံ​သူ၊ ကျမ်းစာ အခြေခံ​မူတွေ လက်တွေ့​ကျင့်​သူ ဖြစ်ရမယ်။ (လု. ၂:၅၂) ညီအစ်ကို​လေး​တွေ ရင့်ကျက်​လာဖို့ ဘာကြောင့် အရေးကြီးသလဲ။

2-3. Khangno unaupate hong picin ding uh bang hangin thupi a hiam?

၂ ညီအစ်ကိုတွေဟာ မိသားစု၊ အသင်းတော်မှာ အရေးကြီး တာဝန် အများကြီး ရှိတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေ​အကြောင်း ညီအစ်ကို​လေး​တွေ စဉ်းစားမိ​မှာ​ပဲ။ အချိန်ပြည့် အမှုထမ်း၊ အသင်းတော် အမှုထမ်း၊ အကြီးအကဲ ဖြစ်ဖို့ ပန်းတိုင်​ထားနိုင်တယ်။ အိမ်ထောင်ပြုဖို့၊ သားသမီး ယူဖို့ စိတ်ကူး​နိုင်တယ်။ (ဧ. ၆:၄။ ၁ တိ. ၃:၁) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်မှ ပန်းတိုင် ရောက်မယ်။ အောင်မြင်နိုင်မယ်။b

၃ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ ဘာက ကူညီပေးမလဲ။ သင်​ထား​ရမှာ၊ တတ်​ထား​ရမှာ အများကြီး ရှိတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအတွက် အခုကတည်းက ဘယ်လို ပြင်ဆင်​နိုင်​မလဲ။

A PICING KHRISTIAN A SUAKSAK DING KALSUANTE

ကိုယ်ပိုင် လေ့လာမှု လုပ်ရင်း ညီအစ်ကိုငယ် တွေးတောဆင်ခြင်နေ။ ရုပ်ပုံ– ၁။ မာသ၊ မာရိနဲ့အတူ ယေရှု ငိုကြွေး။ ၂။ ယေရှု ဆုတောင်း။ ၃။ တမန်တော်တစ်ယောက်ရဲ့ ခြေကို ယေရှု ဆေးပေး။

ယေရှုရဲ့ အရည်အသွေးတွေကို အတုယူတာက ရင့်ကျက်လာ​စေနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)

4. A etteh huai mite koi-ah mu thei na hiam? (Lim zong en in.)

၄ ဘယ်သူ့ကို စံထား​မလဲ ရွေးပါ။ လူငယ်တွေ စံ​ထားနိုင်တဲ့ စံနမူနာရှင် အများကြီး ကျမ်းစာမှာ ပါတယ်။ အဲဒီ​စံနမူနာရှင်တွေ​ဟာ ဘုရားကို ချစ်ကြတယ်။ ဘုရား​လူမျိုး အကျိုးအတွက် တာဝန်​အမျိုးမျိုး ထမ်းဆောင်ကြတယ်။ မိသားစု၊ အသင်းတော်မှာလည်း စံထား​ထိုက်တဲ့ ရင့်ကျက်တဲ့ ညီအစ်ကိုတွေ တွေ့နိုင်တယ်။ (ဟီ. ၁၃:၇) အကောင်းဆုံး စံနမူနာရှင်​ကတော့ ယေရှုခရစ်ပါ။ (၁ ပေ. ၂:၂၁) သူတို့ရဲ့ စံနမူနာကို လေ့လာတဲ့အခါ သဘော​ကျ​မိ​တဲ့ အရည်အသွေးတွေ မှတ်သားပါ။ (ဟီ. ၁၂:၁၊ ၂) ဘယ်လို အတုယူမလဲ စဉ်းစားပါ။

5. Thungaihsut theihna neih nadingin koi banga sep ding kisam a hiam? Tua pen bang hangin thupi a hiam? (Late 119:9)

၅ “စဉ်းစား​ဆင်ခြင်​နိုင်စွမ်း” ရှိအောင် လုပ်ပါ။ “ကာကွယ်​စောင့်ရှောက်ပါ။” (ပညာ. ၃:၂၁) စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိရင် တစ်ခုခု မလုပ်ခင် ချိန်ဆ​တတ်လာမယ်။ ဒါကြောင့် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိဖို့ ကြိုးစားပါ။ ပျောက်​မသွားဖို့ ကာကွယ်​စောင့်ရှောက်ပါ။ ဘာကြောင့်လဲ။ ကိုယ့်​အမြင်၊ ခံစားချက်ကို အခြေခံပြီး ဆုံးဖြတ်တဲ့ လူငယ်တွေ လောက​မှာ ပြည့်နေလို့ပဲ။ (ပညာ. ၇:၇။ ၂၉:၁၁) လူမှု​ မီဒီယာ​ကလည်း အများကြီး ဩဇာလွှမ်းမိုး​နိုင်တယ်။ ဒါဆိုရင် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိအောင် ဘယ်လို လုပ်ရမလဲ။ ကျမ်းစာ အခြေခံ​မူတွေ လေ့လာ​ပါ။ အဲဒီ​မူတွေ ဘာကြောင့် အကျိုး​ရှိသလဲ စဉ်းစားပါ။ အဲဒီ​မူတွေကို အခြေခံပြီး ယေဟောဝါ စိတ်​ရွှင်လန်း​မယ့် ဆုံးဖြတ်ချက်တွေ ချပါ။ (ဆာလံ ၁၁၉:၉ ကို ဖတ်ပါ။) စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိအောင် လုပ်တာဟာ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်စေမယ့် အရေးကြီး ခြေလှမ်း လှမ်း​လိုက်တာပဲ။ (ပညာ. ၂:၁၁၊ ၁၂။ ဟီ. ၅:၁၄) (၁) ညီအစ်မတွေနဲ့ ဆက်ဆံပုံ၊ (၂) ဝတ်စား​ဖြီးလိမ်းပုံ​ဆိုတဲ့ ကဏ္ဍ​နှစ်ခုမှာ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ဘယ်လို အကျိုးပြုသလဲ သုံးသပ်ကြည့်​ရအောင်။

6. Khangno unaupa te’n unaunute tungah zahtakna a lah nadingun thungaihsut theihna in koici huh a hiam?

၆ အမျိုးသမီးတွေကို လေးစားဖို့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​က ကူညီပေးတယ်။ ညီအစ်မ​တစ်ယောက်ကို လူငယ် ညီအစ်ကို​တစ်ယောက် စိတ်ဝင်စားတာ သဘာဝ​ပဲ။ မမှားဘူး။ ဒါပေမဲ့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိတဲ့ ညီအစ်ကိုဟာ လက်ထပ်​ဖို့ မရည်ရွယ်​ရင် စိတ်ဝင်စား​နေတယ်လို့ တစ်ဖက် ညီအစ်မ ထင်​သွား​အောင် ပြော​မှာ၊ ရေး​မှာ၊ ပြုမူ​မှာ မဟုတ်ဘူး။ (၁ တိ. ၅:၁၊ ၂) တွဲ​ပြီ​ဆိုရင်လည်း အဖော်တစ်ယောက်ယောက် မပါဘဲ ချိန်းတွေ့​မှာ မဟုတ်ဘူး။ ဒါ ညီအစ်မရဲ့ နာမည်ကောင်း​ကို ထိန်းသိမ်း​ပေးနေတာပဲ။—၁ ကော. ၆:၁၈။

7. Khangno unaupa te’n nikten, puansilh a teel ciangun a thungaihsut theihna un koici huh a hiam?

၇ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိကြောင်း ပြနိုင်တဲ့ နောက်​ကဏ္ဍကတော့ ဝတ်စား​ဖြီးလိမ်းပုံ​ပါ။ ဖက်ရှင်​လောကကို ဦးဆောင်နေသူ အများစုဟာ ယေဟောဝါကို မလေးစား​သူ​တွေ၊ အကျင့်ပျက် လမ်းစဉ် လိုက်သူတွေ။ ဒါကြောင့် သူတို့ ထွင်လိုက်တဲ့ အဝတ်အစားတွေ​ဟာ ကျပ်ထုပ်လွန်းတာ၊ အမျိုးသားတွေကို အမျိုးသမီး​ပုံစံ ပေါက်​သွား​စေ​တာ​မျိုး ဖြစ်နိုင်တယ်။ ရင့်ကျက်ဖို့ ကြိုးစား​နေတဲ့ ညီအစ်ကို​လေး​တွေ​ဟာ အဝတ်အစား ရွေးတဲ့အခါ ကျမ်းစာ အခြေခံ​မူတွေ ထည့်စဉ်းစား​မှာ၊ အသင်းတော်က စံနမူနာကောင်း​သူတွေကို အတုယူ​မှာ ဖြစ်တယ်။ ‘ချင့်ချိန်​တတ်တယ်၊ တခြားသူတွေကို လေးစားတယ်ဆိုတာ ငါ့​ရွေးချယ်မှု​တွေ​မှာ ပေါ်​ရဲ့​လား။ ငါ့​ဝတ်စားပုံကို ကြည့်ပြီး ဘုရား​အမှုဆောင်​သူပါ​ဆိုတာ တခြားသူတွေ အလွယ်တကူ သိပါ့မလား’ လို့ စဉ်းစားနိုင်တယ်။ (၁ ကော. ၁၀:၃၁-၃၃။ တိ. ၂:၆) စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိတဲ့ ညီအစ်ကို​လေး​တွေ​ကို ညီအစ်ကို/မတွေ​ကော ကောင်းကင်ဘုံစံ ဖခင်​ပါ တန်ဖိုးထား​လေးစားတယ်။

8. Khangno unaupate koi bang danin a muanhuai mi hithei uh a hiam?

၈ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ပါ။ ယုံကြည်​စိတ်ချထိုက်သူဟာ ဘာ​တာဝန်​ပဲ ရ​ရ ကြိုးစားပမ်းစား လုပ်တယ်။ (လု. ၁၆:၁၀) ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ဘာကိုမှ ပေါ့ပေါ့ဆဆ၊ တာဝန်​မဲ့ မလုပ်ဘူး။ ခက်ရင်တောင် ဘုရားပေး တာဝန်​မှန်သမျှ ကျေပွန်​တယ်။ လူတွေကို၊ အထူးသဖြင့် တပည့်တွေကို ချစ်လို့ လိုလိုလားလား အသက်စွန့်​တယ်။ (ယော. ၁၃:၁) ယေရှုကို အတုယူပြီး ဘာ​တာဝန်​ပဲ ရ​ရ ကြိုးစားပမ်းစား လုပ်ပါ။ ဘယ်လို လုပ်ရမလဲ မသိရင် ရင့်ကျက်တဲ့ ညီအစ်ကိုတွေ​ဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းပါ။ မခိုကပ်ပါနဲ့။ (ရော. ၁၂:၁၁) “လူတွေ​အတွက် မဟုတ်ဘဲ ယေဟောဝါ​အတွက် လုပ်နေတယ်လို့ သဘောထားပြီး” တာဝန် ကျေပွန်​ပါ။ (ကော. ၃:၂၃) မစုံလင်သူ ဖြစ်တာမို့ ကျိုးနွံမှု ရှိပါ။ အမှား လုပ်မိတဲ့အခါ ဝန်ခံ​ပါ။—ပညာ. ၁၁:၂။

A KIZANG THEI DING PILNA SIN UN

9. Khangno unaupa te’n a kizang thei ding pilna a sin ding uh bang hang kisam a hiam?

၉ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ လက်တွေ့ အသုံးချ​ပညာ တတ်​ထားရမယ်။ လက်တွေ့ အသုံးချ​ပညာ တတ်​ထား​ရင် အသင်းတော် တာဝန်တွေ ယူ​နိုင်မယ်။ ကိုယ့်​ဝမ်း​ကိုယ် ကျောင်း​နိုင်မယ်။ မိသားစုကို ရှာကျွေး​နိုင်မယ်။ တခြားသူတွေနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံ​တတ်​မယ်။ တတ်​ထားသင့်​တာ​တချို့ သုံးသပ်ကြည့်ပါ။

အရေးအဖတ် အသင်းတော် သင်တန်းတစ်ခုကို ညီအစ်ကိုငယ်တစ်ယောက် တက်နေ။ မှတ်စု ယူ၊ သေသေချာချာ နားထောင်နေ။

ကောင်းကောင်း ရေးတတ်၊ ဖတ်​တတ်​တာက ကိုယ်တိုင်နဲ့ အသင်းတော်ကို အကျိုး​ရစေ (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)

10-11. Khangno unaupa te’n limtakin lai at thei, sim thei uh leh amau le pawlpi in koi bang phattuamna ngah a hiam? (Late 1:1-3) (Lim zong en in.)

၁၀ ကောင်းကောင်း ရေးတတ်၊ ဖတ်​တတ်​အောင် သင်​ပါ။ ပျော်ရွှင်​အောင်မြင်သူဟာ နေ့တိုင်း ကျမ်းစာ ဖတ်ရွတ်​ဆင်ခြင်​တယ်လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာလံ ၁:၁-၃ ကို ဖတ်ပါ။) နေ့တိုင်း ကျမ်းစာ ဖတ်​ရင် ယေဟောဝါရဲ့ စဉ်းစား​တွေးခေါ်ပုံ သိလာလို့ ကောင်းကောင်း ချင့်ချိန်​သုံးသပ်​တတ်လာမယ်။ (ပညာ. ၁:၃၊ ၄) အဲဒီလို ညီအစ်ကိုတွေ အသင်းတော်မှာ လိုတယ်။ ဘာကြောင့်လဲ။

၁၁ ကျမ်းစာကို အခြေခံပြီး သွန်သင်၊ အကြံ​ပေးနိုင်တဲ့ ညီအစ်ကိုတွေကို ညီအစ်ကို/မတွေ အားကိုးကြတယ်။ (တိ. ၁:၉) ကောင်းကောင်း ရေးတတ်၊ ဖတ်​တတ်​ရင် မှတ်သားထိုက်တဲ့၊ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဟောပြောချက်တွေ၊ မှတ်ချက်တွေ ပြင်ဆင်​နိုင်မယ်။ လေ့လာမှု လုပ်တဲ့အခါ၊ အသင်းတော် အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီး တက်တဲ့အခါ မှတ်စု ယူ​နိုင်မယ်။ အဲဒီ​မှတ်စု​တွေ​က ကိုယ့်​ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့၊ တခြားသူတွေကို အားပေးဖို့ အထောက်အကူ ပြုတယ်။

12. Kizopna a hoih nadingin bang in hong huh ding a hiam?

၁၂ ပြေပြေပြစ်ပြစ် ဆက်ဆံ​တတ်​အောင် သင်​ပါ။ ဆက်ဆံရေး ပြေပြစ်​သူဟာ တခြားသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက်ကို နားထောင်ပေးတယ်။ နားလည်​ပေးတယ်။ (ပညာ. ၂၀:၅) လေသံ ဖမ်း​တတ်တယ်။ မျက်နှာရိပ် မျက်နှာ​ကဲ၊ လူရိပ် လူ​ကဲ ခတ်တတ်တယ်။ အဲဒီလို အကဲခတ်​တတ်​ဖို့​ဆိုရင် လူတွေနဲ့ များများ ပေါင်း​ပေးရမယ်။ အီးမေးလ်၊ စာတို ပို့ပြီး​ပဲ အမြဲ ဆက်သွယ်​နေ​ရင် လူမှု​ဆက်ဆံရေး ညံ့သွားမယ်။ ဒါကြောင့် လူ​ချင်း တွေ့ပြီး ပြောဆိုဖို့ အခွင့်အရေး ရှာပါ။—၂ ယော. ၁၂။

သစ်သားကြမ်းခင်း ဘယ်လို ပြင်ရမလဲဆိုတာ သက်ကြီးညီအစ်ကိုဆီကနေ ညီအစ်ကိုငယ် သင်နေ။

အလုပ် ရဖို့ အတတ်ပညာ​တစ်ခု တတ်​ထားတာ အကျိုး​ရှိ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. Khangno unaupa te’n adang bang a hanciam ding uh kisam lai a hiam? (1 Timoti 5:8) (Lim zong en in.)

၁၃ ကိုယ့်​ခြေထောက်​ပေါ် ရပ်​နိုင်အောင် ကြိုးစားပါ။ ရင့်ကျက်တဲ့ အမျိုးသားတွေဟာ ကိုယ့်​ဝမ်း​ကိုယ် ကျောင်း​နိုင်​ရမယ်။ မိသားစုကို ရှာကျွေး​နိုင်​ရမယ်။ (၁ တိမောသေ ၅:၈ ကို ဖတ်ပါ။) နိုင်ငံ​တချို့​မှာ ဖခင် ဒါမှမဟုတ် ဆွေမျိုး​ဆီကနေ လူငယ်တွေ သက်​မွေး​ပညာ သင်​ကြတယ်။ နိုင်ငံ​တချို့မှာတော့ အထက်တန်း​ကျောင်းမှာ သင်ပေးတယ်။ ဘယ်ကနေ​ပဲ သင်​သင် ဝမ်းစာရှာ ပညာ​တစ်ခု တတ်​ထားတာ ကောင်းတယ်။ (တ. ၁၈:၂၊ ၃။ ၂၀:၃၄။ ဧ. ၄:၂၈) အလုပ်ကြိုးစားသူ၊ စပြီးရင် ဆုံးအောင် လုပ်နိုင်သူ​ဆိုတဲ့ နာမည်ကောင်း ရအောင် ကြိုးစားပါ။ ဒါဆိုရင် အလုပ် ရဖို့၊ အလုပ် မြဲ​ဖို့ လွယ်​မယ်။ ဆွေးနွေးခဲ့တဲ့ အရည်အသွေးတွေ၊ အတတ်ပညာ​တွေ​က အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအတွက် အသင့်​ဖြစ်စေတယ်။ တာဝန်​တချို့ သုံးသပ်ကြရအောင်။

MAILAMA TAVUANTE ADINGIN KIGINGKHOL UN

14. Hunbit a Pasian’ nasem mi ahih nadingun khangno unaupate koi bangin kigingkhol thei uh a hiam?

၁၄ အချိန်ပြည့် အမှုထမ်း။ ရင့်ကျက်တဲ့ ညီအစ်ကို​များစွာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်ပြည့်လုပ်ငန်း စ​ခဲ့​ကြ​တာ။ ရှေ့ဆောင် လုပ်တာက လူပေါင်းစုံနဲ့ ဆက်ဆံ​တတ်​ဖို့၊ ငွေကို ချိန်​သုံးတတ်ဖို့ ကူညီပေးတယ်။ (ဖိ. ၄:၁၁-၁၃) အရန်ရှေ့ဆောင် လုပ်တာက အချိန်ပြည့်လုပ်ငန်း စ​ဖို့ ခြေလှမ်း​ကောင်း​ပဲ။ တော်တော်​များများ​က အရန်ရှေ့ဆောင် လ​အတော်ကြာ လုပ်ကြတယ်။ အဆင်​သင့် ဖြစ်ပြီ​ဆိုရင် မှန်မှန်ရှေ့ဆောင် လုပ်ကြတယ်။ ရှေ့ဆောင် လုပ်ရင် ဆောက်လုပ်ရေး၊ ဗေသလ​စတဲ့ တခြား အချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ ပါဝင်ဖို့ လမ်းပွင့်​လာနိုင်တယ်။

15-16. Pawlpi nasem le pawlpi upa a suah nadingun khangno unaupate koi bangin picing thei ding uh a hiam?

၁၅ အသင်းတော် အမှုထမ်း၊ အကြီးအကဲ။ အကြီးအကဲအဖြစ် အမှုဆောင်နိုင်ဖို့ ညီအစ်ကိုတွေ ပန်းတိုင်​ထားသင့်​တယ်။ “ကြီးကြပ်မှူး ဖြစ်ဖို့ ကြိုးစား​တက်လှမ်း​နေ​သူဟာ မွန်မြတ်တဲ့ အလုပ်ကို လိုလား​တဲ့သူ” လို့ ကျမ်းစာ ဆိုတယ်။ (၁ တိ. ၃:၁) အကြီးအကဲ မဖြစ်ခင် အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီ​ရမယ်။ အသင်းတော် အမှုထမ်းတွေ​က အကြီးအကဲတွေကို နည်းအမျိုးမျိုးနဲ့ ထောက်မကြတယ်။ အကြီးအကဲ၊ အသင်းတော် အမှုထမ်းတွေဟာ နှိမ့်ချမှုရှိရှိ ညီအစ်ကို/မတွေ​အကျိုး သယ်ပိုး​ကြတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ကြတယ်။ ညီအစ်ကို​လေး​တွေ အသက် ၂၀ မပြည့်သေး​ရင်တောင် အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီနိုင်တယ်။ အရည်အချင်း ပြည့်မီတဲ့ အသင်းတော် အမှုထမ်းတွေဟာ အသက် ၂၀ စွန်းစွန်းမှာ အကြီးအကဲအဖြစ် ခန့်အပ်ခံ​ရနိုင်တယ်။

၁၆ ဘယ်လိုနည်းနဲ့ အရည်အချင်း ပြည့်မီနိုင်​သလဲ။ တောင်းဆိုချက်​တချို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ တောင်းဆိုချက်​အားလုံးဟာ ယေဟောဝါ၊ မိသားစု၊ အသင်းတော်ကို ချစ်တဲ့ မေတ္တာနဲ့ ကျမ်းစာကို အခြေခံတယ်​ဆိုတာ သတိရပါ။ (၁ တိ. ၃:၁-၁၃။ တိ. ၁:၆-၉။ ၁ ပေ. ၅:၂၊ ၃) တောင်းဆိုချက် တစ်ခုစီ​ကို သဘောပေါက်ဖို့ ကြိုးစားပါ။ ပြည့်မီဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။c

ထမင်းလက်ဆုံ မစားခင် မိဘတွေကို ညီအစ်ကိုငယ် ဝိုင်းကူပေးနေ။

ဇနီး​နဲ့ သားသမီးတွေကို အိမ်ထောင်ဦးစီး ချစ်ဖို့၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း ဂရုစိုက်ဖို့ ယေဟောဝါ အလိုရှိ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

17. Pasal le innkuan lutang tavuan adingin khangno unaupate koi bangin kigingkhol thei uh a hiam? (Lim zong en in.)

၁၇ ခင်ပွန်း၊ အိမ်ထောင်ဦးစီး။ ယေရှု ပြောသလို​ပဲ ညီအစ်ကို​တချို့ အိမ်ထောင်​မပြုကြဘူး။ (မ. ၁၉:၁၂) အိမ်ထောင်​ပြုမယ်ဆိုရင် ခင်ပွန်း​တာဝန်၊ အိမ်ထောင်ဦးစီး​ တာဝန် ရှိလာမယ်။ (၁ ကော. ၁၁:၃) ဇနီးကို ချစ်ဖို့၊ ထောက်ပံ့ဖို့၊ အဖော်အဖက်​ကောင်း ဖြစ်ဖို့၊ ဘုရားနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ ခင်ပွန်းတွေကို ယေဟောဝါ တောင်းဆိုတယ်။ (ဧ. ၅:၂၈၊ ၂၉) စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိခြင်း၊ အမျိုးသမီးတွေကို လေးစားခြင်း၊ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်​ခြင်း​စတဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အရည်အသွေးတွေက ခင်ပွန်း​ကောင်း၊ အိမ်ထောင်ဦးစီး​ကောင်း ဖြစ်ဖို့ ကူညီပေးနိုင်တယ်။

18. Pa dinmun adingin khangno unaupate koi bangin kigingkhol thei uh a hiam?

၁၈ ဖခင်။ အိမ်ထောင်ပြု​ပြီးရင် သားသမီး ရလာနိုင်တယ်။ ဖခင်ကောင်း ဖြစ်ဖို့ ယေဟောဝါဆီက ဘာသင်ယူနိုင်သလဲ။ သင်ယူစရာ အများကြီး ရှိတယ်။ (ဧ. ၆:၄) သား​ယေရှုကို ချစ်မြတ်နိုးတယ်လို့ ယေဟောဝါ ထုတ်ပြောတယ်။ (မ. ၃:၁၇) သင်လည်း ဖခင် ဖြစ်လာရင် သားသမီးတွေကို ချစ်ကြောင်း မကြာမကြာ ပြောပါ၊ ပြပါ။ ချီးမွမ်း​ပေးပါ။ ယေဟောဝါကို အတုယူ​တဲ့ ဖခင်တွေ​ဟာ သားသမီးတွေ ရင့်ကျက်တဲ့ အမျိုးသား/သမီး ဖြစ်လာဖို့ ကူညီပေးကြတယ်။ မိသားစု၊ အသင်းတော်မှာ ရှိသူတွေကို မေတ္တာ​ပြခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်​တန်ဖိုးထားတယ်ဆိုတာ ထုတ်ပြောခြင်းအားဖြင့် ဖခင်ကောင်း ဖြစ်ဖို့ အခုကတည်းက ပြင်ဆင်​နိုင်တယ်။ (ယော. ၁၅:၉) ဒီလို ပြင်ဆင်​ထားတာက အနာဂတ်မှာ ခင်ပွန်း၊ ဖခင် ဖြစ်လာတဲ့အခါ တာဝန်​ကျေပွန်​ဖို့ ကူညီပေးမယ်။ လောလောဆယ်မှာ​လည်း ယေဟောဝါ၊ မိသားစု၊ အသင်းတော်အတွက် ကောင်းချီး​တစ်ရပ် ဖြစ်​နေမယ်။

TU’N BANG SEM DING NA HIAM?

အစောပိုင်းမှာ ပါတဲ့ ညီအစ်ကိုငယ်တွေ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေကြ။ ၁။ တွေးတောဆင်ခြင်တဲ့ ညီအစ်ကို အမှုဆောင်မှာ ပါဝင်နေ။ ၂။ မိဘကူတဲ့ ညီအစ်ကို တက်ဘလက် သုံးပုံအကြောင်း သက်ကြီးညီအစ်ကိုကို ပြနေ။ ၃။ အရေးအဖတ်သင်တန်း တက်တဲ့ ညီအစ်ကို အသင်းတော် အစည်းအဝေးမှာ ကျမ်းစာ ဖတ်နေ။ ၄။ လက်သမားပညာ သင်ထားတဲ့ ညီအစ်ကို အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ လွှဖြတ်နေ။

ကျမ်းစာကနေ သင်ယူ​တဲ့၊ သိလာတာ​တွေ လက်တွေ့​ကျင့်​တဲ့ လူငယ် ညီအစ်ကို​များစွာ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်​လာ (စာပိုဒ် ၁၉-၂၀ ကို ကြည့်ပါ)

19-20. A picing Khristian pasal a suah nadingun khangno unaupate bang in huh ding a hiam? (Laibu mai-a lim en in.)

၁၉ လူငယ် ညီအစ်ကိုတို့၊ နေရင်း​ထိုင်ရင်း သင်တို့ ရင့်ကျက်လာမှာ မဟုတ်ဘူး။ ဘယ်သူ့ကို စံထား​မလဲ ရွေး​ရမယ်။ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ရှိရမယ်။ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ရမယ်။ လက်တွေ့ အသုံးချ​ပညာ​တွေ တတ်​ထားရမယ်။ အနာဂတ် တာဝန်တွေအတွက် ကြိုတင်​ပြင်ဆင်​ရမယ်။

၂၀ ကြိုးစား​ရမယ့် အပိုင်းတွေ စဉ်းစား​လိုက်ရင် စိတ်​လေး​မိ​နိုင်တယ်။ ဒါပေမဲ့ အဆင်ပြေ​မှာ​ပါ။ ယေဟောဝါ ကူညီပေးချင်တယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ညီအစ်ကို/မတွေ​လည်း ကူညီပေးကြလိမ့်မယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာရင် ဘဝဟာ ကျေနပ်​ပျော်ရွှင်စရာ​ကောင်းပြီး အဓိပ္ပာယ် ပြည့်ဝ​လာမယ်။ လူငယ် ညီအစ်ကိုတွေကို ကျွန်တော်တို့ သိပ်ချစ်တယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်လာအောင် သင် ကြိုးစားနေတာကို ယေဟောဝါ ကောင်းချီး ကြွယ်ဝစွာ ပေးပါ​စေ။—ပညာ. ၂၂:၄။

NANGH BANGCI DAWNG DING?

  • Late 119:9 pan bang thu sin na hiam?

  • Late 1:1-3 pan bang thu sin na hiam?

  • Timoti Masa 5:8 pan bang thu sin na hiam?

LA 65 တိုးတက်​နေပါ

a ခရစ်ယာန် အသင်းတော်မှာ ရင့်ကျက်တဲ့ ညီအစ်ကိုတွေ လိုတယ်။ လူငယ် ညီအစ်ကိုတွေ ဘယ်လိုနည်းနဲ့ ရင့်ကျက်လာနိုင်​သလဲ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ရှေ့ဆောင်းပါးမှာ ပါတဲ့ “စကားလုံး ရှင်းလင်းချက်” ကို ကြည့်ပါ။

c ယေဟောဝါရဲ့ အလိုတော်​ဆောင်ဖို့ ဖွဲ့စည်းထားခြင်း အခန်း ၅-၆ ကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ