Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 December laim. 18-23
  • Khangno Unaunute Aw—A Picing Khristian Numei Na Suah Nadingun Hanciam Un

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Khangno Unaunute Aw—A Picing Khristian Numei Na Suah Nadingun Hanciam Un
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • PIANZIA HOIHTE NEIH SAWM UN
  • A KIZANG THEI DING PILNA SIN UN
  • MAILAMA TAVUANTE ADINGIN KIGINGKHOL IN
  • Khangno Unaupate Aw—A Picing Khristian Unaupa Na Suah Nadingun Hanciam Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 December laim. 18-23

SIN DING THU 52

Khangno Unaunute Aw—A Picing Khristian Numei Na Suah Nadingun Hanciam Un

“A zite uh zong a gamtat hoih mi hi-in, . . . thu khempeuhah a thuman mi hi ding uh hi.”—1 TIM. 3:11.

LA 133 လူငယ်​ဘဝမှာ ယေဟောဝါကို ကိုးကွယ်​ကြ

အကြို​သုံးသပ်ချက်a

1. A picing Khristian hi dingin bang sep ding kisam a hiam?

ကလေးတွေ အကြီး​မြန်​တာ ကြည့်ပြီး အံ့ဩ​မိ​နိုင်တယ်။ နေရင်း​ထိုင်ရင်း ကြီးလာကြပုံပဲ။ ခရစ်ယာန် ရင့်ကျက်မှု​ကတော့ နေရင်း​ထိုင်ရင်း ရှိ​မလာဘူး။b (၁ ကော. ၁၃:၁၁။ ဟီ. ၆:၁) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်ဖို့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ အရည်အသွေးကောင်း​တွေ ရှိအောင် ကြိုးစားရာမှာ၊ လက်တွေ့ အသုံးချ​ပညာ သင်​ရာ​မှာ၊ အနာဂတ် တာဝန်တွေအတွက် ကြိုတင်​ပြင်ဆင်ရာမှာ သန့်ရှင်းသော စွမ်းအားတော် အကူအညီလည်း လိုတယ်။—ပညာ. ၁:၅။

2. Piancilna 1:27 pan bang theikhia i hiam? Hih thulu-ah bang thu kikum ding i hiam?

၂ လူတွေကို အမျိုးသား၊ အမျိုးသမီး​အဖြစ် ယေဟောဝါ ဖန်ဆင်း​တယ်။ (ကမ္ဘာဦး ၁:၂၇ ကို ဖတ်ပါ။) အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာပိုင်း​ပဲ မတူတာ မဟုတ်ဘူး။ မတူတာ​တွေ အများကြီး​ပဲ။ ဥပမာ၊ ထမ်းရမယ့် တာဝန် ယေဟောဝါ သတ်သတ်​စီ ပေးထားတယ်။ ကိုယ့်​တာဝန်​ကိုယ် ကျေနိုင်ဖို့ အရည်အသွေး၊ စွမ်းရည် ကိုယ်စီ လိုတယ်။ (က. ၂:၁၈) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်ဖို့ လူငယ် ညီအစ်မတွေ ဘာလုပ်နိုင်သလဲ ဒီဆောင်းပါးမှာ လေ့လာ​ကြ​မယ်။ လူငယ် ညီအစ်ကိုတွေ ဘာလုပ်နိုင်သလဲ နောက်ဆောင်းပါးမှာ လေ့လာ​ကြ​မယ်။

PIANZIA HOIHTE NEIH SAWM UN

ရုပ်ပုံ– ညီအစ်မငယ်တစ်ယောက် မှန်ကြည့်ရင်း ကျမ်းစာအခြေပြုစာပေမှာ ဖတ်ခဲ့တာကို တွေးနေ။ ရုပ်ပုံငယ်– ၁။ ကုလားအုတ် ရေသောက်ဖို့ ရေဗက္ကာ ရေဖြည့်နေ။ ၂။ မော်ဒကဲအတွက် ဧသတာ စားစရာ ပြင်ပေးနေ။ ၃။ မိမိနဲ့ အိမ်သားတွေရဲ့ အသက် ငဲ့ပေးဖို့ အဘိဂဲလ ဒူးထောက်တောင်းဆိုနေ။

ရေဗက္ကာ၊ ဧသတာ၊ အဘိဂဲလ​တို့​လို သစ္စာရှိ အမျိုးသမီးတွေရဲ့ အရည်အသွေးတွေကို တုပတာက ရင့်ကျက်တဲ့ အမျိုးသမီး ဖြစ်​လာ​စေနိုင် (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

3-4. A etteh huai mite koi-ah kimu thei a hiam? (Lim zong en in.)

၃ ယေဟောဝါ​ဘုရားကို ချစ်ပြီး ဘုရား​အမှု ဆောင်တဲ့ သစ္စာရှိ အမျိုးသမီးတွေ ကျမ်းစာမှာ ပါတယ်။ (“ကျမ်းစာပါ အမျိုးသမီးတွေ​ဆီ​က ဘာသင်ယူနိုင်သလဲ” ဆောင်းပါးကို jw.org မှာ ကြည့်ပါ။) အဓိက ကျမ်းချက်မှာ ဖော်ပြသလို အဲဒီ​အမျိုးသမီးတွေဟာ “ပြုမူ​ပြောဆိုရာမှာ ထိန်းချုပ်​နိုင်သူ၊” “အရာရာမှာ သစ္စာရှိသူ” တွေ​ပါ။ အသင်းတော်မှာလည်း စံထား​ထိုက်တဲ့ ရင့်ကျက်တဲ့ ညီအစ်မတွေ တွေ့နိုင်တယ်။

၄ လူငယ် ညီအစ်မ​တို့၊ ကိုယ် စံထား​လို့ ရမယ့် ညီအစ်မ တွေ ရှာပါ။ သူတို့ရဲ့ အရည်အသွေးကောင်း​တွေ သတိထား​ကြည့်ပါ။ အဲဒီ​အရည်အသွေးတွေကို သင် ဘယ်လို ပြနိုင်မလဲ စဉ်းစားပါ။ ရင့်ကျက်တဲ့ အမျိုးသမီး ဖြစ်ဖို့ လိုတဲ့ အရည်အသွေး သုံးခု နောက်​စာပိုဒ်​တွေ​မှာ လေ့လာ​ကြ​မယ်။

5. Kiniamkhiatna neih ding bang hangin thupi a hiam?

၅ နှိမ့်ချမှု။ နှိမ့်ချမှု ရှိရင် ယေဟောဝါနဲ့​ကော တခြားသူတွေနဲ့​ပါ ဆက်ဆံရေး ကောင်း​လာမယ်။ (ယာ. ၄:၆) ဥပမာ၊ ယေဟောဝါကို ချစ်တဲ့၊ နှိမ့်ချမှု ရှိတဲ့ အမျိုးသမီးဟာ ယေဟောဝါ ချမှတ်ထားတဲ့ ဦး​စီး​မှု အစီအစဉ်ကို လက်အောက်ခံ​မှာ ဖြစ်တယ်။ (၁ ကော. ၁၁:၃) အဲဒီ​ဦး​စီး​မှု အစီအစဉ်ဟာ အသင်းတော်နဲ့​ကော မိသားစုနဲ့​ပါ ဆိုင်​တယ်။c

6. Kiniamkhiatna tawh kisai-in khangno unaunu te’n Rebekah tung pan bang sin thei a hiam?

၆ ရေဗက္ကာ​အကြောင်း စဉ်းစားကြည့်ပါ။ ထက်​တယ်။ ဆုံးဖြတ်ချက် ပြတ်သား​တယ်။ အကင်းပါး​တယ်။ (က. ၂၄:၅၈။ ၂၇:၅-၁၇) ဒါပေမဲ့ လေးစားမှု ရှိတယ်။ လက်အောက်ခံတယ်။ (က. ၂၄:၁၇၊ ၁၈၊ ၆၅) ရေဗက္ကာလိုပဲ ယေဟောဝါရဲ့ အစီအစဉ်ကို သင် နှိမ့်ချမှု ရှိရှိ လက်အောက်ခံတဲ့အခါ မိသားစုမှာ​ကော အသင်းတော်မှာပါ စံနမူနာကောင်းသူ ဖြစ်လာမယ်။

7. Kinuaikoihna tawh kisai-in khangno unaunu te’n Esther tung pan bang sin thei a hiam?

၇ ကျိုးနွံမှု။ “ဉာဏ်ပညာကတော့ ကျိုးနွံ​သူ​တွေ​နဲ့​အတူ ရှိနေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၁၁:၂) ဧသတာ​ဟာ ကျိုးနွံမှု ရှိတဲ့ သစ္စာရှိ အမျိုးသမီး ဖြစ်တယ်။ မိဖုရား ဖြစ်​လာပေမဲ့ ဘဝင်​မမြင့်ဘူး။ ဝမ်းကွဲ အစ်ကို မော်ဒကဲ အကြံ​ပေးတာကို နားထောင်တယ်။ (ဧသ. ၂:၁၀၊ ၂၀၊ ၂၂) သင်လည်း တခြားသူတွေ​ဆီ​က အကြံဉာဏ် တောင်းခြင်း၊ အကြံဉာဏ်ကောင်း​တွေ လိုက်နာခြင်းအားဖြင့် ကျိုးနွံ​ကြောင်း ပြနိုင်တယ်။—တိ. ၂:၃-၅။

8. Timoti Masa 2:9, 10-a a gen bangin, nikten puansilh le kizepdan tawh kisai-a pilvang taka thukhensat theih nadingin kinuaikoihna in koi bangin hong huh a hiam?

၈ ကျိုးနွံ​ကြောင်း နောက်တစ်နည်းနဲ့လည်း ဧသတာ ပြတယ်။ “ရုပ်​ချောပြီး ဆွဲဆောင်မှု ရှိ” ပေမဲ့ အာရုံစိုက်​ခံရ​အောင် မနေဘူး။ (ဧသ. ၂:၇၊ ၁၅) ဘာ​အတုယူနိုင်သလဲ။ တစ်နည်းကို ၁ တိမောသေ ၂:၉၊ ၁၀ မှာ တွေ့နိုင်တယ်။ (ဖတ်ပါ။) အမျိုးသမီးတွေ ဣန္ဒြေရှိရှိ၊ ချင့်ချင့်ချိန်ချိန် ဝတ်စား​ဆင်ယင်​ဖို့ တမန်တော် ပေါလု အကြံပေးတယ်။ ဒီ​မှာ သုံးထားတဲ့ ဂရိ စကားလုံးဟာ တခြားသူတွေ လေး​စားချင်​စ​ရာ ကောင်းတဲ့ ပုံစံ၊ တခြားသူတွေကို လေးစားကြောင်း ပြတဲ့ ပုံစံမျိုးနဲ့ ဝတ်စား​ဆင်ယင်​သင့်​တယ်လို့ အဓိပ္ပာယ်​ရတယ်။ ဣန္ဒြေရှိရှိ ဝတ်စားတဲ့ ညီအစ်မတွေ​အတွက် ကျွန်တော်တို့ တကယ် ဂုဏ်ယူတယ်။

9. Abigail tung pan bang sin thei i hiam?

၉ ပိုင်းခြားသိမြင်မှု။ ပိုင်းခြားသိမြင်မှု​ဆိုတာ ဘာလဲ။ အမှား၊ အမှန် ခွဲခြား​နိုင်​ပြီး မှန်ရာ လုပ်နိုင်စွမ်း​ပါ။ အဘိဂဲလ​အကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်း​ရဲ့ ဆုံးဖြတ်ချက် အမှား​ကြောင့် တစ်အိမ်သားလုံး ဒုက္ခရောက်တော့မယ်။ အဘိဂဲလ ပိုင်းခြားသိမြင်မှု ရှိလို့၊ မြန်မြန်ဆန်ဆန် လှုပ်ရှား​လို့သာ အသက်ဘေး လွတ်​သွားကြတာ။ (၁ ရှ. ၂၅:၁၄-၂၃၊ ၃၂-၃၅) ပိုင်းခြားသိမြင်မှု ရှိရင် ဘယ်အချိန်မှာ စကားပြော​ရမလဲ၊ ဘယ်အချိန်မှာ နှုတ်ဆိတ်​ရမလဲ သိမယ်။ သူတစ်ပါး​ကိစ္စ ဝင်စွက်​ရာ မ​ရောက်​မယ့် နည်းနဲ့ စိတ်ဝင်စားကြောင်း ပြနိုင်မယ်။—၁ သက်. ၄:၁၁။

A KIZANG THEI DING PILNA SIN UN

“လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ” စာစောင်ကို ညီအစ်မငယ်တစ်ယောက် ဖတ်နေ။ ဘေးမှာ ကျမ်းစာဖွင့်ထား။ မှတ်စု စာအုပ်နဲ့ ဘောပင် ချထား။

ရေးတတ်၊ ဖတ်​တတ်​အောင် သင်​ထားလို့ ဘာအကျိုးတွေ ရသလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

10-11. Hoih taka lai at thei, sim thei leng ei mahmah le midang te’n bang phattuamna ngah ding i hiam? (Lim zong en in.)

၁၀ ညီအစ်မတွေ လက်တွေ့ အသုံးချ​ပညာ တတ်​ထားရမယ်။ ငယ်ရွယ်တုန်း သင်​ထားတာ​တွေ​က ကြီးလာတဲ့​အထိ အကျိုး​ရှိတတ်တယ်။ တတ်​ထားသင့်​တာ​တချို့ ကြည့်ရအောင်။

၁၁ ကောင်းကောင်း ရေးတတ်၊ ဖတ်​တတ်​အောင် သင်​ပါ။ ယဉ်ကျေးမှု​တချို့​မှာ အမျိုးသမီးတွေ ရေးတတ်၊ ဖတ်​တတ်​စ​ရာ မလိုဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ခရစ်ယာန်​ယောက်တိုင်း ရေးတတ်၊ ဖတ်​တတ်​ဖို့ အရေးကြီးတယ်။d (၁ တိ. ၄:၁၃) ဒါကြောင့် အခက်အခဲ ရှိရင်တောင် ကြိုးစား​သင်​ပါ။ ဘာအကျိုးရမလဲ။ အလုပ် ရဖို့၊ အလုပ် မြဲ​ဖို့ လွယ်​မယ်။ ကျမ်းစာ ကောင်းကောင်း လေ့လာ​နိုင်မယ်။ ပြန်​သင်ပေးနိုင်မယ်။ ကျမ်းစာ ဖတ်ပြီး တွေးတော​ဆင်ခြင်​နိုင်​လို့ ယေဟောဝါနဲ့ ပိုရင်းနှီး​လာမယ်။—ယောရှု ၁:၈။ ၁ တိ. ၄:၁၅။

12. Kizopna a hoih nadingin, Paunak 31:26 in koi bangin hong huh thei a hiam?

၁၂ ပြေပြေပြစ်ပြစ် ဆက်ဆံ​တတ်​အောင် သင်​ပါ။ ခရစ်ယာန်တွေ ဆက်ဆံရေး ပြေပြစ်​ရမယ်။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး” လို့ ယာကုပ် အကြံပေးတယ်။ (ယာ. ၁:၁၉) တခြားသူတွေ စကားပြောတဲ့အခါ သေသေချာချာ နားထောင်ပါ။ ဒါ “ကိုယ်ချင်းစာ” ကြောင်း ပြတာပဲ။ (၁ ပေ. ၃:၈) တခြားသူ ပြောတာ၊ ခံစားနေရတာ နားမလည်ဘူး​ဆိုရင် ရိုင်း​ရာ မ​ကျ​မယ့် နည်းနဲ့ မေးပါ။ မပြောခင် စဉ်းစားပါ။ (ပညာ. ၁၅:၂၈) ‘ငါ ပြောမယ့်စကားက မှန်​သ​လား။ အားပေးမှု ဖြစ်ရဲ့လား။ တစ်ဖက်သားကို မလေးစားရာ၊ ရိုင်း​ရာ ကျ​မ​လား’ လို့ စဉ်းစားပါ။ ဆက်ဆံရေး ပြေပြစ်​တဲ့ ရင့်ကျက်တဲ့ ညီအစ်မတွေဆီကနေ သင်ယူပါ။ (ပညာအလိမ္မာ ၃၁:၂၆ ကို ဖတ်ပါ။) သူတို့ရဲ့ ပြောပုံဆိုပုံ သတိထား​ကြည့်ပါ။ ဆက်ဆံရေး ပြေပြစ်​ရင် ပေါင်းရသင်းရ လွယ်​သူ ဖြစ်လာမယ်။

မိခင်နဲ့အတူ ညီအစ်မငယ်တစ်ယောက် ဈေးလိုက်သွား။ ဈေးသည်ကို ဈေးဆစ်နေ။

အိမ်မှုကိစ္စ နိုင်နင်းတဲ့ အမျိုးသမီးဟာ မိသားစု​အတွက်​ကော အသင်းတော်​အတွက်ပါ ကောင်းချီး ဖြစ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. Inn nasepte a zo dingin koi bangin sin thei na hiam? (Lim zong en in.)

၁၃ အိမ်မှုကိစ္စ နိုင်နင်းအောင် သင်​ပါ။ ဒေသ တော်တော်များများမှာ အိမ်အလုပ် အများစုကို အမျိုးသမီးတွေ လုပ်ရတယ်။ အိမ်မှုကိစ္စ နိုင်နင်း​ဖို့ မိခင် ဒါမှမဟုတ် ညီအစ်မ​တစ်ယောက်ယောက်​ဆီ​က သင်​နိုင်တယ်။ “အမေ သင်ပေးတာ​တစ်ခုကတော့ ကြိုးကြိုးစားစား လုပ်ရင် ပင်ပန်း​ရ​ကျိုး နပ်တယ်​ဆိုတာပဲ။ အချက်အပြုတ်၊ သန့်ရှင်းရေး၊ အချုပ်​အလုပ်၊ ငွေ စိစိစစ်စစ် သုံးနည်း​တွေ အမေ့​ဆီ​က သင်​ထားလို့ ကိုယ့်​ခြေထောက်​ပေါ် ရပ်​နိုင်​တာ။ ဘုရားအတွက် အများကြီး ပေးဆပ်​နိုင်​တာ။ ဧည့်ဝတ်​ကျေဖို့​လည်း အမေ သင်ပေးတယ်။ ဧည့်ဝတ်ကျေတော့ စံနမူနာ ကောင်းတဲ့ ညီအစ်ကို/မ အများကြီး​နဲ့ ဆုံခွင့် ရတယ်” လို့ ညီအစ်မ စင်ဒီ ပြောတယ်။ (ပညာ. ၃၁:၁၅၊ ၂၁၊ ၂၂) လုံ့လ​ရှိတဲ့၊ ဧည့်ဝတ်ကျေတဲ့၊ အိမ်မှုကိစ္စ နိုင်နင်းတဲ့ အမျိုးသမီးဟာ မိသားစု​အတွက်​ကော အသင်းတော်​အတွက်ပါ ကောင်းချီး​ပဲ။—ပညာ. ၃၁:၁၃၊ ၁၇၊ ၂၇။ တ. ၁၆:၁၅။

14. Crystal tung pan bang sin thei na hiam? Bang pen a masa pena na koih ding kisam a hiam?

၁၄ ကိုယ့်​ခြေထောက်​ပေါ် ရပ်​နိုင်အောင် ကြိုးစားပါ။ ခရစ်ယာန်​အားလုံး ကိုယ့်​ခြေထောက်​ပေါ် ရပ်​နိုင်​ရမယ်။ (၂ သက်. ၃:၇၊ ၈) “အထက်တန်း​ကျောင်းမှာ ကိုယ် သင်ချင်တဲ့ သက်​မွေး​ပညာ ရွေး​လို့ ရတယ်။ နောင် အသုံးဝင်​မယ့် ပညာ ရွေးဖို့ မိဘတွေ အကြံပေးတယ်။ အဖေ့​စကား နားထောင်ပြီး စာရင်းကိုင်ပညာ သင်​လိုက်တာ တော်တော် မှန်သွားတယ်” လို့ ညီအစ်မ ခရစ္စတယ် ပြောတယ်။ ဝမ်းစာရှာ​ပညာ တတ်ရုံနဲ့ မလုံလောက်ဘူး။ ငွေ စိစိစစ်စစ် သုံး​တတ်​ရမယ်။ (ပညာ. ၃၁:၁၆၊ ၁၈) ရှိတာလေးနဲ့ ရောင့်ရဲ​ရင်၊ မလိုအပ်ဘဲ အကြွေး​မယူရင် ဘုရား​အမှုတော် ဦး​စား​ထားနိုင်မယ်။—၁ တိ. ၆:၈။

MAILAMA TAVUANTE ADINGIN KIGINGKHOL IN

15-16. Pawlpi sungah pasal nei lo unaunute a om pen bang hangin thupha hi a hiam? (Marka 10:29, 30)

၁၅ အရည်အသွေးကောင်း​တွေ ရှိရင်၊ သက်​မွေး​ပညာ တတ်​ထား​ရင် အနာဂတ် တာဝန်တွေအတွက် အသင့်ဖြစ်နေမယ်။ ပြင်ဆင်ထားနိုင်တဲ့ ကဏ္ဍတချို့​ကို လေ့လာ​ကြည့်ရအောင်။

၁၆ အချိန်အတိုင်းအတာ​တစ်ခုအထိ တစ်ကိုယ်ရေဘဝနဲ့ နေနိုင်တယ်။ အိမ်ထောင်ပြုဖို့ အားပေးတဲ့ ယဉ်ကျေးမှုမှာတောင် တချို့က ယေရှုစကား​အတိုင်း တစ်ကိုယ်ရေ နေဖို့ ရွေးချယ်​ကြတယ်။ (မ. ၁၉:၁၀-၁၂) တချို့ကျတော့ အခြေအနေ အမျိုးမျိုး​ကြောင့် တစ်ကိုယ်ရေ နေ​ကြရ​တယ်။ တစ်ယောက်တည်းသမားမို့လို့ ယေဟောဝါနဲ့ ယေရှု​ရှေ့ တန်ဖိုး လျော့​မ​သွားပါ​ဘူး။ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေမှာ တစ်ကိုယ်ရေ ညီအစ်မတွေ ရှိတာ ကောင်းချီး​ပဲ။ တခြားသူတွေကို ချစ်ပြီး ဂရုစိုက်​ပေး​တတ်​လို့ ညီအစ်ကို/မတွေအတွက် အစ်မ​လို၊ အမေ​လို ဖြစ်လာကြတယ်။—မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။ ၁ တိ. ၅:၂။

17. Khangno unaunu te’n hunbit a Pasian’ na a sep theih nadingun tu-a kipan koi bangin kigingkhol thei uh a hiam?

၁၇ အချိန်ပြည့် အမှုထမ်း ဖြစ်လာနိုင်တယ်။ ကမ္ဘာတစ်ဝန်း ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်နေသူ အများစုဟာ ညီအစ်မတွေ​ပါ။ (ဆာ. ၆၈:၁၁) အချိန်ပြည့် အမှုဆောင်ဖို့ အခုကတည်းက စီစဉ်​နိုင်မလား။ ရှေ့ဆောင်၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း၊ ဗေသလ အိမ်သား​အဖြစ် အမှုဆောင်​နိုင်တယ်။ သင့်​ပန်းတိုင်ကို ဘုရားဆီ ပြောပြပါ။ အချိန်ပြည့် အမှုဆောင်နေသူတွေ​ဆီ​က အကြံတောင်းပါ။ ပန်းတိုင် ရောက်ဖို့ အစီအစဉ် ဆွဲပါ။ အချိန်ပြည့် အမှုဆောင်ရင် ထပ်ဆင့် အမှုဆောင် အခွင့်အလမ်းတွေ ပွင့်လာ​မယ်။

ညီအစ်မတွေ အုပ်စုလိုက် စကားပြောနေ။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်နေတဲ့ ညီအစ်ကိုကို ညီအစ်မတစ်ယောက် သတိထားမိ။

အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိရင် အိမ်ထောင်ဖက် သေသေချာချာ ရွေးပါ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

18. Unaunu khat in pasal limtaka a teel ding bang hangin kisam a hiam? (Lim zong en in.)

၁၈ အိမ်ထောင်ပြုဖို့ ရွေးချယ်နိုင်တယ်။ ရှေ့​စာပိုဒ်​တွေ​မှာ ဆွေးနွေးခဲ့တဲ့ အရည်အသွေးတွေက အိမ်ထောင်ရှင်မကောင်း ဖြစ်ဖို့ ကူညီပေးမယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိတယ်ဆိုရင် အိမ်ထောင်ဖက် သေသေချာချာ ရွေးပါ။ အရေးကြီး ဆုံးဖြတ်ချက် ဖြစ်လို့ပဲ။ အိမ်ထောင်ပြုရင် ခင်ပွန်း ဦး​စီး​မှု လက်အောက်ခံ​ရတော့မှာ။ (ရော. ၇:၂။ ဧ. ၅:၂၃၊ ၃၃) ‘သူဟာ ရင့်ကျက်တဲ့ ခရစ်ယာန်​လား။ ဘဝမှာ ယေဟောဝါကို ဦး​စား​ထားသလား။ ဆုံးဖြတ်ချက်ကောင်း ချ​နိုင်သလား။ ကိုယ့်​အမှား​ကိုယ် ဝန်ခံ​ရဲ​သ​လား။ အမျိုးသမီးတွေကို လေးစားသလား။ ငါ​နဲ့ ဘုရား ဆက်ဆံရေး ခိုင်မြဲအောင် ကူညီပေး​နိုင်မလား။ ငါ့ကို လုပ်ကျွေး​နိုင်မလား။ အဖော်အဖက်​ကောင်း ဖြစ်မယ့်​ပုံ ပေါ်​သ​လား။ အသင်းတော်မှာ ဘာ​တာဝန်တွေ ရထားသလဲ။ တာဝန် ကောင်းကောင်း ယူ​နိုင်သလား’ လို့ စဉ်းစားကြည့်ပါ။ (လု. ၁၆:၁၀။ ၁ တိ. ၅:၈) ခင်ပွန်း​ကောင်း လိုချင်ရင် ကိုယ်တိုင် ဇနီး​ကောင်း ဖြစ်အောင် ကြိုးစားရမယ်။

19. Pasal “a huh ding” uh pen zite adingin bang hangin vang om a hiam?

၁၉ ဇနီး​ကောင်း​ဟာ ခင်ပွန်း​ကို “ကူညီ​မယ့်​သူ၊” ခင်ပွန်းနဲ့ “တွဲဖက်​ညီ​သူ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (က. ၂:၁၈) ဒီလို​ဖော်ပြတာ အမျိုးသမီးတွေကို နှိမ်​တဲ့ သဘောလား။ မဟုတ်ဘူး။ ဂုဏ်တင်​နေတာ။ ယေဟောဝါကို “ကူညီ​မ​စ​ရှင်” လို့ ကျမ်းစာမှာ ခေါ်တယ်။ (ဆာ. ၅၄:၄။ ဟီ. ၁၃:၆) ဇနီး​ဖြစ်သူ​အနေနဲ့ မိသားစု​အတွက် ခင်ပွန်း ဆုံးဖြတ်ချက်တွေ ချနိုင်အောင်၊ ခင်ပွန်း​ရဲ့ ဆုံးဖြတ်ချက် အရာထင်​အောင် ထောက်မ​ပေးတာ၊ ခင်ပွန်း မျက်နှာ​ပန်း လှအောင် နေတာဟာ ကူညီနေတာပဲ။ (ပညာ. ၃၁:၁၁၊ ၁၂။ ၁ တိ. ၃:၁၁) ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုး​စေ​ခြင်း၊ မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေကို ကူညီပေးခြင်းအားဖြင့် ဇနီး​တာဝန်အတွက် အခုကတည်းက ပြင်ဆင်​နိုင်တယ်။

20. Innkuan sungah nu ii dinmun bangzah takin thupi a hiam?

၂၀ မိခင် ဖြစ်လာနိုင်တယ်။ အိမ်ထောင်ပြုပြီးနောက် သားသမီး ရလာနိုင်တယ်။ (ဆာ. ၁၂၇:၃) ဒါကြောင့် မိခင်​ကောင်း ဖြစ်ဖို့ ဘာ​လိုသလဲ ကြိုစဉ်းစားထားပါ။ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အရည်အသွေးတွေ၊ အတတ်ပညာ​တွေ​က ဇနီး​ကောင်း၊ မိခင်​ကောင်း ဖြစ်ဖို့ ကူညီပေးနိုင်တယ်။ မေတ္တာ၊ ကြင်နာမှု၊ စိတ်ရှည်မှု​သာ ရှိရင် သင့်​မိသားစုဟာ လုံခြုံ​ပြီး မေတ္တာ လွှမ်းခြုံတဲ့ ရိပ်မြုံ​လေး ဖြစ်လာမယ်။—ပညာ. ၂၄:၃။

ရုပ်ပုံ– အစောပိုင်းမှာ ပါတဲ့ ညီအစ်မငယ်တွေ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေကြ။ ၁။ တွေးတောဆင်ခြင်တဲ့ ညီအစ်မ ကျမ်းစာ ကိုင်ရင်း ယုံကြည်စိတ်ချမှုရှိရှိ ပြုံးနေ။ ၂။ ဈေးသည်ကို ဈေးဆစ်တဲ့ ညီအစ်မ ဗေသလ ထမင်းစားပွဲ ပြင်နေ။ ၃။ စာစောင် ဖတ်တဲ့ ညီအစ်မ အမှုဆောင်မှာ ကျမ်းစာ ဖတ်ပြနေ။ ၄။ နိုင်ငံတော် ခန်းမမှာ တစ်ကိုယ်ရေ ညီအစ်ကိုကို သတိထားမိတဲ့ ညီအစ်မ သက်ကြီးညီအစ်မနဲ့အတူ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေ။

ကျမ်းစာကနေ သင်ယူ​တဲ့၊ သိလာတာ​တွေ လက်တွေ့​ကျင့်​တဲ့ အမျိုးသမီးငယ်​များစွာ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်​လာ (စာပိုဒ် ၂၁ ကို ကြည့်ပါ)

21. Unaunute tawh kisai-in na lungsim bangci om a hiam? Bang hang hiam? (Laibu mai-a lim en in.)

၂၁ လူငယ် ညီအစ်မ​တို့၊ သင်တို့ဟာ ကိုယ်တိုင်နဲ့ တခြားသူတွေကို အကျိုးပြုမယ့် အရည်အသွေးတွေ၊ အတတ်ပညာ​တွေ သင်​နေကြတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအတွက် ပြင်ဆင်​နေကြတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် သင်တို့ လုပ်သမျှ ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ (ဟီ. ၆:၁၀) သင်တို့ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်း​အတွက် တကယ့် အဖိုးတန် ရတနာတွေ​ပါပဲ။

NANGH BANGCI DAWNG DING?

  • Timoti Masa 2:9, 10 pan bang theikhia na hiam?

  • Paunak 31:26 pan bang theikhia na hiam?

  • Marka 10:29, 30 pan bang theikhia na hiam?

LA 137 သစ္စာရှိ အမျိုးသမီးများ

a ညီအစ်မငယ်​တို့၊ သင်တို့ဟာ အသင်းတော်အတွက် သိပ်​အဖိုးတန်တယ်။ အရည်အသွေးကောင်း​တွေ ရှိအောင် ကြိုးစားခြင်း၊ လက်တွေ့ အသုံးချ​ပညာ သင်​ခြင်း၊ အနာဂတ် တာဝန်တွေအတွက် ပြင်ဆင်ခြင်း​အားဖြင့် ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာနိုင်တယ်။ ရင့်ကျက်လာတာ​နဲ့အမျှ ဘုရားအမှုတော်မှာ ကောင်းချီး အလျှံပယ် ခံစားရမယ်။

b စကားလုံး ရှင်းလင်းချက်။ ရင့်ကျက်တဲ့ ခရစ်ယာန်​ဟာ လောက အတွေးအခေါ် မဟုတ်ဘဲ ဘုရား​စွမ်းအားတော် လမ်းညွှန်​တဲ့​အတိုင်း လုပ်တယ်။ ယေရှု စံနမူနာကို အတုယူတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစားတယ်။ တခြားသူတွေကို ကိုယ်ကျိုးစွန့် မေတ္တာ ပြတယ်။

c ၂၀၂၁၊ ဖေဖော်ဝါရီလ ကင်းမျှော်စင် စာ. ၁၄-၁၉ ကို ကြည့်ပါ။

d စာဖတ်​တတ်​ဖို့ ဘာကြောင့် အရေးကြီးကြောင်း ထပ်သိချင်ရင် jw.org မှာ တင်ထားတဲ့ “ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၁။ ဖတ်​မ​လား၊ ကြည့်​မ​လား” ဆောင်းပါးကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ