SIN DING THU 14
LA 56 အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ
“Picinna Lamah Manawt Ni”
“Picinna lamah manawt ni.” —HEB. 6:1, Zokam Standard Version.
အာရုံစိုက်ရာ
ဘုရား တွေးခေါ်ပြုမူစေချင်တဲ့အတိုင်း ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဘယ်လို တွေးခေါ်ပြုမူသလဲ၊ ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချသလဲ လေ့လာကြည့်ပါ။
1. Jehovah in bang hong hisak nuam a hiam?
အိမ်ထောင်သည်မောင်နှံတွေ အပျော်ရဆုံး အချိန်တစ်ချိန်ကတော့ ရင်သွေးလေး မွေးလာချိန်ပါပဲ။ မွေးကင်းစ ရင်သွေးလေးကို ကြည့်ပြီး သိပ်ပျော်ပေမဲ့ ဒီအရွယ်လေးအတိုင်းပဲ ဆက်ရှိနေစေချင်လိုက်တာလို့ မတွေးဘူး။ သူ့အရွယ်နဲ့သူ ကြီးထွားမလာမှာကိုတောင် စိတ်ပူနေမှာ။ အဲဒီလိုပဲ ကျွန်တော်တို့ အမှန်တရားလမ်းစဉ်ထဲ ခြေလှမ်း စလှမ်းချိန်မှာ ယေဟောဝါဘုရား သိပ်ပျော်တယ်။ ဒါပေမဲ့ အမှန်တရားလမ်းစဉ်မှာ ကလေးလို ဖြစ်မနေစေချင်ဘူး။ (၁ ကော. ၃:၁) “အရွယ်ရောက်သူတွေ” ဖြစ်လာစေချင်တယ်။—၁ ကော. ၁၄:၂၀။
2. Hih thulu-ah bang thu kikum ding i hiam?
၂ ခရစ်ယာန်တွေ အရွယ်ရောက်လာတယ်၊ ရင့်ကျက်လာတယ်ဆိုတာ ဘာလဲ။ ဘယ်လို ရင့်ကျက်လာနိုင်သလဲ။ ခရစ်ယာန် ရင့်ကျက်မှုအတွက် အစာမာ စားခြင်း ဘယ်လောက် အရေးပါသလဲ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲသင့်သလဲ။ ဒီဆောင်းပါးမှာ ဒီမေးခွန်းတွေကို သုံးသပ်သွားပါမယ်။
KHRISTIANTE HONG PICING CIH IN BANG A HIAM?
3. Khristiante hong picing cih in bang a hiam?
၃ ကျမ်းစာမှာ “အရွယ်ရောက်သူ” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “ရင့်ကျက်သူ” လို့လည်း အဓိပ္ပာယ်ရတယ်။a (၁ ကော. ၂:၆) ကလေးတွေ အရွယ်ရောက်လာသလို ခရစ်ယာန်တွေလည်း ဘုရားနဲ့ ဆက်ဆံရေး ကောင်းသည်ထက် ကောင်းလာရမယ်။ ဒါမှ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာမယ်။ ရင့်ကျက်သွားရင်တောင် ဆက်တိုးတက်စရာတွေ ရှိသေးတယ်။ (၁ တိ. ၄:၁၅) အသက် ငယ်ရွယ်သူတွေ အပါအဝင် ကျွန်တော်တို့အားလုံး ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာနိုင်တယ်။ ရင့်ကျက်သလား၊ မရင့်ကျက်သလားဆိုတာ ဘယ်လို သိနိုင်မလဲ။
4. A picing Khristian ahihlam bang in lakkhia a hiam?
၄ ရင့်ကျက်တဲ့ ခရစ်ယာန်ဟာ ဘုရားတောင်းဆိုချက် မှန်သမျှ လိုက်နာတယ်။ ကိုယ်ကြိုက်တာ ရွေးပြီး လိုက်နာတာမျိုး မလုပ်ဘူး။ မစုံလင်သူမို့ အမှားတွေ လုပ်မိနိုင်တယ်။ ဒါပေမဲ့ ဘုရား တွေးခေါ်ပြုမူစေချင်တဲ့အတိုင်း အတတ်နိုင်ဆုံး နေ့စဉ် တွေးခေါ်ပြုမူတယ်။ ဘုရားလို စဉ်းစားတွေးခေါ်တတ်လာဖို့ အမြဲ ကြိုးစားတယ်။ စရိုက်သစ် ဝတ်ဆင်တယ်။ (ဧ. ၄:၂၂-၂၄) ဘုရားပညတ်တွေ၊ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချတတ်ဖို့ လေ့ကျင့်တယ်။ ဒါကြောင့် ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း အများကြီး မလိုဘူး။ ဆုံးဖြတ်ပြီးရင် ဆုံးဖြတ်တဲ့အတိုင်း လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်တယ်။—၁ ကော. ၉:၂၆၊ ၂၇။
5. A picing lo Khristiante tungah bang piang thei a hiam? (Efesa 4:14, 15)
၅ မရင့်ကျက်တဲ့ ခရစ်ယာန်ကတော့ “လှည့်ဖြားသူတွေ၊ ကလိမ်ဉာဏ်ဆင်သူတွေ” နောက် လွယ်လွယ် ပါသွားနိုင်တယ်။ လူမှုမီဒီယာကတစ်ဆင့် သတင်းမှား၊ ကောလာဟလ ဖြန့်သူတွေ၊ အယူဖောက်ပြန်သူတွေစကား နားယောင်သွားနိုင်တယ်။b (ဧဖက် ၄:၁၄၊ ၁၅ ကို ဖတ်ပါ။) မနာလိုဖြစ်တတ်တယ်။ ငြင်းခုံရန်တွေ့တတ်တယ်။ အငြိုးကြီးတယ်။ သွေးဆောင်ခံရတဲ့အခါ စိတ်အလိုလိုက်တယ်။—၁ ကော. ၃:၃။
6. Khristian picinna pen bang tawh kigenteh thei a hiam? (Lim zong en in.)
၆ အစောပိုင်းမှာ ဖော်ပြသလို ခရစ်ယာန် ရင့်ကျက်မှုကို ကလေးတွေ အရွယ်ရောက်လာတာနဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ ကလေးတွေဟာ မသိတာတွေ များတယ်။ ဒါကြောင့် လူကြီးတစ်ယောက်ရဲ့ ကာကွယ်လမ်းပြမှု လိုတယ်။ ဥပမာ၊ လမ်းကူးတဲ့အခါ သမီးငယ်ကို မိခင်ဖြစ်သူ လက်ကိုင်ထားခိုင်းတယ်။ နည်းနည်း ကြီးလာတော့ ကိုယ့်ဘာသာ လမ်းကူးခိုင်းတယ်။ လမ်းမကူးခင် ဘယ်ညာကြည့်ဖို့တော့ သတိပေးနေတုန်းပဲ။ သမီး အရွယ်ရောက်လာတော့ ကိုယ့်ဘာသာ အန္တရာယ် ကြည့်ရှောင်တတ်လာတယ်။ ကလေးငယ်တွေ အန္တရာယ် ရှောင်နိုင်ဖို့ လူကြီးတွေရဲ့ အကူအညီ လိုသလို မရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက် ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်မယ့် အန္တရာယ်တွေ ရှောင်နိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေရဲ့ အကူအညီ လိုတယ်။ ရင့်ကျက်သွားရင်တော့ ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို သိဖို့ ကျမ်းစာမူတွေ သုံးသပ်တယ်။ ကျမ်းစာမူတွေ အခြေခံပြီး ဆုံးဖြတ်တယ်။
ကျမ်းစာမူတွေ အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချတတ်အောင် မရင့်ကျက်တဲ့ ခရစ်ယာန်တွေ သင်ယူဖို့ လို (စာပိုဒ် ၆ ကို ကြည့်ပါ)
7. A picing Khristiante in midangte’ huhna a kisam uh hiam?
၇ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ တခြားသူအကူအညီ ဘယ်တော့မှ မလိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ဉာဏ်ပညာ၊ အတွေ့အကြုံ ပိုရှိသူဆီက အကူအညီ တောင်းရတဲ့အချိန်တွေ ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချရမှာ ကိုယ့်တာဝန် ဖြစ်ကြောင်း၊ “ကိုယ့်တာဝန်ကိုယ် ထမ်း” ဖို့ ယေဟောဝါ တောင်းဆိုထားကြောင်း အသိအမှတ်ပြုတယ်။ (ဂလ. ၆:၅) မရင့်ကျက်တဲ့ ခရစ်ယာန်တွေကတော့ ဘာလုပ်ရမလဲဆိုတာ တခြားသူကို ပြောပြခိုင်းတတ်တယ်။ ကိုယ့်ဘာသာ ချရမယ့် ဆုံးဖြတ်ချက် တခြားသူကို ချခိုင်းတတ်တယ်။
8. A picing mite khatlekhat koi bangin kilamdang thei a hiam?
၈ ကလေးတွေ အရွယ်ရောက်လာတာနဲ့ပဲ တစ်ပုံစံတည်း ဖြစ်မသွားဘူး။ ခရစ်ယာန်တွေလည်း ရင့်ကျက်လာတာနဲ့ပဲ တစ်ပုံစံတည်း ဖြစ်မသွားဘူး။ တချို့က အသိပညာ ကြွယ်တယ်။ တချို့က သတ္တိရှိတယ်။ တချို့က ရက်ရောတယ်။ တချို့က စာနာတတ်တယ်။ ဒါ့အပြင် အခြေအနေ တူရင်တောင် ရင့်ကျက်သူနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက် ကွာနိုင်တယ်။ အထူးသဖြင့် အမှားအမှန်သိစိတ်နဲ့ ဆိုင်တဲ့ကိစ္စတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးရဲ့ ဆုံးဖြတ်ချက်ဟာ ကျမ်းစာမူတွေနဲ့ ကိုက်နေမှာ ဖြစ်တယ်။ ဒါကြောင့် အချင်းချင်း ပြစ်တင်မဝေဖန်ဘူး။ စိတ်ဝမ်းမကွဲဘူး။—ရော. ၁၄:၁၀။ ၁ ကော. ၁:၁၀။
KOI BANGIN KIPICING THEI A HIAM?
9. Khristiante ama thu-in hong picing ding a hiam? Gentehna pia in.
၉ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေ အလိုလို အရွယ်ရောက်လာပေမဲ့ ခရစ်ယာန်တွေ အလိုလို ရင့်ကျက်မလာဘူး။ ဥပမာ၊ ကောရိန္သုမြို့က ညီအစ်ကို/မတွေဟာ သတင်းကောင်း လက်ခံတယ်။ နှစ်ခြင်းခံတယ်။ သန့်ရှင်းသော စွမ်းအားတော် ရတယ်။ တမန်တော် ပေါလုဆီက အများကြီး သင်ယူရတယ်။ (တ. ၁၈:၈-၁၁) ဒါပေမဲ့ နှစ်ခြင်းခံပြီးနောက် နှစ်တွေ ကြာသွားတာတောင် ဒုံရင်းက ဒုံရင်း ဖြစ်နေတယ်။ မရင့်ကျက်သေးဘူး။ (၁ ကော. ၃:၂) အဲဒီလိုအဖြစ်မျိုး ဘယ်လို ရှောင်နိုင်မလဲ။
10. Picin nadingin bang i sep ding kisam a hiam? (Jude 20)
၁၀ ရင့်ကျက်လာဖို့ဆိုရင် ရင့်ကျက်ချင်စိတ် မွေးရမယ်။ ‘အတွေ့အကြုံ မရှိတာကို နှစ်သက်’ နေသူ၊ ဘုရားရေးရာမှာ လက်ရှိ အခြေအနေနဲ့ပဲ ကျေနပ်နေသူဟာ ရင့်ကျက်လာမှာ မဟုတ်ဘူး။ (ပညာ. ၁:၂၂) အရွယ်ရောက်နေပါလျက်နဲ့ တစ်ခုခုဆိုရင် မိဘကို ဆုံးဖြတ်ခိုင်းသူတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ကိုယ့်တာဝန်ကိုယ် ယူပြီး ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းချင်ကြတယ်။ (ယုဒ ၂၀ ကို ဖတ်ပါ။) ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းနေရတုန်းပဲဆိုရင် “လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနား” ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ဖိ. ၂:၁၃။
11. I picin nadingin Jehovah in bangteng hong pia a hiam? (Efesa 4:11-13)
၁၁ ရင့်ကျက်တဲ့အဖြစ်ကို တစ်ယောက်တည်းအားနဲ့ ယေဟောဝါ မတက်လှမ်းခိုင်းပါဘူး။ အသင်းတော်မှာ သိုးထိန်းတွေ၊ ဆရာတွေ ပေးထားတယ်။ ကျွန်တော်တို့ “ရင့်ကျက်သူတွေ ဖြစ်လာ” ဖို့၊ “ခရစ်တော်လို လုံးလုံးလျားလျား ရင့်ကျက်တဲ့အဖြစ်ကို ရောက်” ဖို့ သူတို့ ကူညီပေးကြတယ်။ (ဧဖက် ၄:၁၁-၁၃ ကို ဖတ်ပါ။) “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိလာစေမယ့် သန့်ရှင်းသော စွမ်းအားတော်လည်း ယေဟောဝါ ပေးထားတယ်။ (၁ ကော. ၂:၁၄-၁၆) ဒါ့အပြင် မြေကြီးပေါ် ရှိစဉ် ယေရှု ဘယ်လို တွေးခေါ်ပြုမူတယ်၊ ပြောဆိုတယ်ဆိုတာ သိစေဖို့ ခရစ်ဝင်ကျမ်း လေးစောင် ပေးထားတယ်။ ယေရှုရဲ့ တွေးခေါ်ပြုမူပုံကို အတုယူရင် ရင့်ကျက်လာမယ်။
KHRISTIAN PICINNA ADINGIN ANTAK BANGZAH TAKIN THUPI A HIAM?
12. “Khrih thu a kipat cilna lelte” in bang a hiam?
၁၂ ရင့်ကျက်လာဖို့ဆိုရင် “ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံ အယူဝါဒတွေ” ကို “ချန်ထား” ခဲ့ရမယ်။ “ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံ အယူဝါဒတွေ” ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို ပြောတာပါ။ အဲဒီထဲမှာ နောင်တရခြင်း၊ ယုံကြည်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ နှစ်ခြင်းအကြောင်း သွန်သင်ချက်တွေ ပါတယ်။ (ဟီ. ၆:၁၊ ၂) ဒီသွန်သင်ချက်တွေဟာ ခရစ်ယာန် ယုံကြည်ချက်ရဲ့ အခြေခံပဲ။ ဒါကြောင့်လည်း ပင်တေကုတ္တေပွဲနေ့မှာ လူအုပ်ကို တမန်တော် ပေတရု ဟောပြောတုန်းက ဒီသွန်သင်ချက်တွေ ထည့်ပြောတာ။ (တ. ၂:၃၂-၃၅၊ ၃၈) ခရစ်တော်တပည့် ဖြစ်လာဖို့ ဒီသွန်သင်ချက်တွေ လက်ခံရမယ်။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်ကို လက်မခံသူဟာ ခရစ်ယာန် ယုံကြည်ချက်တစ်ခုလုံးကို လက်မခံတာပဲလို့ ပေါလု သတိပေးတယ်။ (၁ ကော. ၁၅:၁၂-၁၄) ဒါပေမဲ့ အခြေခံ သွန်သင်ချက်တွေနဲ့ပဲ ကျေနပ်နေလို့ မရဘူး။
13. Hebru 5:14-a a gen, antak pan hamphatna i ngah nadingin bang sep ding kisam a hiam? (Lim zong en in.)
၁၃ အခြေခံ အယူဝါဒတွေနဲ့ မတူဘဲ အစာမာကျတော့ ပညတ်တွေသာမက ကျမ်းစာမူတွေလည်း ပါတယ်။ ဘုရားရဲ့ စဉ်းစားတွေးခေါ်ပုံကို သဘောပေါက်စေတယ်။ အဲဒီလို သဘောပေါက်နိုင်ဖို့ ကျမ်းစာလေ့လာရမယ်။ တွေးတောဆင်ခြင်ရမယ်။ သိလာတဲ့အတိုင်း အတတ်နိုင်ဆုံး လိုက်လျှောက်ရမယ်။ ဒါက ဘုရား နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချတတ်ဖို့ လေ့ကျင့်ရာရောက်တယ်။c—ဟီဘရူး ၅:၁၄ ကို ဖတ်ပါ။
အစာမာ စားတာက ဘုရား နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချတတ်ဖို့ ကူညီပေး (စာပိုဒ် ၁၃ ကို ကြည့်ပါ)d
14. Korin pawlpi-a Khristiante a hong picin nadingun Paul in koici huh a hiam?
၁၄ မရင့်ကျက်တဲ့ ခရစ်ယာန်ဟာ သတ်သတ်မှတ်မှတ် ကျမ်းစာပညတ် မရှိတဲ့ အခြေအနေမျိုးမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အခက်တွေ့တတ်တယ်။ ကျမ်းစာပညတ် မရှိတဲ့အတွက် ကိုယ်လုပ်ချင်တာ လုပ်လို့ ရတယ်လို့ တချို့ တွေးတယ်။ တချို့ကျတော့ စည်းမျဉ်း ထုတ်စေချင်တယ်။ တကယ်ဆိုရင် မလိုအပ်လို့ ဘုရားတောင် စည်းမျဉ်း ထုတ်မထားတာ။ ဥပမာ၊ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာ စားလို့ ရမရ ကောရိန္သုအသင်းတော်က ခရစ်ယာန်တွေ ပေါလုကို စည်းမျဉ်း ထုတ်ခိုင်းကြပုံရတယ်။ ဘာလုပ်ပါလို့ ပေါလု မပြောဘူး။ တစ်ယောက်စီရဲ့ အမှားအမှန်သိစိတ်ကို အခြေခံပြီး “ရွေးချယ်ပိုင်ခွင့်” ရှိတဲ့ ကိစ္စဆိုတာ အသိအမှတ်ပြုတယ်။ ကိုယ့်အမှားအမှန်သိစိတ်ကို မသိုးမသန့် မဖြစ်စေဘဲ၊ တခြားသူတွေကို တိုက်မိမလဲစေဘဲ ဆုံးဖြတ်နိုင်စေမယ့် ကျမ်းစာမူတချို့ ပြောပြတယ်။ (၁ ကော. ၈:၄၊ ၇-၉) တခြားသူကို အားကိုးမယ့်အစား၊ စည်းမျဉ်း ထုတ်ခိုင်းမယ့်အစား ပိုင်းခြားသိမြင်နိုင်စွမ်း သုံးပြီး ကိုယ့်ဘာသာ ဆုံးဖြတ်တတ်ဖို့၊ ရင့်ကျက်လာဖို့ ကူညီပေးလိုက်တာပဲ။
15. Hebru Khristiante a hong picin nadingun Paul in koici huh a hiam?
၁၅ ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ ပေါလုရဲ့ စာကနေလည်း နောက်ထပ် သင်ခန်းစာ ရတယ်။ ဟီဘရူး ခရစ်ယာန်တချို့ဟာ “မာတဲ့အစာ မစားဘဲ နို့ကိုသာ သောက်သုံးနေတဲ့ လူနဲ့ တူနေတယ်။” (ဟီ. ၅:၁၂) အသင်းတော်ကတစ်ဆင့် ယေဟောဝါ တဖြည်းဖြည်း ဖွင့်ပြတဲ့ အမှန်တရားအသစ်တွေကို လက်မခံကြဘူး။ (ပညာ. ၄:၁၈) ဥပမာ၊ ခရစ်တော်ရဲ့ ပူဇော်သက္ကာကြောင့် ပညတ်တရား အဆုံးတိုင်သွားတာ နှစ် ၃၀ လောက် ရှိပြီ။ ဒါပေမဲ့ မောရှေပညတ်ကို စွဲစွဲမြဲမြဲ လိုက်နာနေကြတုန်းပဲ။ (ရော. ၁၀:၄။ တိ. ၁:၁၀) အတွေးအခေါ် ပြောင်းလဲဖို့ နှစ် ၃၀ တောင် အချိန် ရထားပြီးပြီ။ အစာမာနဲ့ တူတဲ့ နက်နဲတဲ့ အမှန်တရားတွေ လက်ခံဖို့ ပေါလု အခု ကူညီပေးနေပြီ။ ပေါလုရဲ့ စာက ခရစ်ယာန် ဝတ်ပြုမှုပုံစံ ဘာကြောင့် သာလွန်မြင့်မြတ်ကြောင်း နားလည်စေတယ်။ ဂျူးတွေ ဆန့်ကျင်ပေမဲ့ ဆက်ဟောရဲတဲ့ သတ္တိရှိစေတယ်။—ဟီ. ၁၀:၁၉-၂၃။
NANG LE NANG A KHENGVALIN KIMUANG KEI IN
16. Picin nadinga i hanciam banah bang sep ding kisam a hiam?
၁၆ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းဖို့ ကြိုးစားရသလို ဆက်ရင့်ကျက်နေဖို့လည်း ကြိုးစားရမယ်။ ရင့်ကျက်လှပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲရဘူး။ (၁ ကော. ၁၀:၁၂) ဆက်တိုးတက်နေမနေ “အမြဲ ဆန်းစစ်” ရမယ်။—၂ ကော. ၁၃:၅။
17. Picinsuak ding kisam ahihlam Kolose pawlpi kianga Paul’ lai khak in koici lakkhia a hiam?
၁၇ ဆက်ရင့်ကျက်နေဖို့ လိုကြောင်း ကောလောသဲအသင်းတော်ဆီ ရေးတဲ့ စာမှာ ပေါလု ပြောတယ်။ ရင့်ကျက်နေကြပြီ ဖြစ်ပေမဲ့ လူ့အတွေးအခေါ်ကြောင့် လှည့်ဖြားမခံရဖို့ သတိပေးတယ်။ (ကော. ၂:၆-၁၀) သူတို့ “အဆုံးမှာ အပြည့်အဝ ရပ်တည်နိုင်ဖို့၊” ရင့်ကျက်နိုင်ဖို့ အဲဒီအသင်းတော်က ညီအစ်ကို/မတွေအကြောင်း ကောင်းကောင်း သိတဲ့ ဧပဖြ ထက်ထက်သန်သန် ဆုတောင်းပေးတယ်။ (ကော. ၄:၁၂) ဘာသိရသလဲ။ ဆက်ရင့်ကျက်နေဖို့ ဘုရားအကူအညီအပြင် ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုလည်း လိုကြောင်း ပေါလုနဲ့ ဧပဖြ နှစ်ယောက်စလုံး နားလည်တယ်ဆိုတာ သိရတယ်။ အခက်အခဲတွေ ရှိပေမဲ့ ကောလောသဲအသင်းတော်က ခရစ်ယာန်တွေကို ဆက်ရင့်ကျက်စေချင်ကြတယ်။
18. A picing Khristiante a kidop kei uh leh bangci thei a hiam? (Lim zong en in.)
၁၈ ဟီဘရူး ခရစ်ယာန်တွေကို ပေါလု သတိပေးသလိုပဲ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ သတိမထားရင် ဘုရားမျက်နှာသာ ထာဝစဉ် ဆုံးရှုံးသွားနိုင်တယ်။ နောင်တမယူ၊ ဘုရားခွင့်လွှတ်မှု မရနိုင်တော့တဲ့အထိ စိတ်နှလုံး မာကျောသွားနိုင်တယ်။ ဟီဘရူး ခရစ်ယာန်တွေ အဲဒီအခြေအနေအထိ ရောက်မသွားတာ ဝမ်းသာစရာပါပဲ။ (ဟီ. ၆:၄-၉) ဒီနေ့ခေတ်မှာ မလှုပ်မရှား ဖြစ်သွားပေမဲ့၊ နှင်ထုတ်ခံရပေမဲ့ နောက်ပိုင်း နောင်တရသူတွေနဲ့ပတ်သက်ပြီးတော့ကော။ နှိမ့်ချမှုရှိရှိ နောင်တယူတာကိုက ပေါလု ပြောတဲ့ ဘုရားမျက်နှာသာ ထာဝစဉ် ဆုံးရှုံးသွားမယ့်သူတွေနဲ့ မတူကြောင်း ပြနေတာပဲ။ ဒါပေမဲ့ ယေဟောဝါဆီ ပြန်လှည့်လာပြီးနောက် သူတို့ အကူအညီ လိုတယ်။ (ယေဇ. ၃၄:၁၅၊ ၁၆) ယေဟောဝါနဲ့ သူတို့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးဖို့ ရင့်ကျက်တဲ့ ညီအစ်ကို/မတစ်ယောက်ကို အကြီးအကဲတွေ စီစဉ်ပေးနိုင်တယ်။
ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ လိုနေသူတွေအတွက် အကူအညီကို ယေဟောဝါ ပြင်ဆင်ပေးထား (စာပိုဒ် ၁၈ ကို ကြည့်ပါ)
19. Bang ngimna koih thei i hiam?
၁၉ သင်ဟာ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းနေသူလား။ ဒါဆိုရင် ရင့်ကျက်လာမှာပါ။ အစာမာ ဆက်စားပါ။ ဆိုလိုတာက နက်နဲတဲ့ အမှန်တရားတွေ ဆက်လေ့လာပါ။ ယေဟောဝါလို စဉ်းစားတွေးခေါ်တတ်လာဖို့ ကြိုးစားပါ။ ရင့်ကျက်လာပြီးရင်လည်း ဆက်ရင့်ကျက်နေဖို့ ကြိုးစားပါ။
NANGH BANGCI DAWNG DING?
Khristiante hong picing cih in bang a hiam?
Khristiante koi bangin picing thei a hiam?
Bang hangin ei le ei a khengvala kimuan ding hi lo a hiam?
LA 65 တိုးတက်နေပါ
a ဟီဘရူးကျမ်းစောင်တွေမှာ “ရင့်ကျက်၊” “မရင့်ကျက်” ဆိုတဲ့ စကားလုံးတွေ သုံးမထားပေမဲ့ သဘောတရား တူတာတွေ ပါတယ်။ ဥပမာ၊ အတွေ့အကြုံ မရှိတဲ့ လူငယ်နဲ့ သိနားလည်နိုင်စွမ်း ရှိတဲ့ ပညာရှိကို ပညာအလိမ္မာကျမ်းမှာ နှိုင်းယှဉ်ပြထားတယ်။—ပညာ. ၁:၄၊ ၅။
b jw.org နဲ့ JW Library® မှာ ရှိတဲ့ “ထပ်ဆင့် အကြောင်းအရာများ” ဆောင်းပါးတွဲထဲက “သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ” ကို ကြည့်ပါ။
c ဒီစာစောင်မှာ ပါတဲ့ “လေ့လာစရာ အကြောင်းအရာ” ကို ကြည့်ပါ။
d ပုံအညွှန်း– ကျမ်းစာကနေ သိလာတဲ့ မူတွေကို အခြေခံပြီး ညီအစ်ကိုတစ်ယောက် ဖျော်ဖြေရေး ရွေးချယ်။