SIN DING THU 30
Itna Khangsak Semsem In
‘Note ading deihsakna tawh thu ka hong ngetsak thu in: Note’ lungsimah itna a khan semsem nading ahi hi.’—FIL. 1:9.
LA 2 နာမတော် ယေဟောဝါ
အကြိုသုံးသပ်ချက်a
1. Lai Siangtho na sin tungin bangteng hong theikhia na hiam?
ကျမ်းစာ လေ့လာခါစ အချိန်ကို မှတ်မိသေးသလား။ ဘုရားမှာ နာမည် ရှိတယ်ဆိုတာ သိလိုက်ရလို့ အံ့ဩသွားခဲ့မှာပဲ။ လူတွေကို မီးငရဲမှာ ဘုရား မညှဉ်းဆဲဘူးဆိုတာ သိလိုက်ရလို့ စိတ်သက်သာသွားခဲ့မှာပဲ။ ချစ်ရတဲ့ သေလွန်သူတွေကို ပြန်တွေ့ရမယ်၊ သူတို့နဲ့အတူ မြေကြီး ပရဒိသုမှာ နေရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ရင်ထဲ လှိုက်ဖိုသွားခဲ့မှာပဲ။
2. Lai Siangtho thuman nong theihkhiat banah bangteng khangto na hiam? (Efesa 5:1, 2)
၂ ကျမ်းစာ လေ့လာတာနဲ့အမျှ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးလာတယ်။ မေတ္တာ တိုးလာတော့ သိလာတာတွေ လက်တွေ့ကျင့်တယ်။ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချတယ်။ ဘုရားစိတ်နဲ့ တွေ့ချင်လို့ အတွေးအခေါ်၊ အမူအကျင့်တွေ ပြင်တယ်။ မေတ္တာရှိတဲ့ မိဘကို သားသမီး အတုယူသလို ကောင်းကင်ဘုံစံ ဖခင်ကို သင် အတုယူနေတယ်။—ဧဖက် ၅:၁၊ ၂ ကို ဖတ်ပါ။
3. Ei le ei bang dotnate tawh kisittel thei i hiam?
၃ ‘နှစ်ခြင်းခံခါစ အချိန်ကထက် အခု ယေဟောဝါကို ပိုချစ်နေပြီလား။ နှစ်ခြင်းခံပြီးနောက် ယေဟောဝါ တွေးသလို၊ လုပ်သလို တွေးတတ်၊ လုပ်တတ်လာပြီလား။ အထူးသဖြင့်၊ ညီအစ်ကို/မတွေကို ပိုချစ်တတ်လာပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ “ကနဦး မေတ္တာ” အေးစက်သွားပြီဆိုတာ သတိထားမိရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ပထမရာစု ခရစ်ယာန်တွေ အဲဒီလိုပဲ မေတ္တာ အေးစက်သွားကြတယ်။ ဒါပေမဲ့ သူတို့ကို ယေရှု ပစ်ပစ်ခါခါ မငြင်းခဲ့ဘူး။ ကျွန်တော်တို့ကိုလည်း ငြင်းမှာ မဟုတ်ပါဘူး။ (ဗျာ. ၂:၄၊ ၇) အမှန်တရား သိခါစ အချိန်မှာ ရှိခဲ့တဲ့ မေတ္တာမျိုး ပြန်ရှိအောင် လုပ်နိုင်မှန်း ယေရှု သိလို့ပဲ။
4. Hih thulu-ah bang thu kikum ding i hiam?
၄ ယေဟောဝါနဲ့ လူတွေကို ချစ်တဲ့ မေတ္တာ ဘယ်လို ဆက်တိုးများစေနိုင်ကြောင်း၊ မေတ္တာ တိုးလာတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ ဘာကောင်းချီး ခံစားရကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
JEHOVAH PASIAN NA ITNA KHANGSAK SEMSEM IN
5-6. (a) Sawltak Pual in Pasian’ na a sep hun sungin bang haksatnate tuak a hiam? (b) Pasian’ na a sepsuak nadingin bang in hanthawn a hiam?
၅ ဘုရားအမှုဆောင်ရတာ တမန်တော် ပေါလု သိပ်ပျော်တယ်။ ဒါပေမဲ့ အခက်အခဲ အများကြီး ကြုံရတယ်။ ခဏခဏ ခရီးအဝေးကြီး သွားရတယ်။ အဲဒီခေတ်တုန်းက တစ်နေရာနဲ့ တစ်နေရာ သွားရတာ မလွယ်ဘူး။ ခရီးမှာ “မြစ်ရေလျှံတဲ့ဘေး၊ ဓားပြဘေး” တစ်ခါတလေ ကြုံရတယ်။ ဆန့်ကျင်သူတွေ ကိုယ်ထိလက်ရောက် နှိပ်စက်တာ ခံရတယ်။ (၂ ကော. ၁၁:၂၃-၂၇) ဒီကြားထဲ ညီအစ်ကို/မတွေက သူတို့အတွက် ပေါလု လုပ်ပေးတာတွေကို ကျေးဇူးမတင်တတ်ကြဘူး။—၂ ကော. ၁၀:၁၀။ ဖိ. ၄:၁၅။
၆ ဆက်အမှုဆောင်ဖို့ ပေါလုကို ဘာက လှုံ့ဆော်ပေးသလဲ။ ကျမ်းစာကနေ၊ ကိုယ်တွေ့ကနေ ယေဟောဝါအကြောင်း အများကြီး သိလာတယ်။ ကိုယ့်ကို ယေဟောဝါဘုရား သိပ်ချစ်မှန်း ယုံလာတယ်။ (ရော. ၈:၃၈၊ ၃၉။ ဧ. ၂:၄၊ ၅) ဒါကြောင့် ယေဟောဝါကို ပေါလု ချစ်တတ်လာတယ်။ သန့်ရှင်းသူတွေကို မပြတ် အလုပ်အကျွေး ပြုခြင်း၊ အနွံအတာခံခြင်းအားဖြင့် ယေဟောဝါကို ချစ်တယ်ဆိုတာ သက်သေပြတယ်။— ဟီ. ၆:၁၀။
7. Jehovah i itna i khansak theih dan lampi khat in bang a hiam?
၇ ကျွန်တော်တို့လည်း ကျမ်းစာ အပတ်တကုတ် လေ့လာခြင်းအားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျမ်းပိုဒ်တစ်ပိုဒ်စီက ယေဟောဝါအကြောင်း ဘာဖော်ပြနေသလဲ သိအောင် လုပ်ပါ။ ‘ငါ့ကို ယေဟောဝါ ချစ်တယ်၊ ယေဟောဝါကို ငါ ဘာကြောင့် ချစ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီကျမ်းပိုဒ်က ဘာဖော်ပြနေသလဲ’ လို့ စဉ်းစားပါ။
8. Thungetna in Pasian i itna koi bangin khangsak a hiam?
၈ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တဲ့ နောက်တစ်နည်းကတော့ နေ့တိုင်း ရင်ဖွင့်ဆုတောင်းခြင်းပါ။ (ဆာ. ၂၅:၄၊ ၅) ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးပါလိမ့်မယ်။ (၁ ယော. ၃:၂၁၊ ၂၂) “နဂိုကတော့ စာတွေ့ကြောင့် ယေဟောဝါကို ချစ်တာ။ အခုတော့ ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတာ ကိုယ်တွေ့ မြင်ပြီး ပိုချစ်လာပြီ။ ဒါကြောင့် ဘုရားစိတ်နဲ့ တွေ့မယ့်အရာတွေကိုပဲ လုပ်ချင်လာတော့တယ်” လို့ အာရှမှာ နေတဲ့ ညီအစ်မတစ်ယောက် ပြောတယ်။
MIDANGTE NA ITNA KHANGSAK SEMSEM IN
9. Timoti in unaute a it semsemlam Pual’ thugen in koici lakkhia a hiam?
၉ ပေါလု ခရစ်ယာန် ဖြစ်လာပြီးနောက် လူရည်လူမွန်လေး တိမောသေနဲ့ ဆုံတယ်။ တိမောသေဟာ ယေဟောဝါကို ချစ်တယ်။ လူတွေကို ချစ်တယ်။ နောက်နှစ်အနည်းငယ်အကြာ ဖိလိပ္ပိ အသင်းသားတွေဆီ စာရေးတော့ “[တိမောသေ] လိုမျိုး ခင်ဗျားတို့အကျိုးကို တကယ် လိုလားတဲ့သူ ကျွန်တော့်မှာ မရှိဘူး” လို့ ပေါလု ပြောတယ်။ (ဖိ. ၂:၂၀) တိမောသေ စနစ်ကျတဲ့အကြောင်း၊ အဟောအပြော ကောင်းတဲ့အကြောင်း ပေါလု ထွေထွေထူးထူး ပြောမနေဘူး။ ဒါပေမဲ့ ညီအစ်ကို/မတွေကို ချစ်တတ်တဲ့နေရာမှာတော့ တိမောသေဟာ ပေါလု ပြောစမှတ် ပြုရတဲ့အထိပဲ။ တိမောသေ တစ်ခေါက် တစ်ခေါက် လာလည်မှာကို ညီအစ်ကို/မတွေ မျှော်ကြမှာ သေချာတယ်။—၁ ကော. ၄:၁၇။
10. Anna le a zi in unaute a itlam uh koici lakkhia uh a hiam?
၁၀ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေကို ကူညီဖို့ နည်းလမ်း ရှာကြရမယ်။ (ဟီ. ၁၃:၁၆) ရှေ့ဆောင်းပါးမှာ ပါတဲ့ အန်နာတို့ ဇနီးမောင်နှံအကြောင်း စဉ်းစားကြည့်ပါ။ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု ဝင်ပြီးနောက် ညီအစ်ကို/မ မိသားစုတစ်စုဆီ သွားလည်တယ်။ မုန်တိုင်းဒဏ်ကြောင့် အိမ်ခေါင်မိုး ပျက်စီးသွားလို့ အဲဒီမိသားစုမှာ ဝတ်စရာ အဝတ်သန့်သန့် မရှိတော့ဘူး။ “ဒါနဲ့ သူတို့ရဲ့ အဝတ်အစားတွေ ယူသွားပြီး လျှော်ဖွပ်၊ မီးပူတိုက်၊ ခေါက်ပြီး ပြန်ပို့ပေးကြတယ်။ အဲဒီလို လုပ်ပေးရတာ ကျွန်မတို့အတွက် ဘယ်လောက်မှ အပန်းမကြီးဘူး။ ဒါပေမဲ့ အဲဒီလုပ်ရပ်လေးကြောင့် ခင်သွားလိုက်ကြတာ ဒီနေ့အထိပဲ” လို့ အန်နာ ပြောတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာကြောင့် အန်နာတို့ ဇနီးမောင်နှံ ဒီလို လက်တွေ့ကျကျ ကူညီပေးတာ။—၁ ယော. ၃:၁၇၊ ၁၈။
11. (a) Itna i lah ciangin midangte’ lungsim bangci om a hiam? (b) Paunak 19:17-a a gen bangin, Jehovah in itna i lah pen bangci muh a hiam?
၁၁ ကျွန်တော်တို့ မေတ္တာ၊ ကြင်နာမှု ပြတဲ့အခါ ယေဟောဝါကို အတုယူနေတာ ဖြစ်မှန်း တခြားသူတွေ သတိထားမိတတ်ကြတယ်။ ကျွန်တော်တို့ မသိရင်သာ နေမယ်။ ကျွန်တော်တို့ရဲ့ ကြင်နာမှုအကြောင်း တသသ ဖြစ်နေကြမှာ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အာရှက ညီအစ်မလည်း ကိုယ့်ကို ကူညီပေးခဲ့သူတွေကို မှတ်မိနေတုန်းပဲ။ “အမှုဆောင်မှာ လက်တွဲခေါ်ပေးကြတဲ့ ညီအစ်မတွေကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်မကို အိမ်လာကြိုပေးကြတယ်။ နေ့လယ်စာ ခေါ်ကျွေးကြတယ်။ အိမ်ကို ချောချောမောမော ပြန်ပို့ပေးကြတယ်။ အဲဒီလို လုပ်ရတာ မလွယ်ဘူး။ ဒါပေမဲ့ စေတနာအပြည့်နဲ့ လုပ်ပေးကြတာ” လို့ ပြောတယ်။ ကိုယ်လုပ်ပေးတာတွေအတွက် လူတိုင်းဆီကနေ ကျေးဇူးတင်စကား ကြားရချင်မှတော့ ကြားရမယ်။ “ကျွန်မကို ဂရုစိုက်ပေးခဲ့သူတွေကို ကျေးဇူးပြန်ဆပ်ချင်တယ်။ ဒါပေမဲ့ တစ်ယောက် တစ်နေရာစီ ဖြစ်ကုန်ကြပြီ။ အခု သူတို့ ဘယ်မှာလဲ ကျွန်မ မသိဘူး။ ယေဟောဝါတော့ သိတယ်။ ဒါကြောင့် ကျွန်မအစား ကျေးဇူးဆပ်ပေးပါလို့ ဆုတောင်းတယ်” လို့ ညီအစ်မ ပြောတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ ပြတဲ့ ကြင်နာမှု လုပ်ရပ် အသေးအမွှားလေးတွေကိုတောင် ယေဟောဝါ သတိထားမိတယ်။ တန်ဖိုးရှိတဲ့ လက်ဆောင်၊ ပြန်ဆပ်ပေးရမယ့် အကြွေးလို့ သဘောထားတယ်။—ပညာအလိမ္မာ ၁၉:၁၇ ကို ဖတ်ပါ။
ဘုရားရေးရာမှာ တိုးတက်လာတာနဲ့အမျှ တခြားသူတွေကို ကူညီဖို့ ကျွန်တော်တို့ နည်းလမ်းရှာမှာ ဖြစ် (စာပိုဒ် ၁၂ ကို ကြည့်ပါ)
12. Unaupate’n unaute a itlam uh koici lakkhia thei uh a hiam? (Lim zong en in.)
၁၂ သင်ဟာ ညီအစ်ကိုတစ်ယောက်ဆိုရင် ညီအစ်ကို/မတွေကို မေတ္တာပြဖို့၊ ကူညီဖို့ ဘာတွေ လုပ်နိုင်သလဲ။ အသင်းတော်မှာ ဘာတွေ ကူညီပေးရမလဲဆိုပြီး အကြီးအကဲတစ်ယောက်ကို ဂျော်ဒန် ဆိုတဲ့ လူငယ်လေး မေးတယ်။ ဂျော်ဒန်ရဲ့ တိုးတက်မှုတွေကို အကြီးအကဲ ချီးမွမ်းတယ်။ ဘယ်လို ထပ်တိုးတက်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး အကြံတချို့ ပေးတယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမကို စောစော လာပြီး ညီအစ်ကို/မတွေကို နှုတ်ဆက်ဖို့၊ အစည်းအဝေးမှာ မှတ်ချက်ပေးဖို့၊ အမှုဆောင်အုပ်စုနဲ့ မှန်မှန် ဟောပြောဖို့၊ တခြားသူတွေကို လက်တွေ့ကျကျ ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာဖို့ အကြံပေးတယ်။ အကြံပေးတဲ့အတိုင်း ဂျော်ဒန် လုပ်ကြည့်တော့ အဲဒီကဏ္ဍတွေမှာ တိုးတက်လာတယ်။ ညီအစ်ကို/မတွေကို ပိုချစ်တတ်လာတယ်။ ညီအစ်ကိုတွေဟာ အသင်းတော် အမှုထမ်း ဖြစ်လာမှ ညီအစ်ကို/မတွေကို စကူညီတာ မဟုတ်ဘဲ အရင်ကတည်းက ကူညီလက်စ ဆက်ကူညီတာ ဖြစ်မှန်း ဂျော်ဒန် သဘောပေါက်လာတယ်။—၁ တိ. ၃:၈-၁၀၊ ၁၃။
13. Unaupa Christian in pawlpi upa a sep kik theih nadingin itna in koici huh a hiam?
၁၃ သင်ဟာ အရင်က အသင်းတော် အမှုထမ်း ဒါမှမဟုတ် အကြီးအကဲအဖြစ် အမှုဆောင်ခဲ့တယ်ဆိုရင်ကော။ သင် လုပ်ခဲ့တာတွေ၊ မေတ္တာ ပြခဲ့တာတွေကို ယေဟောဝါ မမေ့ပါဘူး။ (၁ ကော. ၁၅:၅၈) အခုထိ မေတ္တာ ဆက်ပြနေတာကိုလည်း သတိထားမိတယ်။ ခရစ်ရှန်လို့ ခေါ်တဲ့ ညီအစ်ကိုဟာ အကြီးအကဲတာဝန် နားလိုက်ရတော့ တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ ဒါပေမဲ့ “အကြီးအကဲတာဝန် ရရ၊ မရရ ယေဟောဝါကို ချစ်လို့ အတတ်နိုင်ဆုံး ဆက်အမှုဆောင်ဖို့ ဆုံးဖြတ်ထားတယ်” လို့ ပြောတယ်။ နောက်တော့ ခရစ်ရှန် အကြီးအကဲအဖြစ် ပြန်ခန့်အပ်ခံရတယ်။ “အကြီးအကဲအဖြစ် ပြန်အမှုဆောင်ဖို့ နည်းနည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ယေဟောဝါ မေတ္တာပြပြီး အကြီးအကဲ ပြန်လုပ်စေချင်တယ်ဆိုရင် ကျွန်တော်လည်း ဘုရားနဲ့ ညီအစ်ကို/မတွေကို ချစ်တဲ့ စိတ်ကြောင့် ပြန်ကြိုးစားမယ်” လို့ ပြောတယ်။
14. Georgia gama unaunu khat ii thugen pan bang theikhia i hiam?
၁၄ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အသင်းတော်ပြင်ပက လူတွေကိုလည်း မေတ္တာပြတယ်။ (မ. ၂၂:၃၇-၃၉) ဥပမာ၊ ဂျော်ဂျီယာနိုင်ငံက ညီအစ်မ အယ်လီနာ ဒီလို ပြောတယ်– “စစချင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖြစ်တာ ယေဟောဝါကို ချစ်တာ တစ်ခုတည်းကြောင့်ပါ။ ဒါပေမဲ့ ယေဟောဝါကို ချစ်လေ လူတွေကိုလည်း ချစ်လာလေပဲ။ သူတို့ ဘာပြဿနာတွေ ရင်ဆိုင်နေရတယ်၊ ဘာအကြောင်း ဟောရင် စိတ်ထိမိမယ်ဆိုတာ ကျွန်မ စဉ်းစားတယ်။ အဲဒီလို စဉ်းစားလေ သူတို့ကို ကူညီပေးချင်လေ ဖြစ်လာတယ်။”—ရော. ၁၀:၁၃-၁၅။
MIDANGTE TUNGA ITNA LAHNA II HAMPHATNATE
ကြင်နာမှု လုပ်ရပ်တစ်ခုကြောင့် လူအများကြီး အကျိုးရနိုင် (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)
15-16. Lim sunga i muh mah bangin, midangte tungah itna i lah ciangin bang hamphatnate ngah i hiam?
၁၅ မေတ္တာ ပြတဲ့အခါ အပြခံရသူပဲ အကျိုးရတာ မဟုတ်ဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါ စပြီးနောက် အမှုဆောင်မှာ အီလက်ထရောနစ်ပစ္စည်းတွေ သုံးတတ်ဖို့ သက်ကြီး ညီအစ်မတွေကို ညီအစ်ကို ပါအိုလိုနဲ့ ဇနီး သင်ပေးကြတယ်။ စစချင်း အီလက်ထရောနစ်ပစ္စည်း မသုံးတတ်တဲ့ ညီအစ်မ နောက်တော့ သုံးတတ်သွားလို့ အောက်မေ့ရာပွဲ တက်ဖို့ အမျိုးတွေကို လိုက်ဖိတ်တယ်။ အယောက် ခြောက်ဆယ် ဗီဒီယို ချိတ်ဆက်ပြီး တက်ကြတယ်။ ညီအစ်ကို ပါအိုလိုတို့ ဇနီးမောင်နှံရဲ့ ကြိုးစားမှုကနေ သက်ကြီး ညီအစ်မသာမက ဆွေမျိုးတွေပါ အကျိုးရသွားကြတယ်။ “ကျွန်မတို့လို သက်ကြီးရွယ်အိုတွေကို သင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ယေဟောဝါ ဂရုစိုက်ပေးတာကိုကော ညီအစ်ကိုတို့ ကြိုးစားပြီး ကူညီပေးတာတွေကိုပါ ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး” လို့ ပါအိုလိုဆီ အဲဒီညီအစ်မ နောက်ပိုင်း စာရေးပြောပြတယ်။
၁၆ ဒီလိုတွေ့ကြုံမှုတွေကနေ ပါအိုလို အရေးကြီး သင်ခန်းစာ တစ်ခု ရလိုက်တယ်။ တော်တာ၊ တတ်တာထက် မေတ္တာ ပိုအရေးကြီးတယ်ဆိုတာပါ။ “ကျွန်တော် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ အခုလောက်ဆိုရင် ကျွန်တော့် ဟောပြောချက်တွေ မေ့နေကြလောက်ပြီ။ ဒါပေမဲ့ သူတို့ကို ကျွန်တော် လက်တွေ့ကျကျ ကူညီပေးတာတွေ မှတ်မိနေကြတုန်းပဲ” လို့ ပြောတယ်။
17. Midangte tungah itna i lah ciangin kua in zong hamphatna ngah ding a hiam?
၁၇ တခြားသူတွေကို မေတ္တာ ပြတဲ့အခါ ကျွန်တော်တို့ ကိုယ်တိုင်လည်း မျှော်လင့်မထားတဲ့ နည်းတွေနဲ့ အကျိုးရတယ်။ နယူးဇီလန်နိုင်ငံမှာ နေတဲ့ ညီအစ်ကို ဂျော်နသန် ကိုယ်တွေ့ ကြုံခဲ့တယ်။ စနေနေ့ နေ့လယ် နေပူပူကြီးထဲ ရှေ့ဆောင် ညီအစ်ကိုတစ်ယောက် လမ်းပေါ် မှာ အဖော် မပါဘဲ လိုက်ဟောနေတာ ဂျော်နသန် တွေ့သွားတယ်။ နောက်အပတ် စနေနေ့ နေ့လယ်တွေမှာ အဲဒီရှေ့ဆောင်နဲ့ အမှုဆောင် အတူတူ လိုက်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလို မေတ္တာ ပြလိုက်လို့ ကိုယ်တိုင် ဘယ်လောက် အကျိုးရမယ်ဆိုတာ မသိခဲ့ဘူး။ “အရင်တုန်းကဆိုရင် အမှုဆောင်ရတာ သိပ်မပျော်ဘူး။ ဒါပေမဲ့ ရှေ့ဆောင် ညီအစ်ကိုရဲ့ ဟောပုံပြောပုံကို နားထောင်ရင်း၊ အမှုဆောင်လုပ်ငန်းမှာ သူ ရလဒ်ကောင်းတွေ ရနေတာကို ကြည့်ရင်း ကျွန်တော်လည်း အမှုဆောင်လုပ်ငန်းကို မြတ်နိုးတတ်လာတယ်။ သူနဲ့ တော်တော် ရင်းနှီးလာတယ်။ အမှုဆောင်မှာ ပျော်ဖို့၊ ယေဟောဝါနဲ့ ပိုရင်းနှီးဖို့ ကျွန်တော့်ကို သူ ကူညီပေးတယ်” လို့ ပြောတယ်။
18. Jehovah in bang hong semsak nuam a hiam?
၁၈ မိမိနဲ့ တခြားသူတွေအပေါ် ထားတဲ့ မေတ္တာ တိုးသည်ထက် တိုးစေဖို့ ယေဟောဝါ အလိုရှိတယ်။ လေ့လာခဲ့တဲ့အတိုင်း ကျမ်းစာ ဖတ်ရှု၊ တွေးတောဆင်ခြင်ခြင်း၊ မှန်မှန် ရင်ဖွင့်ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ ညီအစ်ကို/မတွေကို လက်တွေ့ကျကျ ကူညီခြင်းအားဖြင့် သူတို့အပေါ် ထားတဲ့ မေတ္တာ တိုးစေနိုင်တယ်။ မေတ္တာ တိုးလာတာနဲ့အမျှ ယေဟောဝါနဲ့ကော ညီအစ်ကို/မတွေနဲ့ပါ ပိုရင်းနှီးလာပါလိမ့်မယ်။ ဒီရင်းနှီးမှု နှောင်ကြိုးဟာ တစ်သက်စာပဲ။
LA 109 နှစ်နှစ်ကာကာ ချစ်ကြပါ
a အမှန်တရား သက်တမ်း နုနုရင့်ရင့် ကျွန်တော်တို့အားလုံး ဆက်တိုးတက်နိုင်ကြတယ်။ ဆက်တိုးတက်နိုင်တဲ့ နည်းတစ်နည်းကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ အဲဒါကတော့ ယေဟောဝါဘုရားနဲ့ တခြားသူတွေအပေါ် ထားတဲ့ မေတ္တာ တိုးသည်ထက် တိုးစေခြင်းပါ။ ဒီဆောင်းပါး လေ့လာတဲ့အခါ ကိုယ် ဘာတွေ တိုးတက်နေပြီလဲ၊ ဘယ်လို တိုးတက်နိုင်သေးသလဲဆိုတာ ဆန်းစစ်သွားပါ။